Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all 2129 articles
Browse latest View live

"စာရေးဆရာထင်လင်းဦး၏ ဟောပြောချက်များနှင့် ပတ်သက်၍ မြို့နယ် သံဃနာယကအဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်"

$
0
0


 ရက်စွဲ၊ ၁၉.၁၁.၂၀၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ သံးပန်လှ(ကမ်းနိမ့်)ကျေးရွာတွင် ဦးဝိစာရနေ့ အထိမ်း အမှတ်အဖြစ် စာပေဟောပြောပွဲကို ၂၃-၁၀-၂၀၁၄ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ကြပါသည်။
၁။ ၄င်းစာပေဟောပြောပွဲ၌ စာရေးဆရာထင်လင်းဦး၏ ဟောပြောချက်များမှာ ဗုဒ္ဓဘာသာကို၎င်း၊ ရဟန်းသံဃာ တော်များကို၎င်း၊ ဗုဒ္ဓဘာသာ သာသနာတော်ကို ညှိုးနွမ်းစေသော ဟောပြောချက်များဖြင့် ထိပါးပုတ်ခတ် စော်ကား၍ ဟောပြောချက်များပါရှိနေပါသဖြင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သို့ တင်ပြရန် ဆုံးဖြတ်ခဲ့ ကြပါသည်။
၂။ ထိုဟောပြောချက်များနှင့် ပတ်သက်၍ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများအနေဖြင့် ဥပဒေနှင့်အညီ  အာဏာစက်ဖြင့် အရေးယူဆောင်ရွက်ပေးပါရန် ဆွေးနွေးဆုံးဖြတ်ကြပါသည်။
မြို့နယ်သံဃနာယကအဖွဲ့
ဦးဝရသမ္ဗောဓိ(ဥက္ကဋ္ဌ)
ဦးဝရသိရီ(အဖွဲ့ဝင်)
ဦးဝါယမ(အဖွဲ့ဝင်)
ဦးရေဝတ(အဖွဲ့ဝင်)
ဦးန္ဒာစာရ(အဖွဲ့ဝင်)
ဦးအဂ္ဂဝံသ(အဖွဲ့ဝင်)
ဦးစရိတ(အဖွဲ့ဝင်)
ဦးသောမ(အကျိုးတော်ဆောင်)
မိတ္တူကို-မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ချောင်းဦးမြို့။
မြို့နယ်သာသနာရေးမှူး၊  မြို့နယ်(လ.ဝ.က)၊ ချောင်းဦးမြို့။
မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ချောင်းဦးမြို့၊
မြို့နယ်အထောက်အကူပြုကော်မတီ၊ ချောင်းဦးမြို့။
မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ ချောင်းဦးမြို့။







“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊(NLDပါတီဗဟိုဌာနချုပ်) ထုတ်ပြန်သင့်သော ကြေညာချက်”

$
0
0



၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့တွင်၊ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ သုံးပန်လှစံပြကျေးရွာ၊ ဌာနေအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကြီးမှူးကျင်းပသော ဆရာတော်ဦးဝိစာရနေ့ အထိမ်းအမှတ် စာပေဟောပြောပွဲ၌ စာရေးဆရာထင်လင်းဦး၏ ဟောပြောချက်များသည် သံဃာတော်များ မဆိုထားဘိ သာမန်အရပ်သား ဗုဒ္ဓဘာသာဝင်များသည်ပင် မခံမရပ်နိုင်ဖြစ်ကြရသည်ကို တွေ့ရှိခံစားရပါသည်။
စာရေးဆရာတစ်ဦး၊ နိုင်ငံရေးပါတီဝင်တစ်ဦးအနေဖြင့် လုံးဝမပြောသင့် မပြောထိုက်သည့် ဝစီကံမြောက် ကျူးလွန်မှုကြီးပင်ဖြစ်ပါသည်။
NLD ပါတီက စေလွှတ်ခြင်း၊ NLD ပါတီကိုယ်စားပြုသွားရောက်ဟောပြောခြင်းများ မဟုတ်ကြသော်လည်း စာရေးဆရာထင်လင်းဦးသည် NLD ပါတီ ဗဟိုပြန်ကြားရေးအဖွဲ့ဝင်တစ်ဦးဖြစ်ခြင်း၊ ဆရာတော်ဦးဝိစာရနေ့ အထိမ်းအမှတ်ဟောပြောပွဲကို ချောင်းဦးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြီးမှူးကျင်းပခြင်း ဖြစ်သောကြောင့် စာရေးဆရာထင်လင်းဦးနှင့် ပတ်သက်၍ NLD ပါတီမှာ တာဝန်ရှိသည်ဟု ခံယူပါသည်။
ထို့ကြောင့်
စာရေးဆရာထင်လင်းဦးကိုယ်စား NLD ပါတီ ဌာနချုပ်က အနူးအညွတ်တောင်းပန်ပါသည်။
စာရေးဆရာထင်လင်းဦးကိုလည်း သံဃာတော်များကျေနပ်လောက်အောင် တောင်းပန်ခိုင်းပါမည်။
စာရေးဆရာ ထင်လင်းဦးအပါအဝင် အခြား NLD ပါတီဝင် မည်သူတစ်ဦးတစ်ယောက်ကမျှ ထိုသို့ မဟောပြောမိစေရေးအတွက်လည်း တာဝန်ယူပါသည်။
စာရေးဆရာတစ်ယောက်မဆိုထားဘိ မိရိုးဖလာအဆင့်သာရှိသေးသော သာမန်ဗုဒ္ဓဘာသာဝင်တစ်ယောက်ပင် မကျူးလွန်ဝံ့သော၊ နိုင်ငံရေးပါတီဝင်တစ်ယောက်မဆိုထားဘိ သာမန်အရပ်သားပြည်သူတစ်ယောက်ပင် မကျူးလွန်ဝံ့သော ဝစီကံမြောက် ပြစ်မှုကြီးကို ကျူးလွန်ခဲ့သော စာရေးဆရာထင်လင်းဦးကို NLD ပါတီဝင် အဖြစ်မှလည်းကောင်း၊ NLD ပါတီ-ဗဟိုပြန်ကြားရေးအဖွဲ့ဝင်အဖြစ်မှလည်းကောင်း ယနေ့မှစ၍ ထုတ်ပယ်လိုက် ပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။
(NLD ပါတီ ဗဟိုဌာနချုပ်ကိုယ်စား ပြေလည်နိုင်သော နည်းလမ်းကို ရှာဖွေကြည့်ခြင်းမျှသာ ဖြစ်ပါသည်။)
ဝီရသူ(မစိုးရိမ်)
20.11.2014
PM 1:53

“သစ္စာအားမာန် တရားပွဲ”

$
0
0


18.11.2014 ည 8:00၊ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြနန္ဒာဈေး လူငယ်မောင်မယ်များဖြင့် ဖွဲ့စည်းထားသော “သစ္စာအားမာန်” အမျိုး ဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေး ဓမ္မသဘင်မှာ ဟောကြားသည်။
အမျိုးစောင့်ဥပဒေတရားပွဲများကို ခပ်စိပ်စိပ်တွေ့ရပါမည်။ ၄၃၆ ဆိုတာ ဘာမှန်းမသိဘဲ ၄၃၆ ကို ရမ်းကန့်ကွက်နေကြသည်။ ၄၃၆ ကန့်ကွက်ပွဲတွေကို ရမ်းထောက်ခံနေကြသည် ဆိုတာမျိုး မဖြစ်ရလေအောင် အမျိုးစောင့်ဥပဒေဆိုတာဘာ၊ အမျိုးစောင့်ဥပဒေ ဘာကြောင့်လိုအပ်၊ အမျိုးစောင့်ဥပဒေ ၏ အကျိုးရလဒ်များကို သာဓကများစွာဖြင့် ဟောကြားနေပါသည်။
အမျိုးစောင့်ဥပဒေမှာ ပါဝင်သည့် ဥပဒေလေးရပ်
၁။ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ။
၂။ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ။
၃။ အိမ်ထောင့်သစ္စာခိုင်မြဲခြင်းဆိုင်ရာ ဥပဒေ။
၎။ လူဦးရေထိန်းညှိခြင်းဆိုင်ရာ ဥပဒေ
အမှတ်(၁)ဥပဒေပေါ်ပေါက်လာလျှင် လူမသိ သူမသိ ခိုးချောင်ခိုးဝှက် ဗလီထဲ နေကာဟ်ဖတ်ပြီး မွတ်ဇာတ်အသွင်းခံရတာမျိုး မခံစားရတော့ပါ။ (ကျောက်မဲသူနာပြု ဆရာမလေးနှင့် လားရှိုးမွတ်ကုလား)
အမှတ်(၂) ဥပဒေပေါ်ပေါက်လာလျှင် ဗမာ/ဗုဒ္ဓ ယောင်ဆောင်လက်ထပ်ပြီးမှ မွတ်ဇာတ်အသွင်းခံရတာမျိုး မခံစားရတော့ပါ။(ကလေးမြို့ မဝါဝါမြင့်)
ကိုယ်ယုံကြည်ရာဘာသာကို လွတ်လပ်စွာ ကိုးကွယ်ခွင့်ရသွားပါသည်။ ဘာသာဓားပြအတိုက်မခံရတော့ပါ။ ဘုရားဆွမ်းတော်ကပ်၍ လက်ပုတ်အောင်အရိုက်ခံရသည့် ရန်ကုန်မြို့မှ မခင်မျိုးဦး၊ ယတြာချေသည့်အနေဖြင့် စက်ချုပ်ခုံပေါ် ပန်းပုလင်းတင်၍ အသတ်ခံရသော အလုံမြို့မှ မစုစုလတ်၊ ဥပုသ်ခိုးစောင့်၍ ဗိုက်ပျက်ကျအောင် အရိုက်ခံရသော ကလေးမြို့မှ မဝါဝါမြင့် စသည့် သာဓကပေါင်းများစွာဖြင့် ဟောကြားနေခြင်း ဖြစ်ပါသည်။
“သာကီနွယ်ဝင်ပီသစေ အမျိုးစောင့်ဥပဒေ တရားတော်”
ဓားပြဘေးမှကင်းဝေးစေ                    အမျိုးစောင့်ဥပဒေ။
မာယာဘေးမှကင်းဝေးစေ                   အမျိုးစောင့်ဥပဒေ။
မုဆိုးဘေးမှကင်းဝေးစေ                     အမျိုးစောင့်ဥပဒေ။
ကိုယ်ယုံကြည်ရာကိုးကွယ်စေ              အမျိုးစောင့်ဥပဒေ။
ကြိတ်ငိုမျက်ရည်ခမ်းခြောက်စေ            အမျိုးစောင့်ဥပဒေ။
မယားပြိုင်ဒုက္ခကင်းကြစေ                  အမျိုးစောင့်ဥပဒေ။
အိမ်ထောင့်သစ္စာခိုင်မြဲစေ                             အမျိုးစောင့်ဥပဒေ။
အကြမ်းဖက်ဘေးမှဝေးကြစေ               အမျိုးစောင့်ဥပဒေ။
အချုပ်အခြာအာဏာတည်မြဲစေ            အမျိုးစောင့်ဥပဒေ။
ဒီမိုကရေစီကိုမထိခိုက်ပေ                             အမျိုးစောင့်ဥပဒေ။
လူ့အခွင့်အရေးနှင့်မဆန့်ကျင်ပေ           အမျိုးစောင့်ဥပဒေ။
တရားဥပဒေစိုးမိုးရေးနှင့်ညီညွတ်ပေ       အမျိုးစောင့်ဥပဒေ။
တည်ငြိမ်အေးချမ်းရေးကိုထောက်ပံ့ပေ     အမျိုးစောင့်ဥပဒေ။
ငြိမ်းချမ်းရေးကိုရှေးရှုပေ                     အမျိုးစောင့်ဥပဒေ။
မရှိမဖြစ်လိုအပ်ပေ                           အမျိုးစောင့်ဥပဒေ။
မဖြစ်မနေဖော်ဆောင်စေ                    အမျိုးစောင့်ဥပဒေ။

