Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all 2129 articles
Browse latest View live
↧

“အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(မဘသ) နှစ်ပတ်လည် ဂိုဏ်းပေါင်းစုံ သံဃညီလာခံ ပင့်လျှောက်လွှာ”

$
0
0


မိတ္ထီလာမြို့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(မဘသ) နှစ်ပတ်လည် ဂိုဏ်းပေါင်းစုံ သံဃညီလာခံကြီးကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည်ဖြစ်ပါ၍ ကြွရောက်ချီမြှင့်ပေးပါရန် ရိုသေလေးမြတ်စွာ လျှောက်ထားအပ်ပါသည်ဘုရား။
နေ့ရက်=၁၃၇၆-ခု၊ တန်ဆောင်မုန်းလပြည့်ကျော်(၁၀)ရက်(အမျိုးသားနေ့)၊ ၁၆.၁၁.၂၀၁၄(တနင်္ဂနွေနေ့)။
အချိန်=နေ့(၁း၀၀)နာရီ။
နေရာ=အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့(မဘသ)ရုံး၊ ဝေယံဘုံသာကျောင်းတိုက် မိတ္ထီလာမြို့။
↧

“ပြည်သူ့အစေခံ အဖြေမှန်ရေး(၇/ခ)”

$
0
0


3.9.2014 ရက်နေ့တုန်းက တင်ခဲ့တဲ့ ပို့စ်တ်လေးပါ။
7.1.2012 ရက်နေ့ မနက် 7:00 ခန့်မှာ မွတ်ကုလားစောရန်နိုင်မောင်းလာသော ဟိုင်းလတ်ကားက ဒေါ်မာမာကြူအိမ်အောက်ထပ်သို့ ဝင်တိုက်တယ်။ ကုန်းပစ္စည်းများနှင့် ပရိဘောဂပါမကျန် ပျက်စီးသွားတယ်။  မွတ်ကုလားအဖွဲ့ရောက်လာပြီး ကားကို ဇွတ်ပြန်သယ်သွားတယ်။ စည်ပင်ပိုင်တယ်။ ရဲပိုင်တယ်။ ယာဉ်ထိမ်းပိုင် တယ်။ တိုင်ချင်ရာတိုင် စိန်ခေါ်သွားတယ်။
ဒေါ်မာမာကြူက မွတ်ကုလားစောရန်နိုင်ကို တရားစွဲတယ်။ မန္တလေးခရိုင်တရားရုံးမှာ တရားမကြီးအမှု အမှတ် ၃၇၇/၂၀၁၄ နှင့် အမှုစစ်တယ်။ စောရန်နိုင်ရှုံးသွားတယ်။
ငွေ(၁၃၅)သိန်းကျော် လျော်ဖို့ အမိန့်ချတယ်။
23.11.2012 မှာ အမိန့်ချခဲ့ပေမယ့် မွတ်ကုလားစောရန်နိုင်က မလျော်ဘူး။ ဒေါ်မာမာကြူက ထပ်တိုင်တယ်။ တရားရုံးက ဝရမ်းထုတ်ပေးတယ်။
မွတ်ကုလား စောရန်နိုင်က တိမ်းရှောင်နေတယ်။ အမြဲနေ ၃၆×၃၇ ၇၄ လမ်း၊ စင်္ကြာနွယ်စဉ်ရပ်၊ အကွက်(၆၈၄)၊ မဟာအောင်မြေမြို့နယ်မှ ကျောက်ဆည်ခရိုင်၊ စဉ်ပကိုင်မြို့နယ်၊ ဟင်းဂူကျေးရွာမှာ ခိုလှုံနေတယ်။
အဲဒီကနေ ကျောက်ဆည်မြို့နယ်၊ ဆူးလေးကုန်း(ကုလားရွာကြီး)မှာ ခိုလှုံပြန်တယ်။
အဲဒီနောက် ပြင်ဦးလွင်မြို့နယ်၊ အောင်ချမ်းသာရွာမှာ ခိုလှုံပြန်တယ်။
တရားသဖြင့် အသက်မွေးဝမ်းကြောင်း ပြုနေသော မိန်းမသားတစ်ဦးကို ကုလားအုပ်အားကိုးနှင့် အနိုင်ကျင့် မရသောအခါမှ ထွက်ပြေးတိမ်းရှောင်နေသော ဝရမ်းပြေး မွတ်ကုလား စောရန်နိုင် ဖမ်းဆီးရမိမှုအတွက် မည်သူတွေမှာ တာဝန်ရှိပါသလဲ?
ရဲတပ်ဖွဲ့လား၊ အာဏာပိုင်တွေလား? ပြည်ထဲရေးဝန်ကြီးလား? တကယ်လုပ်ကြမယ်ဆိုရင်တော့ မခက်ခဲသော အလုပ်ကလေးပါ။
နစ်နာသူ ဒေါ်မာမာကြူ
တိုင်းကျန်းမာရေးရုံးဝင်း
၆၇×၆၈ လမ်း၊ ၃၅ လမ်း
မဟာအောင်မြေမြို့နယ်
မန္တလေးမြို့။
09.33051063

 

↧
↧

“မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ ၏ သဘောထားကြေညာချက်”

$
0
0







သာသနာတော်နှစ်-၂၅၅၈ ကောဇာသက္ကရာဇ်-၁၃၇၆ ခရစ်နှစ်-၂၀၁၄
နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နေပြည်တော်မြို့တွင် ကျင်းပနေသော အာဆီယံထိပ်သီး အစည်းအဝေးသို့ ရောက်ရှိနေသော ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း၏ ဘင်္ဂါလီတွေကို ရိုဟင်ဂျာလို့ ဆက်လက်ခေါ်ဝေါ်သုံးစွဲခြင်းနှင့် ရိုဟင်ဂျာများကို ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေအတိုင်း အသိအမှတ်ပြု လက်ခံပေးသင့်သည်ဟု The Voice ဂျာနယ်အား ပြောကြားချက်အပေါ် မျိုးချစ် မြန်မာရဟန်းတော်များ သမဂ္ဂ၏ သဘောထားကြေညာချက်

၁၄.၁၁.၂၀၁၄ တန်ဆောင်မုန်းလပြည့်ကျော်(၈)ရက် သောကြာနေ့ စာအမှတ် ၁၇/၂၀၁၄

၁။ ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းသည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ တော်၏ ပြည်တွင်းရေးကို ပြောင်ကျကျ ဒေါ်လာမျက်နှာကြည့်ပြီး တဖက်သတ်ဝင်ရောက် စွတ်ဖက်မှုအား ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုံ့ချလိုက်သည်။

၂။ ကမ္ဘာ့ခေါင်းဆောင်တစ်ယောက်သည် နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ရေရေရာရာ မသိဘဲ တဖက်သတ် ဖိနှိပ် ပြောကြားမှုမျိုး မလုပ်သင့်ဘူးဟု ထင်ပါသည်။ သမိုင်းတွင် ဘယ်တုန်းကမှ မရှိခဲ့သော ရိုဟင်ဂျာဆိုသည့် အခေါ်အဝေါ် နာမည်အား သုံးစွဲပြောကြားခြင်းသည် ကမ္ဘာ့ခေါင်းဆောင်တစ်ယောက်၏ အသုံးမကျသော ညံ့ဖျင်းမှု တခုသာဖြစ်ပါသည်။ ကမ္ဘာ့ခေါင်းဆောင်တစ်ယောက်အနေနဲ့ မြန်မာနိုင်ငံကို လာရောက်ပြီး မြန်မာနိုင်ငံ အစိုးရအပေါ် ဖိနှိပ်ပြောကြားမှုမျိုး မလုပ်သင့်ပါ။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ပြောင်ကျကျ ဝင်ရောက်စွက်ဖတ်ရုံသာ မကဘဲ ဘာသာရေးပဋိပက္ခများ လူမျိုးရေးပဋိပက္ခများဖြစ်ပေါ်လာအောင် ပြောကြားနေသည်ဟု ထင်ပါသည်။ ကမ္ဘာ့ခေါင်းဆောင်တစ်ယောက်အနေနဲ့ ကမ္ဘာကြီးငြိမ်းချမ်းအောင်မလုပ်ဘဲ ဆူပူမှုများဖြစ်အောင်လို့ လိုက်လံ ဖိအားပေးနေခြင်းသည် အသုံးမကျသော တရားမျှတမှုမရှိသော လာဘ်စားထားသော အောက်တန်းကျသော ပုဂ္ဂိုလ်တို့၏ လုပ်ရက်သာဖြစ်ပါသည်။

၃။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ နိုင်ငံတော်သမ္မတကြီးမှ မြန်မာနိုင်ငံတွင် ရိုဟင်ဂျာမရှိကြောင်း ပြောနေပါလျက် ကမ္ဘာ့ခေါင်းဆောင်တစ်ယောက်မှ ရိုဟင်ဂျာဟု ပြောဆိုပြီး နိုင်ငံသား အသိအမှတ်ပြု လက်ခံ ပေးဖို့ပြောဆိုခြင်းသည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏ ပြည်တွင်းရေးကို သိသိသာသာ ဝင်ရောက် နှောက်ယှက်ဖျက်ဆီးနေခြင်းသာဖြစ်သည်ဟု ထင်မိပါသည်။

၎။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဘာသာရေးလူမျိုးရေး ပြဿနာများ ဖြစ်ပေါ်လာအောင် တဖက်သတ်စကားဖြင့် ပြောကြားနေသော ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းအား နိုင်ငံတော်သမ္မတကြီးနှင့် ဒုသမ္မတကြီးများ လွှတ်တော်ဥက္ကဋ္ဌကြီးများနှင့် လွှတ်တော် အမတ်များအားလုံးနှင့် နိုင်ငံရေးပါတီဥက္ကဋ္ဌကြီးများမှ ဖြစ်စဉ်အမှန်များကို ပြောကြားပြီး ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ကြီးအတွက် မားမားမတ်မတ်ရပ်တည်ပေးဖို့(၁၃၅)မျိုးသော တိုင်းရင်းသူ/သားများ ကိုယ်စား မျိုးချစ်မြန်မာရဟန်းတော်များ သမဂ္ဂမှ သဘောထား ကြေညာချက်ထုတ်ပြန်လိုက်ပါသည်။

မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ
ဥက္ကဋ္ဌ
ဦးဉာဏဓမ္မ

အတွင်းရေးမှူး
ဦးသုစိတ္တ
↧

“မန်း မဘသ ကြေညာချက်”

$
0
0


အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့(အထက်မြန်မာပြည်) မန္တလေးတိုင်းဒေသကြီး ကြေညာချက် အမှတ်(၁၅/၂၀၁၄)
ရက်စွဲ။ ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်
၁။ (၁၂-၁၁-၂၀၁၄) ရက်နေ့က ထုတ်ပြန်ခဲ့သော အမျိုး၊ ဘာသာ၊ သာသနာစောင့်ရှောက်ရေးအဖွဲ့(ဗဟို)၏ ထုတ်ပြန်ကြေညာချက်ကို အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့(အထက်မြန်မာပြည်)၊ မန္တလေးတိုင်းဒေသကြီးမှ အပြည့်အဝ ထောက်ခံလိုက်သည်။
၂။ (က) နိုင်ငံတကာအသိုက်အဝန်းက လူနည်းစုဟု ထင်မှတ်နေကြသော ခိုးဝင်ဘင်္ဂါလီများသည် မူရင်းဒေသခံ ရခိုင်တိုင်းရင်းသားများထက် ၉၄ ရာခိုင်နှုန်း သာလွန်နေသောကြောင့် လူနည်းစု မဟုတ်ကြောင်း ထင်ရှားပြီး ဖြစ်သည်။
(ဃ) ကမ္ဘာ့ကုလသမဂ္ဂ၏ လူနည်းစုအခွင့်အရေး စံနှုန်းများအရ ဦးစားပေး ပြောဆိုမည်ဆိုပါလျှင် ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တော မြို့များရှိ မူရင်းဒေသခံလူနည်းစု ရခိုင်တိုင်းရင်းသားများအရေးကိုသာ ဦးစားပေး ပြောဆိုရမည်ဖြစ်သည်။
(ဂ) မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာနှင့် နိုင်ငံတော်လုံခြုံရေးကို ပြည်ထောင်စုဖွား တိုင်းရင်းသူ၊ တိုင်းရင်းသားများသည်သာ စီမံပိုင်ခွင့်ရှိသည်။ ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် မည်သည့်နိုင်ငံများကမှ မြန်မာနိုင်ငံ ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖင်ခွင့်မရှိ။
၃။ ထို့ကြောင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး၏ အချုပ်အခြာ အာဏာကို ထိခိုက်သော၊ တည်ငြိမ် အေးချမ်းရေးနှင့် ချစ်ကြည်ရင်းနှီးမှုကို ပျက်ပြားစေသော ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း၏(၁၂.၁၁.၂၀၁၄) ရက်စွဲပါ ပြောကြားချက်ကို အမျိုး၊ ဘာသာ၊ သာသနာစောင့်ရှောက်ရေး အဖွဲ့(အထက်မြန်မာပြည်) မန္တလေးတိုင်းဒေသကြီးက ပြင်းထန်စွာ ရှုတ်ချလိုက်သည်။
ဘဒ္ဒန္တပညာသာမိ
ဒုတိယအတွင်းရေးမှူးချုပ်
ဘဒ္ဒန္တဣန္ဒာစက္ကာဘိဝံသ
ဦးဆောင်ဆရာတော်
ဘဒ္ဒန္တယသ
ဌာနမှူး၊ ပြန်ကြားရေးဌာန

↧

“မျိုးချစ်မြန်မာရဟန်းတော်များ သမဂ္ဂ ကြေညာချက်”

$
0
0



သာသနာတော်နှစ် ၂၅၅၈ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၆ ခုနှစ်၊ ခရစ်နှစ် ၂၀၁၄ ခုနှစ်

နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ ပြန်ကြားရေးတာဝန်ခံ ဦးထင်လင်းဦး၏ သံဃာတော်များအပေါ် စော်ကားပြောဆိုခြင်းနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဥက္ကဋ္ဌကြီးမှ တာဝန်ယူ ဖြေရှင်းပေးပါရန် မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ၏ တောင်းဆိုချက်

နေ့စွဲ။ ၁၅.၁၁.၂၀၁၄ တန်ဆောင်မုန်းလပြည့်ကျော်(၉)ရက်

စာအမှတ် ၁၈/၂၀၁၄ စနေနေ့

၁။ ၂၃.၁၀.၂၀၁၄ ရက်နေ့ စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ အနိမ့်ရွာ(သုံးပန်လှ)မှာ ကျင်းပပြုလုပ်ခဲ့သော စာပေဟောပြောပွဲတွင် NLD ပါတီမှ ပြန်ကြားရေးတာဝန်ခံ ဦးထင်လင်းဦးသည် စာပေဟောပြောပွဲခေါင်းစဉ်ဖြင့် စာပေအကြောင်းမပြောကြားဘဲ ဆရာတော် သံဃာတော်များအား စော်ကားပြီးပြောဆိုခြင်း၊ မိုက်မိုက်ရိုင်းရိုင်း စကားလုံးများ သုံးစွဲစော်ကားခြင်းများကိုသာ ပြောကြားသွား ခဲ့သည့်အတွက် ဦးထင်လင်းဦးအား ပြင်းပြင်းထန်ထန် ရှုံ့ချလိုက်သည်။

