Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“မ.ဘ.သ ဗဟို ကြေညာချက်”

$
0
0


“အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(ဗဟို)အဖွဲ့၏ ဒေသအသီးသီးရှိ မဘသ အဖွဲ့များသို့ အသိပေးညွှန်ကြားချက် အမှတ်(၆)”
ရက်စွဲ-တန်ဆောင်မုန်းလဆန်း ၈-ရက်၊ ၁၃၇၆-ခု၊(အောက်တိုဘာလ ၃၀၊၁၀၊၂၀၁၄)ကြာသပတေးနေ့။
အကြောင်းအရာ။         ။ အသိပေးညွှန်ကြားချက်။
ဖော်ပြပါ အကြောင်းအရာကိစ္စများနှင့် ပတ်သက်၍ ယနေ့ မြန်မာနိုင်ငံတော်တွင် ဗုဒ္ဓဘာသာဝင်လူဦးရေများပြား နေချိန်၌ပင် ဘာသာခြား၊ လူမျိုးခြားများ၏ မတရားလွှမ်းမိုးမှုများကြောင့် မြန်မာအမျိုးသမီးများ၏ နစ်နာဆုံးရှုံး မှုကို အကာအကွယ်မပေးနိုင်သည်က များပါသည်။ ဒါဟာ အမျိုးစောင့်ဥပဒေတစ်ရပ် ခိုင်ခိုင်မာမာ မရှိခဲ့ခြင်း၏ အကျိုးဆက်ပင်ဖြစ်ပါသည်။ ထို့ကြောင့် အခြားဘာသာကြီးများမှ ရှိနေသလို မိမိတို့အတွက်လည်း အမျိုးစောင့်ဥပဒေ အတည်ဖြစ်သွားဖို့ အမြန်ဆုံး လိုအပ်နေပါသည်။
ယခုအခါ မြန်မာပြည်အနှံ့ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးအသီးမှာလည်း အမျိုးစောင့်ဥပဒေ အမြန်ပြဋ္ဌာန်းပေးရေး လူထုတောင်းဆို ဆန္ဒဖော်ထုတ်ပွဲများ ကျင်းပဖို့ အဆင်သင့်ဖြစ်နေကြောင်း သိရပါသည်။ သို့သော် ယခု ရန်ကုန် မန္တလေး နှစ်ဌာန ဆန္ဒထုတ်ဖော်ပွဲများ၌ပင် အမျိုးစောင့်ဥပဒေကို ရဟန်း ရှင် လူ အများအပြား လိုလားနေကြောင်း ထင်ရှားပါသည်။
ထို့ကြောင့် အဆိုပါ ရန်ကုန် မန္တလေး နှစ်ပွဲမျှဖြင့်ပင် လုံလောက်သလောက် ဖြစ်နေ၍ နိုဝင်ဘာလ တစ်လလောက် ခေတ္တစောင့်ကြည့်ဖို့ လိုအပ်ပါသည်။ နိုဝင်ဘာလကုန်သည့်တိုင်အောင် အမျိုးစောင့်ဥပဒေ ပြဋ္ဌာန်းရေး မပေါ်ပေါက်လျှင် နောက်ပိုင်းကာလများကြမှသာလျှင် ဆန္ဒထုတ်ဖော်ပွဲများ မြန်မာပြည်အနှံ့ ဆက်လက် ပြုလုပ်သွားကြဖို့ အသိပေး ညွှန်ကြားအပ်ပါသည်။
ဘဒ္ဒန္တတိလောကာဘိဝံသ
ဥက္ကဋ္ဌ မဘသအဖွဲ့(ဗဟို)
အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြဝါဒါစရိယ
ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်။

Viewing all articles
Browse latest Browse all 2129

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...