Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“မွေးရပ်မြေ ကထိန်ပွဲ”

$
0
0


30.10.2014 မနက် 8:00 မှာ အမိမြေကို ရောက်ပါတယ်။ ရဟန်းဒါယိကာမကြီး ဒေါ်မြချစ်(ထမင်းဆိုင်)ဝင် နှုတ်ဆက်ပြီး ရွှေလှံထောင်ကျောင်းကို သွားပါတယ်။
ရွှေလှံထောင်ကျောင်းဆိုတာ အမေ့အမေ(အမေကြီး)ရဲ့ မောင်အရင်းဖြစ်သူ ဘကြီးဘုန်းကြီးရဲ့ ကျောင်းဖြစ်သလို စာရေးသူကိုရင်ဝတ်ရာ ဥပဇ္ဈာယ်ဆရာကျောင်းလည်းဖြစ်ပါတယ်။
ရွှေလှံထောင်ကျောင်း ကထိန်အလှူရှင်များကတော့ ဦးစိုးဝင်းမောင်+ဒေါ်မြသန်း မိသားစုပါ။ ဘုံကထိန်မဟုတ်ဘဲ မိသားစုကထိန်ဖြစ်ပါတယ်။
ဦးစိုးဝင်းမောင်တို့ မိသားစုက နိုင်ငံရေးသမိုင်းကြောင်းကောင်းခဲ့တဲ့ နိုင်ငံရေးသမားကောင်းတွေပဲ ဖြစ်ပါတယ်။
စစ်အစိုးရတက်လာတော့ ဦးစိုးဝင်းမောင်က ထောင်ကျ။ ဒေါ်မြသန်းက အလုပ်ထွက်။ သံတုတ်နှင့်သဲခဲတို့က တောခို။ သံမဏိနှင့်သံတိုင်တို့က ကျောင်းထုတ်ခံရ။ သမီးဖြစ်သူ ဘုတ်ဘုတ်ကလေးတစ်ယောက်ပဲ ကျောင်းတက်ခွင့်ရခဲ့တာပါ။
အရေးတော်ပုံကာလတုန်းက တစ်အိမ်လုံးခေါင်းဆောင်းပိုင်းက ပါဝင်ခဲ့ကြလို့ နှိပ်ကွက်ခံခဲ့ရတာပဲ ဖြစ်ပါတယ်။
အခုတော့ ဦးစိုးဝင်းမောင် မရှိတော့ရှာတော့ပါဘူး။
သံခဲနှင့်တော့ တွေ့ပါတယ်။ နှုတ်ဆက်ရုံလောက်ပဲ စကားပြောဖြစ်ကြပါတယ်။
အရေးအခင်းတုန်းက သံတုတ်ရယ်၊ သံခဲရယ်၊ စာရေးသူတို့ရယ်က တပူးတွဲတွဲ ရဲဘော်ရဲညွန့်တွေ ဖြစ်ခဲ့ပေမယ့် ပြန်တွေ့ကြတဲ့အခါ ဝမ်းမသာနိုင်ကြတာတော့ ကွဲလွဲမှုတွေ ရှိနေကြလို့ဖြစ်မှာပါပဲ။
အိုးဘိုမှာ အတူနေခဲ့ရတဲ့ ဦးမှိုင်း(ဦးတင်အေးကြူ)လည်း လာတယ်။ သြစီမှ ဦးပညာစက္က (အိုးဝေအောင်ကြည်ရဲ့သား)လည်းလာတယ်။ မိတ္ထီလာ ၈၈ မှ မသန္တာအောင်လည်းလာတယ်။ ရဲဘော်သံခဲရဲ့ နိုင်ငံရေးမိတ်ဆွေတွေ တော်တော်များများ လာကြတာ တွေ့ရလို့ ဝမ်းသာနေမိတယ်။
ကထိန် အနုမောဒနာတရားဟောတဲ့အခါ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးတရား ၆ ပါးဟောကြားခဲ့ပါတယ်။
အမျိုးစောင့်ဥပဒေ ကမ်ပိန်းပွဲသို့ မွန်းတည့် 12:00 အရောက်ကြွရမှာဖြစ်လို့ လှူဖွယ်တွေကို အမေ့ပေးခဲ့ပြီး ပတ်သက်ကြီးဝီရဇော်နိုင်၊ တပည့်ကြီးဝီရတေဇောနှင့်အတူ မန္တလေးသို့ အမြန်ပြန်ခဲ့ရပါတော့တယ်။






Viewing all articles
Browse latest Browse all 2129

Trending Articles