၂။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD သည် ဒီလို ပညာမတက်၊ မိုက်ရိုင်း၊ ကြမ်းတမ်း၊ ယုတ်မာကောက်ကျစ် ကလိမ်ကကျစ်ကျ၍ ပြောဆိုတတ်သော လူများအား လက်ခံထားသည့်အတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီအနေဖြင့် ဂုဏ်သိက္ခာကျဆင်းခြင်း၊ နာမည်ဆိုးများထွက်ခြင်းများ ဖြစ်ပေါ်နေရပါသည်။

၃။ ဟိုတစ်ချိန်တုန်းအခါက NLD ပါတီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအတွင်း ရဟန်း၊ ရှင်၊ လူ၊ ပြည်သူအများအားကိုးအားထားပြု လေးစားရသော ပါတီကြီးဖြစ်ပါသည်။ အကြောင်းအမျိုးမျိုးကြောင့် ထောက်ခံအားပေးမှု မရှိတော့သော ရဟန်း၊ ရှင်၊ လူ၊ ပြည်သူများအပေါ် ဒီလို စော်ကား ပြောဆိုနေခြင်းသည် NLD ပါတီ၏ ဂုဏ်သိက္ခာကို သိသိသာသာ အကြီးအကျယ်ကျဆင်းသွားစေနိုင်ပါသည်။ ကိုယ့်လူမျိုးအခြင်းခြင်း လည်း စိတ်ဝမ်းကွဲပြားပြီး ပဋိပက္ခများလည်း ဖြစ်ပေါ်လာနိုင်ပါသည်။

၎။ သို့အတွက်ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကြီး၏ ဥက္ကဋ္ဌကြီးဒေါ်အောင်ဆန်းစုကြည်မှ ကိုယ့်လူမျိုးအခြင်းခြင်း စိတ်ဝမ်းမကွဲပြားရေးနှင့် ပဋိပက္ခများမပေါ်စေရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ ဂုဏ်သိက္ခာမကျဆင်းစေရန်အတွက် ဖြေရှင်းပေးပါရန် မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂမှ ဆရာတော်သံဃာတော်များကိုယ်စား တောင်းဆိုလိုက်ပါသည်။

မျိုးချစ်မြန်မာရဟန်းတော်များ သမဂ္ဂ(ရန်ကုန်)

ဥက္ကဋ္ဌ
ဦးဉာဏဓမ္မ

အတွင်းရေးမှူး
ဦးသုစိတ္တ-09.420055308
↧
↧

“ဗုဒ္ဓမြတ်ရောင်ခြည် တရားပွဲ”

$
0
0


14.11.2014 ည 7:30 စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ ကျီကုန်းအုပ်စု၊ စသာကုန်းကျေးရွာ၊ ဗုဒ္ဓမြတ်ရောင်ခြည် ဘာသာရေးစာကြည့်အသင်း(၃)နှစ်ပြည့် အထိမ်းအမှတ် ဓမ္မသဘင်မှာ ဟောကြားသည်။
“သာကီနွယ်ဝင်း ပီသစေ အမျိုးစောင့်ဥပဒေ တရားတော်”
ဓားပြဘေးမှကင်းဝေးစေ                    အမျိုးစောင့်ဥပဒေ။
မာယာဘေးမှကင်းဝေးစေ                   အမျိုးစောင့်ဥပဒေ။
မုဆိုးဘေးမှကင်းဝေးစေ                     အမျိုးစောင့်ဥပဒေ။
ကိုယ်ယုံကြည်ရာကိုးကွယ်စေ              အမျိုးစောင့်ဥပဒေ။
ကြိတ်ငိုမျက်ရည်ခမ်းခြောက်စေ            အမျိုးစောင့်ဥပဒေ။
မယားပြိုင်ဒုက္ခကင်းကြစေ                  အမျိုးစောင့်ဥပဒေ။
အိမ်ထောင့်သစ္စာခိုင်မြဲစေ                             အမျိုးစောင့်ဥပဒေ။
အကြမ်းဖက်ဘေးမှဝေးကြစေ               အမျိုးစောင့်ဥပဒေ။
အချုပ်အခြာအာဏာတည်မြဲစေ            အမျိုးစောင့်ဥပဒေ။
ဒီမိုကရေစီကိုမထိခိုက်ပေ                             အမျိုးစောင့်ဥပဒေ။
လူ့အခွင့်အရေးနှင့်မဆန့်ကျင်ပေ           အမျိုးစောင့်ဥပဒေ။
တရားဥပဒေစိုးမိုးရေးနှင့်ညီညွတ်ပေ       အမျိုးစောင့်ဥပဒေ။
တည်ငြိမ်အေးချမ်းရေးကိုထောက်ပံ့ပေ     အမျိုးစောင့်ဥပဒေ။
ငြိမ်းချမ်းရေးကိုရှေးရှုပေ                     အမျိုးစောင့်ဥပဒေ။
မရှိမဖြစ်လိုအပ်ပေ                           အမျိုးစောင့်ဥပဒေ။
မဖြစ်မနေဖော်ဆောင်စေ                    အမျိုးစောင့်ဥပဒေ။



↧

“မန်း မဘသ စနေနေ့ ပုံမှန်အစည်းဝေးလေးပါ”

$
0
0


15.11.2014 ညနေ 5:00 မန်းမဘသရုံးစိုက်ရာ ကင်းဝန်မင်းကြီးတိုက်၊ အကျော်ကျောင်းမှာ ကျင်းပတာ ဖြစ်ပါတယ်။
အတွင်းရေးမှူးချုပ်ဆရာတော်ကြီးနှင့် ဒုတိယအတွင်းရေးမှူးချုပ်ဆရာတော်ဘုရားတို့ အပါအဝင် အမရပူရ မဘသ၊ ရေနံချောင်း မဘသ ဆရာတော်များလည်း တက်ရောက်ကြပါတယ်။
ဧည့်သည်တော်အဖြစ် ဘာသာရေးစာရေးဆရာ ပန်းဒကာကိုတင်မြင့် တက်ရောက်ခဲ့ပါတယ်။
NLD ပါတီ ဗဟိုပြန်ကြားရေးအရာရှိ စာရေးဆရာ ထင်လင်းဦး၏ ဗုဒ္ဓသာသနာအပေါ် ရိုင်းစိုင်းယုတ်မာစွာ စော်ကားထားသည့်ကိစ္စ၊ ရေနံချောင်းမဘသ နှစ်ပတ်လည် အခမ်းအနားကိစ္စ၊ မစ္စတာဘန်ကီမွန်း ပြောကြားခဲ့သည့် ခိုးဝင်ဘင်္ဂလီများကိစ္စ စတဲ့ အမျိုး ဘာသာ သာသနာအရေးများ ဆွေးနွေးဖြစ်ခဲ့ကြပါတယ်။

↧

“မဘသ လုပ်ငန်းစဉ်(၂) အမျိုးသမီးများအကြမ်းဖက်မှု ပပျောက်ရေး”

$
0
0



“တန်ဆောင်မုန်းလပြည့်ကျော်(၈)ရက်၊ ၁၄-၁၁-၂၀၁၄ရက် သောကြာနေ့ထုတ် အတုမရှိဂျာနယ် နမူနာ(၈)မှ ဝီရသူ(မစိုးရိမ်)ရေးသားသော မဘသ-လုပ်ငန်းစဉ်-၂-မြန်မာအမျိုးသမီးများ အကြမ်းဖက်ခံရမှုပပျောက်ရေး ဆောင်းပါးအား ကူးယူဖော်ပြသည်”

