Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“၃၀-၁၀-၂၀၁၄ရက်နေ့ထုတ် အတုမရှိဂျာနယ် နမူနာအမှတ်(၇)မှ ဝီရသူ(မစိုးရိမ်)ရေးသားသော “မြန်မာအမျိုးသမီးများ အကြမ်းဖက်ခံရသော်” ဆောင်းပါးအား ပြန်လည်တင်ပြသည်” “မဘသ လုပ်ငန်းစဉ်(၁)”

$
0
0



“မြန်မာအမျိုးသမီးများ အကြမ်းဖက်ခံခဲ့ရသော်”
အကြမ်းဖက်ခြင်းဆိုသည်မှာ အနိုင်ကျင့်ခြင်း၊ မတရားပြုကျင့်ခြင်းပင်ဖြစ်သည်။ အားကြီးသူက အားနည်းသူကို အနိုင်ကျင့်သော ပြဿနာများသည် ယနေ့ ကမ္ဘာကြီးကို ခြိမ်းခြောက်နေသော အန္တရာယ်တစ်ခုပင်ဖြစ် လေသည်။
ကမ္ဘာ့ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေသော အကြမ်းဖက်မှုများရှိသလိုပင် လုံခြုံရေးကို ခြိမ်းခြောက်နေသော အကြမ်းဖက်မှုများလည်း ရှိလေသည်။  အထူးသဖြင့် အမျိုးသမီးထု၏ လုံခြုံရေးကို ခြိမ်းခြောက်နေသော အကြမ်းဖက်မှုများကား ကမ္ဘာကြီးကို အကျည်းတန်ရုပ်ဆိုးစေသော လူသားမဆန်မှုများပင် ဖြစ်လေသည်။
ကမ္ဘာတစ်လွှား၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ ပပျောက်ရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းက ကြိုးစားနေကြသည့်နည်းတူ ကျနုပ်တို့ မဘသ အဖွဲ့ကြီးကလည်း နစ်နာသူမိန်းကလေးများအား လူမှုရေး ကျန်းမာရေးနှင့် စားနပ်ရိက္ခာအရေးအတွက်ပါ တတ်နိုင်သည့်ဘက်မှ အကူအညီပေးနေလေသည်။ အမျိုးသမီးများ အကြမ်းဖက်ခံရ၍ မန်းမဘသ သို့ ဆက်သွယ်လာသော မည်သည့်မိန်းကလေးမဆို အကူအညီ ပေးမည်သာ ဖြစ်လေသည်။ ထိုသို့ အကူအညီပေးထားသည့် နစ်နာသူမိန်းကလေးစာရင်းများလည်း ရှိလေသည်။
အထူးသဖြင့် စာရေးသူတို့ မဘသ အဖွဲ့သည် မျိုးတူမုဒိမ်းထက် မျိုးမတူမုဒိမ်းမှုများအတွက် ဦးစားပေး ဆောင်ရွက်ကြလေသည်။ ထိုသို့ ဆောင်ရွက်ကြခြင်းမှာ လူမျိုးခြားတို့၏ အနိုင်ကျင့်မှုကို မခံမရပ်နိုင်ဖြစ်ကာ ဝေဒနာဖြင့် တုန့်ပြန်ခြင်းမျိုး မပေါ်ပေါက်စေလိုသောကြောင့်လည်းကောင်း၊ နစ်နာသည့် ကိုယ့်လူမျိုးဘက်မှ မရပ်တည်လျှင် မြန်မာမြင်တိုင်း ကျင့်ကြံလာကြမည့်အရေးကို အရှည်မျှော်တွေးမိသောကြောင့်လည်းကောင်း၊ အိမ်ရှင်တိုင်းရင်းသားလူများစုသည်သာ အကြမ်းဖက်မှု အနိုင်ကျင့်မှုကို ခံနေရကြောင်းကို ကမ္ဘာကြီးသိစေလို သောကြောင့်လည်းကောင်း၊ ကျူးလွန်သည့် မျိုးနွယ်စုကို တာဝန်ရှိသူများက ဆုံးမပဲ့ပြင် ထိန်းကျောင်းမည် ဆိုလျှင် မြန်မာပြည် ထာဝရငြိမ်းချမ်းမည့်လမ်းစဉ်ကို သိမြင်ထားသောကြောင့်လည်းကောင်း ဖြစ်ပေသည်။
