Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“၂၀၀၇ နောက်ပိုင်း အကြီးမားဆုံးသံဃာထုစုဝေးမှုအဖြစ် မျိုးစောင့်ဥပဒေပြဋ္ဌာန်းရေး မန္တလေး၌ ရဟန်း၊ သီလရှင်နှင့် လူထု တစ်ခဲနက် ဆန္ဒထုတ်ဖော်”

$
0
0


၂၀၀၇ ခုနှစ် ရွှေဝါရောင်သံဃာအရေးအခင်း နောက်ပိုင်း အကြီးမားဆုံးသော သံဃာထု၏ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်မှုအဖြစ် မျိုးစောင့်ဥပဒေပြဋ္ဌာန်းပေးရန် မန္တလေးမြို့တွင် တစ်ခဲနက် တောင်းဆိုခဲ့ကြကြောင်း သတင်းရရှိသည်။ အဆိုပါ ဆန္ဒထုတ်ဖော်မှုမှာ အောက်တိုဘာ ၂၅ ရက်က ရန်ကုန်မြို့၌ အလားတူဆန္ဒ ထုတ်ဖော်မှုအပြီး အောက်တိုဘာ ၃၀ ရက်တွင်ဖြစ်ကာ သံဃာတော် သီလရှင်နှင့် မျိုးစောင့်ဥပဒေ ထောက်ခံသူ သောင်းနှင့်ချီကာ မန္တလေးမြို့ ၃၅လမ်းနှင့် ၈၅ လမ်းကြားမှ စတင်၍ အိမ်တော်ရာဘုရားအထိ ၃၅ လမ်းတစ်လျှောက် မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ ဆန္ဒပြပွဲအတွင်းသို့ မန္တလေးမြို့မှ သံဃာများနှင့် လူထုသာမက အမရပူရ၊ ကျောက်ဆည်၊ စစ်ကိုင်း၊ ရေဦး၊ မုံရွာ၊ မိတ္ထီလာတို့မှ သံဃာများလည်း ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရကာ အိမ်တော်ရာဘုရားဝင်း၌ ဆက်လက်စုဝေးပြီး မစိုးရိမ်တိုက်ဟောင်းဆရာတော် ဦးန္ဒာစက္ကက အမျိုးဘာသာအရေးကို ဟောကြားခဲ့ကြောင်းနှင့် ရှေ့နေ ဦးမောင်မောင်ညိုလှ၊ ဦးသန့်ဇင်၊ အမျိုးသားစာပေဆုရဒေါ်ယဉ်ယဉ်နုတို့ကလည်း ဆက်လက် ဟောပြောခဲ့ကြောင်း သိရသည်။
Iris

Viewing all articles
Browse latest Browse all 2129

Trending Articles