“ဆရာထင်လင်းဦးကို ချောင်းဦး မြို့နယ်ဦးစီးအရာရှိမှ တရားစွဲပြီ”

$
0
0


ဒီကနေ့ 20.11.2014 မွန်းလွဲ 1:00 နာရီမှာ ချောင်းဦးမြို့နယ်၊ အုပ်ချုပ်ရေးမှူးက တရားရုံးကို ဦးတိုက်လျှောက်ထား တိုင်ကြားလိုက်ပြီ ဖြစ်ပါတယ်။
ချောင်းဦးမြို့နယ်သံဃနာယကအဖွဲ့ 19.11.2014 နေ့က ပြုလုပ်သော သာသနာတော်ကို အာဏာစက်ဖြင့် အကာအကွယ်ပေးရန် စည်းဝေးဆုံးဖြတ်ချက်ကို ဒီကနေ့ အကောင်အထည်ဖော်ခြင်း ဖြစ်ကြောင်းနှင့် ရွာခံ သံဃာတော်များနှင့် ပြည်သူများဆန္ဒကို ကွင်းဆင်းလေ့လာပြီးမှ စွဲဆိုခြင်းဖြစ်ကြောင်း သိရပါတယ်။
ချောင်းဦးမြို့မှ ပေးပို့လာသော သတင်းကို ပူးတွဲ တင်ပြလိုက်ပါတယ်။
==========================================================
သို့
မြို့နယ်တရားသူကြီး
မြို့နယ်တရားရုံး
ချောင်းဦးမြို့
ရက်စွဲ၊ ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်
အကြောင်းအရာ။ ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူဆောင်ရွက်ပေးနိုင်ရန်ကိစ္စ။
၁။ ချောင်းဦးမြို့နယ်၊ သုံးပန်လှစံပြကျေးရွာတွင် စာရေးဆရာထင်လင်းဦးသည်(၂၃.၁၀.၂၀၁၄) ရက်နေ့တွင် စာပေဟောပြောပွဲပြုလုပ်ခဲ့ရာ ၄င်း၏ ဟောပြောချက်များ၌ အောက်ပါစကားလုံးများ ပါဝင်ခဲ့ပါသည်။
၂။ ဦးထင်လင်းဦး၏ ဟောပြောချက်များတွင် “အခု မြတ်စွာဘုရားရဲ့ တပည့်သား သံဃာတော်တွေက မြတ်စွာဘုရားရဲ့ သင်္ကန်းတော်ကြီးကို ခြုံပြီးတော့ ငါပြောတာအမှန်၊ ငါပြောတာလုပ်လို့ ပြောနေတာ မှန်သလား” ဟုလည်းကောင်း၊ “မြတ်စွာဘုရား ဘာလူမျိုးလဲ၊ ရှမ်း/ကချင်/ကယား/ကရင်/ချင်း စတဲ့ အဲဒီလူမျိုးတွေရောဟုတ်လား၊ မဟုတ်ဘူးနော်၊ သေချာတာက မြတ်စွာဘုရားသည် ကျွန်တော်တို့နိုင်ငံထဲက တိုင်းရင်းသားလူမျိုး ဟုတ်လို့လား၊ မဟုတ်ဘူးနော် ကောင်းပြီ ကျွန်တော်တို့ ဒီကနေ့ကစပြီး မကိုးကွယ်ကြနဲ့ ဗျာ၊ မကိုးကွယ်နဲ့ ခင်ဗျားတို့ အမျိုးချစ်ရင် မြတ်စွာဘုရားကို မကိုးကွယ်နဲ့၊ ကျုပ်တို့ အမျိုးမဟုတ်ဘူး” ဟုလည်းကောင်း “ကတုံးကြီးတုံးလားပြီး သင်္ကန်းပတ်လာတိုင်း ဖင်ကုန်းဦးချကြတာပဲ” ဟုလည်းကောင်း၊ “ကျွန်တော်တို့ ဗုဒ္ဓဘာသာကို အဲဒီသင်္ကန်းဝတ်တွေ ဖျက်ဆီးနေတယ်” ဟုလည်းကောင်း၊ “အဲဒီကတုံးနဲ့ သင်္ကန်းပတ်လာတဲ့သူကပြောတိုင်း မင်းတို့ ယုံစရာလား” ဟု လည်းကောင်း၊ “သင်္ကန်းကြီးပတ်လာပြီးတော့ ပြောနေတိုင်း ခင်ဗျားတို့က အမှန်လို့ ယုံမှာလား” ဟု လည်းကောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။
၃။ အဆိုပါ ပြောကြားချက်များသည် ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်း နေထိုင်လျှက်ရှိသော လူများ၏ ဘာသာရေးစိတ်ဓာတ်ကို နာကြည်းစေရန် တမင် မသမာသောအကြံဖြင့် ထိုလူတစားကိုးကွယ်သည့်ဘာသာ၊ သာသာနကိုသော်လည်းကောင်း၊ ဘာသာ သာသနာရေး ယုံကြည်မှုကိုသော်လည်းကောင်း၊ စော်ကား ပုတ်ခတ်ပြောဆိုခဲ့ကြောင်း ပေါ်ပေါက်နေပါသောကြောင့် ထိုသို့ ပုတ်ခတ်စော်ကားပြောဆိုသူ စာရေးဆရာ ထင်လင်းဦးအပေါ် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၅-က အရ အရေးယူပေးပါရန် ဦးတိုက်လျှောက်ထား တိုင်ကြားအပ်ပါသည်။
၎။ တိုင်ကြားစာနှင့်အတူ အောက်ပါစာရွက်စာတမ်းများကို ပူးတွဲတင်ပြအပ်ပါသည်။
(က) ဟောပြောပွဲရုပ်သံမှတ်တမ်း DVD ခွေ-၁ခွေ
(ခ) DVD ပါ ဦးထင်လင်းဦး၏ ဟောပြောချက်များကို ရေးကူးထားသောစာရွက်-၁စုံ
(ဂ) ချောင်းဦးမြို့နယ် သံဃာ့နာယကအဖွဲ့၏(၁၉.၁၁.၂၀၁၄) ရက်စွဲပါ-၁စောင်
အစည်းအဝေးဆုံးဖြတ်ချက်
(ဃ) မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၏ အစည်းအဝေးအမှတ်စဉ်(၃၆/၂၀၁၄)-၁စုံ
(င) ဦးထင်လင်းဦး၏ နေရပ်လိပ်စာ-၁စောင်
(စ) သက်သေများစာရင်း-၁စောင်
တိုင်ကြားသူ
ဦးဦးထွန်းခိုင်
မြို့နယ်ဦးစီးအရာရှိ
လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန
ချောင်းဦးမြို့။



“ရင်တွင်းအသံအစစ်လား အမှိုက်ကစ ပြာသာဒ်ကြီးမီးမလောင်ဖို့”