ဒေသဆိုင်ရာ မဘသ အဖွဲ့များအနေဖြင့် အဆိုပါ မုဒိမ်းမှုများဖြစ်ပေါ်လာလျှင် ကာယကံရှင် မိန်းကလေး မိသားစုနှင့် တွေ့ဆုံဖို့လိုပေသည်။ မိမိရုံးဌာနသို့ မလာရောက်နိုင်သည့် ကျေးရွာ ဆင်းရဲသားမိသားစုများ ဖြစ်နေလျှင် မဘသ ကိုယ်တိုင် သွားရောက်တွေ့ဆုံရမည်ဖြစ်ပေသည်။
နစ်နာသူဘက်မှ အမှန်တကယ် ကျူးလွန်ခံရကြောင်း ထင်ရှားလျှင် ကျူးလွန်သူသည် လူမျိုးခြား ဘာသာခြား ဟုတ်သည် မဟုတ်သည်ကို သေချာတိကျစွာ စုံစမ်းဖို့လိုအပ်ပေသည်။
နစ်နာသူရော ကျူးလွန်သူပါ ခိုင်မာသော အချက်အလက်များအရ သေချာပြီဆိုလျှင် ရပ်ကွက်ကျေးရွာလူကြီး၊ ဆိုင်ရာရဲစခန်းတို့သို့ ဆက်သွယ်ဆင့်ခေါ်အပ်နှံရမည်ဖြစ်ပါသည်။ ရပ်ကွက်လူကြီးကရော ရဲစခန်းကပါ အမှုတည်ဆောက်ပြီးပါက မုဒိမ်းမှုမြောက်သည်ဖြစ်စေ၊ မုဒိမ်းကြံစည်အဆင့်သာရှိသည်ဖြစ်စေ ရဲစခန်းက ဖမ်းချုပ်ကြမည်သာ ဖြစ်လေသည်။
နစ်နာသူဘက်မှလည်း ကျေနပ်အောင်၊ အများပြည်သူများဘက်မှလည်း ကျေနပ်အောင် ထိရောက်သော ပြစ်ဒဏ်ချမှတ်နိုင်ရေးအတွက် မဘသ အဖွဲ့ကြီးက ဦးစီးဆောင်ရွက်ရမည်ဖြစ်လေသည်။ ထိုသို့ ဆောင်ရွက် ရာတွင် ရဲစခန်းမှာ ထွက်ဆိုထားသော ထွက်ဆိုချက်များ ပြည့်စုံမှု ရှိ/မရှိ ကိုလည်း သိရှိဖို့ လိုလေသည်။ ဥပဒေ အကြံတောင်းတင်ထားသည့်အခါ ဥပဒေအကြံပေးအရာရှိနှင့် ဆက်သွယ်၍ တရားဥပဒေစိုးမိုးရေးကို အထောက်အကူပြုစေမည့် အကြံပြုချက်များ၊ မေတ္တာရပ်ခံချက်များ ပြုလုပ်ဆောင်ရွက်ရမည်ဖြစ်ပါသည်။
တရားသူကြီးထံ ရောက်သွားပြီ၊ တရားရုံးမှာ အမှုရင်ဆိုင်နေပြီဆိုလျှင် မဘသ အဖွဲ့မှ ကြီးကြပ်၍ နစ်နာသူဘက်မှ ပါဝင်ဆောင်ရွက်ပေးရပါမည်။ အလှည့်ကျ လိုက်ပါ ကူညီသူများ၊ ထောက်ပံ့လှူဒါန်းသူများ ရှိရလေအောင် စီစဉ်ဆောင်ရွက်ပေးရပါမည်။ ထိုသို့ ဆောင်ရွက်ခြင်းဖြင့် ကိုယ့်လူမျိုး မျက်နှာမညှိုး စိတ်အားမငယ်တော့ခြင်း၊ ကိုယ့်လူမျိုးကို လူစိမ်းလူရိုင်းတွေ အနိုင်မကျင့်ဝံ့တော့ခြင်း၊ ဝန်ထမ်းများ လာဘ်စား၍ မတရားလုပ်မှုများ မပြုလုပ်ရဲတော့ခြင်း၊ ပြစ်မှုကျူးလွန်သူကို ဥပဒေအဆုံးအမဖြင့်သာ ထိုက်တန်သော တုန့်ပြန်မှုများ ဆောင်ရွက်ပြီးသားဖြစ်ခြင်း၊ အများပြည်သူများကလည်း အားရကျေနပ်ကာ ဆူပူမှုများ မဖြစ်တော့ဘဲ တည်ငြိမ်အေးချမ်းစွာ သွားလာနေထိုင်ရခြင်းစသော အကျိုးတရားများကို ရရှိခံစားနိုင်မည် ဖြစ်ပါသည်။