“မဘသ လုပ်ငန်းစဉ်(၂) အမျိုးသမီးများအကြမ်းဖက်မှု ပပျောက်ရေး”
အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့(မဘသ)သည် မြန်မာအမျိုးသမီးများ အကြမ်းဖက်ခံရသည့် အရေးကိစ္စမှာသာ ပါဝင်ဆောင်ရွက်ရမည်မဟုတ်ဘဲ အမျိုးသမီးများ အကြမ်းဖက်မခံရစေရေးအတွက်လည်း ကာကွယ်ရမည့်တာဝန်ရှိပေသည်။
အကြမ်းဖက်ခံခဲ့ရသည့် နစ်နာသူမိန်းကလေးများအရေးဆောင်ရွက်ခြင်းသည် ကူညီရေးနှင့် ထိန်းသိမ်းရေးသာ ဖြစ်ပါသည်။ ကာကွယ်ရေးမပါသေးပါ။
ကူညီရေးဆိုသည်မှာ ဥပဒေပိုင်းဆိုင်ရာ၊ ငွေကြေးရိက္ခာပိုင်းဆိုင်ရာများကို လိုအပ်သလို ကူညီထောက်ပံ့ခြင်း ဖြစ်ပြီး ထိန်းသိမ်းရေးဆိုသည်မှာ အမျိုးဘာသာ သာသနာတော်၏ ပုံရိပ် မထိခိုက်အောင် ထိန်းသိမ်းခြင်း ဖြစ်ပါသည်။ ကာကွယ်ရေးဆိုသည်မှာ မိန်းကလေးများအား ပစ်မှတ်ထား၍ ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက်မှုများ မပေါ်ပေါက်အောင် တားဆီးခြင်းဖြစ်ပါသသည်။
အနေအထိုင်၊ အသွားအလာ၊ အပြောအဆို၊ အမူအရာ၊ လူမှုဆက်ဆံရေး စသည်တို့နှင့်ပတ်သက်၍ အရိပ်တကြည့်ကြည့်ဖြင့် မိမိသမီးကို အမြဲမပြတ် အကဲခတ်နေရမည့်တာဝန်သည် မိဘတိုင်းမှာ ရှိသော်လည်း တစ်ခုတစ်ခုသော အားနည်းချက်ကြောင့် အကြမ်းဖက်ခံခဲ့ရသည်လည်း ရှိပါသည်။ မဘသ ကာကွယ်ရမည့် တာဝန်ကား ထိုကဲ့သို့သော မိဘက သားသမီးများကို ထိန်းသိမ်းခြင်းနှင့် မတူပါ။ မုဒိမ်းမှုရှုတ်ချပွဲများ ကျင်းပ ပေးရမည့်တာဝန်သာဖြစ်ပါသည်။
မုဒိမ်းမှုရှုတ်ချရေး ဆန္ဒထုတ်ဖော်ပွဲများကို အမျိုးသမီးများက အင်တိုက်အားတိုက် ဆောင်ရွက်ရပါမည်။ တိုင်းရင်းသူများ တိုင်းရင်းသူမဟုတ်သော ဗုဒ္ဓဘာသာဝင်များ အကြမ်းဖက်ခံရလျှင် အကြမ်းဖက်သမား လူမျိုးခြားပုံကို ကြက်ခြေခတ်၍သော်လည်းကောင်း၊ အကြမ်းဖက်လုပ်ရပ် ချက်ချင်းရပ်၊  ဗုဒ္ဓဘာသာဝင် မိန်းကလေးကို ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက်ကြသူများ ပပျောက်ရေး ဒို့အရေးစသော ဆိုင်းဘုတ်များ ကြွေးကြော်သံများတိုင်လျက် လူစုလူဝေးဖြင့် ဆန္ဒထုတ်ဖော်ကြရပါမည်။
တိုင်းရင်းသူများကို စစ်သားများက အကြမ်းဖက်လျှင် အော်မည့်သူ၊ လှော်မည့်သူ၊ ဆော်မည့်သူများ ရှိသော်လည်း ဗုဒ္ဓဘာသာဝင်များကို လူမျိုးခြားများက အကြမ်းဖက်ကြလျှင်မူ အော်မည့်သူ၊ လှော်မည့်သူ၊ ဆော်မည့်သူလုံးဝမရှိပါ။ စစ်သားများက ကျူးလွန်မှသာ မုဒိမ်းမှုမြောက်သည်မဟုတ်ပါ။ ကုလားများက ကျူးလွန်လျှင်လည်း မုဒိမ်းမှုမြောက်သည်သာဖြစ်ပါသည်။ ပြည်သူအတွက် အမှန်တကယ်လိုအပ်လျက်ရှိသော ဤကွက်လပ်ကို မဘသ အဖွဲ့က ဖြည့်စွက်ပေးရမည်ဖြစ်ပါသည်။
အကြမ်းဖက်သမား၏ ဘာသာဝင်မျိုးနွယ်များကမူ မုဒိမ်းမှုကို သာမာန်ရာဇဝတ်မှုတစ်ခုဖြစ်ကြောင်းသာ တွင်တွင်ပြောဆိုလျက်ရှိကြပါသည်။ လူမျိုးတူမုဒိမ်းမှုများကို သာမန်ရာဇဝတ်မှုဟု ဆိုနိုင်သော်လည်း လူမျိုးခြား မုဒိမ်းမှုများကိုမူ သာမန်ရာဇဝတ်မှုဟု မဆိုနိုင်ပါ။ မုဒိမ်းမှုများ၏ နောက်ကွယ်မှာ မျက်စိဖြင့် မမြင်ရသော အကြံအစည်များ ရှိသောကြောင့် ဖြစ်ပါသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းမှ မိန်းကလေးတစ်ယောက် ပျောက်သွားပြီး ဆယ်ရက်ခန့်ကြာမှ မြစ်ထဲမှာ အလောင်းအဖြစ် ပြန်လည်တွေ့ရှိရပါသည်။ ခေါင်းတုံးရိတ်ထားသည်ကို တွေ့ရပြီး ရက်အတန်ကြာ အုပ်စုဖွဲ့ ကျင့်ကြံထားသည့် လက္ခဏာများလည်းတွေ့ရပါသည်။ ချက်ချင်းကျင့် ချက်ချင်းသတ် ချက်ချင်းအလောင်း ဖျောက်ပုံစံမဟုတ်ဘဲ စနစ်တကျ အကွက်ချပြီး ကလေးမလေးအပေါ် လူမဆန်စွာ အနိုင်ကျင့်ပြီးမှ သတ်ဖြတ်လိုက်ကြခြင်းဖြစ်ပါသည်။
အကျင့်ခံရသည့် မိန်းကလေးအလောင်းတွေ့ရှိရသည့်ညမှာပင် ရခိုင်ပြည်နယ်တောင်ပိုင်း ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ရွာမှာ ဘင်္ဂလီများ အောင်ပွဲကျင်းပကြပါသည်။ ရခိုင်မိန်းကလေးတ်စယောက်ကို အနိုင်ကျင့်လိုက် ရသည်ကိုပင် အောင်သေအောင်သား စားကြသည့်ပမာ ဆိုင်းများဗုံများဖြင့် အောင်ပွဲခံနေကြခြင်း ဖြစ်ပါသည်။ ထို့ကြောင့် တပ်မက်စိတ်ကို မထိန်းနိုင်၍ ကျူးလွန်သည့် မုဒိမ်းမှုမျိုးမဟုတ်ဘဲ လူမျိုးရေး ဘာသာရေး ရည်ရွယ်ချက်ဖြင့် တမင်သက်သက် ကျူးလွန်သော နိုင်ငံရေးရာဇဝတ်မှုမျိုးသာ ဖြစ်ပါသည်။
ထို့အပြင် ဂျီဟဒ်ဝါဒီများသည် ၄င်းတို့နှင့် ဘာသာမတူသူများကို စော်ကားကျူးလွန်လိုက်ရသည်ကိုပင် ကုသိုလ် ရသည်။ နတ်ပြည်ရောက်မည်။ မြင့်မြတ်သည်ဟု ဂုဏ်ယူဝင့်ကြွားနေတတ်ကြပါသည်။ မုဒိမ်းမှု ရှုတ်ချပွဲများ ကျင်းပခြင်းဖြင့် ၄င်းတို့  အယူလွဲနေကြောင်း ပြသနိုင်ပါသည်။ မုဒိမ်းမှုများကိုလည်း လျှော့ချနိုင်ပါသည်။
လူနည်းစုနှင့် လူများစု၊ ဧည့်သည်နှင့် အိမ်ရှင်ဟူ၍ ရှိရာတွင် ကမ္ဘာကြီးက ကရုဏာသက်နေသော လူနည်းစု ကသာ လူများစုကို အနိုင်ကျင့်နေကြခြင်းဖြစ်ကြောင်း ကမ္ဘာကြီးသိသွားမည်သာဖြစ်ပါသည်။ အိမ်ရှင်က ဧည့်ဝတ်ကျေပွန်ပါလျက် ဧည့်သည်ကသာ အိမ်ရှင်ကို စော်ကားနေခြင်းဖြစ်ကြောင်း ကမ္ဘာကြီး သိသွားမည်သာ ဖြစ်ပါသည်။ အဆိုပါ ဧည့်ဆိုးတို့အကြောင်း ကမ္ဘာကြီးသိသွားလျှင် ၄င်းတို့၏ ဆရာကြီးများ အသိဝင်လာမည် ဖြစ်ပါသည်။ ၄င်းတို့၏ ဆရာကြီးများ အသိဝင်လာသည့်အခါ ၄င်းတို့၏ ဘာသာဝင်များကို သွန်သင်ဆုံးမ လာနိုင်ပါသည်။ ထိုအခါ မြန်မာအမျိုးသမီးများ အနိုင်ကျင့်ခံရမှုများ လုံးဝ ပပျောက်သွားမည်ဖြစ်ပါသည်။
ယခုအခါ ဖေ့စ်ဘုတ်စာမျက်နှာများတွင် လူမျိုးခြား၊ မုဒိမ်းများ ကျယ်ပြန့်စွာ ပျံ့နှံ့နေခြင်း၊ ထိုမုဒိမ်းမှုများကြောင့် လူမျိုးရေးပြဿနာများ ပေါ်ပေါက်လာခြင်းများကို တွေ့ရသော်လည်း မုဒိမ်းနွယ်လူမျိုးစုံ ခေါင်းဆောင်များကမူ မိမဆုံးမ ဖမဆုံးမသဖွယ် ပစ်ထား၍ကောင်းဆဲပင်ဖြစ်ပါသည်။ ဤသည်ကို ထောက်ရှုပါလျှင် နောက်ကွယ်မှာ အကြံအစည်များရှိနိုင်ကြောင်း သိသာနိုင်ပါသည်။
ဂျီဟဒ်ဝါဒီများသည် ကလေးအရွယ်လူမမယ်များကို မှိုင်းတိုက်လေ့ရှိသည့်အပြင် ကျောင်းသားလူငယ်များကို လည်း ပိုးနည်းပန်းနည်းများ သရုပ်ပြသင်ပေးကာ သွေးထိုးမြှောက်ပင့်လုပ်လေ့ရှိပါသည်။ ထို့ကြောင့် ဘာသာ မတူသူများကိုတွေ့လျှင် စိတ်ဖြင့်ပြစ်မှားရုံနှင့် အားမရနိုင်ဘဲ ကိုယ်ထိလက်ရောက် ကျူးလွန်တတ်ကြခြင်း ဖြစ်ပါသည်။
ကိလေသာထကြွသောင်းကျန်းသောကြောင့် ကျူးလွန်စော်ကားမှုများရှိသလို ပြဿနာဖန်တီးသည့်အနေဖြင့် လည်း ကျူးလွန်စော်ကားကြသည်ကို တွေ့ရှိရပါသည်။ ကျူးလွန်သူသည် သူဆင်းရဲတစ်ဦး ဖြစ်နေသော်လည်း တရားရုံး၌ အမှုရင်ဆိုင်ကြသည့်အခါ အသိုင်းအဝိုင်းနှင့် အင်အားပြကာ ငွေကျပ်သိန်းပေါင်းရာကျော် သုံးစွဲ ပြတတ်သည်ကိုလည်း တွေ့ရှိရပါသည်။
ဤသို့သော အကြောင်းများကြောင့် လူမျိုးခြားများ ကျူးလွန်လျက်ရှိသော မုဒိမ်းမှုများကို ရိုးရိုးရာဇဝတ်မှုဟု မရှုမြင်ကြဘဲ လူမျိုးရေး ဘာသာရေး စော်ကားမှုကြီးများဟု ရှုမြင်ကာ အဆိုပါ အကျင့်ဆိုး ဉာဉ်ဆိုးများ ပပျောက်သွားအောင် မုဒိမ်းမှုရှုတ်ချပွဲများ ကျင်းပဖို့ လိုခြင်းဖြစ်ပါသည်။
မြန်မာမိန်းကလေးများ အကြမ်းဖက်ခံရသည့်အခါတိုင်း မုဒိမ်းမှု ရှုတ်ချပွဲများ ပြုလုပ်ပေးခြင်းဖြင့် မုဒိမ်းမှုများကို လျော့ကျစေခြင်း၊ ပပျောက်စေခြင်း အကျိုးတရားများ ရရှိနိုင်သလို ရဟန်းရှင်လူ ပြည်သူတို့၏ ရင်ထဲ၌ အစိုင်အခဲအဖြစ် ကိန်းမနေအောင် ထွက်ပေါက်ပေးပြီးသားလည်းဖြစ်ပါသည်။ မုဒိမ်းအကျင့်ခံရသည့်အခါတိုင်း မကျေနပ်ချက်က ရင်ထဲမှာ အစိုင်အခဲဖြစ်တည်ရှိနေတတ်ပါသည်။ ထိုအစိုင်အခဲကို ဖောက်ခွဲပစ်ခြင်း မပြုလုပ် နိုင်လျှင် တစ်ချိန်ချိန်မှာ အလိုလိုပေါက်ကွဲသွားနိုင်ပါသည်။ ထိုအခါ မသက်ဆိုင်သူများပါ ဒုက္ခရောက်ကြရသည့် အနိဋ္ဌာရုံ ဖြစ်ရပ်ဆိုးမျိုး ပေါ်ပေါက်လာနိုင်ပါသည်။ မုဒိမ်းမှု ရှုတ်ချပွဲများ ပြုလုပ်ခြင်းဖြင့် စိတ်သည်ထွက်ပေါက် ရရှိသွားကာ အလိုလို ပြေပျောက်သွားမည်သာ ဖြစ်ပါသည်။
မုဒိမ်းမှု ရှုတ်ချပွဲများကို ဆိုင်ရာ မဘသ အဖွဲ့က တာဝန်ယူ၍ စနစ်ကျအောင်၊ စည်းကမ်းရှိအောင်၊ စည်ကားသိုက်မြိုက်အောင်၊ ကျယ်ပြန့်ထိရောက်အောင်၊ အကောင်းဆုံးဖြစ်အောင် စီစဉ်ပေးဖို့ လိုပါသည်။ မြန်မာဘာသာဖြင့်သာ မဟုတ်ဘဲ၊ အင်္ဂလိပ်ဘာသာဖြင့်ပါ ဆိုင်းဘုတ်များ ရေးသားပြသရပါမည်။


↧

“အိုင်းအမာ ထိတာနှင့်ကွဲ”

$
0
0



ဘာသာတရားနှင့် ပတ်သက်၍ဖြစ်စေ၊ အခြားအခြားသော မကျေနပ်ချက်များ ကိန်းအောင်းတည်ရှိ နေကြလျှင် ဖြစ်စေ၊ အတ္တဆန်သူတို့၏ စိတ်သဘောထားမှာဖြစ်တည်နေသော “အိုင်းအမာကြီး” ကဲ့သို့ ထိမိလိုက်သည်နှင့် ပေါက်ကွဲတတ်ကြလေသည်။ ဖြစ်စဉ်တစ်ခုကို တင်ပြရလျှင်(9.11.2014) နေ့ ညနေ(၇)နာရီခန့်တွင် “ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ၁၀/တောင်ရပ်ကွက်၊ ခိုင်ရွှေဝါလမ်း” မှာ ဖွင့်လှစ်ထားသော “အမေ့အိမ်ကျူရှင်-စာသင်ဝိုင်း”မှ ကျောင်းသူ မသန်းသန်းဝင်းကျော်နှင့် မယဉ်မျိုးသူ တို့နှစ်ယောက် စက်ဘီးတစ်စီးတွင် နှစ်ယောက်အတူစီး၍ ပြန်လာခဲ့ကြသည်။
တစ်နေရာအရောက်တွင် အမှတ်မထင် မကြည်သာဦး(ခ)ဆိုဖီယာဆိုသူမိန်းကလေးတစ်ယောက်ကို မိမိတို့ စီးလာသည့် စက်ဘီးဖြင့် တိုးမိသွားလေတော့သည်။ ပြဿနာကြီးကြီးမားမား မဖြစ်ဖူးကြသည့်အတွက် မိဘများ အဆူအပူခံရတော့မည့် အရေးကို တွေးကာ နှစ်ယောက်သား ထိုင်ငိုနေကြစဉ် လမ်းသွားရင်း တွေ့မြင်သွားသော ဒေါ်ဆွေဆွေဦး အမည်ရှိ အမျိုးသမီးကြီးတစ်ယောက်က သမီးတို့ရယ် ဘာမှဖြစ်သွားတာမှ မဟုတ်တာ သမီးတို့ မိဘတွေကို ခေါ်သွားပြီး အတိုက်ခံရတဲ့ ကလေးမကို အိမ်တိုင်ရာရောက် သွားပြီး တောင်းပန်လိုက်ရင် ပြီးသွားမှာပါ မငိုနဲ့ တိတ်တိတ် ဟု ပြောဆိုချော့မော့ပြီး နွယ်နီ ၃-လမ်းတွင် ကျင်းပပြုလုပ်နေသော နိဗ္ဗာန်ဈေးပွဲတော်သို့ သွားရောက်ကြည့်ရှုနေလိုက်သည်။
မကြာမီကာလတွင် ၁၃ ရပ်ကွက် သလ္လာဝတီ ၅ လမ်း အိမ်အမှတ် ၁၃၇၀ တွင်နေထိုင်သော မကြည်သာဦး(ခ) ဆိုဖီယာ(စက်ဘီးဖြင့်အတိုးခံရသူ)၏ ယောက္ခမ ဦးအောင်နိုင်ဦး(ခ)နိုင်ဦး (အစ္စလာမ် ဘာသာဝင်)၏ တပည့်များ က ဒေါ်ဆွေဆွေဦးရှိရာသို့ လိုက်လာခဲ့ပြီး “ခင်ဗျားက ဘာ လူတွင်ကျယ်လုပ်တာလဲ၊ ခင်ဗျားက လူမိုက်လာ လုပ်တာလား” ဟု ရန်စကားပြောကြသဖြင့် ဒေါ်ဆွေဆွေဦးက “ဟဲ့-ကလေးတွေ နင်တို့ မိုက်ရိုင်းလှချည်လား၊ ငါမွေးရင်ငါ့သားလောက်ပဲရှိတယ်” စသည်ဖြင့် ပြောကြားရင်း အချင်းဖြစ်ပွားကြ လေသည်။
ဒေါ်ဆွေဆွေဦးသည် ဘာသာတရားနှင့် ပရဟိတစိတ်ထားရှိသူပီပီ မိမိကြောင့် ဘာသာရေးနိဗ္ဗာန်ဈေးပွဲ ပျက်သွားမည်ကို မလိုလားသဖြင့် ဖြစ်စဉ်ကို သည်းခံကာ ပြန်လာခဲ့သော်လည်း ဆိုဖီယာ၏ ယောက္ခမ ဒေါ်ပြုံးရီက ဒေါ်ဆွေဆွေဦးကို ကိုယ်ထိလက်ရောက်(ပါးရိုက်)စော်ကားလိုက်သဖြင့် သည်းခံမှု အတိုင်းအတာ ထက် လွန်ကဲလာသောကြောင့် ပြန်လည်နပန်းလုံးလိုက်သည်။
မိန်းမချင်း လုံးထွေးနေကြစဉ် ဦးအောင်နိုင်ဦး(နိုင်ဦး)က “မိန်းမချင်းချတာ ဘယ်သူမှ မပါကြနဲ့” ဟုပြောရင်း မိမိ၏ မိန်းမရှုံးနိမ့်မည့်လက္ခဏာကို မြင်တွေ့ရသောအခါ “ဒီကောင်မကို အသေသတ်၊ အသေသတ်” ဟု ဟစ်အော်လိုက်သောကြောင့် သား ချွေးမနှင့် နောက်ပါတပည့်များက ဒေါ်ဆွေဆွေဦးကို ဝိုင်းဝန်း ရိုက်နှက် ကြလေသည်။
အဆိုပါ မဖြစ်စလောက်သောကိစ္စကို သုံးသပ်ကြည့်လျှင် “ဒေါ်ဆွေဆွေဦး” က ကျောင်းသားလူငယ်ချင်း ပြဿနာမဖြစ်အောင် ဖျန်ဖြေပေးသည်မှာ လူတွင်ကျယ်လုပ်ခြင်းမဟုတ်သလို လူမိုက်လုပ်ခြင်းလည်း မဟုတ်ပါ။ သို့သော်လည်း ဘာသာမတူလျှင် ရန်မူတတ်သော ၄င်းတို့၏ ထုံးစံအတိုင်း အစ္စလာမ်ဘာသာဝင်ကို မထိနဲ့ ဆိုသည့်သဘောဖြင့် “ပေါက်ကွဲလုနီးသော အိုင်းအမာကြီးကို” တမင် သက်သက် ဖောက်ခွဲလိုက်ကြောင်း ထင်ရှားပါသည်။ ထို့ကြောင့်……….
ဒေါ်ဆွေဆွေဦးမှာ ဦးခေါင်နှင့် ကျောပြင်တို့တွင် ဒဏ်ရာပြင်းထန်စွာ ရရှိကာ ရန်ကုန်ဆေးရုံကြီးသို့ သွားရောက် ဆေးကုသခံနေရပြီး ယင်းကိစ္စနှင့်ပတ်သက်၍ “သာကေတအမှတ်(၂)ရဲစခန်းတွင် အရိုက်ခံရသူ ဒေါ်ဆွေဆွေဦး က အမှုဖွင့်ထားကြောင်း သိရှိရပါသည်။” “အိမ်ငှားက အိမ်ရှင်ကို စော်ကားလာသဖြင့် ဘုရားစိတ်မျိုးကို မွေးရမည်လား၊ ဘုရားအလောင်းစိတ်မျိုးကိုပဲ မွေးရတော့မည်လား” ဟု အံကြိတ်၍ စဉ်းစားမိရပါကြောင်း။
ကိုသီဟ(မြစ်ကြီးနား)
စုံစမ်းရန်
အကြီးကောင်(ကူညီသူ)09.798171965
(သာကေတအမှတ်-၂ရဲစခန်း 01.547253 သို့(ပ)နံပါတ်နှင့် ပုဒ်မ မေးသော်လည်း ဖြေကြားခွင့်မရှိဟုဆိုကာ ဖုန်းချသွားပါသည်။ 17.11.2014 မွန်းလွဲ 2:38 မှာ ဆက်သွယ်မေးမြန်းရာ (၂)မိနစ် (၁၇)စက္ကန့်ကြာ စကားပြောလိုက်ရသော်လည်း ဖုန်းပြောသူ ၂ ယောက်လုံးက ငြင်းပယ်ကြခြင်းဖြစ်ပါသည်။)
↧
↧