$
0
0


အောင်ဇေယျတုဂျာနယ် အမှတ်(၄၄)ကို အရေးယူပေးဖို့ တိုင်ကြားမှုတွေလုပ်ပြီး ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ရတယ်ဆိုတာကို အားလုံးသိပြီးဖြစ်ပါတယ်။ အဲဒီလို ညှိနှိုင်းဆွေးနွေးမှုတွေလုပ်ပြီးချိန်မှာတောင် ဘာသာခြားတွေက ဆက်တိုက်ဆိုသလို ဆရာမောင်သွေးချွန်နဲ့ ပတ်သက် ဆက်စပ်တဲ့ ဂျာနယ်တွေကို ဖိအားပေးမှုတွေ ပြုလုပ်နေဆဲ ဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါဟာ ဘာသာခြားတွေဘက်က သူတို့ဘာသာအပေါ် အလေးထားမြတ်နိုးမှုလို့ ဆိုလို့ရနိုင်ကောင်းပေမယ့် ဗုဒ္ဓဘာသာအပေါ် စော်ကားရေးသားမှုတွေကိုလည်း တွေ့နေရတာကြောင့် သူတို့ရဲ့ အလေးထားမှုဟာ အထိမခံလိုစိတ် ကဲလွန်းနေတယ်လို့ သုံးသပ်မှုတွေ ရှိနေပြန်ပါတယ်။
NLD ပါတီရဲ့ ပြန်ကြားရေးတာဝန်ခံ ထင်လင်းဦးရဲ့ ဟောပြောချက်တွေဟာ ဗုဒ္ဓဘာသာအပေါ် အလွန်အကျူး စော်ကားပြောဆိုမှုတွေ ရှိနေတာကြောင့် ဗုဒ္ဓဘာသာဝင် ပြည်သူအများ မခံမရပ်နိုင်ဖြစ်နေကြပါတယ်။ အဲဒီ ထင်လင်းဦးလိုပဲ Myanmar Muslim Media ဆိုတဲ့ လူမှုကွန်ရက် စာမျက်နှာမှာလည်းပဲ “အမေရိကန် လုံခြုံရေးယန္တရားက တိမ်သလ္လာတွေဖုံးနေတဲ့ ဗုဒ္ဓဘာသာအကြမ်းဖက်မှု” ဆိုတဲ့ ဆောင်းပါးတစ်ပုဒ်ဟာ ဗုဒ္ဓဘာသာ အပေါ် အလွန်အကျူး စော်ကားရေးသားမှုတွေ ပါဝင်နေတာကို တွေ့ရပါတယ်။
Myanmar Muslim Media ဆိုတဲ့အမည်ရဲ့ လူမှုကွန်ရက်စာမျက်နှာကို ဘယ်သူတွေချုပ်ကိုင်နေသလဲ။ မြန်မာမွတ်စ်လမ်တို့ရဲ့ စစ်မှန်တဲ့ ရင်တွင်းသအသံလို့ ရေးသားထားရခြင်းကရော တကယ်ပဲ မြန်မာမွတ်စလင်များကို ကိုယ်စားပြုနေသလား။ ဒီစာမျက်နှာကို Like လုပ်ထားတဲ့ လူဦးရေဟာ ၃၆,၀၀၀ ကျော်ရှိနေတာမို့ ဒီစာမျက်နှာရဲ့ ပျံ့နှံ့မှုအားကို လျှော့တွက်လို့မရနိုင်ဘူး။ လူမှုကွန်ရက် စာမျက်နှာတွေကို ဥပဒေကြောင်းအရ ဆောင်ရွက်နိုင်ခြင်းမရှိသေးပေမယ့် တာဝန်သိ မြန်မာအစ္စလာမ်တွေအနေနဲ့လည်း တားမြစ်တာတွေ ကန့်ကွက်ရှုတ်ချတာတွေ ပြုလုပ်ကြဖို့လည်းလိုပါလိမ့်မယ်။
ဘာကြောင့် ဒီစကားတွေ ပြောနေရသလဲဆိုရင် အမေရိကန်လုံခြုံရေး ယန္တရားက တိမ်သလ္လာတွေဖုံးနေတဲ့ ဗုဒ္ဓဘာသာ အကြမ်းဖက်မှု ဆိုတဲ့ ဘာသာပြန်ဆောင်းပါးမှာ ဆရာတော်ဦးဝီရသူနဲ့ ဗုဒ္ဓဘာသာကို စော်ကားထားတဲ့ အရေးအသားတွေ အများကြီးပါဝင်နေလို့ပါပဲ။
“၉၆၉ ခေါင်းဆောင် ရာဇဝတ်ဗုဒ္ဓဘာသာဘုန်းကြီး ဝီရသူ” ဆိုတဲ့ အသုံးအနှုန်းကို ဆောင်းပါးအဖွင့်မှာပဲ ရေးသားထားပြီး အမေရိကန်က အရှင်ဝီရသူကို ဘာကြောင့် အကြမ်းဖက်သမားအဖြစ် မသတ်မှတ်သေးသ လဲဆိုတဲ့ မေးခွန်းကိုလည်း မေးထားပါသေးတယ်။ ဆရာတော်ဦးဝီရသူရဲ့ သံဃာ့ဂုဏ်တော်ဟာ တိုင်းသိ ပြည်သိ ကမ္ဘာသိဖြစ်ပြီး ဆရာတော်ရဲ့ ရည်ရွယ်ရာဟာလည်း ငြိမ်းချမ်းရေးသာဖြစ်ကြောင်းကို အားလုံး ရှင်းရှင်းလင်းလင်း သိထားပြီးဖြစ်တဲ့အတွက် အထူးရှင်းဖို့ မလိုအပ်တော့ပါဘူး။
“ဘာသာရေးအကြမ်းဖက်မှု ပြစ်ဒဏ်နဲ့ ထောင်ဒဏ်ခုနစ်နှစ် ကျခံထားရတဲ့ ဝီရသူ” ဆိုတဲ့ အရေးအသား ကလည်း မဟုတ်မမှန် လုပ်ကြံနှိမ့်ချစော်ကားထားတဲ့ အရေးအသားပါ။ ဆရာတော် ဘာကြောင့် ထောင်ကျခဲ့ ရသလဲဆိုတာကိုပြောရင် အကျယ်အကျယ် မငြိမ်းဖွယ်တွေ ဖြစ်နေမှာစိုးလို့ မပြောတော့ပါဘူး။
“မွတ်စလင်ဆန့်ကျင်ရေး အစွန်းရောက်အကြမ်းဖက်မှုတွေ ဆုပေးတဲ့နေရာမှာတော့ ဝီရသူရဲ့ ပါးစပ်ဟာ မုန်းတီးရေးဝါဒဖြန့်မှုတွေကို စွန့်ထုတ်တဲ့ မိလ္လာပိုက်တစ်ခုလိုပါပဲ” လို့ လည်း ရေးသားထားတာတွေ့ရပါတယ်။
ဒါဟာ သူတို့လိုပြောရင်တော့ ဘာသာရေးစော်ကားမှုပါပဲ။ စိတ်နာကျည်းစေမှုပါပဲ။ ဗုဒ္ဓရဲ့သားတော်တစ်ပါး၊ သံဃာထုရဲ့ ပုရိပ်တစ်ခုကို မဟုတ်မမှန် စွပ်စွဲပုတ်ခတ်ရေးသားမှု၊ တရားဥပဒေစိုးမိုးမှုနဲ့ အေးချမ်းသာယာရေး ထိခိုက်စေနိုင်တဲ့ အရေးအသားတွေပဲ မဟုတ်ဘူးလား။ ဒါပေမယ့် သူတို့ဟာ အွန်လိုင်းပေါ်မှာသာ ရေးသားနေတဲ့အတွက် တည်ဆဲဥပဒေအရ အရေးယူတားမြစ်ပေးဖို့ ကျွန်တော်တို့ဘက်က တိုင်ကြား တောင်းဆိုလို့ မရနိုင်ပါဘူး။
Myanmar Muslim Media ဆိုတာဟာ တာဝန်ခံမယ့်သူမရှိ၊ တာဝန်ယူမဲ့သူမရှိဘဲ တင်ချင်ရာကို တင်ဆက်နေတဲ့ စာမျက်နှာတစ်ခုမဟုတ်ဘူးဆိုတာ သူတို့ တင်ဆက်ထားတဲ့ ဆောင်းပါးတွေ၊ သတင်းတွေ၊ နောက် ရုပ်သံအင်တာဗျူးတွေကိုကြည့်ရင် သိနိုင်ပါတယ်။ အဲဒီ ရုပ်သံအင်တာဗျူးတွေမှာ ပါဝင်ဖြေကြားခဲ့တဲ့ သူတွေကလည်း မွတ်ဆလင်အသိုင်းအဝိုင်းထဲက ထင်ရှားတဲ့ပုဂ္ဂိုလ်တွေပါ။ သူတို့ကို မေးကြည့်ရင်ကိုပဲ Myanmar Muslim Media ကို ဘယ်သူတွေ လုပ်နေတယ်ဆိုတာ သိနိုင်တာပါပဲ။ သူတို့ကရော ဒီလိုတွေ လုပ်နေတာကို မတားမြစ်ကြဘူးလား။
ဘာသာပြန်တဲ့ စာမူတစ်ခုပဲဖြစ်စေဦးတော့ ဒီလောက် ထိလွယ်ရှလွယ်တဲ့ အရေးအသားတွေ၊ အောက်တန်းကျပြီး တစ်ဖက်သားကို စော်ကားမှုတွေ တထွေးကြီးပါဝင်နေတဲ့ အရေးသားတွေကို ဘာကြောင့် ဖော်ပြရပါသလဲ။ ဒီမေးခွန်းကို အစ္စလာမ်အသိုင်းအဝိုင်းက တာဝန်ရှိသူတွေ ဖြေကြားဖို့ လိုပါလိမ့်မယ်။
ဒါအပြင် ဒီဆောင်းပါးမှာ ဆရာတော်ဦးဝီရသူကို “အကြမ်းဖက်ဘုန်းကြီး” လို့ သုံးနှုန်းဖော်ပြတာတွေ ပါရှိသလို “လူမျိုးရေး အကြမ်းဖက်မှုတွေကို ၁၀၀ ရာခိုင်နှုန်း အပြည့်အဝထောက်ခံပေးနေတဲ့ မြန်မာအစိုးရကိုလည်း မျက်ကွယ်ပြုမထားသင့်ဘူး” ရေးသားထားတဲ့ အရေးအသားတွေကိုလည်း တွေ့ရမှာဖြစ်ပါတယ်။
Is Us security apparatus blind to Buddhist terrorism? ဆိုတဲ့ အမည်နဲ့ Press TV အင်တာနက် စာမျက်နှာမှာ ဖော်ပြထားတာဖြစ်ပြီး ရေးသားကသူကတော့ Barry Grossman ပါ။
သူတို့ပြောခဲ့သလိုပဲ ကျွန်တော်ထပ်ပြောပါဦးမယ်။ လူမျိုးရေးကြောင့်သော်လည်းကောင်း၊ ဘာသာရေးကြောင့် သော်လည်းကောင်း၊ တစ်ဖက်နှင့်တစ်ဖက် တစ်ဂိုဏ်းနှင့်တစ်ဂိုဏ်း မုန်းတီးခြင်း၊ ရန်မူခြင်း၊ စိတ်ဝမ်းကွဲခြင်း၊ အမျိုးမျိုးပေါ်လာစေရန် ရည်ရွယ်သော(သို့မဟုတ်)ပေါ်ပေါက်လာရန် အကြောင်းရှိသော အပြုအမူသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ဆန့်ကျင်တယ်လို့ သူတို့ပြောခဲ့သလို ကမန်တော်တို့က ပြောခဲ့ရင်ကော သူတို့ ဘာပြန်ပြောကြဦးမလဲ။
မန္တလေးရွှေမြို့တော်ကြီးဆီက သတင်းစာရှင်းလင်းပွဲတွေလုပ်၊ လိုအပ်ရင် တိုင်ကြားမှုတွေပါလုပ်နေကြတဲ့ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအသင်းကြီးက လူကြီးမင်းတွေရော ဒီစကားလုံးတွေကို ဘယ်လိုမြင် သလဲလို့ ဒီနေရာကနေ မေးခွန်းထုတ်ချင်ပါတယ်။ အထူးသဖြင့် ကိုယ့်ဗုဒ္ဓဘာသာကို စော်ကားရေးသားမှုတွေ ပါဝင်နေတဲ့၊ ဆရာတော်ဦးဝီရသူကို စော်ကားတဲ့အရေးအသားတွေပါဝင်နေတဲ့ ဒီ Myanmar Muslim Media ကိုရော ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေဖြစ်တဲ့ ဂဠုန်နီဆရာတော်တို့ ဆရာတော်ဦးဝိသုတတို့ အနေနဲ့ လက်ပိုက်ကြည့်နေနိုင်ရက်သလားဆိုတာကိုလည်း မေးခွန်းထုတ်ချင်ပါသေးတယ်။ ဆရာတော်နှစ်ပါးကို မေးခွန်းထုတ်ရချင်းကတော့ အောင်ဇေယျတုဂျာနယ်အမှတ် ၄၄ မှာပါဝင်တဲ့ အရေးအသားတွေကို ရှုတ်ချမှု ပြုလုပ်တာ၊ တိုင်ကြားမှုပြုလုပ်တာ….စတဲ့ ကိစ္စရပ်တွေမှာ ပါဝင်နေတဲ့ အတွက်ပါ။
မြန်မာစာနယ်ဇင်းကောင်စီ(ယာယီ)က တာဝန်ရှိသူများနဲ့ တွေ့ဆုံခဲ့စဉ်ကလည်း ဒီ လူမှုကွန်ရက် စာမျက်နှာနဲ့ ပတ်သက်လို့ မေးမြန်းမှုတွေ ပြုလုပ်ခဲ့ပေမယ့် တရားဝင်ပြဋ္ဌာန်းထားတဲ့ နည်းဥပဒေများ မရှိသေးတဲ့အတွက် အရေးယူဖို့ ခက်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် Main Stream တစ်ခုက ရေးသားထားတယ်ဆိုရင်တော့ အရေးယူလို့ ရနိုင်တယ်လို့ ဆိုပါတယ်။ ဆိုတော့ Myanmar Muslim Media ဟာ မြန်မာမွတ်ဆလင်တွေရဲ့ Main Strean တစ်ခုလား။
မဟုတ်ခဲ့ဘူးဆိုရင်လည်း ဒီစာမျက်နှာနဲ့ သက်ဆိုင်မှုမရှိကြောင်းကို ထုတ်ပြန်ကြေညာတာတွေနဲ့ ဒီစာမျက်နှာမှာ ပါဝင်တဲ့ ထိလွယ်ရှလွယ် အကဲဆတ်တဲ့အရေးအသားတွေကို ရှုတ်ချကြောင်း သဘောထားတွေ ထုတ်ပြန်ဖို့ လိုပါလိမ့်မယ်။
ဒီ စာမျက်နှာလေးဟာ တရားဝင် မီဒီယာအဖြစ် ရပ်တည်နေတာ မဟုတ်ဘူးဆိုပြီး ပေါ့ပေါ့လေးသဘောထားလို့ မရနိုင်ပါဘူး။ အခွင့်အရေးရရင် ရသလို ဗုဒ္ဓဘာသာနဲ့ ဆရာတော် သံဃာတော်တွေကို စော်ကား ပြောဆိုမှု တွေများလာရင် စိုးရိမ်စရာ အခြေအနေတွေကို ကျွန်တော်တို့တွေ ကြုံဆုံရနိုင်ပါတယ်။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးလို့ ကိုယ့်ဘက်က ကြွေးကြော်နေရင်တော့ သီတဂူဆရာတော်ဘုရားကြီး ဟောကြားဆုံးမတော်မူခဲ့တဲ့ ဧည့်သည်က ဧည့်သည်လိုနေဖို့ လိုပါလိမ့်မယ်။
Myanmar Muslim Media ဟာ ယခု ဖော်ပြထားတဲ့ ဆောင်းပါးတစ်ခုတည်းတင်မဟုတ်ဘဲ OIC၊ သီရိလင်္ကာနဲ့ အမျိုးသားရေး အစွန်းရောက်ဝါဒ ဆိုတဲ့ စောလှဖြူရေးတဲ့ ဆောင်းပါးလည်းပဲ အကဲဆတ်တဲ့ အရေးအသား အများကြီးပါဝင်တဲ့ဆောင်းပါးကို ဖော်ပြထားတာ ဖြစ်ပါတယ်။
ထင်သာတဲ့ ဥပမာကို ထုတ်ပြရမယ်ဆိုရင် “အမျိုးဘာသာ သာသနာကို ဗန်းပြ၊ လုယက်၊ တိုက်ခိုက်၊ မီးရှို့၊ အကြမ်းဖက်သတ်ဖြတ်နေသူတွေရဲ့ မျိုးစောင့်ဥပဒေကို လွှတ်တော်ထဲထိ ယူဆောင်လာ” ဆိုတဲ့ အရေးအသားမျိုးတွေပါ။
ပြောရရင်တော့ ကျွန်တော်တို့ ဗုဒ္ဓဘာသာများဘက်ကလည်း သူတို့ နာတတ်သလို နာတတ်ဖို့ လိုပါတယ်။ သူတို့ စည်းကို သူတို့လုံအောင်ကာသလို ကျွန်တော်တို့ စည်းကိုလည်း ကျွန်တော်တို့ လုံအောင်ကာဖို့ လိုပါတယ်။ သူတို့က စကားလုံးလေး တစ်လုံး၊ တစ်ပါဒ၊ တစ်ဝါကျတောင် အထိအခိုက်မခံဘဲ စောင့်ကြည့်တယ်၊ တိုင်ကြားတယ်၊ အရေးယူပေးဖို့ တောင်းဆိုတယ်။ ဒါပေမယ့် အဲဒီလို တောင်းဆိုကြသူတွေကိုယ်တိုင်ကတော့ သူတို့ဘက်က လွန်ကျူးနေတဲ့ အရေးအသားတွေ၊ စကားလုံးတွေကိုကျတော့ Social Media ဆိုတဲ့ ခေါင်းစဉ်အောက်ထဲပို့ပြီး မေ့ချင်ယောင်ဆောင်နေကြပါတယ်။
အမျိုးဘာသာ သာသနာအရေး အားကောင်းလာတာနဲ့အမျှ အဖျက်အင်အားစုတွေကလည်းပဲ သူတို့ရဲ့ လုပ်ငန်းတွေကို ရသမျှ နည်းပေါင်းစုံနဲ့ တိုးချဲ့ကြမှာပါပဲ။ ဒါကို ကျွန်တော်တို့ အထူးသတိချပ်ဖို့ လိုသလို သက်ဆိုင်ရာ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ ဘာသာရေးခေါင်းဆောင်များကလည်း ထိန်းကျောင်း သွန်သင်ကြဖို့ အထူးအရေးကြီးလှပါကြောင်း။
အမျိုး ဘာသာ သာသနာ
ကမ္ဘာတည်သရွေ့ တည်ပါစေ။
ကိုမင်းဟန်