တရားရုံးမှာ အမှုရင်ဆိုင်ကြပြီဆိုလျှင် နစ်နာသူဘက်မှ ရှေ့နေလိုက်ပေးရမည့်သူမှာ ဥပဒေအကြံပေး အရာရှိပင် ဖြစ်ပါသည်။ ထိုအရာရှိက နစ်နာသူဘက်မှ ရပ်တည်ပေးမည့် အစိုးရရှေ့နေပင်ဖြစ်ပါသည်။ ထိုရှေ့နေသည် ယုံကြည်စိတ်ချရသူဖြစ်ပါက အရပ်သားရှေ့နေ ငှားစရာမလိုတော့ပါ။
ထိုရှေ့နေက တာဝန်မကျေခြင်း၊ စိတ်မဝင်စားခြင်း၊ တရားခံအသိုင်းအဝိုင်းနှင့် ဆက်စပ်မှုရှိခြင်းတို့ကြောင့် ယုံကြည်စိတ်ချရသူမဟုတ်လျှင် အရပ်သားရှေ့နေငှားပေးရပါမည်။ ထိုသို့ အရပ်သားရှေ့နေ ငှားပေးပါလျက် အစိုးရရှေ့နေက ပညာသားပါပါ ကောက်ကျစ်နေသည်ဟု ယူဆလျှင် လူစားလဲခိုင်းရမည်ဖြစ်ပါသည်။
ထို့အပြင် ဆိုင်ရာ တရားသူကြီးထံသို့ မဘသ အဖွဲ့က မေတ္တာရပ်ခံစာပို့ရမည်ဖြစ်ပါသည်။ ပြစ်မှုကျူးလွန်သူ အား ထိရောက်သော ပြစ်ဒဏ်များချမှတ်နိုင်ရေးအတွက် တရားသူကြီးကို ဖိအားပေးရမည်ဖြစ်ပါသည်။ ထိုသို့ ဆောင်ရွက်ခြင်းကို မေတ္တာမဲ့သည် ကရုဏာမဲ့သည်ဟု ဆို၍မရပါ။ ပြစ်မှုကျူးလွန်သူကို ထိုက်တန်စွာ အပြစ်ပေးပါမှ ပြည်သူလူထု စိတ်ကျေနပ်မှုရမည်ဖြစ်ပါသည်။ ပြည်သူလူထု စိတ်ကျေနပ်ပါမှ မလိုလားအပ် သော အနိဋ္ဌာရုံဖြစ်ရပ်ဆိုးများ မပေါ်ပေါက်တော့မှာ ဖြစ်ပါသည်။ ဆူပူအုံကြွမှုများဖြစ်ပေါ်လာပါက ဆိုင်သူရော မဆိုင်သူများပါ ထိခိုက်ဆုံးရှုံးရပါသည်။ နှစ်ဦးနှစ်ဖက်လုံး နစ်နာဆုံးရှုံးရပါသည်။ ထိုသို့သော နစ်နာဆုံးရှုံးမှုများ မပေါ်ပေါက်စေလိုလျှင် တရားခံမုဒိမ်းသမားကို မှတ်သားလောက်အောင် ပြတ်သားပြရမည်သာ ဖြစ်ပါသည်။ ငြိမ်းချမ်းရေးအတွက် အပြစ်ရှိသူကို အပြစ်အလျောက် အပြစ်ပေးခြင်း ဖြစ်ပါသည်။
မဘသအဖွဲ့သည် အဓိကရုဏ်းများ ချုပ်ငြိမ်းစေရန် ရည်သန်ဖွဲ့စည်းထားသည့် အမျိုးစောင့်အဖွဲ့ကြီးဖြစ်ရာ မုဒိမ်းမှုများကို မတားဆီးနိုင်သော်လည်း မုဒိမ်းမှုကြောင့် ပဋိပက္ခများ မဖြစ်ပေါ်အောင် တားဆီးပေးရမည့် တာဝန် ရှိလေသည်။ သာမန် ရာဇဝတ်မှုတစ်ခုမှ အမျိုးသားရေး ပြဿနာများ အဆင့်သို့ မရောက်ရှိအောင် ဆောင်ရွက်နိုင်သော နည်းလမ်းမှာ မုဒိမ်းသမားကို တရားဥပဒေဖြင့် ထိရောက်စွာ ဆုံးမရေး တစ်လမ်းသာ ရှိလေသည်။