“ရှမ်းမြောက် မဘသ ကြေညာချက်”

$
0
0


အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့(ပြည်နယ်) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သဘောထားကြေညာချက်(၁၁/၂၀၁၄)
၂၀၁၄ ခုနှစ်၊ အောက်တိုဘာ ၂၂ ရက်နေ့ ရက်စွဲဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ ဘာသာရေးစော်ကားမှု စိတ်နာကျည်းစေမှု အစ္စလာမ်သာသနာအား မဟုတ်မမှန် စွပ်စွဲပုတ်ခတ်ရေးသားမှု နှင့် တရားဥပဒေစိုးမိုးရေးနှင့် အေးချမ်းသာယာရေးထိခိုက်စေသော အရေးအသားများ ဂျာနယ်များတွင် အတင့်ရဲစွာ ရေးသားဖြန့်ဝေနေမှုများအား တည်ဆဲဥပဒေများအရ အရေးယူတားမြစ်ပေးပါရန် ကန့်ကွက်တိုင်ကြားခြင်း ဟူသော အကြောင်းအရာ ၁၇-၁၀-၂၀၁၄ ထုတ် အောင်ဇေယျတုဂျာနယ် အမှတ်(၄၄) ရေးသားချက်များ အားလုံးကို သမ္မတ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နေပြည်တော်ထံသို့ တိုင်ကြားထားခဲ့ကြောင်း သိရှိရသည်။
အမှတ်စဉ်(၁)မှ (၁၃)အထိ တင်ပြတိုင်ကြားထားသော အကြောင်းပြချက်များထဲတွင် အောင်ဇေယျတုဂျာနယ် အမှတ်(၄၄)၏ ရေးသားချက်များ၌
(က) အစ္စလာမ်ဘာသာသည် အစွန်းရောက်သည့် Extremism များ မွေးဖွားစေသော ဘာသာဖြစ်ခြင်း၊
(ခ) အစ္စလာမ်ဘာသာကြောင့် လူသားပေါင်းများစွာ အချည်းနှီးသေဆုံးခဲ့ရခြင်း၊
(ဂ) တမန်တော်မိုဟာမက် ပေါ်လာခြင်းသည် ကမ္ဘာပေါ်၌ ကပ်ဆိုက်ခြင်းပင်ဖြစ်ခြင်း၊
(ဃ) နေ့စဉ်ဘုရားရှိခိုး၌ ကပ်ကြီးသုံးပါးအစား ယခုအခါ ကပ်ကြီးလေးပါးဟု ဆိုရမည်ဖြစ်ခြင်း၊
(င) အာရပ်ယဉ်ကျေးမှု၊ အာရဗီစာ၊ အူရဒူစကားများသို့ မပြောင်းလဲသွားစေရန် သီဟိုဠ်ဒုဋ္ဌဂါမဏိမင်းကဲ့သို့ လှံသွားထက် ဓာတ်တော်သွင်းကာ သာသနာကိုကာကွယ်ရန်အတွက် တော်လှန်ရန် အချိန်အခါ ကျရောက်ပြီ ဖြစ်ခြင်း၊
(စ) တမန်တော်မိုဟာမ္မစ်သခင်၏ ဝါဒသည် ပိုက်ဆံကိုသာ အဓိကထားပြီး လူ့ကျင့်ဝတ်ကို ပိုက်ဆံလောက်မှ တန်ဖိုးမထားသည့်လမ်းစဉ်ဖြစ်ခြင်း။
(ဆ) မထိမ်းမြားဘဲနဲ့ စိတ်ကြိုက်မုဒိမ်းကျင့်ခွင့်ပေးထားသော သာသနာဖြစ်ခြင်း၊
(ဇ) အစ္စလာမ်ဘာသာဝင်များယုံကြည်ရာ အလာဟ်အရှင်မြတ်သည် သဘာဝတရားနှင့် နိယာမတွေကို ဖန်တီးတယ်ဆိုတာ ယုတ္တိမတန်ကြောင်းနှင့် အလ္လာရ်ရှင်က လူတွေရဲ့ အဖူးအမြော်မခံရကြောင်း၊ ဘာကြောင့် မခံချင်ရတာလဲဟု စော်ကားရေးသားချက်များဖော်ပြထားခြင်း စသည့်အကြောင်းအရာများ ပါရှိသည်ကို တွေ့ရှိရသည်။
ထို့အတူ အမျိုးသားညီညွတ်ရေး ကွန်ဂရက်ပါတီမှလည်း ၂၀၁၄ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်နေ့ ရက်စွဲဖြင့် အောင်ဇေယျတုဂျာနယ်ဟု အမှတ်(၄၄) နှင့် အမှတ်(၄၅)တို့အား
(၁) လူမျိုးရေး ဘာသာရေးတို့ကို တိုက်ခိုက်ရေးသားထားကြောင့် စိစစ်တွေ့ရှိရသည်၊
(၂) အဆိုပါ အောင်ဇေယျတုဂျာနယ်များကို တည်ဆဲဥပဒေများနှင့်အညီ သက်ဆိုင်ရာတာဝန်ရှိသူများက အမြန်ဆုံး၊ ထိထိရောက်ရောက် အရေးယူပေးပါရန်နှင့် ထိုသို့အမုန်းတရားပွားများစေသော ရေးသားချက်များ အား ပြင်းပြင်းထန်ထန် ရှုတ်ချသည်….စသည့် အချက်များအပါအဝင် အချက်(၇)ချက်ပါသည့် ထုတ်ပြန်ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်ကို တွေ့ရသည်။
အထက်ပါ စွပ်စွဲချက်များ တိုင်ကြားချက်များနှင့်ပတ်သက်၍
(၁) အောင်ဇေယျတုဂျာနယ်သည် မိမိတို့၏ အမျိုး ဘာသာ သာသနာ တည်တံ့ရေး၊ ပြန့်ပွားရေးတို့အတွက် အမျိုးချစ် ဘာသာချစ် ဗုဒ္ဓဘာသာဝင်များအားလုံးကိုယ်စား ရပ်တည်ထုတ်ဝေနေသော အမျိုးသားရေး ဂျာနယ်ဖြစ်သည်။
(၂) မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး၏ တိုင်ကြားချက်နှင့် ပတ်သက်၍လည်း အောင်ဇေယျတုဂျာနယ် အယ်ဒီတာအဖွဲ့သည် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်နေ့က မူပိုင်ခွင့်မှတ်ပုံ တင်ဌာန ညွှန်မှူးနှင့်အတူ ရန်ကုန်တိုင်းဒေသကြီးအစိုးရဝန်ကြီးနှစ်ဦးနှင့် သွားရောက်တွေ့ဆုံ၍လည်းကောင်း၊ ၂၀၁၄ ခုနှစ် အောက်တိုဘာ ၂၉ ရက်နေ့က မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)နှင့် သွားရောက် တွေ့ဆုံ၍လည်းကောင်း ပြေလည်ငြိမ်းချမ်းစွာ ဆွေးနွေးညှိနှိုင်း ပြီးစီးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
(၃) သို့သော်လည်း ဆန့်ကျင်ဘက်ဘာသာခြားများဘက်မှ တာဝန်ရှိသူများ၏ တွေ့ဆုံညှိနှိုင်းမှုကို မကျေနပ် နိုင်သေးဘဲ အွန်လိုင်းမီဒီယာများပေါ်တွင်
“ဥပဒေ၏အထက်၌ အောင်ဇေယျတုဂျာနယ်ရှိနေပြီလော” ဟူသော အောက်လမ်းနည်းအရေးအသားများဖြင့် လည်းကောင်း၊ အောင်ဇေယျတုဂျာနယ် အယ်ဒီတာချုပ် မောင်သွေးချွန်၏ ဓာတ်ပုံနှင့် ဂျာနယ်တိုက်လိပ်စာ တို့ကို ပူးတွဲဖော်ပြကာ ခြိမ်းခြောက်စာများ ဖြန့်ဝေနေ၍လည်းကောင်း အမျိုးမျိုးဖိအားပေးနေခြင်းအား ရှမ်း/မြောက်(မဘသ)မှ ရှုတ်ချလိုက်သည်။ ခြိမ်းခြောက်နေမှုများမရပ်တန့်ပါက ရှမ်း/မြောက်(မဘသ)မှ ဓမ္မဝိနယနှင့်အညီ ပြတ်ပြတ်သားသား တုံ့ပြန်သွားမည်ဖြစ်သည်။
(၄) အထက်တွင်ဆိုခဲ့သည့်အတိုင်း အောင်ဇေယျတုဂျာနယ်မှာ “တိုင်းပြု ပြည်ပြု သာသနာပြု အောင်ဇေယျတု” ဆိုသည့်ဆောင်ပုဒ်နှင့်အညီ အမျိုးသားရေးအတွက် တရားဝင်ထုတ်ဝေဖြန့်ချိနေသော ဂျာနယ်ဖြစ်ခြင်းကြောင့် သက်ဆိုင်ရာပြညနယ်၊ တိုင်းဒေသကြီး၊ မြို့နယ် မဘသ အဖွဲ့များနှင့် အမျိုးချစ် ဗုဒ္ဓဘာသာဝင်များအနေဖြင့် အောင်ဇေယျတုဂျာနယ် အယ်ဒီတာအဖွဲ့အား ကာကွယ်ကူညီပေးရန် မိမိတို့၏ အမျိုး ဘာသာ သာသနာတော် အတွက် ဓမ္မဝိနယနှင့်အညီ ပြတ်ပြတ်သားသား တုံ့ပြန်သွားကြရန် တိုက်တွန်းနှိုးဆော်လိုက်သည်။
(၅) မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးအနေဖြင့် အောင်ဇေယျတုဂျာနယ် အမှတ်(၄၄)နှင့် အမှတ်(၄၅)ပါ ဆောင်းပါးများ အရေးအသားများနှင့် ပတ်သက်၍ ဆွေးနွေးဖြေရှင်းလိုပါက ရှမ်း/မြောက် (မဘသ)ရုံးချုပ်သို့ လာရောက်ဆွေးနွေးနိုင်ကြောင်း တရားဝင်ဖိတ်ခေါ်လိုက်သည်။
အရွင္အကုၤရ
အထွေထွေအတွင်းရေးမှူး
အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့
(ပြည်နယ်)ရှမ်း/မြောက် လားရှိုး

↧

“ငွေတွင်း မဘသ တရားပွဲ”

$
0
0



15.11.2014 ည 8:15 နာရီ၊ စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်၊ ငွေတွင်းကျေးရွာအုပ်စု၊ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့် သြဝါဒခံယူပွဲ အကြိုဓမ္မသဘင်မှာ ဟောကြားသည်။
“ဒို့တာဝန်အရေးသုံးပါးနှင့် ၉၆၉ တရားတော်”

↧

“NLD ပါတီ ဗဟိုပြန်ကြားရေးအရာရှိ စာရေးဆရာထင်လင်းဦး၏ ကိုယ်ရေးအကျဉ်း”

