Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“နဂါးနီစုဘူးအသင်း အမှတ်(၂) နှစ်ပတ်လည် အခမ်းအနား”

$
0
0


17.10.2014 သီတင်းကျွတ်လပြည့်ကျော် ၉ ရက်နေ့မှာ မစိုးရိမ်တိုက်သစ် ကျောင်းပြန်ဖွင့်ပါတယ်။ ကျောင်းဖွင့်တဲ့ ရက်မှာပဲ မိုးရွာလို့ စာရေးသူစာဝါမချလိုက်ရပါဘူး။
မာလကာခြံရပ်ကွက်၊ နဂါးနီစုဘူးအသင်း နှစ်ပတ်လည် အခမ်းအနားကို စာဝါပြီးချိန်ရွေးပြီး ကျင်းပဖို့ စီစဉ်ထား တာကြောင့် မိုးရွာတာနဲ့ ထပ်မံ ကြုံရပြန်ပါတယ်။
မိုးထဲရေထဲမှာပဲ နှစ်ပတ်လည်ပွဲကို ကျင်းပခဲ့ရပါတယ်။ ဝေးလွန်းတဲ့ အမှတ်(၁)အဖွဲ့ခေါင်းဆောင်တွေ မလာရောက်နိုင်ပေမယ့် အမှတ်(၃)(၄) အစုံအလင် လာရောက်နိုင်ကြပါတယ်။
မဟာအောင်မြေမြို့နယ်၊ မာလကာခြံရပ်ကွက်မှာ ဖွင့်လှစ်ထားတဲ့ နဂါးနီစုဘူးအသင်း အမှတ်(၂)ကို မသန်းသန်းဝင်း၊ မချစ်မွှေးတို့ အမျိုးသမီး ငါးဦးက ဦးဆောင်တာပါ။
(၂၅)သိန်းစတင် မတည်ပေးခဲ့ရာကနေ (၅၈)သိန်းထိ တိုးချဲ့ပေးနိုင်ခဲ့ပါတယ်။
တစ်သိန်းတန်းက(၇၅)ယောက်=(၇၅)သိန်း၊
ငါးသောင်းတန်းက(၂၅)ယောက်=(၁၂)သိန်း စုစုပေါင်း  (၈၇)သိန်းစုမိနေပါပြီ။
ဆင်းရဲသူ/သား မိသားစု(၁၀၀) ငွေကြေးအခက်အခဲ အကြပ်အတည်းများကို ဖြေရှင်းပေးနိုင်ခဲ့ပါပြီ။
ဆင်းရဲနွမ်းပါးမှုကို လက်တွေ့လျှော့ချလိုသူများ ဆက်သွယ်နိုင်ပါတယ်။
“ပျားကောင်နှင့် ယင်ကောင်တရားတော်”
ပညာမဖက် ကြက်နှယ်ယက်၍၊ နေ့ရက်ကုန်ကာ၊ အရာမထင်၊ အသက်ရှင်ရုံ၊ နေဝင်နေထွက်၊ လုပ်လက်ရွရွ၊ ဝမ်းမဝတည့်၊ လုံ့လနုန့်နှယ်၊ အကြံငယ်သော်၊ မကြွယ်မဝ၊ ရှေးကမ္မထက်၊ လုံ့လပညာ၊ နှစ်ဖြာပင့်ထောက်၊ သမ္မာလှောက်၍၊ မီးတောက်လေကူ၊ ဟူ၏ပမာ၊ များမကြာခင်၊ ကာကဏိက၊ ကြွက်သေမျှဖြင့်၊ လေးလတွင်းဝယ်၊ နှစ်သိန်းကြွယ်ရှင့်၊ (မဃ-၂၉၀)

ကြိုးစားရှာဖွေး၊ ခြွေတာစုဆောင်း၊ မိတ်ကောင်းဆွေကောင်းရှိကြစေ။
ဝင်ငွေထွက်ငွေ မျှစေဖို့အတွက်၊ ဖြုံးတီးတာတွေ ရှောင်ကြစေ။
လေးဖြားသမ္ပဒါ ပြည့်စုံပါမှ၊ လူဖြစ်ရကျိုးနပ်ကြမယ်လေ။

လောက၌တွင်၊ ပျားနှင့်ယင်ကို၊ မျက်မြင်ပုံထား၊ မောင်ရှု့စားလော့၊ ပျားကားအုံပြု၊ အရည်စု၍၊ ထားမှုလိမ္မာ၊ နှောင်ချမ်းသာ၏၊ ယင်မှာသော်တုံ၊ ဝမ်းဝရုံမျှ၊ အုံကာသောက်စား၊ စုမထား၍၊ ရှာငြားမပြတ်၊ မရငတ်၏၊ ဆတ်ဆတ်မုချ၊ အလသဖြင့်၊ ငယ်ကပျင်းသူ၊ ကြီးမူဆင်းရဲ၊ ရစမြဲတည်း။ (မဃ- ၂၆၇)

စင်စစ်မှတ်သား၊ မယုံမှားနဲ့၊ ယောက်ျားတကာ၊ အားထုတ်ရာသည့်၊ ကြီးစွာလုံ့လ၊ ဝါယမမူ၊ မချကောင်းချေ၊ မလွတ်စေနဲ့၊ မသေမချင်း၊ ပြုအပ်နှင်း၏၊ မယွန်းမှန်လှ၊ ဤလောက၌၊ လုံ့လမမူ၊ နတ်မကူဘူး၊ လူလည်းလုံ့လ၊ နတ်လည်းမ၏။ (မဃ- ၂၁၂)

မကြိုးမကုတ်၊ အားမထုတ်မူ၊ လူမလုံ့လ၊ နတ်မမတည့်၊ ပယောဂစက်၊ ပျက်သည့်သူအား၊ လူကိုထား၍၊ ဘုရားသော်မှ၊ ကယ်မရဘူး။ (မဃ- ၂၄၉)

ကံမွဲဥာဏ်နုံ့၊ မလုံ့လနှင့်၊ နတ်မမဘူး၊ အလသမျိုး၊ အကျိုးယွင်းယို၊ အလိုရော့ရည်း၊ မကျော့ကျည်းနဲ့၊ ကိုယ်လည်းလုံ့လ၊ နတ်လည်းမ၍၊ တောင့်တကြံရာ၊ မြန်မကြာလျှင်၊ လွယ်ကာကိစ္စ၊ ပြီးနိုင်ကြ၏၊ စိတ်ကလျော့လျော့၊ အားမလျော့နဲ့။ (မဃ- ၂၄၅)

မှတ်ပိုက်တဝ၊ ဓနဥစ္စာ၊ ပညာကုသိုလ်၊ ပွားစလိုက၊ ချကိုပုံထား၊ ပျားကိုပုံပြု၊ ရရာစုလော့၊ လက်မှုနှုတ်မှု၊ ခုခုပညာ၊ ရှိတုံပါက၊ ရောက်ရာရောက်ရာ၊ အရပ်မှာလျှင်၊ မျက်နှာရွှင်လန်း၊ လနှယ်ဆန်း၍၊ ပန်းသို့လည်းပွင့်၊ ပွဲလယ်တင့်၏၊ အသင့်လွယ်ကာ၊ ရဥစ္စာနှင့်၊ ချမ်းသာကိုယ်ရေး၊ သက်မွေးကိစ္စ၊ မခဲကြဘူး။ (မဃ- ၃၂၁)

 


Viewing all articles
Browse latest Browse all 2129

Trending Articles