“အကောင့်သူခိုးများ၏ လုပ်ကြံမှုသတင်း”

$
0
0


အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့မှ ဦးဆောင်၍ ဦးအောင်သောင်းအား အမည်မည်းစာရင်း တင်သွင်းသည့် အပေါ် ပြည်သူလူထုဆန္ဒဖြင့် ဆန့်ကျင်ရှုံ့ချပွဲ ကျင်းပမည်ဆိုသော သတင်းမှာ အကောင့်သူခိုးများ၏ လုပ်ကြံမှု သတင်းဖြစ်သည်။
ယင်းသတင်းကို တင်သော မန်း မဘသ Like Page သည် အကောင့်သူခိုးများ၏ ခိုးယူခြင်းကို ခံထားရခြင်း ဖြစ်ပြီး၊ အကောင့်သူခိုးများသည် ၄င်း Like Page အား ခိုးယူပြီးနောက်ပိုင်း ယခုလို လုပ်ကြံသတင်းများ ဖြန့်ချီနေခြင်းဖြစ်သည်။
မန်းမဘသ Like Page သည် အကောင့်သူခိုးများ၏ လက်ဝယ်၌ ရောက်ရှိပြီး၊ အကောင့်သူခိုးများ သည် ယခုလို မဟုတ်မမှန် လုပ်ကြံသတင်းများအား မကြာခဏ ဖြန့်ချီနေခြင်းဖြစ်သည်။

အကောင့်သူခိုးများ၏ လက်ဝယ်၌ ရောက်ရှိနေသော Like Page လင့်=https://www.facebook.com/ patrioticassociationofmandalay?ref=ts&fref=ts

မန်းမဘသ Like Page အစစ်အမှန်လင့်=https://www.facebook.com/pages/ %E1%80%99% E1%80%94%E1%80%B9%E1%80%B8-%E1%80%99-%E1%80%98-%E1%80%9E/800219633371712?ref=ts&fref=ts 









“နဂါးနီးစုဘူးအသင်းဝင်များအား စုဘူးငွေထုတ်ပေးခြင်းနှင့် ဟောပြောပွဲကျင်းပ”

$
0
0


မန္တလေး၊ နိုဝင်ဘာ ၁၉
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ချမ်မြသာစည်မြောက်ရွာသစ်ရပ်ကွက်ရှိ နဂါးနီးစုဘူးအသင်းဝင်များအား စုဘူးငွေထုတ်ပေးခြင်းနှင့် အသိပညာပေးဟောပြောပွဲကို (၁၉.၁၁.၂၀၁၄)ရက်နေ့၊ မွန်းလွဲ (၃း၃၀)နာရီတွင် ချမ်း/မြောက်ရပ်ကွက် ဗုဒ္ဓသာသနရက္ခိတ ဘုံဆွမ်းလောင်းအသင်းတိုက်ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ အသင်းတာဝန်ရှိသူများတက်ရောက်ကြပြီး အဝါရောက်မျိုးဆက်သစ်(Y.G.W)ဆရာတော်များဖြစ်သည့် အရှင်ဝိစိတ္တ၊ အရှင်ဉာဏိဿရ၊ ဒေါ်နှင်းပပ၊ ဒေါ်ကြင်ကြင်မြိုင်တို့မှ အသင်းသား/သူများအား စီးပွားရေး လူမှုရေးဆိုင်ရာ မှတ်သားဖွယ်ရာ ဗဟုသုတများကို အသီးသီးဟောပြောခဲ့ကြပါသည်။ ဟောပြောပွဲအပြီးမှာ အသင်းတာဝန်ရှိသူများမှ စုဘူးငွေများ ပေးအပ်ခဲ့ရာ အသင်း(၁၀၀)ဦးထဲမှ (၅၀)ဦးတို့အား (၁)သိန်းကျပ်စီနှင့် (၇၀)ဦးတို့အား (၅)သောင်းကျပ်စီ ပေးအပ်ခဲ့ကြောင်း သိရသည်။
နဂါးနီအသင်းဝင်များကို အသင်းစဝင်ဝင်ချင်း (၅)သောင်းကျပ်စီထုတ်ပေးပြီး ငွေချေးပတ် (၄)ပတ်မြောက်မှာ စည်းကမ်းချက်များနှင့်ကိုက်ညီသည့်အသင်းဝင်များအား (၅)သောင်းကျပ်စီ ထပ်တိုး၍ထုတ်ပေးကြောင်း၊ သတ်မှတ်စည်းကမ်းများနှင့် မကိုက်ညီသည့် အသင်းဝင်များကို ထပ်တိုးပေးခြင်းမရှိဘဲ မူလထုတ်ချေးငွအတိုင်းပင် ထုတ်ပေးကြောင်း သိရသည်။
ချမ်း/မြောက်နဂါးနီစုဘူးအသင်းသည် ဆရာတော်ဦးဝီရသူတည်ထောင်သည့် (၃)ခုမြောက်စုဘူးဖြစ်ပြီး တစ်ဦးလျှင် (၅၀၀၀၀)ကျပ်နှုန်းဖြင့် ဦးရေ(၅၀)အတွက် သိန်းအစိတ်မတည်ကာ (၃၁.၅.၂၀၁၄)နေ့တွင် စတင်တည်ထောင်ပေးခဲ့ပါသည်။ ဆရာတော်ဦးဝီရသူသည် သိန်းတစ်ရာပြည့်သည်အထိ တိုးချဲ့ လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရပါသည်။
နဂါးနီသတင်းထောက်-ဝီရခေမိန်
အတိုးပေါ် အတိုးဆင့်၊ အတိုးနှင့်ဒုက္ခတွေ။
ဘဝတစ်ခုလုံး၊ လူညွန့်တုံး၊ လူဖြစ်ရှုံးမှုတွေ။
ပျောက်ပါစေ ရည်စူးပြီး၊ စုဘူးကြီး တည်ထောင်ပေ။
အသောက်အစား၊ အပျော်ပါး၊ လောင်းကစားရှောင်ကြင်လေ။
ရိုးရိုးသားသား၊ နိုးနိုးကြား၊ ကြိုးစားစုကြစေ။
အိုးမဲ့ အိမ်မဲ့၊ အခြေနေမဲ့၊ ကဲ့ရဲ့လွတ်ကြစေ။
ရခဲရကြ လူ့ဘဝ၊ အရတော်ကြစေ။
လူတစ်လုံး သူတစ်လုံး၊ အပီပြင်ဆုံး၊ ရုပ်လုံးဖော်ကြစေ။
(ဝီရသူ-မစိုးရိမ်)




“မဘသ(ဗဟို) ကြေညာချက်”