$
0
0


ဦးထင်လင်းဦးဟာ အဖဦးလှတင် အဖိဒေါ်တင်လှတို့မှ 24.1.1967 တွင် ဘိုကလေးမြို့၌ ဖွားမြင်သည်။
မွေးချင်းခြောက်ယောက်အနက် အကြီးဆုံးသားဖြစ်ပါသည်။
ဘိုကလေးမြို့တွင် ဒသမတန်းထိ အခြေခံပညာသင်ယူခဲ့သည်။ ရန်ကုန်တက္ကသိုလ် ကြည့်မြင်တိုင်နယ်မြေ ရန်ကုန်တက္ကသိုလ် ပင်မတို့တွင် တက္ကသိုလ်ပညာ သင်ယူခဲ့ပါသည်။
(၈၈)အရေးအခင်းတွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂတွင် ပါဝင်ခဲ့ပါသည်။
မိမိမွေးရပ်မြေဖြစ်သော ဘိုကလေးမြို့နယ်သို့ ပြန်လည်၍ ကျောင်းသားများစုစည်း၍ လှုံ့ဆော်မှုဖြင့် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရပါသည်။
အရေးတော်ပုံကာလတွင် ဘိုကလေးမြို့နယ်လုံးဆိုင်ရာ သပိတ်စခန်းတွင် ဦးဆောင်၍ တာဝန်ယူခဲ့ပါသည်။
ဒေါင်းမာန်အောင်စာစောင်ကို တာဝန်ခံ ထုတ်ဝေခဲ့ပါသည်။
1991 ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ သင်္ချာကထိကအဖြစ် MCCI Leven 3 တွင် အောင်မြင်ခဲ့ပါသည်။
ပန်းပျိုးလက် ကိုယ်ပိုင်သင်တန်း၊ ဝက်စတမ်းဗီလာ Training Calss ကို ထူထောင်ခဲ့ပါသည်။
2008 တွင် အဖြူရောင်နှလုံးသား ပရဟိတလူမှုရေးအသင်းတွင် အရေးပေါ်သွေးလှူရှင်အသင်းကို ပါဝင်တည်ထောင်ခဲ့ပါသည်။
ပညာဒါနကျောင်းများတွင် အင်္ဂလိပ်စာ ဘာသာရပ်ဆရာအဖြစ် ပါဝင်သင်ကြားခဲ့ပါသည်။
တောတိုက်ဓမ္မရိပ်သာတွင် ဖွင့်လှစ်သင်ကြားခဲ့သော ရန်ကုန်တိုင်းဒေသကြီး ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းဆရာ ဆရာမများနှင့်အတူ နွေရာသီ မွမ်းမံသင်တန်းကိုလည်း တွဲဖက်၍ မော်ကွန်းထိန်းအဖြစ် တာဝန်ယူခဲ့ပါသည်။
အမေ့အိမ်ပညာဒါနကျောင်း ဒုတိယတာဝန်ခံအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။
လူမှုရေးပရဟိတအဖွဲ့များနှင့် နိုင်ငံရေးသင်တန်းများ ဟောပြောပို့ချသူအဖြစ် တာဝန်ယူ ဆောင်ရွက်နေပါသည်။
လက်ရှိတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးကော်မတီအဖြစ် တာဝန်ယူခဲ့ပါသည်။
2013 ခုနှစ်တွင် ပညာရေးကွန်ယက်နှင့်အတူ ပြည်သူ့ဂုဏ်ရည်ဆုကို ချီးမြှင့်ခြင်းခံခဲ့ရပါသည်။
2014 တွင် အမေထွာ ပဲဆီသန့်မိသားစုမှ ပေးအပ်ချီးမြှင့်သော စာပေဖြင့် အကျိုးပြုခဲ့သူများကို ဆုလက်ခံ ရယူခဲ့ပါသည်။
2014 တွင် မွန်ကိုရီးယားနိုင်ငံတွင် ကျင်းပခဲ့တဲ့ ဒီမိုကရက်(စ်)တစ် ဝေါ့စ်ရှော့သို့ တက်ရောက်ခွင့်ရခဲ့ပါသည်။
ဒီလှိုင်းဂျာနယ် Messenger ဂျာနယ်နှင့် The Voice ဂျာနယ် အဓိပတိဂျာနယ်တို့တွင် ပင်တိုင်ဆောင်းပါးရှင် အဖြစ် နိုင်ငံရေးဝေဖန်ချက် ဆောင်းပါးများကိုလည်း ရေးသားခဲ့ပါသည်။
ဆောင်းပါး(၂၈၀)ကျော် ရေးသားခဲ့သည်ဖြစ်ပါသည်။
သွေးသားနုသား ဒီမိုကရေစီနိုင်ငံတော်သစ် နိုင်ငံရေးဝေဖန်ချက် ဆောင်းပါးများ
မပြောမဖြစ်လို့ ပြောဖြစ်နေရတဲ့ စကားတွေ နိုင်ငံရေးဝေဖန်ချက် ဆောင်းပါးများနှင့် သံလျက်ဒီမိုကရေစီ အခင်းအကျင်းသစ် စာအုပ်တို့ကိုလည်း ထုတ်ဝေခဲ့ခြင်းဖြစ်ပါသည်။
ဆက်လက်၍ ဒီလှိုင်းစာစောင်တွင် ရေးခဲ့သော ဆောင်းပါးများကိုလည်း ဒီလှိုင်းခေတ်သံ ဆောင်းပါးများ စာအုပ်ကိုထုတ်ဝေရန် စီစဉ်ခဲ့ပါသည်။
ဇနီးဖြစ်သူ ဒေါ်စောစန္ဒာ၊ သား မောင်ဇာနည်ဟိန်းတို့နှင့်အတူ အမှတ်(၁၀) မြစံပယ်လမ်း ၉-ရပ်ကွက် မရမ်းကုန်းမြို့နယ် ရန်ကုန်တွင် နေထိုင်သည်။









↧

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမှတ်(၉၇/ခ)အနောက်ရွှေဂုံတိုင်လမ်း ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့ စည်းကမ်းထိန်းသိမ်းရေး(ဗဟို)အဖွဲ့

$
0
0





စာအမှတ်-၀၆၉/၁၁/၂၀၁၄(စည်းကမ်း)/ဗဟို
နေ့စွဲ-၂၀၁၄ခုနှစ်၊ နိုဝင်ဘာလ(၁၇)ရက်
သို့
၁။ပြည်နယ်/တိုင်းအလုပ်အမှုဆောင်အဖွဲ့အားလုံး
၂။ ဦးထင်လင်းဦး
အကြောင်းအရာ။         ။ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် သုံးပန်လှစံပြကျေးရွာတွင် ပြုလုပ်ခဲ့သော ဦးဝိစာရနေ့ ဟောပြောပွဲကိစ္စ
၁။ အထက်အကြောင်းအရာပါဟောပြောပွဲတွင် ဦးထင်လင်းဦး၏ ဟောပြောမှုနှင့်စပ်လျဉ်းပြီး စည်းကမ်းထိန်းသိမ်းရေးဗဟိုအဖွဲ့က စုံစမ်းစစ်ဆေးမှုပြုလုပ်နေပြီဖြစ်ပါသည်။
၂။ စုံစမ်းစစ်ဆေးနေဆဲကာလတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလံအောက်ရှိ မည်သည့်ဟောပြောပွဲ အခမ်းအနားတို့တွင်မှ ဦးထင်လင်းဦးကို ဟောပြောခွင့်မပြုကြောင်း အကြောင်းကြားပါသည်။
ဉာဏ်ဝင်း
အဖွဲ့ခေါင်းဆောင်
စည်းကမ်းထိန်းသိမ်းရေးဗဟိုအဖွဲ့
↧
↧

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမှတ်-၉၇/ခ၊ အနောက်ရွှေဂုံတိုင်လမ်း ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့

$
0
0


 ၁၃၇၆ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော်(၁၂)ရက်
၂၀၁၄ခုနှစ်၊ နိုဝင်ဘာလ(၁၈)ရက်
ကြေညာချက်အမှတ်-၁၂/၁၁/၂၀၁၄
၁။ ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ(၂၃)ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ သုံးပန်လှစံပြကျေးရွာ၌ ဌာနေအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြီးမှူး၍ ဦးဝိစာရနေ့ အထိမ်းအမှတ် စာပေဟောပြောပွဲကို ကျင်းပခဲ့ သည်။
၂။ ယင်းစာပေဟောပြောပွဲတွင် ကြီးမှူးကျင်းပသူများက ပရိသတ်စိတ်ကြိုက်ဖြစ်မည်ဟု ယူဆသော စာရေးဆရာများကို ဖိတ်ကြားဟောပြောစေခဲ့သည်။ ဖိတ်ကြားခံရသည့် စာပေပညာရှင်များမှာလည်း အသင်းကိုယ်စားပြု၊ အဖွဲ့ကိုယ်စားပြု၊ လူငယ်ကိုယ်စားပြု စသည်ဖြင့် မဟုတ်ကြပါ။ အသင်းအဖွဲ့ ပါတီများကလည်း ကိုယ်စားပြုဟောပြောရန် တာဝန်စေလွှတ်ထားခြင်း မရှိပါ။
၃။ ထိုစာပေပညာရှင်များ၏ ဟောပြောချက်မှာ ဟောပြောသူစာပေပညာရှင်နှင့်သာ လုံးဝသက်ဆိုင်ပါသည်။ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ သုံးပန်လှစံပြကျေးရွာတွင် ဆရာတော်ဦးဝိစာရနေ့ အထိမ်းအမှတ် စာပေဟောပြောပွဲ၌ ဟောပြောခဲ့သော စာရေးဆရာထင်လင်းဦး၏ ဟောပြောချက်များမှာ သူ၏ သဘောထားသာဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သဘောထားမဟုတ်ကြောင်း ထုတ်ပြန် ကြေညာလိုက် သည်။
၁၇.၁၁.၂၀၁၄ နေ့တွင် ကျင်းပသော ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်အရ
ဗဟိုအလုပ်အမှုဆောင်အဖွဲ့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်




↧

“ပုဂံညောင်ဦးတရားပွဲ”

$
0
0


16.11.2014 ည 9:15 နာရီ မန္တလေးတိုင်း၊ ပုဂံညောင်ဦးမြို့နယ်၊ ပနီတွင်းကျေးရွာ၊ ခေမာသီရိကျောင်းတိုက် ဆုတောင်းပြည့်မြတ်စွာဘုရား ဗုဒ္ဓပူဇနိယပွဲတော်အကြို ဓမ္မသဘင်မှာ ဟောကြားခဲ့တာပါ။
ညနေ 4:00 နာရီမှ 5:00 နာရီထိ စာဝါချပြီးမှ တရားပွဲသွားရတာဖြစ်လို့ ည 9:00 မှ ရွာကိုရောက်ပါတယ်။ ညနေ 6:00 လောက်ကတည်းက ရောက်ရှိနေတဲ့ ပရိသတ်ကို ပရိုဂျက်တာဖြင့် နမူနာခွေများ ပြသထားကြလို့ စောင့်မျှော်ရတဲ့ ပရိသတ် အချိန်ကုန်လို့ ကုန်မှန်းမသိခဲ့ကြပါဘူး။ သီရိလင်္ကာခရီးစဉ်ရယ်။ ရန်ကုန်-မန္တလေး ဆန္ဒပြပွဲရယ် နမူနာပြသထားတာပဲ ဖြစ်ပါတယ်။
ပခုက္ကူမှ ရှင်မတောင်ဆရာတော်ကြီးနှင့်အတူ ပုဂံ-ညောင်ဦးတို့မှ မဘသ ဆရာတော်များကြွရောက် အားပေးကြပါတယ်။ ဆရာတော်များကို ဖူးမြော်ရှိခိုးပြီး 9:15 နာရီမှာ ပလ္လင်တက်ပါတယ်။
တစ်ခါမှ တရားပွဲမကျင်းပဘူးသေးတဲ့ ရွာကြီးဖြစ်လို့ ရွာသူ ရွာသားတွေ တရားလည်းမထောက်တတ်ကြပါဘူး။ ရယ်စရာပြောလည်း မရယ်ရဲကြပါဘူး။ ပါးစပ်ထဲ တဘက်ခွန့်ပြီး အသံတိတ်ရယ်ကြတာ တွေ့ရပါတယ်။ အမျိုးစောင့်ဥပဒေ တောင်းဆိုပွဲ နမူနာကြည့်ထားရလို့ ထင်ပါရဲ့ အမျိုးစောင့်ဥပဒေတရားဟောဖို့ လျှောက်ထား ကြပါတယ်။
11:15 နာရီမှ တရားပွဲပြီးပါတယ်။ ဇွဲကြီးကြီးနှင့် တရားနာကြတဲ့ တောသူတောင်သား ပရိသတ်တွေမှာ တူညီတာ တစ်ခုက ဆရာတော်ဘေးရန်ကင်းပါစေ အမျိုးစောင့်ဥပဒေ အောင်မြင်ပါစေ ဆိုတဲ့ မေတ္တာဖွေးလတ် အအေးဓာတ်တွေပဲ ဖြစ်ပါတယ်။
“သာကီနွယ်ဝင်ပီသစေ အမျိုးစောင့်ဥပဒေတရားတော်”
ဓားပြဘေးမှကင်းဝေးစေ                    အမျိုးစောင့်ဥပဒေ။
မာယာဘေးမှကင်းဝေးစေ                   အမျိုးစောင့်ဥပဒေ။
မုဆိုးဘေးမှကင်းဝေးစေ                     အမျိုးစောင့်ဥပဒေ။
ကိုယ်ယုံကြည်ရာကိုးကွယ်စေ              အမျိုးစောင့်ဥပဒေ။
ကြိတ်ငိုမျက်ရည်ခမ်းခြောက်စေ              အမျိုးစောင့်ဥပဒေ။
မယားပြိုင်ဒုက္ခကင်းကြစေ                    အမျိုးစောင့်ဥပဒေ။
အိမ်ထောင့်သစ္စာခိုင်မြဲစေ                     အမျိုးစောင့်ဥပဒေ။
အကြမ်းဖက်ဘေးမှဝေးကြစေ                အမျိုးစောင့်ဥပဒေ။
အချုပ်အခြာအာဏာတည်မြဲစေ              အမျိုးစောင့်ဥပဒေ။
ဒီမိုကရေစီကိုမထိခိုက်ပေ                     အမျိုးစောင့်ဥပဒေ။
လူ့အခွင့်အရေးနှင့်မဆန့်ကျင်ပေ           အမျိုးစောင့်ဥပဒေ။
တရားဥပဒေစိုးမိုးရေးနှင့်ညီညွတ်ပေ       အမျိုးစောင့်ဥပဒေ။
တည်ငြိမ်အေးချမ်းရေးကိုထောက်ပံ့ပေ     အမျိုးစောင့်ဥပဒေ။
ငြိမ်းချမ်းရေးကိုရှေးရှုပေ                     အမျိုးစောင့်ဥပဒေ။
မရှိမဖြစ်လိုအပ်ပေ                           အမျိုးစောင့်ဥပဒေ။
မဖြစ်မနေဖော်ဆောင်စေ                    အမျိုးစောင့်ဥပဒေ။






↧

“ချောင်းဦးသံဃာတော်များ၏ ကျေးဇူးတရား”