ဆိုင်ရာအာဏာပိုင်များကလည်း ပြည်သူလူထု အထွေထွေခံစားချက်များ မပေါက်ကွဲရလေအောင် လက်ဦးမှုကို ရယူသောအားဖြင့် မုဒိမ်းသမားကို ဖမ်းချုပ်ထားရမည်သာဖြစ်လေသည်။ ဆိုင်ရာရဲစခန်းမှာ မထားရှိဘဲ ထောင်ကြီးချုပ်(သို့မဟုတ်) ခရိုင်ရဲစခန်းသို့ အမြန်ဆုံး အပ်နှံလိုက်ခြင်းဖြင့် တရားခံကိုတောင်းရာမှ တစ်ဆင့် ဖြစ်ပေါ်တတ်သော ပယောဂများကို ကာကွယ်ပြီးသား ဖြစ်သွားလေသည်။
ထို့အပြင် ဒေသဆိုင်ရာ တာဝန်အရှိဆုံးဖြစ်သော ဝန်ကြီးချုပ်များ၊ ဌာနဆိုင်ရာ တာဝန်အရှိဆုံးဖြစ်သော ပြည်ထောင်စုဝန်ကြီးများက လူမျိုးခြား မုဒိမ်းမှုကို တိကျပြတ်သားစွာ ကိုင်တွယ်နိုင်ရေးအတွက် လိုအပ်သော ညွှန်ကြားမှုများ ပြုလုပ်ဖို့လိုပေသည်။ တာဝန်အရှိဆုံး ပုဂ္ဂိုလ်များက အမှုမဲ့အမှတ်မဲ့နေပါက အောက်ခြေဝန်ထမ်း များ အဂတိလိုက်စားကာ ထိုမှတစ်ဆင့် ပြဿနာကြီးထွားလာနိုင်သောကြောင့် ဖြစ်ပါသည်။
မဘသ အဖွဲ့များအနေဖြင့် တရားခံကိုလည်း ဖမ်းမိပြီ၊ ကာယကံရှင်ကိုလည်း အကူအညီပေးထားပြီ၊ ဆိုင်ရာကိုလည်း အကြောင်းကြားပြီးပြီဆိုလျှင် Social Network( လူမှုကွန်ရက်) မှတစ်ဆင့် ကမ္ဘာသိအောင် ကြေညာရမည်ဖြစ်ပါသည်။ ထိုသို့ ကြေညာရခြင်းမှာ အမျိုးသားအန္တရာယ်ကို ကြိုတင်ကာကွယ်စေလိုသော ကြောင့်လည်းကောင်း၊ ကမ္ဘာကြီးက ကရုဏာသက်နေသော လူနည်းစုသည် အန္တရာယ်လူသားများဖြစ်ကြောင်း၊ လူများစုက လူနည်းစုကို အနိုင်ကျင့်ခြင်းလုံးဝမရှိဘဲ လူနည်းစုကသာ လူများစုကို အမြဲစော်ကားနေကြကြောင်း၊ လူများစုမှာ လူနည်းစုပေးသည့် ဒုက္ခကိုသာ ခါးစီးခံနေရသူများဖြစ်ကြောင်း သိစေလိုသောကြောင့် လည်းကောင်း၊ လူနည်းစုခေါင်းဆောင်များ သတိထားမိစေလိုခြင်း၊ တာဝန်ယူဖြေရှင်းဆောင်ရွက်လာနိုင်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းမှသည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်လာနိုင်ခြင်းတို့ကို ရည်ရွယ်သောကြောင့် လည်းကောင်း အမှန်တရားကို ကျယ်ပြန့်စွာ ချပြရခြင်း ဖြစ်လေသည်။
ဤသို့သော ရည်ရွယ်ချက်များကို မသိမမြင်သူများက နည်းမျိုးစုံစွာ စွပ်စွဲပုတ်ခတ်နေကြခြင်း ဖြစ်လေသည်။ စာရေးသူသည် လူမျိုးခြားမုဒိမ်းမှုသတင်းတင်ရာ၌ နာမည်ကြီးသူတစ်ဦးဖြစ်လေသည်။ စာရေးသူက တရားခံကို ဖမ်းပြီးမှ သတင်းတင်ပါသည်။ မဘသ အဖွဲ့ အပြည့်အဝ အကူအညီပေးနေကြောင်း သိရမှ သတင်းတင်ပါသည်။ တရားခံကို ဖမ်းပြီးလျှင် ပြည်သူများ စိတ်ကျေနပ်သွားကြပါသည်။ မဘသ ကိုင်တွယ်နေလျှင် ပြည်သူများ ယုံကြည်စိတ်ချသွားကြပါသည်။ ထိုအခါ မလိုလားအပ်သော ပြဿနာများ မဖြစ်ပွားတော့ပါ။ ထို့ကြောင့် စာရေးသူတင်ခဲ့သော မုဒိမ်းသတင်းများမှတစ်ဆင့် အဓိကရုဏ်းဖြစ်ခဲ့သည်ဟူ၍ တစ်ခုတလေမျှပင် မရှိပါပေ။