$
0
0


အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(ဗဟို)၏ ထုတန်ပြန်ကြေညာချက်
ဂျပန် ပန့်-ရှော့ခ် အဖွဲ့ Wat Wayhem Orchestra ၏ ခေါင်းဆောင်အဆိုတော်က ဂျပန်စတိတ်ရှိုးပွဲတစ်ခုတွင် သင်္ကန်းဝတ်ဖြင့် သီချင်းဆိုခဲ့သည်။ ထိုအကြောင်းကို Http://www.khaosodenglish.com, Http://bangkok.coconuts.com/2014/11/13/thais-thais-rage-over-monk-robe-worn-japanese-band-japanတို့၌ တွေ့ရှိရသည်။
“ထေရဝါဒ ဗုဒ္ဓဘာသာ ရဟန်းသာမဏေများသည် အဆိုပါ အပြုအမူမျိုး မပြုလုပ်ရ” ဟု မြတ်ဗုဒ္ဓ ပညတ်ထားချက်ရှိသည်။
သို့ဖြစ်၍ အဆိုပါ ရော့ခ်အဖွဲ့၏ အပြုအမူသည်-
၁။ ထေရဝါဒ ဗုဒ္ဓဘာသာ ရဟန်းသာမဏေများ ကျင့်ဝတ်နှင့် ဆန့်ကျင်သော အပြုအမူမျိုးဖြစ်သည်၊
၂။ ကမ္ဘာ့ဘာသာကြီးတစ်ခုဖြစ်သည့် ထေရဝါဒဗုဒ္ဓဘာသာကို စော်ကားရာရောက်သည်၊
၃။ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ သီရိလင်္ကာ ဟူသော ပင်မ ထေရဝါဒ ဗုဒ္ဓဘာသာ ၅-နိုင်ငံ၏ သမိုင်းအစဉ်အလာကြီးမားသော ဘာသာတရား ယဉ်ကျေးမှုအစဉ်အလာများကို မထီမဲ့မြင် ပြုရာရောက်သည်၊
၎။ ထေရဝါဒဗုဒ္ဓဘာသာဝင် ကမ္ဘာ့လူဦးရေ သန်းရာပေါင်းများစွာနှင့် ၄င်းတို့၏ ယုံကြည်မှု အခွင့်အရေးကို စော်ကားရာ ရောက်သည်၊
ထို့ကြောင့်
ထိုသို့သော အပြုအမူမျိုးကို မြန်မာနိုင်ငံအပါအဝင် ထေရဝါဒ ဗုဒ္ဓဘာသာဝင် အားလုံးတို့က ကန့်ကွက်ရှုတ်ချ ကြောင်းနှင့် လုံးဝ လက်မခံနိုင်ကြောင်း ထေရဝါဒ ဗုဒ္ဓဘာသာဝင်အားလုံးတို့၏ကိုယ်စား မြန်မာနိုင်ငံ မဘသ အဖွဲ့ကြီးက ထုတ်ပြန်ကြေညာလိုက်သည်။
ဘဒ္ဒန္တတိလောကာဘိဝံသ
ဥက္ကဋ္ဌ၊ မဘသအဖွဲ့(ဗဟို)
အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြဝါဒါစရိယ
ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်။




“မိဘကျေးဇူးဆပ် တရားပွဲ”

$
0
0


20.11.2014 ည 8:00 မန္တလေးတိုင်း၊ ကျောက်ဆည်မြို့၊ ကျောက်ဖျာကျေးရွာ၊ ပညာပါရမီလူငယ်အဖွဲ့နှင့် ရွာသူ/ရွာသားတို့ ဦးစီးကျင်းပသော မိဘကျေးဇူးဆပ်တရားပွဲမှာ ဟောကြားသည်။
အမျိုးစောင့်ဥပဒေလာ ဥပဒေလေးရပ်တွင် အိမ်ထောင့်သစ္စာခိုင်မြဲခြင်းဥပဒေ ပါဝင်ပေသည်။
၎င်းဥပဒေအရ မြန်မာ/ဗုဒ္ဓက တစ်လင်တစ်မယားစနစ် ကျင့်သုံးလျှင် မွတ်/အစ်ကလည်း တစ်လင်တစ်မယား စနစ်သာ ကျင့်သုံးရပါမည်။ တန်းတူအခွင့်အရေး ဖြစ်ပါသည်။
အိမ်ရှင်ကတောင် ကျင့်သုံးနိုင်လျှင် ဧည့်သည်က မကျင့်သုံးနိုင်စရာအကြောင်းမရှိပါ။ အိမ်ရှင်က မယားအများစနစ်ကျင့်သုံးပြီး ဧည့်သည်ကို တစ်ယောက်သာယူခိုင်းလျှင်ကား မမျှတ-မတရားဟု ဆိုနိုင်ပါသည်။
တစ်လင်တစ်မယားစနစ်ကို မူဆလင် အမျိုးသမီးထုက တစ်ခဲနက် ထောက်ခံကြမည်ဖြစ်ပါသည်။ သူတို့လည်း မယားပြိုင်ဒုက္ခ တွေ့ကြုံနေရသောကြောင့်ဖြစ်ပါသည်။
ကုလားမယား ဗမာမများလည်း မယားပြိုင်ဒုက္ခ မကျရောက်တော့ပါ။
ထို့ကြောင့် အိမ်ထောင့်သစ္စာခိုင်မြဲခြင်း ဥပဒေအရ မယားပြိုင်ဒုက္ခ ကင်းစေးရခြင်း အကျိုးရှိပါသည်။
အမျိုးသမီးထုက ထောက်ခံကြမည်ဖြစ်သော်လည်း ဂျီဟဒ်ဝါဒီများက အပြင်းအထန် ဆန့်ကျင် တိုက်ခိုက်ကြတော့မည်ဖြစ်ပါသည်။ မယားများများယူခြင်းဖြင့် လက်နက်လူသူစုဆောင်းနေခြင်းများ ရပ်တန့် ပျက်ပြားသွားတော့မည် ဖြစ်သောကြောင့်တည်း။
“သာကီနွယ်ဝင်ပီသစေ အမျိုးစောင့်ဥပဒေ”
ဓားပြဘေးမှကင်းဝေးစေ                    အမျိုးစောင့်ဥပဒေ။
မာယာဘေးမှကင်းဝေးစေ                   အမျိုးစောင့်ဥပဒေ။
မုဆိုးဘေးမှကင်းဝေးစေ                     အမျိုးစောင့်ဥပဒေ။
ကိုယ်ယုံကြည်ရာကိုးကွယ်စေ              အမျိုးစောင့်ဥပဒေ။
ကြိတ်ငိုမျက်ရည်ခမ်းခြောက်စေ            အမျိုးစောင့်ဥပဒေ။
မယားပြိုင်ဒုက္ခကင်းကြစေ                  အမျိုးစောင့်ဥပဒေ။
အိမ်ထောင့်သစ္စာခိုင်မြဲစေ                             အမျိုးစောင့်ဥပဒေ။
အကြမ်းဖက်ဘေးမှဝေးကြစေ               အမျိုးစောင့်ဥပဒေ။
အချုပ်အခြာအာဏာတည်မြဲစေ            အမျိုးစောင့်ဥပဒေ။
ဒီမိုကရေစီကိုမထိခိုက်ပေ                             အမျိုးစောင့်ဥပဒေ။
လူ့အခွင့်အရေးနှင့်မဆန့်ကျင်ပေ           အမျိုးစောင့်ဥပဒေ။
တရားဥပဒေစိုးမိုးရေးနှင့်ညီညွတ်ပေ       အမျိုးစောင့်ဥပဒေ။
တည်ငြိမ်အေးချမ်းရေးကိုထောက်ပံ့ပေ     အမျိုးစောင့်ဥပဒေ။
ငြိမ်းချမ်းရေးကိုရှေးရှုပေ                     အမျိုးစောင့်ဥပဒေ။
မရှိမဖြစ်လိုအပ်ပေ                           အမျိုးစောင့်ဥပဒေ။
မဖြစ်မနေဖော်ဆောင်စေ                    အမျိုးစောင့်ဥပဒေ။



“မုဒိတာရပ်ဝန်း”

$
0
0


မစိုးရိမ်တိုက်သစ်၊ ဓမ္မစေတိယစာကြည့်တိုက်သစ်ကြီးအတွက် သမိဒ္ဓိကျောင်းသားဟောင်းများဖြစ်ကြသော ဦးဇဝန-တိုက်ကြီးမြို့နယ်၊ ဗမာဂုံညင်းတန်းရွာ၊
ဦးပညာတိက္ခ-တိုက်ကြီးမြို့၊ ကပဆသ၊
ဦးဝိလာသဂ္ဂ-သရက်မြို့၊
ဦးဥက္ကဋ္ဌ-အောင်လံမြို့-ဆားတည်းအုဋ်ကျောင်း
ဦးဝါယမ-ဆင်ပေါင်ဝဲမြို့-စာရပေ အရှေ့စုရွာတို့က (၁)သောင်းကျပ်စီ။
ဦးပညာသီရိ-ဘုံကျော်တိုက်၊ မန်းရတနာကျောင်း၊ မန္တလေးက (၂)သောင်းကျပ်။ စုစုပေါင်း (၇)သောင်းကျပ် လှူဒါန်းစဉ်။

“ဝီရသူ သဘောထား(၃/၇၆)”

$
0
0



သာသနာတော်နှစ်-၂၅၅၈ ခု
ကောဇာသက္ကရာဇ်-၁၃၇၆ ခု တန်ဆောင်မုန်းလ္ဆုတ်(၁၅)ရက်။
ခရဇ်နှစ် ၂၀၁၄ နိုဝင်ဘာလ ၂၁ ရက် သောကြာနေ့
NLD ပါတီ ဗဟိုပြန်ကြားရေးကော်မတီ အဖွဲ့ဝင် စာရေးဆရာ ထင်လင်းဦးကို အကြောင်းပြု၍ NLD ပါတီ ဗဟိုဌာနချုပ်၏ 18.11.2014 ရက်စွဲပါ ကြေညာချက်အမှတ် ၁၂/၁၁/၂၀၁၄ နှင့်ပတ်သက်၍ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းနာယက၊ ဝံသာနုဓမ္မကထိက၊ အမျိုးသားရေး ဝါဒီဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ-အရှင်ဝီရသူ၏ သဘောထားကို ထုတ်ပြန်ကြေညာအပ်ပါသည်။
ပွဲစီစဉ်သူသည် ချောင်းဦးမြို့နယ် NLD ပါတီ၊ အလုပ်အမှုဆောင် ဥက္ကဋ္ဌဖြစ်နေခြင်း၊ ဟောပြောသူသည် NLD ပါတီ ဗဟိုပြန်ကြားရေးကော်မတီအဖွဲ့ဝင်တစ်ဦးဖြစ်နေခြင်း၊ NLD ပါတီ၏ အလံတော်အောက်မှာ ဟောပြောခြင်း ဖြစ်ပါလျက် တာဝန်ယူမှု တာဝန်ခံဖြေရှင်းမှု မရှိသည့်အပြင် တာဝန်ကိုရှောင်လွှဲသည့်အနေဖြင့် မသက်ဆိုင် ကြောင်း ထုတ်ပြန်ခြင်းသည် လူမိုက်အားပေးလုပ်ရာကျပေသည်။
သားသမီးမကောင်း မိဘခေါင်းဟူသည်နှင့်အညီ ပါတီဝင်အရေးအရာ ကိစ္စများကို ပါတီက တာဝန်ယူ ဖြေရှင်းပေးရမည့် တာဝန်ရှိပေသည်။
NLD ပါတီသည် အမျိုးသားအရေး၊ ဘာသာ သာသနာအရေးများတွင် ထိုသို့ပင် အမြဲတန်း ခေါင်းရှောင်လေ့ ရှိသည်ကိုတွေ့ရှိရပါသည်။
ထို့ကြောင့် ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးစသော နိုင်ငံရေးကိစ္စများ၌ အသုံးဝင်ကောင်း ဝင်မည်ဖြစ်သော်လည်း အမျိုး ဘာသာ သာသနာ အရေး၌ အားကိုးမရသော၊ အားမကိုးထိုက်သော၊ အားမကိုးသင့်သော ပါတီကြီးတစ်ခုဖြစ်ကြောင်း အတိအလင်း သတ်မှတ်ကြေညာလိုက်သည်။
ဘဒ္ဒန္တဝိစိတ္တာဘိဝံသ(ဝီရသူ)
ဓမ္မသဟာယကျောင်းနာယက
မစိုးရိမ်တိုက်သစ်၊
မဟာအောင်မြေမြို့နယ်၊
မန္တလေး။
21.11.2014 PM 10:17