$
0
0


17.11.2014 ရက်နေ့မှာ ချောင်းဦးမြို့သို့ ရောက်ရှိခဲ့ပါတယ်။ အနိမ့်ရွာမှ ဦးကဝိဓဇနှင့် တွေ့ခဲ့ပါတယ်။ ဦးကဝိဓဇက အနိမ့်ရွာတောင်ကျောင်းမှာ ခမ်းနေဆရာတော်လေးပါ။ ပရဟိတအားသန်လို့ ကလေးတွေကို စာသင်ပေးနေတဲ့ ဆရာတော်တစ်ပါးဖြစ်ပါတယ်။ တောင်ကျောင်း ကျောင်းထိုင်ဆရာတော်က ဦးဇဝန ဖြစ်ပါတယ်။
23.10.2014 ရက်နေ့ ညနေပိုင်းမှာ ဆရာတော်ဦးဝိစာရနေ့ အထိမ်းအမှတ် ဟောပြောမည့် စာရေးဆရာသုံးဦး ရောက်လာကြပါတယ်။ ဒီအချိန်မှာ အနိမ့်ရွာ မြောက်ကျောင်းမှ အသံချဲ့စက်ဖွင့်တာနှင့် ကြုံရပါတယ်။ သီချင်းကတော့ ၉၆၉ သီချင်းပါ။ တိုက်ဆိုင်မှုသာဖြစ်ပြီး နှောက်ယှက်ခြင်းမဟုတ်ကြောင်း သိရပါတယ်။ ဒီလိုပဲ အမြဲတန်း ဖွင့်နေကျမို့လို့ပါ။ ဒါကို ဆရာထင်လင်းဦးကြားရတော့ မကျေမနပ်ဖြစ်တာတွေ့ရလို့ ပွဲစီစဉ်သူ ကိုမျိုးမင်းက တောင်ကျောင်းဆရာတော်ကို သွားလျှောက်ပါတယ်။ မြောက်ကျောင်းကဖွင့်တာဖြစ်လို့ မြောက်ကျောင်းကိုသွားလျှောက်ဖို့ တောင်ကျောင်းဆရာတော် ဦးဇဝနက မိန့်လိုက်ပါတယ်။ NLD ကိုမျိုးမင်းက မုံရွာမြို့ သစ္စာရောင်ခြည်ဆရာတော်ကြီး ဦးပဏ္ဍိတထံ ဖုန်းဆက်လျှောက်ပါတယ်။ ဆရာတော်ဦးပဏ္ဍိတက မြောက်ကျောင်းဆရာတော် ဦးဣန္ဒာဝုဓကို ဖုန်းဆက်ပြီး ပိတ်ခိုင်းပါတယ်။ ဦးဣန္ဒာဝုဓ ဖွင့်တာမဟုတ်ဘဲ ခန်းနေဆရာတော်လေး ဦးသာသန ဖွင့်တာဖြစ်ကြောင်း လျှောက်ထားပြီး အသံချဲ့စက်ကို ပိတ်ခိုင်းလိုက်ပါ တယ်။ ခန်းနေဆရာတော် ဦးသာသနာကလည်း ချက်ချင်းပိတ်ပေးလိုက်ပါတယ်။
၉၆၉ သီချင်းကို မကြားဝံ့မနာသာဖြစ်နေတဲ့ ဆရာထင်လင်းဦးက မကျေနပ်ချက်တွေရင်ဖွင့်ပါတော့တယ်။ ဦးဝီရသူ၊ ၉၆၉၊ မဘသ ဆရာတော်တွေ မကောင်းကြောင်း ပယ်ပယ်နယ်နယ် ပြောပါတော့တယ်။ (ဆရာညီမင်းညိုနှင့် ဆရာဦးဘုန်းဓာတုက စင်ပေါ်မှာ ဒါတွေမပြောဖို့ တားကြတယ်လို့ ဆိုပါတယ်။)
ဆရာထင်လင်းဦးက အရင်ဆုံး ဟောရတာပါ။ သူ့ကို ဘယ်ဘုန်းကြီးက ဘယ်ရွာသားကမှ လာမတားဘဲ တားသယောင်လုပ်ကာ သံဃာငါးသိန်းကျော်ကို ဒေါနှင့်မောနှင့် အားရပါးရစော်ကားပါတော့တယ်။
ဒီအချိန်မှာ ရွှေလှေရွာမှ ဆရာတော်ဦးဝိလာသရောက်လာပါတယ်။ ဦးဘုန်းဓာတုကို ဖိတ်ကြားဖူးသူဖြစ်လို့ ပုဂ္ဂိုလ်ရေးရင်းနှီးတာကြောင့်လာတွေ့တာပါ။ ဆရာထင်လင်းဦး ဟောပြောတာတွေကြောင့် မခံမရပ်နိုင်ဖြစ်ပြီး စင်အောက်ဘေးနားမှာထိုင်နေတဲ့ ဆရာနှစ်ယောက်ကို တိုင်တန်းပါတော့တယ်။ ဆရာညီမင်းညိုနှင့် ဆရာဦးဘုန်း(ဓာတု)တို့က သံဃာတွေကို ပြစ်မှားတာမဟုတ်ကြောင်း၊ ဦးဝီရသူ၊ ၉၆၉ နှင့် မဘသ ဆရာတော်များကိုသာ ရည်ရွယ်ပြောကြားတာဖြစ်ကြောင်း ပြန်ပြောပါတယ်။ သံဃာငါးသိန်းကျော်ကို စော်ကားတာ လွန်လာပြီဖြစ်ကြောင်း သတိပေးလိုက်ပါတယ်။
ဆရာနှစ်ယောက်က ဆရာထင်လင်းဦးကို စင်ပေါ်ရောက်ရင် ဒါတွေ မပြောဖို့ တားခဲ့တယ်လို့ ဆိုပေမယ့် ဆရာထင်လင်းဦး သံဃာမကောင်းကြောင်းပြောတဲ့အခါ ရှေ့ဆုံးမှ ဦးဆောင်ပြီး လက်ခုပ်တီးတောင် ပြပါတယ်။ ပရိသတ်အချို့က ဆရာညီမင်းညိုနှင့် ဆရာဦးဘုန်း(ဓာတု)တို့ တီးတဲ့အတိုင်း လက်ခုပ်လိုက်တီးပါတယ်။
သံဃာတွေစုမိလာပြီး ဆရာထင်လင်းဦးကို ဆုံးမဖို့ လုပ်ကြပေမယ့် သူ့အဆိုးကနေ ကိုယ့်အဆိုးဖြစ်မှာစိုးလို့ အောင့်အီးပြီး သည်းခံခဲ့ကြပါတယ်။ သံဃာတွေ စုရုံးစုရုံးဖြစ်လာတာကြောင့် ကျန်ဆရာနှစ်ယောက်က ဘုန်းကြီးမကောင်းကြောင်း ဆက်မဟောတော့တာဖြစ်ပါတယ်။
အခမ်းအနားပြီးတော့ တောင်ကျောင်းခန်းနေဆရာတော် ဦးကဝိဓဇက ဦးဘုန်း(ဓာတု)ဆီ ဖုန်းဆက်ပါတယ်။ ဆရာထင်လင်းဦးဟောပြောတာနဲ့ ပတ်သက်ပြီး ပြောစရာရှိတယ်လို့ ပြောတဲ့အခါ သူ့ဘေးနားမှာ ဆရာထင်လင်းဦးရှိကြောင်း၊ သူ့ကိုတိုက်ရိုက်ပြောနိုင်ကြောင်း အကြံပေးကာ ဆရာထင်လင်းဦးရဲ့ ဖုန်းနံပါတ် ပေးလိုက်ပါတယ်။ ချက်ချင်းပဲ ဆရာထင်လင်းဦးဆီ ဦးကဝိဓဇဖုန်းဆက်ပါတယ်။ ဆရာထင်လင်းဦးက ဖုန်းလုံးဝ မကိုင်တော့ပါဘူး။
သံဃာမကောင်းကြောင်း ဟောတဲ့နေရာမှာ အတွဲညီတဲ့ ဒီသုံးယောက်တွဲကို ဆရာတော်ဦးဝိစာရနေ့မှာ ရွေးပင့်တဲ့ NLD ကိုမျိုးမင်းက ကျောက်သင်္ဘောဝါဒီဖြစ်ပါတယ်။ သူ့အဖေက ကျောက်သင်္ဘောဝါဒအတိုင်း သံဃာကိုစော်ကားလို့ ရူးသွားပြီးနောက်ပိုင်း သွေးအန်သေသွားတာဖြစ်ပါတယ်။ ဆရာတော်တွေက ကိုမျိုးမင်းကို သူ့အဖေလို သွေးအန်သေမှာစိုးလို့ အမြဲဆုံးမခဲ့ပေမယ့် ကိုမျိုးမင်းက NLD ပါတီနှင့် ဆရာတော် ဦးဝိစာရတို့ကို ခုတုံးလုပ်ပြီး သာသနာဖျက်ဖို့ ဒီသုံးယောက်တွဲကို ဖိတ်တာဖြစ်ပါတယ်။
အနိမ့်ရွာသူ/သားတွေကနည်းပြီး၊ ကိုမျိုးမင်းဖိတ်ကြားလို့လာကြတဲ့ ချောင်းဦးမြို့နယ် NLD ပါတီဝင်က ပိုများပါတယ်။ လက်ခုပ်တီးတာလည်း အလံရှူးသဘောမျိုး လမ်းကြောင်းတဲ့အနေနဲ့ တီးပြတာများပါတယ်။
ဆရာထင်လင်းဦးက အဆင်းဘီးတပ်ပေးပြီး ဆီသုတ်ပေးလိုက်သလိုဖြစ်ကာ သူကိုယ်တိုင် မြောင်းထဲ ဒိုင်ဗင်ထိုးချရင်း NLD ပါတီကို မြောင်းထဲ တွဲခေါ်သွားတာဖြစ်ပါတယ်။
ဒီခွေကို နားထောင်ရတဲ့ ရဟန်းရှင်လူ မည်သူမဆိုဟာဆက်ဆက်တုန်အောင် ခံစားကြရပြီး စိတ်လိုက်မာန်ပါ တုန့်ပြန်ချင်စိတ်တွေ ဝင်ကြပေမယ့် ချောင်းဦးဆရာတော် သံဃာတော်များက တည်ငြိမ်ရင့်ကျက်စွာနှင့် သည်းခံနိုင်ခဲ့တဲ့အပြင် အထောက်အထားခွေကိုလည်း ခက်ခက်ခဲခဲ ရယူနိုင်ခဲ့တာတွေ့ရပါတယ်။
ချောင်းဦးမှာ မဘသ ဖွဲ့စည်းခြင်း မရှိသေးပါဘူး။ အခုတော့ ချောင်းဦးဆရာတော်တွေ မဘသဖွဲ့ဖို့ ပြင်ဆင်နေကြပါပြီ။
အက္ကောဓေန ဇိနေ ကောဓံ-ဒေါသသမားကို မေတ္တာဖြင့် အနိုင်ယူရာ၏-ဆိုတဲ့ ဘုရားတရားတော်ကို လက်တွေ့ ကျင့်သုံးနိုင်ခဲ့ကြတဲ့ ချောင်းဦးမြို့မှ ဆရာတော်သံဃာတော်များ ကျေးဇူးကြီးမားလှကြောင်းပါဘုရား။
09.33230554(ဦးကဝိဓဇ-အနိမ့်ရွာတောင်ကျောင်းခန်းနေဆရာတော်ထံ မေးမြန်းစုံစမ်းနိုင်ပါတယ်။)



↧

“အိုးဝေညိုမြ၊ ဆရာတော်ဦးဝိစာရနှင့် ဆရာဦးသန်းလှိုင်” (သို့မဟုတ်) “အမြင့်၊ အနိမ့်နှင့် ဆူးလေကုန်းရွာ တရားပွဲ”

$
0
0


17.11.2014 ရက်နေ့မှာ ချောင်းဦးမြို့သို့ ရောက်ခဲ့ပါတယ်။ ညနေ စာဝါအပြီးမှ လာရတာဖြစ်လို့ နောက်ကျမှ ရောက်ပါတယ်။ ချောင်းဦးမြို့၊ ဓမ္မာရုံဆရာတော်ဘုရားကြီးထံ သြဝါဒခံယူခဲ့ပါတယ်။ ဆရာတော်ဘုရားကြီး လည်း အနိမ့်ရွာဟောပြောပွဲခွေ(အရက်သမားတရားနာပြီးပြီ)ကြည့်ပြီးပြီလို့ပြောပါတယ်။ နေ့ရောညပါ ဖွင့်ပြနေတယ်လို့ မိန့်ပါတယ်။
ဆရာတော်ဘုရားကြီးအား မဘသ ဖွဲ့ဖို့ လျှောက်ထားရာ၊ ဓမ္မစကူးလ်ဆရာဖြစ်သင်တန်းပါ ပို့ချချင်ကြောင်း မိန့်တော်မူပါတယ်။
ဆူးလေကုန်းရွာရောက်တော့ သာသနာ့အလံတော်လေးများကိုင်ဆောင်ကြိုဆိုနေကြတာ တွေ့ရပါတယ်။ သာသနာ့အောင်လံတော်ကို ဖူးမြင်ရလို့ အလိုလို လက်အုပ်ချီပြီးသားဖြစ်သွားပါတယ်။
ဆူးလေကုန်းရွာတည်းတော်ရာစာသင်တိုက်ဆရာတော် ဦးဇဋိလ ဦးစီးတဲ့ ကရုဏာအလင်း လူမှုကူညီရေး အသင်း(၂)ပြည့် အထိမ်းအမှတ် ဓမ္မသဘင်ဖြစ်ပါတယ်။
ပလ္လင်ပေါ်ရောက်မှ ဆရာထူးချွန်ဆုရ ဆရာဦးသန်းလှိုင်ကို သတိရလို့ မေးကြည့်တော့ တရားပွဲမှာ ပါပါတယ်ဘုရားဆိုပြီး ဦးသန်းလှိုင်ကို ခေါ်ပေးပါတယ်။ “ဒကာကြီး ရွာသူ ရွာသားတွေနှင့် ကျောင်းသူ/သားတွေ အပေါ် မေတ္တာအမြဲထားနိုင်ပါစေလို့” ဆန္ဒပြုပေးလိုက်ပါတယ်။
ချောင်းဦးဆိုတာ ထူးခြားတဲ့မြို့ပါ။
အိုးဝေညိုမြကို အမြင့်မြို့က မွေးထုတ်ပေးလိုက်တာပါ။
ဆရာတော်ဦးဝိစာရကို အနိမ့်ရွာက မွေးထုတ်ပေးလိုက်တာပါ။
ဆရာဦးသန်းလှိုင်ကတော့ ဆူးလေကုန်းရွာရဲ့ မွေးစားသားပဲ ဖြစ်ပါတယ်။
ဦးဝိစာရ၊ ဦးညိုမြနှင့် ဦးသန်းလှိုင်တို့ကို ဂုဏ်ပြုသောအားဖြင့် မဃဒေဝလာ “ဆရာ” ဖွင့်ဆိုချက်ကို နိဒါန်းပျိုးပြီး “အားကိုးရသူနှင့် ချစ်ရသူ” တရားဟောကြားခဲ့ပါတယ်။
စာရေးဆရာ ဦးဘုန်း(ဓာတု)ရဲ့ “အဇာတသတ်အတွေးအခေါ်” ဝတ္ထုတိုလေးကို လိုရင်းလောက်ပြောပြပြီး အဇာတသတ်မင်းကြီးရဲ့ ကျေးဇူးတရားတွေကို ဟောကြားခဲ့တာပါ။ အဇာတသတ်ဆိုရင် အဖေသတ် နန်းတက် အကြမ်းဖက်လောက်တာပဲ သိထားတဲ့ စာရေးဆရာ ဦးဘုန်း(ဓာတု)သိစေဖို့ပါ။
မင်းတို့ဉာဏ် တစ်မိုက်တစ်ထွာမျှရယ်နဲ့
ငြင်းဖို့သန်ရင် မိုက်ရာကျပေလိမ့်
စရိုက်သဘာဝရယ်က ကျမ်းဂန်နွယ်
သခင်ကိုယ်တော်မှိုင်းရဲ့ ကဗျာလေးကိုလည်း သတိရစေချင်ပါတယ်ဗျာ။