ထိုသို့ သတင်းတင်ရာ၌ လုပ်ကြံတင်ခြင်း၊ ချဲ့ကားရေးခြင်း၊ ဓာတ်ပုံအတုများဖန်တီးခြင်းစသည့် မသမာသည့် နည်းလမ်းများကို အထူးရှောင်ကြဉ်ဖို့လိုအပ်သလို ကြမ်းတမ်းရိုင်းပြသော စကားလုံးများသုံးခြင်း၊ ရန်လို မုန်းထားသော အသုံးအနှုန်းများ သုံးစွဲခြင်းတို့ကို ရှောင်ကြဉ်ကြရမည်ဖြစ်ပါသည်။
(ပ)နံပါတ်ဆိုသည်မှာ ရဲစခန်းအရေးယူဆောင်ရွက်သော အမှုနံပါတ်ဖြစ်ပြီး ပထမ သတင်းပေးတိုင်ကြားချက်ဟု ဆိုလိုပါသည်။
ဥပမာ ကန့်ဘလူ မြေဒူးမုဒိမ်းမှုအမှတ်(ပ)၂၃၂/၂၀၁၄။ ပြင်ဦးလွင် ဇီးပင်ကြီးမုဒိမ်းမှု အမှတ်(ပ)၆/၂၀၁၄ ဖြစ်ပါသည်။ (၃၇၆)(၃၇၇) ဆိုသည်မှာ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မဖြစ်ပါသည်။ ထို့ကြောင့် (ပ)၆/၂၀၁၄၊ ပုဒ်မ(၃၇၆) ဟုရေးသားကာ ရဲစခန်းဖုန်းနံပါတ်၊ စခန်းမှူး၊ မြို့နယ်မှူး၊ ရပ်ကွက်လူကြီး စသည့် ရရာ ဖုန်းနံပါတ် များထည့်ပေးခြင်းဖြင့် ပါးစပ်သရမ်းမှုလက်သောင်းကျန်းမှုများကို တားဆီးပြီးဖြစ်သွားပါသည်။
တရားခံပုံရှိလျှင် တရားခံပုံတင်ရပါမည်။ ကျူးလွန်ရာနေရာ၊ တရားခံအိမ်၊ နစ်နာသူအိမ်၊ ကျူးလွန်ခံရသူ ပုံများလည်း တင်နိုင်ပါသည်။ မိန်းကလေးပုံတင်ရာ၌ ခွင့်ပြုချက်ရယူခြင်း၊ မျက်နှာပုံကို မထင်ရှားအောင် ပြုခြင်းများ ပြုလုပ်ပြီးမှသာ တင်ဖို့သင့်ပါသည်။ အိမ်နှစ်လုံးပုံတင်ရခြင်းမှာ အကျင့်ခံရသူများသည် ဆင်းရဲသူ များဖြစ်နေကြသည်ကို နှိုင်းယှဉ်ပြလိုသောကြောင့်ဖြစ်ပါသည်။
ဤသို့ မြန်မာတိုင်းရင်းသူများ နစ်နာမှုကို လျစ်လျူရှုမနေမူ၍ ဥပဒေဘောင်အတွင်းက ကူညီကာကွယ်ပေးခြင်း သည် ဝိနည်းတော်နှင့် မဆန့်ကျင်သလို၊ ဘုရားအလိုတော်နှင့်လည်း မဆန့်ကျင်ပါပေ။ ဉာတတ္ထစရိယ လမ်းစဉ်ကျသလို အမျိုး ဘာသာ သာသနာအကျိုးကိုလည်း ဆောင်ရွက်ပြီးသား ဖြစ်သွားပေသည်။

ထို့ကြောင့် မုဒိမ်းမှုများပပျောက်အောင် အမျိုးသမီးများအား ကာကွယ်စောင့်ရှောက်ကြပါ မျိုးချစ် သူတော်ကောင်း အပေါင်းတို့………။
ဝီရသူ(မစိုးရိမ်)
20.10.2014 PM 12:58

Viewing all articles
Browse latest Browse all 2129

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...