“အမျိုးစောင့်ဥပဒေ ဟောပြောပွဲ စီစဉ်သူ ထောင်(၁၅)ရက် အမိန့်ချခံရ”

$
0
0


အမျိုးစောင့်ဥပဒေ ဟောပြောပွဲ စီစဉ်ပေးခဲ့သူကို 19.11.2014 ရက်နေ့က ထောင်ဒဏ်(၁၅)ရက် ချမှတ်လိုက်ပါတယ်။
မြောက်ဥက္ကလာပမြို့နယ်၊ တရားရုံးက အမိန့်ချလိုက်ခြင်းဖြစ်ပြီး၊ အပြစ်ပေးခံရသူမှာ ဦးဇော်ဝင်း(၄၉)နှစ် ဖြစ်ပါတယ်။
ဦးဇ်ာဝင်းဟာ 11.5.2014 ရက်နေ့တုန်းက မြောက်ဥက္ကလာမှာ ကျင်းပခဲ့တဲ့ အမျိုးစောင့်ဥပဒေဟောပြောပွဲကို တာဝန်ယူ စီစဉ်ခဲ့သူ ဖြစ်ပါတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးက ခွင့်ပြုမိန့်ချမပေးဘဲ စီစဉ်ခဲ့တာကြောင့် အရေးယူခံရတာဖြစ်ပါတယ်။
25.5.2014 ရက်နေ့မှာ ပထမဦးဆုံးအကြိမ် တရားရုံးမှာ ရင်ဆိုင်ခဲ့ရပြီး ခြောက်လအကြာ 19.11.2014 ရက်နေ့မှာ အမိန့်ချမှတ်လိုက်တာ ဖြစ်ပါတယ်။ အမိန့်ချစဉ်မှာ ရဟန်းရှင်လူ ပြည်သူ ၂၀၀ ကျော်လာရောက် အားပေးခဲ့ကြကြောင်း သိရပါတယ်။
မြောက်ဥက္ကလာပမြို့နယ်၊ ဒုတိယအုပ်ချုပ်ရေးမှူး ဦးသက်မင်းအေးက တရားလိုလုပ်တိုင်ကြားခြင်းဖြစ်ပြီး ပြစ်မှုဆိုင်ရာ ပုဒ်မ ၁၈၈(ဒေသန္တရဥပဒေကို မနာခံမှု)ဖြင့် ထောင်ဒဏ် ၁၅ ရက်ချမှတ်လိုက်ခြင်းပဲ ဖြစ်ပါတယ်။
ဦးဇော်ဝင်းသည် မြောက်ဥက္ကလာပမြို့နယ်၊ အမှတ်(၂) ရပ်ကွက်မှာ၊ ဇနီးဖြစ်သူ ဒေါ်အေးအေးမော် သားသမီးငါးယောက်တို့နှင့်အတူ နေထိုင်သူဖြစ်ကြောင်း သိရပါတယ်။
ဦးဇော်ဝင်းမိသားစုအား မကွေးဆရာတော် ဦးပါမောက္ခက (၃)သောင်းကျပ်၊ ဦးဝီရသူ(၁)သိန်းကျပ်၊ မြောက်ဥက္ကလာပမြို့နယ်၊ မျိုးချစ်လူငယ်များက (၁)သိန်းကျပ် ထောက်ပံ့လှူဒါန်းထားကြပါတယ်။

“မုဒိတာရပ်ဝန်း”

$
0
0


ဆရာတော်ဦးဝီရသူတည်ထောင်သော လောကအလင်းပညာဒါန ကျူရှင်ကျောင်းမှ ဆရာမဒေါ်ယဉ်မင်းသက် မွေးနေ့အထိမ်းအမှတ်အဖြစ် နဝကမ္မဝတ္ထုငွေ ၅ သောင်းကျပ် လှူဒါန်းစဉ်။(19.11.2014)

“ပြည်ထောင်စု ငြိမ်းချမ်းရေး ဆန္ဒဖော်ထုတ်ပွဲ ဖြစ်မြောက်ရေးကော်မတီ၏ သဘောထား ကြေညာချက်)၁/၂၀၁၄)”

$
0
0


၂၃.၁၀.၂၀၁၄ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ချောင်းဦးမြို့နယ် သုံးပန်လှကျေးရွာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ ကြီးမှူးကျင်းပသော စာပေဟောပြောပွဲ၌ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ပါတီ ဗဟိုကော်မတီဝင်၊ ဗဟိုပြန်ကြားရေးအဖွဲ့ဝင် ဦးထင်လင်းဦး(Wisdom Villa) ၏ မြတ်ဗုဒ္ဓနှင့် ဗုဒ္ဓဘာသာဝင် တစ်ရပ်လုံးကို အစွန်းကုန် မိုက်ရိုင်းယုတ်မာစွာ စော်ကားဟောပြောသွားပါသည်။
(NLD)ပါတီ ဦးထင်လင်းဦး၏ ဟောပြောချက်များမှာ
“အကိုက နှမကိုမယူရင်၊ နှမက အကိုကိုမယူရင် သာကီမျိုးလို့မပြောနဲ့ မောင်နှမချင်းယူရင် ဘာမျိုးလို့ခေါ် သလဲ ဒါကို သာကီမျိုးလို့ သင်္ကန်းပတ်ထားတဲ့လူကြီးက ပြောလာရင် မင်းနဲ့ငါ ဆံပင်ရှိတာနှင့် မရှိတာဘဲ ကွာတယ်ကွ ဟ-ကောင်ရဲ့လို့ပဲ ပြောလိုက်မယ် လူတွေက ကတုံးကြီးတုန်းပြီး သင်္ကန်းပတ်လာရင် ဖင်ကုန်းဦးချတော့တာဘဲ ဗုဒ္ဓဘာသာကို သင်္ကန်းဝတ်တွေ ဖျက်စီးနေတာ၊ ဒီလောက် မျိုးချစ်နေရင် မြတ်စွာဘုရားကို မကိုးကွယ်ကြနဲ့ ဘုရားက တိုင်းရင်းသားဖြစ်တဲ့ ရှမ်းလည်းမဟုတ်ဘူး၊ ကချင်လည်းမဟုတ်ဘူး၊ ရခိုင်လည်းမဟုတ်ဘူး မျိုးချစ်တွေ ကိုးကွယ်စရာမလိုဘူး”
(၁) မြတ်ဗုဒ္ဓနှင့် ဘာသာ၊ သာသနာကို ယုတ်မာရိုင်းစိုင်းစွာ ပြောဆိုဟောပြောမှုအတွက် ဘာသာ သာသနာကို ကိုးကွယ်ယုံကြည်သူများအားလုံး စိတ်နှလုံး ယူကျုံးမရ ပူပန်မှုများဖြစ်ခဲ့ရပြီး စိမ်မချမ်းမြေ့စွာ တနုတ်နုတ် ခံစားနေရပါသည်။ ဘာသာရေးပြဿနာအား နိုင်ငံရေးအတွင်းသို့ ဆွဲသွင်းလာပြီး ကြီးမားသော ပြဿနာတစ်ရပ် ဖန်တီးနေသည်ဟု ယုံကြည်ပါသည်။
(၂) ထို့အတွက်ကြောင့် ၁၉.၁၁.၂၀၁၄ ရက်နေ့ ကျင်းပပြုလုပ်ခဲ့သော မန္တလေးတိုင်းအခြေစိုက် နိုင်ငံရေးပါတီ (၉)ပါတီနှင့် အမျိုးသားရေးအင်အားစု အဖွဲ့အစည်းများ ပါဝင်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေးဆန္ဒဖော်ထုတ်ပွဲ ဖြစ်မြောက်ရေးကော်မတီအနေဖြင့် ဘာသာ၊ သာသနာကို စော်ကားသူ (NLD) ပါတီ ဗဟိုကော်မတီဝင်၊ ပြန်ကြားရေးအဖွဲ့ဝင် ဦးထင်လင်းဦးအားလည်းကောင်း၊ ဟောပြောပွဲစီစဉ်ပေးသူ ဦးမျိုးဝင်းနှင့် ချောင်းဦးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီအားလည်းကောင်း လက်ခုတ်တီးအားပေးကြသော ပရိသတ်များအားလည်းကောင်း ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါကြောင်းနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများမှ ၄င်းတို့အား ပြင်းထန်စွာ အရေးယူဆောင်ရွက်ပေးပါရန် တောင်းဆိုအပ်ပါသည်။
“ပြည်ထောင်စုငြိမ်းချမ်းရေး ဆန္ဒဖော်ထုတ်ပွဲဖြစ်မြောက်ရေးကော်မတီ”
အဖွဲ့ဝင်နိုင်ငံရေးပါတီများနှင့် အမျိုးသားရေး အဖွဲ့အစည်းများ
၁။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ
၂။ အမျိုးသားဒီမိုကရေစီအင်အားစု(NDF)ပါတီ
၃။ အမျိုးသားနိုင်ငံရေး မဟာမိတ်များအဖွဲ့ချုပ်
၎။ ဒီမိုကရက်တစ်ပါတီ(မြန်မာ)
၅။ ပြည်သူ့ဒီမိုကရေစီပါတီ
၆။ ဝံသာနု ဓီမိုကရက်တစ်ပါတီ
၇။ ဖက်ဒရလ် ပြည်ထောင်စုပါတီ
၈။ ၈၈ မျိုးဆက်ကျောင်းသားလူငယ်များပါတီ
၉။ တိုင်းလိုင် ရှမ်းနီ အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ
၁၀။ အမျိုးသားရေး အင်အားစု အဖွဲ့အစည်းများ

“ပုသိမ်ကြီးမြို့နယ် ဝင်းခြံရွာတရားပွဲ”