↧
↧

“မဘသ(ဗဟို)လပတ်အစည်းအဝေး”

$
0
0


18.11.2014 မနက် GM လေယာဉ်နှင့် ရန်ကုန်မြို့ကို ရောက်ရှိခဲ့ပါတယ်။
တာမွေမြို့နယ်၊ အရှေ့မြင်းပြိုင်ကွင်းလမ်းနှင့် လေးထောင့်ကန်လမ်းထောင့်မှာ ကျင်းပတဲ့ မြေသန့်မင်္ဂလာအခမ်း အနားသို့ ရောက်ရှိခဲ့ပါတယ်။
နိုင်ငံတော်သံဃမဟာနာယက ဒုတိယဥက္ကဋ္ဌဆင်မင်းဆရာတော်ဘုရားကြီး၊ အင်းစိန်ရွာမဆရာတော်ဘုရားကြီး တို့ ကြီးမှူးတဲ့ ပွဲပါ။ သံဃာအပါး တစ်ထောင်ကျော် ကြွရောက်တဲ့ပွဲပါ။
မွန်းလွဲ 1:00 မှာ အင်းစိန်ရွာမမှ ပုံမှန်ကျင်းပနေကြဖြစ်တဲ့ လ-ပတ်အစည်းအဝေးသို့ တက်ရောက်ခဲ့ပါတယ်။
စာရေးဆရာ ဦးထင်လင်းဦးကိစ္စ
အောင်ဇေယျတုဂျာနယ်လ် ကိစ္စ
အမျိုးစောင့်ဥပဒေ တောင်းဆိုပွဲများကိစ္စ အပါအဝင် ပုံမှန် မဘသရေးရာများ ဆွေးနွေးကြပါတယ်။
ဝံသာနုရက္ခိတအဖွဲ့က တရားလိုလုပ်ပြီး တိုင်ကြားမည့်အကြောင်း လျှောက်ထားကြပါတယ်။ မဘသ(ဗဟို) အဖွဲ့က ဓမ္မိကရက္ခာဝရဏဂုတ္တိ-တရားသဖြင့် စောင့်ရှောက်ကြဖို့ တာဝန်ရှိကြောင်း သြဝါဒပေးပါတယ်။
အောင်ဇေယျတုဂျာနယ်လ်ကို ဗဟို(မဘသ)က တာဝန်ယူ ဆက်လက်ထုတ်ဝေသွားဖို့အတွက် ဖွဲ့စည်းပုံ ပြင်ဆင်ကြပါတယ်။
အမျိုးစောင့်ဥပဒေ ဆက်လက်ချွေးသိပ်ခံထားရဦးမည်ဆိုလျှင် တစ်နိုင်ငံလုံး အတိုင်းအတာအရ တောင်းဆိုပွဲတွေ ပြုလုပ်ကြဖို့ ဆွေးနွေးခဲ့ကြပါတယ်။

↧

“မရမ်းကုန်း NLD နှင့် ဆရာထင်လင်းဦးတို့ ရွာမဆရာတော်ကြီးထံ လာရောက်တောင်းပန်”

$
0
0


18.11.2014 ရက်နေ့ ညနေ 5:00 ခန့်က ဖြစ်ပါတယ်။ ရွာမဆရာတော်ကြီးထံ မရမ်းကုန်း NLD အဖွဲ့ရောက် လာလို့ ဆရာတော်ကြီးက သြဝါဒပေးပါတယ်။
အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးဆိုတာ တစ်ဦးတစ်ဖွဲ့တည်းရဲ့ တာဝန်မဟုတ်ဘူး။ ဗုဒ္ဓဘာသာဝင်အားလုံးမှာ တာဝန်ရှိတယ်လို့ ဆရာတော်ကြီးက မိန့်တော်မူပြီး ဆရာထင်လင်းဦးကိစ္စကို မေးတော်မူပါတယ်။
မရမ်းကုန်း NLD အဖွဲ့ဝင်များက ဒါ-ထင်လင်းဦးပါပဲဘုရား လို့ လျှောက်ထားအပြီးမှာ ဆရာထင်လင်းဦးက တောင်းပန်လျှောက်ထားပြီး လှူဖွယ်များ ဆက်ကပ်ပါတယ်။ ဒါကို ဓာတ်ပုံမှတ်တမ်းတင်ကြဖို့ လုပ်တဲ့အခါ ဆရာတော်ကြီး၏ တပည့်လေးများက ဓာတ်ပုံမရိုက်ဖို့ မေတ္တာရပ်ခံခဲ့ကြပါတယ်။
ဆရာတော်ကြီးက တောင်းပန်တာကိုလည်း လက်ခံတယ်။ လှူဖွယ်ခြင်းကိုလည်း အလှူခံတယ်ပြောပြီး အခြားလိုအပ်ရာမှာ သုံးစွဲကြဖို့ ပြန်လည်စွန့်ကြဲပြီး၊ ကိုယ့်တာဝန်ကိုယ်ယူဖို့ ဆရာထင်လင်းဦးကို တိုက်တွန်း လိုက်ပါတယ်။
သံဃာထုတစ်ရပ်လုံးကို စော်ကားတာက စင်မြင့်ပေါ်မှာ လူသိရှင်ကြား ဒေါနဲ့ မောနဲ့၊ လာတောင်းပန်တော့ ဆရာတော်ကြီးတစ်ပါးတည်းကို လူမသိ သူမသိ ခိုးကြောင်ခိုးဝှက် ဖြစ်နေတာ တွေ့ရမှာပါ။
ဆရာထင်လင်းဦး တောင်းပန်နေတဲ့ ပုံလေးနှင့် စော်ကားနေတဲ့ပုံလေး ယှဉ်တွဲပြီး ကြည့်ချင်လိုက်တာဗျာ။
“မြန်မာပြည်မှာ မိန်းမ မယူတဲ့ လူတန်းစား ငါးသိန်းကျော်ရှိတယ်” ဆိုပြီး သံဃာထုတစ်ရပ်လုံးကို စော်ကားတာ ဒီမိုကရေစီဆိုရင် အဲဒီ ဒီမိုကရေစီကို အဝီစိမှာပဲ ကျင့်သုံးကြဖို့ တိုက်တွန်းရတော့မယ် ထင်ပါရဲ့။
သံဃာ-၅-သိန်းကျော်ကို ဗြောင်ကျကျ စော်ကားသူ ဒီတစ်ယောက်ပဲ တွေ့ဖူးသေးတယ်ဗျာ။
စော်ကားတဲ့သူကလည်း လမ်းဘေးက အရက်သမားမဟုတ်ဘူးဗျ။ စင်ပေါ်က နိုင်ငံရေးသမားဗျ။
ပါတီမဲ့ နိုင်ငံရေးသမားလည်း မဟုတ်။
ပါတီသေးသေးလေးကလည်း မဟုတ်။
ကြံ့ဖွတ်လို အာဏာရပါတီကြီးကလည်း မဟုတ်။
အတိုက်အခံ ဒီမိုကရေစီပါတီကြီးကဗျ။
အရပ်သူ အရပ်သား စီစဉ်တဲ့ သာမဉ်ညောင်ညဟောပြောပွဲမျိုးမှာ စော်ကားတာမဟုတ်ဘူးဗျ။ ဒီမိုကရေစီ အဖွဲ့ချုပ်(မြို့နယ်)က စီစဉ်တဲ့ ပွဲကြီးဗျ။
သာမန်ဟောပြောပွဲတောင် မဟုတ်ဘူးဗျ။ လွတ်လပ်ရေးဗိသုကာ ငြိမ်းချမ်းရေးခေါင်းဆောင်ကြီး ဆရာတော် ဦးဝိစာရနေ့ အထိမ်းအမှတ် ကျင်းပတဲ့ ပွဲကြီးဗျ။
ရွာမဆရာတော်ကြီးကို တောင်းပန်တာကိုတော့ ကြိုဆိုပါတယ်ဗျာ။ သာဓုလည်း ခေါ်ပါတယ်။ အားလည်းပေး ပါတယ်။
ရွာမဆရာတော်ကြီးကို တောင်းပန်ရုံနှင့်တော့ ဖြေရှင်းရာ မရောက်သေးဘူးဆိုတာ နားလည်းထားလိုက်ပါ။
တာဝန်မယူ-တာဝန်ခံတတ်တဲ့ NLD ဌာနချုပ်နှင့်စာရင်တော့ မရမ်းကုန်း NLD နှင့် ဆရာထင်လင်းဦးတို့ကို ချီးကျူးရမှာပါပဲဗျာ။
ဒါပေမဲ့ ဒါဟာ လုံလောက်တဲ့ အဖြေမဟုတ်သေးဘူးဆိုတာကိုတော့ သိကြစေချင်ပါတယ်။
ဝီရသူ(မစိုးရိမ်)
19.11.2014
PM 10:34
 



↧

“ပြည်သူ့အစေခံ အဖြေမှန်ရေး(၁၂)”

