အစ္စလာမ်ဘာသာဝင်တို့ အထွဋ်အမြတ်ထားရာ ကုရ်အန်ကျမ်းမြတ်မှာ အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည် မှုမရှိသော ဘာသာခြားများအပေါ် အလ္လာရှင်မြတ်က ဘယ်လိုသဘောထားပါသလဲ?
အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်မှု မရှိတော့လို့ အခြားကိုယ်ယုံကြည်ရာ ဘာသာသို့ ကူးပြောင်းကိုးကွယ် သူများအပေါ် ကုရ်အန်ကျမ်းမြတ်က ဘယ်လိုသဘောထားပါသလဲ?
ဒီပြဿနာကို အစ္စလာမ်ဘာသာရေးခေါင်းဆောင်များ တိကျပြတ်သားစွာ ဖြေရှင်းပေးဖို့လိုအပ်ပါတယ်။
နောက်တစ်ခုက မူဆလင်တွေအပေါ်ထားရှိတဲ့ ပြည်သူလူထုရဲ့သံသယများကို ဘယ်လိုလျှော့ချနိုင်မလဲ?
မြန်မာပြည်ကိုချစ်သော မြန်မာပြည်သူအားလုံး၏ အကျိုးစီးပွားကို လိုလားသော၊ မြန်မာပြည်သူလူထုရဲ့ ကျေးဇူးတရားကို သိသော အမှတ်(၁)မူဆလင်လူကောင်း သူကောင်းများ အင်အားပြဖို့လိုလာပါပြီ။
မြန်မာပြည်ကို မချစ်သော မြန်မာတို့နှင့် သဟဇာတဖြစ်အောင် မနေထိုင်ဘဲ ဆန့်ကျင်ဘက်ယဉ်ကျေးမှုကို ထူထောင်နေသော အမှတ်(၂)မူဆလင်များကို စည်းရုံးကြဖို့ လိုလာပါပြီ။
မြန်မာပြည်ကို ဂျီဟဒ်လုပ်ဖို့ အမြဲကြံစည်နေသော၊ ဘာသာမတူသူများကို သတ်ဖြတ်ဖို့ အမြဲအားထုတ်နေသော၊ ဘာသာမတူရင် ရန်မူတတ်သော အမှတ်(၃)မူဆလင် ဂျီဟဒ်ဝါဒီများကို ပြတ်ပြတ်သားသား ရှုတ်ချကြဖို့ လိုလာပါပြီ။
ဒါမှ အမေ့သား ညီနောင်များ တစ်သွေးတည်း တစ်သားတည်း ဖြစ်လာမှာပါ။ ဒါဆိုရင် စိတ်အားငယ်စရာ မလိုတော့ပါဘူးဗျာ။ တကယ်ပါ။
ဒိုင်းမွန်းရွှေကြည် ပေးပို့လာသော မူဆလင်ခံစားချက်လေးကိုမျှဝေပေးလိုက်ပါတယ်။ ချစ်ကြည်ရင်းနှီး ပျော်ရွှင်ကြည်နူး ချမ်းမြေ့ငြိမ်းအေးလိုသော ငြိမ်းချမ်းရေးဝါဒီ မူဆလင်အပေါင်း စုပေါင်း အဖြေရှားနိုင်ကြပါစေ။
ဦးပဉ္စင်း
ဝီရသူ(မစိုးရိမ်)
20.10.2014
==========================================================
“အေမ့သား ဗုဒၶဘာသာ အေမ့သား အစၥလာမ္ဘာသာ”