$
0
0


21.11.2014 ည 7:00 မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ ဝင်းခြံရွာ၊ အလှူ့ဒါယကာ ဦးစိန်မြ၊ အလှူ့ဒါယိကာမ ဒေါ်ခင်စိန်တို့၏ ရဟန်းခံရှင်ပြုနားသ အလှူတော်မင်္ဂလာအောင်ပွဲ ဓမ္မသဘင်မှာ ဟောကြားသည်။
မန္တလေးဟုမထင်ရလောက်အောင် ခေါင်သည့်နေရာ၊ ဆင်ခြေဖုံးရပ်ကွက်ထက်ပင် တောကျ၍ နုံချာသော ဆင်းရဲသားပြည်သူတို့နေထိုင်ရာ လမ်းတစ်လျှောက် ရှိခိုးဦးချ ကြိုဆိုကြသူများကိုကြည့်၍ နဂါးနီစုဘူးအသင်း တည်ထောင်ပေးချင်စိတ်ပင် ပေါ်ပေါက်လာခဲ့ပေသည်။
ဆင်းရဲသားပြည်သူများက အမျိုးစောင့်ဥပဒေ တရားဟောကြားဖို့ လျှောက်ထားကြ၍ အမျိုးသားရေးတရား မဟောဖြစ်တော့ပေ။
အမျိုးစောင့်ဥပဒေ၌ ပါဝင်သော ဥပဒေလေးရပ်တွင် လူဦးရေ ထိန်းညှိခြင်း ဥပဒေပါဝင်ပေသည်။ အိမ်ရှင်များက ကလေးငါးယောက်သာ ယူလျှင် ဧည့်သည်များကလည်း လေးငါးယောက်သာ ယူရပေမည်။ အိမ်ရှင်နှင့် ဧည့်သည်သည် တန်းတူအခွင့်အရေးပေးထားပါသည်။
ဧည့်သည်ကို ဖိနှိပ်ချုပ်ချယ်ခြင်းမျိုးမဟုတ်ပါ။ ဧည့်သည်က အိမ်ရှင်ထက် အခွင့်အရေးပိုယူနေခြင်းသည် အမျိုးသားလုံခြုံရေးကို ထိခိုက်စေနိုင်ပါသည်။
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အလယ်သံကျော်ရွာ၌၊ ကုလားကြီးတစ်ယောက်တည်းက အဖြွးကြီးလေးယောက်နှင့် ကလေး ၂၈ ယောက် မွေးကာ မြေးများနှင့်ဆိုလျှင် တစ်မိသားစုတည်းမှာ လူဦးရေ (၈၂)ယောက် နေထိုင်ကြပါသည်။
များများယူ များများမွေးစနစ်ဖြင့် လူဦးရေထူထောင်ကာ ရခိုင်ပြည်ကို သိမ်းပိုက်နေခြင်းဖြစ်ပါသည်။ ထို့ကြောင့် ရခိုင်များ ဂျီဟဒ်အလုပ်ခံရခြင်းဖြစ်ပါသည်။
ဂျီဟဒ်ရန်ကို ကာကွယ်ဖို့အတွက် လူဦးရေထိန်းညှိဖို့လိုပါသည်။
“သာကီနွယ်ဝင်းပီသစေ အမျိုးစောင့်ဥပဒေတရားတော်”
              
ဓားပြဘေးမှကင်းဝေးစေ                    အမျိုးစောင့်ဥပဒေ။
မာယာဘေးမှကင်းဝေးစေ                   အမျိုးစောင့်ဥပဒေ။
မုဆိုးဘေးမှကင်းဝေးစေ                     အမျိုးစောင့်ဥပဒေ။
ကိုယ်ယုံကြည်ရာကိုးကွယ်စေ              အမျိုးစောင့်ဥပဒေ။
ကြိတ်ငိုမျက်ရည်ခမ်းခြောက်စေ            အမျိုးစောင့်ဥပဒေ။
မယားပြိုင်ဒုက္ခကင်းကြစေ                  အမျိုးစောင့်ဥပဒေ။
အိမ်ထောင့်သစ္စာခိုင်မြဲစေ                             အမျိုးစောင့်ဥပဒေ။
အကြမ်းဖက်ဘေးမှဝေးကြစေ               အမျိုးစောင့်ဥပဒေ။
အချုပ်အခြာအာဏာတည်မြဲစေ            အမျိုးစောင့်ဥပဒေ။
ဒီမိုကရေစီကိုမထိခိုက်ပေ                             အမျိုးစောင့်ဥပဒေ။
လူ့အခွင့်အရေးနှင့်မဆန့်ကျင်ပေ           အမျိုးစောင့်ဥပဒေ။
တရားဥပဒေစိုးမိုးရေးနှင့်ညီညွတ်ပေ       အမျိုးစောင့်ဥပဒေ။
တည်ငြိမ်အေးချမ်းရေးကိုထောက်ပံ့ပေ     အမျိုးစောင့်ဥပဒေ။
ငြိမ်းချမ်းရေးကိုရှေးရှုပေ                     အမျိုးစောင့်ဥပဒေ။
မရှိမဖြစ်လိုအပ်ပေ                           အမျိုးစောင့်ဥပဒေ။
မဖြစ်မနေဖော်ဆောင်စေ                    အမျိုးစောင့်ဥပဒေ။







“မန်း မဘသ ကြေညာချက်”

$
0
0


အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(အထက်မြန်မာပြည်) မန္တလေးတိုင်းဒေသကြီး၏ သဘောထားထုတ်ပြန်ကြေညာချက်
ကြေညာချက်အမှတ်(၁၆/၂၀၁၄)
၁။ “မန်း မဘသ” အမည်ဖြင့် Internet Social Network တွင် Facebook Page ကို အမျိုး၊ ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့(အထက်မြန်မာပြည်) မန္တလေးတိုင်းဒေသကြီးက တည်ထောင် အသုံးပြုခဲ့ ပါသည်။ အဆိုပါ “မန်း မဘသ အင်တာနက်စာမျက်နှာ” ကို မိမိတို့အဖွဲ့ကြီး၏ လုပ်ငန်းဆောင်ရွက်မှုများအား မနာလို မရှုစိမ့်သည့်သဘောဖြင့် ဖျက်လိုဖျက်ဆီးလုပ်လိုကြသော မသမာသူများက ပျက်စီးရာ ပျက်စီးကြောင်း ကြံရွယ်မှုဖြင့်လည်းကောင်း၊ ပြည်သူလူထုအကြားတွင် သံသယပွားဖွယ်ရာ သတင်းများတင်၍ ဆူပူလှုပ်ရှား အုံကြွမှုများဖြင့် တိုင်းပြည်မငြိမ်မသက်ဖြစ်အောင် ဖန်တီးလိုသဖြင့်လည်းကောင်း ရည်ရွယ် အသုံးပြုရန် အတွက် မသမာသူအဖွဲ့အစည်း(သို့မဟုတ်) တစ်ဦးတစ်ယောက်(သို့မဟုတ်)တစ်စုတစ်ဖွဲ့က လွန်ခဲ့သော သီတင်းပတ်ကလည်းက ခိုးယူ(Hack) ၍ အသုံးပြုလျက် ရှိပါသည်။
အဆိုပါ “မန်းမဘသအင်တာနက်စာမျက်နှာ” မှာ အမျိုး၊ ဘာသာ၊ သာသနာစောင့်ရှောက်ရေးအဖွဲ့ (အထက်မြန်မာပြည်) မန္တလေးတိုင်းဒေသကြီးနှင့် လုံးဝ(လုံးဝ)ပတ်သက်ဆက်စပ်မှုမရှိတော့ကြောင်း၊ လုံးဝ(လုံးဝ) သက်ဆိုင်ခြင်း မရှိတော့ကြောင်း ကြေညာလိုက်သည်။
၂။ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(မထက်မြန်မာပြည်) မန္တလေးတိုင်းဒေသကြီး အနေဖြင့် တရားဝင် အင်တာနက်စာမျက်နှာအား “အမျိုး၊ ဘာသာ၊ သာသနာစောင့်ရှောက်ရေးအဖွဲ့(အထက်မြန်မာပြည်) မန္တလေးတိုင်းဒေသကြီး” အမည်ဖြင့် တရားဝင် ဆက်လက်သုံးစွဲမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။
၃။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြန်ကြားရေးအရာရှိ ထင်လင်းဦးက ဗုဒ္ဓဘာသာအပေါ် မိုက်ရိုင်းစွာ ပြောဆိုထားချက်များနှင့် စပ်လျဉ်း၍ မိမိတို့ အဖွဲ့ကြီးက အထောက်အထား ဒီဗီဒီခွေများ ဖြန့်ဝေနေခြင်းမှာ ဝါဒဖြန့်ချိခြင်းမဟုတ်ဘဲ ပြည်သူလူထု သိရှိနိုင်ရန်နှင့် ပြည်သူအများ အမှားအမှန်ဆုံးဖြတ်နိုင်ရန် ဖြန့်ချိနေခြင်း ဖြစ်ကြောင်း အသိပေးကြေညာလိုက်သည်။
အတွင်းရေးမှူးချုပ်ဆရာတော်
ဘဒ္ဒန္တကုသလ
ဒုတိယအတွင်းရေးမှူးချုပ်ဆရာတော်
ဘဒ္ဒန္တပညာသာမိ
ဦးဆောင်ဆရာတော်
ဘဒ္ဒန္တန္ဒာစက္ကာဘိဝံသ

“နဂါးနီစုဘူးအသင်းဝင်များအား စုဘူးငွေထုတ်ပေးခြင်းနှင့် ဟောပြောပွဲကျင်းပ”

$
0
0


မန္တလေး၊ နိုဝင်ဘာ ၂၁
မန္တလေးမြို့၊ ပြည်ကြည်တံခွန်မြို့နယ်၊ ဆ ရပ်ကွက်ရှိ နဂါးနီအသင်းဝင်များအား စဘူးငွေထုတ်ပေးခြင်းနှင့် အသိပညာပေးဟောပြောပွဲကို (၂၁.၁၁.၂၀၁၄)ရက်နေ့၊ ညနေ (၅း၀၀)နာရီအချိန်၊ ဂျပန်ကျောင်းတိုက်အတွင်းကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ အသင်တာဝန်ရှိသူများဖြစ်ကြသည့် အရှင်ဇဝန (နာယက)၊ ဒေါ်နှင်းပပ (ဥက္ကဋ္ဌ)၊ ဒေါ်ကြည်ကြည်မာ(ဒုဥက္ကဋ္ဌ)၊ ဒေါ်ကြင်ကြင်မြိုင်(အတွင်းရေးမှူး)တို့ အစုံအလင်တက်ရောက်ကြပြီး အဝါရောင်မျိုးဆက်သစ်(Y.G.W)ဆရာတော်များဖြစ်ကြသည့် အရှင်ဝိစိတ္တ၊ အရှင်နာဂိန္ဒနှင့် အတွင်းရေးမှူး ဒေါ်ကြင်ကြင်မြိုင်တို့မှ အသိအမြင် ဗဟုသုတများ ဟောပြောပေးခဲ့ပါသည်။
အသင်းဝင် (၉၀)ဦးတို့အား တစ်ဦးလျှင် (၁)သိန်းကျပ်စီနှင့် (၂၀)ဦးတို့အား (၅)သောင်းကျပ်စီ ထုတ်ပေးပြီး အသစ်ထပ်မံဝင်ရောက်လာသည့် အသင်းဝင်သစ် (၃၅)ဦးတို့အား (၅)သောင်းကျပ်စီ ထုတ်ပေးခဲ့ကြောင်း သိရသည်။
ဆ ရပ်ကွက်နဂါးနီစုဘူးသည် ဆရာတော်ဦးဝီရသူတည်ထောင်သည့် ပထမဦးဆုံး စုဘူးဖြစ်ပြီး ဆရာတော်မှ (၁.၉.၂၀၁၃)ရက်နေ့တွင် ဦးရေ (၅၀)အတွက် (၅)သောင်းကျပ်စီ (၂၅)သိန်းမတည်၍ တည်ထောင်ပေးခဲ့သည်ဟု သိရပါသည်။ ယနေ့အချိန်တွင် ဆ ရပ်ကွက်အသင်းဝင်ဦးရေ (၂၃၅)အထိတိုးလာပြီး ဆရာတော်အနေဖြင့် ရပ်ကွက်တခုအတွက် သိန်း(၁၀၀)အထိ မတည်လှူဒါန်းသွားမည်ဖြစ်ကြောင်းလည်း သိရပါသည်။