$
0
0

(ဤကဏ္ဍတွင် ဆယ်အိမ်ခေါင်းမှ သမ္မတအထိ မြို့နယ်ဥပဒေအရာရှိမှ တရားဥပဒေအရာရှိချုပ်အထိ။ မြို့နယ်တရားသူကြီးမှ တရားသူကြီးချုပ်အထိ အဆင့်ဆင့်သော ပြည်သူ့အစေခံ ဝန်ထမ်းများ၏ မတရားမှုများ ကို အဆက်မပြတ် တင်ပြသွားပါမည်။
အမှန်တကယ် နစ်နာသူများ၊ တရားဥပဒေစိုးမိုးလိုသူများ၊ အမှန်တရားကို မြတ်နိုးသူများက သတင်းများ၊ တိုင်ကြားစာများ၊ ရင်ဖွင့်စာများ ပေးပို့နိုင်ပါသည်။
အမည်၊ နေရပ်လိပ်စာ၊ မှတ်ပုံတင်၊ ဖုန်းနံပါတ်တို့ ပူးတွဲ ပေးပို့ရပါမည်။
ငွေကြေးတစ်ပြားတလေမျှ ပေးစရာမလိုသလို၊ အဆင်ပြေအောင်မြင်သွားလျှင်လည်း ကျေးဇူးတင်စကားတောင် ပြောစရာမလိုပါ။
မမှန်ကန်ခြင်း၊ မပြည့်စုံခြင်း၊ လုပ်ကြံရေးသားခြင်းတို့အတွက် ကာယကံရှင်နှင့် ပေးပို့သူတို့ကသာ တာဝန်ယူ ဖြေရှင်းရမည် ဖြစ်ပါသည်။)
မနှင်းကေသီစိုးက(ဗမာ/ဗုဒ္ဓ)၊
ဦးအောင်မင်းနိုင်(ခ)မစ္စတာပက်ထရဇ်က နိုင်ငံခြားသား စပွန်ဆာပေးသူနှင့် အဆိုတော်ဖြစ်ချင်သူတို့ ညားကြသည့်ကိစ္စ။
နိုင်ငံခြားသားက လူလည်။ တင်တောင်းတဲ့ပစ္စည်းတွေကို လိမ်လည်ပြီး စာချုပ် ချုပ်ထားပြီး မိန်းကလေး မသိအောင် အခြားလူယုံအမည်ဖြင့် ဂရံဖောက်ထားလိုက်။
ဘာသာရေးကိုအကြောင်းပြုပြီး ယဉ်ကျေးမှုနှစ်ခု တွန်းမိတိုက်မိကြတဲ့အခါ ကောင်မလေးမှာ အဝတ်တစ်ထည် ကိုယ်တစ်ထည်ဖြင့် ဆင်းပေးရတော့မည့်ကိစ္စ ဖြစ်ပါတယ်။
သိသိကြီးနှင့် ပူးပေါင်းကြံစည်ရက်သူ တရားလွှတ်တော်ရှေ့နေ ဒေါ်ဘေဘီထွန်း။
ဒုတိယဗိုလ်မှူးကြီး အောင်နိုင်နှင့် နိုင်ငံခြားသားကြီး မစ္စတာပက်ထရစ်တို့ကို တရားဥပဒေနည်းလမ်းအတိုင်း အရေးယူဆောင်ရွက်ဖို့နှင့်၊ နစ်နာသူ မိန်းကလေး နှင်းကေသီစိုး လိုအပ်နေတဲ့ အကာအကွယ်နှင့် အကူအညီ အတွက် ဘယ်သူ့မှာ တာဝန်ရှိသလဲ?
ရဲတပ်ဖွဲ့၊ တရားရုံး၊ အာဏာပိုင်နှင့် သက်ဆိုင်ရာအားလုံး ဖြေရှင်းပေးကြဖို့ တောင်းဆိုလိုက်ပါတယ်။
မနှင်းကေသီစိုး ပေးပို့သည့် စာများကို ပူးတွဲတင်ပြလိုက်ပါတယ်။
စုံစမ်းရန်-မနှင်းကေသီစိုး=09.254365716
==========================================================
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ (၇)ရပ်ကွက်၊ ပိတောက်မြိုင်လမ်း၊ အမှတ်(၈၁၂)နေ ကျွန်မ ဒေါ်နှင်းကေသီစိုး(ဘ)ဦးမြင့်စိုး၊ ၁၂/ဒဂရ(နိုင်)၀၁၇၃၁၄ အသက်(၂၃)နှစ်၊ ဗမာ ဗုဒ္ဓဘာသာ ကိုးကွယ်သူမှ အောက်ပါအတိုင်း တင်ပြတိုင်ကြားအပ်ပါသည်။
၁။ ကျွန်မသည် ဦးအောင်မင်းနိုင်(ခ)MR.POHLA DUKE PATRICK နှင့် လွန်ခဲ့သော (၂)နှစ်ခန့်က သီချင်းခွေထုတ်ရန် အင်တာဗျူးဖြေဆိုရာမှ ဦးအောင်မင်းနိုင်သည် အင်တာဗျူးဘုတ်အဖွဲ့ဝင် ထုတ်ဝေသူအဖြစ် ပါဝင်ရာမှ တွေ့ဆုံခဲ့ခြင်းဖြစ်ပါသည်။
၂။ ဦးအောင်မင်းနိုင်၏ ပြောပြချက်အရ ၄င်းသည် မြန်မာနိုင်ငံ၌ မွေး၍ သြစတေးလျနိုင်ငံတွင် လွန်ခဲ့သော (၄၅)နှစ်က သွားရောက်နေထိုင်ပြီး သြစတေးလျနိုင်ငံသားအဖြစ် ခံယူထားခြင်းဖြစ်သည်။ အသက်(၆၆)နှစ် အရွယ်ဖြစ်ပါသည်။ ၄င်းသည် မြန်မာနိုင်ငံသို့ နိုင်ငံခြားသားအဖြစ် လာရောက်နေထိုင်ပြီး ရေနံတူးဖော်သည့် လုပ်ငန်းနှင့် အခြားစီးပွားရေးလုပ်ငန်းများအား လုပ်ကိုင်နေသူဖြစ်ပါသည်။
၃။ ဦးအောင်မင်းနိုင်သည် ကျွန်မအား လက်ပ်ထိမ်းမြားရန် ယခင်ကိုးကွယ်ရာ ခရစ်ယာန်ဘာသာမှ ဗုဒ္ဓဘာသာသို့ ကူးပြောင်းပြီး(၅.၂.၂၀၁၄) နေ့တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် တရားသူကြီးရှေ့မှောက် တွင် တရားဝင်လက်ထပ်စာချုပ် ချုပ်ဆိုခဲ့ကြပါသည်။
၎။ ထိုသို့ လက်မထပ်မီ(၃.၂.၂၀၁၄)နေ့တွင် ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ (၃၄)လမ်းရှိ တရားလွှတ်တော်ရှေ့နေ ဒေါ်ဘေဘီထွန်းရုံးခန်း၌ ၄င်းပိုင်ဆိုင်ပါသည်ဟုဆိုသည့် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ (၆)ရပ်ကွက်၊ မာလာလမ်းသွယ်၊ အမှတ်(၂၂၉)၊ မြေတိုင်းရပ်ကွက်အမှတ်(RA.3)၊ ဦးပိုင်အမှတ် (၆၉/၂၆၅)၊ မြေကွက်အမှတ်(၂၀၂/၄၇၀)၊ ဧရိယာ(၀.၁၃)ဧကရှိ နှစ်(၃၀)ဂရန် မြေကွက်နှင့် ယင်းမြေပေါ်ရှိ (၁)ထပ်ခွဲတိုက် အဆောက်အဦး(ဆ)လုံးနှင့် ဖုန်း-၀၈၅၂၃၁၉၄၊ ကြိုးဖုန်း(၁)လုံး အပါအဝင် ကိုယ်ပိုင် ရေမီးစုံ၊ အကျိုးခံစားခွင့် အရပ်ရပ်တို့အား လွှဲပြောင်းပေးမည်ဟုဆိုကာ ရှေ့နေရုံးခန်းသို့ ခေါ်ဆောင်လာပါသည်။
အဆိုပါ အိမ်ခြံမြေနှင့် ပတ်သက်၍ ဂရန်အမည်ပေါက်သူ ဗိုလ်မှူးကြီးအောင်နိုင်၊ ၉/မမန(နိုင်)၀၇၄၉၆၄ MDT039442 အမှတ်(၄)၊ ကျွန်းတောလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့ နေထိုင်သူအား ဦးအောင်မင်းနိုင်မှ ဖုန်းဆက်ခေါ်ပါသည်။ ဗိုလ်မှူးကြီးအောင်နိုင်မှ အထက်ဖော်ပြပါ အိမ်ခြံမြေအား ၄င်း၏ ခယ်မတော်စပ်သူ တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်မာအေးအား လွှဲအပ်ထားပြီးဖြစ်ကြောင်းပြောသဖြင့်(၄.၂.၂၀၁၄) ရက်နေ့တွင် ဦးအောင်မင်းနိုင်မှ ကျွန်မတို့အား ဒေါ်ဘေဘီထွန်းရုံးခန်းသို့ ခေါ်ယူ၍ ဗိုလ်မှူးကြီးအောင်နိုင်နှင့် ဒေါ်ခင်မာအေး တို့(၂)ဦး ၄င်းအိမ်ခြံမြေပိုင်ဆိုင်မှုနှင့် ပတ်သက်သော အရပ်ကတိစာချုပ်(၁)စောင်နှင့် ဒေါ်ခင်မာအေးမှ ရောင်းသူနေရာတွင် ရောင်းဘိုးငွေကျပ်(၁၈၀၀)နှင့် အသင့်ဖြည့်စွက်ပြီး လက်မှတ်စတ်ခြမ်းထိုးပေးထားသော အရပ်စာချုပ်(၁)စောင်နှင့်အတူ အထက်ဖော်ပြပါ အိမ်ခြံမြေနှင့် သက်ဆိုင်သော စာရွက်စာတမ်းတစ်ချို့ကို ယူလာပြီး ပြသရာ ဒေါ်ဘေဘီထွန်းမှ စာရွက်စာတမ်းများအား စစ်ဆေးပြီးမှန်ကန်ကြောင်း ပြည့်စုံကြောင်း စိစစ်ပြီးဖြစ်ကြောင်းပြောဆို၍ ကျွန်မအား ဝယ်သူနေရာ၌ လက်မှတ်ရေးထိုးစေခဲ့ပြီး ဒေါ်ဘေဘီထွန်းနှင့် ကျွန်မအစ်မ ဒေါ်ကြည်ပြာစိုးတို့မှ သက်သေအဖြစ် လက်မှတ်ရေးထိုးချုပ်ဆိုခဲ့ကြပါသည်။
၆။ အဆိုပါစာချုပ်များ လက်မှတ်ထိုးစဉ်က ကျွန်မမှ ၄င်းအိမ်ခြံမြေ၏ တန်ဖိုးမှာ ကျပ်သိန်း(၇၀၀၀)ခန့်တန် ကြောင်း ပြောခဲ့ရာ ဦးအောင်မင်းနိုင်မှ ကျွန်မအမည်ပေါက်ပြောင်းပေးရာတွင် အခွန်သက်သာစေရန် လျှော့၍ ချုပ်ဆိုလာခြင်းဖြစ်ကြောင်း ပြောပြပါသည်။ ၄င်းစာချုပ် ချုပ်ပြီး ဒေါ်ဘေဘီထွန်းအား တစ်ပါတည်း အပ်မည်ဆို ကာ ဦးအောင်မင်းနိုင်မှ အဆိုပါစာရွက်စာတမ်းများအားလုံးကို ဒေါ်ဘေဘီထွန်းကို ထည့်ပေးလိုက်ပါသည်။
၇။ (၅.၂.၂၀၁၄)နေ့ ညတွင် အထက်ဖော်ပြပါ အိမ်ခြံမြေနှင့် ပတ်သက်သော စာရွက်စာတမ်းများကို ဒေါ်ဘေဘီထွန်းထံတွင် အပ်နှံကြောင်း ချုပ်ဆိုခဲ့ပါသည်။
၈။ အထက်ဖော်ပြပါ အိမ်ခြံမြေနှင့်ပတ်သက်၍ ဦးအောင်မင်းနိုင်မှ ကျွန်မအမည်ပြောင်းပေးခြင်း မရှိသလို ဒေါ်ခင်မာအေး အနေနှင့်လည်း တစ်စုံတစ်ရာ ကူညီဆောင်ရွက်ပေးခြင်းမရှိပါ။ တရားလွှတ်တော်ရှေ့နေ ဒေါ်ဘေဘီထွန်းအနေဖြင့်လည်း အဆိုပါ အရောင်းအဝယ်ပြုလုပ်သည့် အိမ်ခြံမြေနှင့် ပတ်သက်၍ အမည်ပေါက် ပိုင်ရှင်မှာ ဒေါ်ခင်မာအေးမဟုတ်ဘဲ ဗိုလ်မှူးကြီးအောင်နိုင် အမည်ပေါက်မှန်း သိလျှက်နှင့်သော်လည်းကောင်း၊ ဒေါ်ခင်မာအေးလူကိုယ်တိုင်မပါရှိဘဲ အသင့်လက်မှတ်ထိုးပြီး စာချုပ်ပေါ်တွင် အရောင်းအဝယ်ပြုစေပြီး အသိသက်သေအဖြစ် လက်မှတ်ထိုးကာ ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ ဆောင်ရွက်ပေးခြင်းသည် မြန်မာအမျိုးသမီးတစ်ဦးအနေဖြင့် ပိုင်ရေးဆိုင်ရာအရ အတည်မဖြစ်မှန်းသိလျက် လုပ်ဆောင်ပေးခဲ့ခြင်းသာ ဖြစ်ပါသည်။ ယခုအခါ ရှေ့နေဒေါ်ဘေဘီထွန်းသည် ကျွန်မ ဝယ်ယူအဖြစ် ချုပ်ဆိုခဲ့သော အိမ်ခြံမြေနှင့် ပတ်သက်၍ အတည်ဖြစ်အောင် တစ်စုံတစ်ရာ ဆောင်ရွက်ပေးခြင်းမရှိသည့်အပြင် မဆိုင်သလို ပြောဆို ပြုမူနေပါသည်။
၉။ ဦးအောင်မင်းနိုင် အနေဖြင့်လည်း ကျွန်မအား လက်ထပ်ပေါင်းသင်းခဲ့သော်လည်း ခရစ်ယာန်ဘာသာ မကိုးကွယ်၍ နေ့စဉ်နှင့်အမျှ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်အောင် ဆောင်ရွက်နေသည့်အပြင် ကျွန်မအား ရိုက်နှက်ပြီး၊ သတ်ပစ်မည်ဟု ခြိမ်းခြောက်ခြင်းများ ပြုလုပ်သည့်အတွက် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ် တရားရုံးတွင် ရာကြီးအမှတ်-၄၂၆/၂၀၁၄ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၃၂၃/၅၀၆)အရ တရားစွဲဆိုထားသည့် အပြင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ရဲစခန်းတွင် ပ-၃၉၂/၂၀၁၄ အရ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ-၃၅၄/၂၉၄/ ၂၃၂/၁၁၄ အရ အမှုဖွင့် ဆောင်ရွက်လျှက်ရှိပါသည်။ ထို့အပြင် ကျွန်မအား လိုက်လံချောင်းမြောင်းပြီး အခြားသူများကို အခကြေးငွေပေး၍ လူမှုရေးဖောက်ပြန်သည့် အနေအထားဖြစ်အောင် နောက်ကွယ်မှ လိုက်လံ ဆောင်ရွက်နေပါသည်။
၁၀။ စာချုပ်စာတမ်းများကို သက်ဆိုင်ရာ မြေစာရင်းနှင့် အခြားဥပဒေအကျိုးဆောင်များအား မေးမြန်းကြည့်ခဲ့ရာ ၄င်းစာချုပ်များ၌ အရောင်းအဝယ် မှတ်ပုံတင်ချုပ်ဆိုထားသော အမည်ပေါက်သူ ဦးအောင်နိုင်သူ ကျွန်မအား တိုက်ရိုက်ချုပ်ဆိုပေးထားခြင်း မရှိသလို အရောင်းအဝယ် မှတ်ပုံတင်ချုပ်ဆိုထားသော ဂရန်စာချုပ်ကြီးမပါဘဲ ဂရန်ကြီးမထွက်မီ အဆင့်ဆင့်စာရွက်စာတမ်းမျှသာဖြစ်ကြောင်း သိရှိရပါသည်။
၁၁။ ထို့ပြင် MR.POHLA DUKE PATRICK(ခ)ဦးအောင်မင်းနိုင်သည် နိုင်ငံခြားသား(၁)ဦး အနေဖြင့် တရားဥပဒေနှင့် မလွတ်ကင်းသော-
(၁) ရေနံတူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေခြင်း။
(၂) နိုင်ငံသားမှတ်ပုံတင်အတု ၇/ပတန(နိုင်)၁၃၄၂၃၂အား ကိုင်ဆောင် အသုံးပြုခြင်း။
(၃) နိုင်ငံခြားသား(၁)ဦးအနေဖြင့်  မရွှေ့ပြောင်းနိုင်သော ပစ္စည်းများအား မြန်မာနိုင်ငံသားများ အမည်သုံး၍ အရောင်းအဝယ်ပြုလုပ်ဆောင်ရွက်ခြင်း။
ယင်းပစ္စည်းများမှာ-
(က) ငပီလီမှ ဘန်ကလိုများ
(ခ) ပြင်ဦးလွင်မှ တိုက်နှင့်ခြံ
(ဂ) မရမ်းကုန်း၊ ဦးဘဟန်လမ်းသွယ်၊ အမှတ်(၅၉)၊ (၅)လွှာရှိ တိုက်ခန်း(၂)ခန်း
(ဃ) ရေနံတွင်းတူးသည့် Crown စက်(၂)လုံး
(င) ၄င်းစီးနေသော 6E-5040 CRV CAR အနက်ရောင်တို့ ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ နိုင်ငံခြားသား(၁)ဦးအနေဖြင့် မြန်မာနိုင်ငံအတွင်း တရားမဝင် ဆောင်ရွက်နေသော လုပ်ငန်းများနှင့် ပတ်သက်၍ ၄င်းမြန်မာမိန်းကလေး(၁)ဦးအပေါ် လိမ်ညာလီဆည်သော စာချုပ်စာတမ်းဖြင့် တင်တောင်းသည် ဟု လိမ်လည်ဆောင်ရွက်ခြင်းကို သိရှိနားလည်လျှက် ဝိုင်းဝန်းလိမ်လည် ချုပ်ဆိုပေးခဲ့သော တရားလွှတ်တော် ရှေ့နေများနှင့် ဂရန်အမည်ပေါက်ပိုင်ရှင် ဗိုလ်မှူးကြီးအောင်နိုင်တို့အား ၄င်း လိမ်လည်ပေါင်းသင်းခဲ့သော ဦးအောင်မင်းနိုင်(ခ)MR.POHLA DUKE PATRICK အားလည်းကောင်း စုံစမ်းစိစစ်၍ ဥပဒေအရ အရေးယူ ဆောင်ရွက်ပေးပါရန် တင်ပြတိုင်ကြားအပ်ပါသည်။
ပူးတွဲလျှက်
(၅.၂.၂၀၁၄) ရက်စွဲပါ လက်ထပ်စာချုပ်မိတ္တူ
(၅.၂.၂၀၁၄)ရက်စွဲပါ တရားလွှတ်တော်ရှေ့နေ ဒေါ်ဘေဘီထွန်းရှေ့မှောက်၌ ချုပ်ဆိုသည့် ကတိစာချုပ် မိတ္တူနှင့် အပ်နှံခဲ့သည့် စာရွက်စာတမ်းများစာရင်းမိတ္တူ
(၄.၂.၂၀၁၄)ရက်စွဲပါ မြေနှင့် အိမ်အရောင်းအဝယ် ကတိစာချုပ်မိတ္တူ
(၇.၁၂.၂၀၁၄)ရက်စွဲပါ ဗိုလ်မှူးကြီးအောင်နိုင်နှင့် ဒေါ်ခင်မာအေးတို့ ချုပ်ဆိုသည့် ကတိစာချုပ် မိတ္တူ
လေးစားစွာဖြင့်
တင်ပြတိုင်ကြားသူ
ဒေါ်နှင်းကေသီစိုး(ဘ)ဦးမြင့်စိုး
၁၂/ဒဂရ(နိုင်)၀၁၇၃၁၄
အမှတ်(၈၁၂)၊ ပိတောက်မြိုင်လမ်း၊ (၇)ရပ်ကွက်
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။



↧
Viewing all 2129 articles
Browse latest View live