“နဂါးနီစုဘူးအသင်းဝင်များအား စုဘူးငွေထုတ်ပေးခြင်းနှင့် ဟောပြောပွဲကျင်းပ”

$
0
0


မန္တလေး၊ နိုဝင်ဘာ ၂၁
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ဇ-ဇ ၃/၄ ကံသာယာရပ်ကွက်ရှိ နဂါးနီစုဘူးအသင်းဝင်များအား စုဘူးငွေထုတ်ပေးခြင်းနှင့် အသိပညာပေးဟောပြောခြင်းအခမ်းအနားကို (၂၁.၁၁.၂၀၁၄)ရက်နေ့၊ မွန်းလွဲ (၂း၀၀)နာရီအချိန်၊ ဇ-ဇ ၃/၄ ကံသာယာရပ်ကွက်ရှိ အောင်သုခဓမ္မာရုံအတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ အသင်တာဝန်ရှိသူများဖြစ်ကြသည့် အရှင်ဇဝန (နာယက)၊ ဒေါ်နှင်းပပ (ဥက္ကဋ္ဌ)၊ ဒေါ်ကြည်ကြည်မာ(ဒုဥက္ကဋ္ဌ)၊ ဒေါ်ကြင်ကြင်မြိုင်(အတွင်းရေးမှူး)တို့ အစုံအလင်တက်ရောက်ကြပြီး အတွင်းရေးမှူး ဒေါ်ကြင်ကြင်မြိုင်မှ စိတ်ဓာတ်ခွန်းအားမြှင့်တင်ရေးအသိအမြင် ဗဟုသုတများ ဟောပြောပေးခဲ့ပါသည်။
ဇ-ဇ ၃/၄ ကံသာယာရပ်ကွက်ရှိ နဂါးနီစုဘူးအသင်းဝင် (၆၅)ဦးရှိသည့်အနက် ငွေချေးပတ်ပြည့်သည့်(၅၀)ဦးတို့အား တစ်ဦးလျှင် (၅၀၀၀၀)ကျပ်စီ စုဘူးငွေထုတ်ပေးခဲ့ပါသည်။ ယခုအပတ်သည် တတိယအကြိမ်မြောက် ဖြစ်ပြီး နောက်တစ်ပတ် စတုတ္ထအကြိမ်မြောက်တွင် စည်းကမ်းချက်များနှင့် ကိုက်ညီသည့် အသင်းဝင်များအား (၅၀၀၀၀)ကျပ်စီထပ်တိုးပြီး တစ်ဦးလျှင် (၁)သိန်းကျပ်စီ ထုတ်ပေးမှာဖြစ်ကြောင်း သိရသည်။
ဇ-ဇ ၃/၄ ကံသာယာရပ်ကွက် နဂါးနီစုဘူးအသင်းသည် ဆရာတော်ဦးဝီရသူတည်ထောင်သည့် (၄)ခုမြောက်စုဘူးဖြစ်ပြီး ဆရာတော်မှ (၂၆.၇.၂၀၁၄)ရက်နေ့တွင် ဦးရေ (၅၀)ဖြင့် စတင်ဖွဲ့စည်းပေးခဲ့သည်ဟု သိရပါသည်။

“ဗလီဆိုတာ ဂျီဟဒ်ဝါဒီတွေရဲ့ အကြမ်းဖက်စစ်စခန်းလေလော………”

$
0
0


“ကင်ညာနိုင်ငံတွင် ဗလီများကို ရဲတပ်ဖွဲ့စီးနင်းရှာဖွေပြီး လက်နက်များသိမ်းဆည်း”
မွမ်ဘာဆာ-ဆိပ်ကမ်းမြို့ မွမ်ဘာဆာရှိ ဗလီများကို ကင်ညာလုံခြုံရေးတပ်ဖွဲ့များက နိုဝင်ဘာ ၉ ရက်တွင် စီးနင်းမှုများ ထပ်မံပြုလုပ်ကာ လက်နက်များနှင့် ဆိုမာလီယာဒေသမှ အယ်လ်ရှာဘတ်စစ်သွေးကြွ အဖွဲ့ ထောက်ခံသူများကို ရှာဖွေခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောသည်။
မွမ်ဘာဆာမြို့တွင် နိုဝင်ဘာ ၁၇ ရက်ကတည်းက စီးနင်းရှာဖွေခဲ့သည့် ဗလီလေးခု ရှိလာခဲ့ပြီး ဆဝါဖာဗလီနှင့် မင်နာဗလီတို့ကို စီးနင်းမှုအတွင်း လက်ပစ်ဗုံးများ၊ ခဲယမ်းမီးကျောက်များနှင့် မီးလောင်ဗုံးများ သိမ်းဆည်းရမိခဲ့ သည်ဟု ကင်ညာရဲတပ်ဖွဲ့ကပြောသည်။
လူ ၁၁၀ ဦးကို ဖမ်းဆီးလိုက်ကြောင်း ရဲတပ်ဖွဲ့အကြီးအကဲ ရစ်ချတ်အမ်ဂါတီယာက ပြောကြာပြီး နိုဝင်ဘာ ၁၇ ရက်ကလည်း လူ၂၅၀ ကို ဖမ်းဆီးခဲ့သည်။
ရဲတပ်ဖွဲ့က ဗလီတစ်ဝိုက်ရှိ လမ်းများ ပိတ်ထားလိုက်ကာ မွမ်ဘာဆာမြို့၏ ကီဆွာနီဒေသတွင် စစ်သားများက ကင်းလှည့်ခဲ့ကြကြောင်း အေအက်ဖ်ပီသတင်းဌာနမှ သတင်းထောက်တစ်ဦးက ပြောသည်။
အယ်လ်ကိုင်ဒါ အဖွဲ့နှင့် ဆက်နွှယ်သော အယ်လ်ရှာဘတ်အဖွဲ့ ထောက်ခံသူများနှင့် လက်နက်များ ရှာဖွေမှုအတွင်း မွမ်ဘာဆာမြို့ရှိ မူဆာဗလီနှင့် ဆာကီနာဗလီတို့ကို ရဲတပ်ဖွဲ့က စီးနင်းကာ ပိတ်ထားလိုက်ပြီး နှစ်ရက်အကြာတွင် ယခုကဲ့သို့ ထပ်မံစီးနင်းမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
နိုဝင်ဘာ ၁၇ ရက်က စီးနင်းမှုအတွင်း ဗလီအတွင်းရှိ လူများက ရဲတပ်ဖွဲ့ယင်များကို လက်ပစ်ဗုံးများဖြင့် ပစ်ရန်ကြိုးပမ်းစဉ် လူတစ်ဦး ပစ်သတ်ခံခဲ့ရသည်။
ယင်းစီးနင်းမှုအတွင်း ရဲတပ်ဖွဲ့က လူ ၂၅၀ကျော်ကို ဖမ်းဆီးပြီး လက်ပစ်ဗုံးများနှင့် ခြောက်လုံးပြူးတစ်လက် သိမ်းဆည်းရမိခဲ့သည်။
Ref:AFP

“ပုလိပ်ဘူတာရွာ တရားပွဲ”

$
0
0


22.11.2014 ည 8:00 မန္တလေးတိုင်း၊ ပုလိပ်မြို့၊ ဘူတာရွာ(ဘူတာရပ်ကွက်)အလှူ့ဒါယကာ ဦးစိုးနိုင်၊ အလှူဒါယိကာမ ဒေါ်နှင်းနှင်းအေး မိသားစုတို့၏ ကံထပ် ရဟန်းခံ၊ ရှင်ပြုနားသ အလှူတော်မင်္ဂလာအကြို ဓမ္မသဘင်မှာ ဟောကြားသည်။
မယားပြိုင်ဒုက္ခသည် ကုလားမယားများအကြောင်း၊
မိန်းမများများယူ ကလေးများများမွေးနေကြတာဟာ လူအင်အားစုဆောင်းနေကြခြင်းသာဖြစ်ကြောင်း၊  စစ်သုံးစကားနှင့်ပြောရလျှင် လက်နက်လူသူစုဆောင်းခြင်းပင်ဖြစ်ကြောင်း၊ သူတို့လူဦးရေများသွားလျှင် ရခိုင်လို ထိုင်းတောင်ပိုင်းလို ဂျီဟဒ်လုပ်ကြတော့မှာဖြစ်ကြောင်း၊ လူဦးရေ ထိန်းညှိခြင်းဥပဒေအရ တိုင်းရင်းသူ/သား ထက် ကလေးဦးရေ ပိုမွေး၍ မရနိုင်တော့ကြောင်း၊ သို့မှသာ ဂျီဟဒ်အလုပ်မခံရမှာဖြစ်ကြောင်း ဟာသနှောကာ ရယ်စရားများစွာဖြင့် ပွဲကျခဲ့ရသည့် တရားပွဲဖြစ်ပါသည်။
မန်း မဘသ စနေနေ့ ပုံမှန်အစည်းအဝေးတက်နေ၍ တရားပွဲ အနည်းငယ်နောက်ကျသွားသော်လည်း အမျိုးစောင့်ဥပဒေတရားပွဲကား စည်ကားလျက်ပင် ရှိပါသည်။
“သာကီနွယ်ဝင်ပီသစေ အမျိုးစောင့်ဥပဒေ တရားတော်”
ဓားပြဘေးမှကင်းဝေးစေ                    အမျိုးစောင့်ဥပဒေ။
မာယာဘေးမှကင်းဝေးစေ                   အမျိုးစောင့်ဥပဒေ။
မုဆိုးဘေးမှကင်းဝေးစေ                     အမျိုးစောင့်ဥပဒေ။
ကိုယ်ယုံကြည်ရာကိုးကွယ်စေ              အမျိုးစောင့်ဥပဒေ။
ကြိတ်ငိုမျက်ရည်ခမ်းခြောက်စေ             အမျိုးစောင့်ဥပဒေ။
မယားပြိုင်ဒုက္ခကင်းကြစေ                  အမျိုးစောင့်ဥပဒေ။
အိမ်ထောင့်သစ္စာခိုင်မြဲစေ                             အမျိုးစောင့်ဥပဒေ။
အကြမ်းဖက်ဘေးမှဝေးကြစေ               အမျိုးစောင့်ဥပဒေ။
အချုပ်အခြာအာဏာတည်မြဲစေ            အမျိုးစောင့်ဥပဒေ။
ဒီမိုကရေစီကိုမထိခိုက်ပေ                             အမျိုးစောင့်ဥပဒေ။
လူ့အခွင့်အရေးနှင့်မဆန့်ကျင်ပေ           အမျိုးစောင့်ဥပဒေ။
တရားဥပဒေစိုးမိုးရေးနှင့်ညီညွတ်ပေ       အမျိုးစောင့်ဥပဒေ။
တည်ငြိမ်အေးချမ်းရေးကိုထောက်ပံ့ပေ     အမျိုးစောင့်ဥပဒေ။
ငြိမ်းချမ်းရေးကိုရှေးရှုပေ                     အမျိုးစောင့်ဥပဒေ။
မရှိမဖြစ်လိုအပ်ပေ                           အမျိုးစောင့်ဥပဒေ။
မဖြစ်မနေဖော်ဆောင်စေ                    အမျိုးစောင့်ဥပဒေ။



Viewing all 2129 articles
Browse latest View live