17.10.2014 UAE နှင့် မြန်မာအသင်းဘောလုံးပွဲကို အမေ့ရဲ့သား ဗုဒ္ဓဘာသာတွေအားနဲ့မာန်နဲ့ အားပေးခဲ့ကြ တယ်။ ၁ ဂိုး ဂိုးမရှိနဲ့ မြန်မာအသင်းနိုင်သွားတယ် အမိမြန်မာပြည်မှာ မွေးဖွားကြသူတွေအားလုံး ပျော်ရွှင်စွာနဲ့ ဝမ်းသာဂုဏ်ယူနေကြပါတယ်။ ရွှေ FM က မြန်မာနိုင်ပြီ ဆိုတဲ့ သီးချင်းကို မကြားရလိုက်တဲ့သူတွေအတွက် ထပ်ခါ ပြန်ဖွင့်ပေးပါတယ်။ အမိမြန်မာပြည်မှာ မွေးဖွားတဲ့ ဗုဒ္ဓဘာသာဝင်တွေသာ မြန်မာနိုင်ပြီဆိုတဲ့ သီချင်းကို တင်းပြည့်ကျပ်ပြည့် ဟစ်အော်သီဆိုခွင့်ရကြတာပါ။ ဒိုင်းမွန်းရွှေကြည်လို အစ္စလာမ်ဘာသာဝင်တွေလဲ အမိမြန်မာမြေရဲ့ သားကောင်းရတနာတွေကို ဂုဏ်ပြုသီဆိုခွင့်ရဖို့ အခွင့်အရေးရှိပါရဲ့လား၊ ဒါကြောင့် မြန်မာပြည်မှာ မြန်မာအမေကြီးကမွေးဖွားထားတဲ့ တိုင်းရင်းသားပေါင်းစုံ၊ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ ဒီမြန်မာနိုင်ပြီဆိုတဲ့ သီချင်းကို တင်းပြည့်ကျပ်ပြည့် အစ်အောက်သီဆိုခွင့် ဘယ်တော့ရမှာလဲ၊ ဒါကြောင့် နိုင်ငံရေး ဘာသာရေးဆွေးနွေးဖက်မိတ်ဆွေကို ဖုန်းနဲ့ မြန်မာနိုင်ပြီဆိုတဲ့ သီချင်းနဲ့ ဘောလုံးပွဲနိုင်တာကို ဆွေးနွေးဖြစ်ပါတယ်။ ဒိုင်းမွန်းရွှေကြည် ဒို့မြန်မာနိုင်တဲ့ UAE နဲ့ ဝမ်းဇီးဘယ်သူဘက်ကို အားပေးမလဲ မြန်မာပြည်ဖွား မြန်မာနိုင်ငံသား အစ္စလာမ်မိတ်ဆွေက ဘာလုပ်ရမှာလဲဗျာ စိတ်မဝင်စားတော့ပါဘူး။
ဒိုင်းမွန်း။ ဒါဒို့ပြေ ဒါဒို့မြေလေ မိန်းမတစ်ယောက်ဟာ အစ္စလာမ်နဲ့ ကလေးရမယ် ဗုဒ္ဓဘာသာနဲ့ ကလေးရမယ်၊ ဒီအမေက ဘယ်သူကို ပိုချစ်မလဲ မိခင်ဆိုတာ အားလုံးကို တန်းတူချစ်ပါတယ်ဗျာ။ မြန်မာမွတ် မိတ်ဆွေက တော်တော့ တော်တော့ ဒိုင်းမွန်းရွှေကြည် ခင်ဗျားရဲ့ ဓာတ်ပြားဟောင်း၊ ဝမ်းကြာတိုက်ထဲ(၉)လလွယ်(၁၀)လဖွားတဲ့ မိခင်ဆိုတာ ရင်သွေးကို တန်းတူချစ်တာတို့၊ ဆရာကြီး ဦးရာဇတ်တို့ ဦးဖေခင်တို့၊ တပ်မှူးကြီးဘိုးကာတွေ ဗျတ္တ၊ ဗျတ်ဝိ မင်းကြီးမင်းလေး ဗိုလ်ချုပ်အောင်ဆန်းကိုရာရှစ် ကျောင်းသား သမ္မဂ္ဂဥက္ကဋ္ဌ ဒါတွေကိုဘဲ အပ်ကြောင်းထပ်လို့ အလွတ်ရနေပြီ၊ ခင်ဗျား သမ္မတကြီးဦးသိန်းစိန် ရဲ့ CSO ပွဲလည်း တက်ပြီး ငြိမ်းချမ်းရေးစကားပြောခဲ့ဖူးတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NHN မှာ ငွေသိန်း(၂၀)လှူပြီး တွေ့ခဲ့တယ် ဘာထူးလို့လဲဗျာ။ မြန်မာနိုင်တာ မြန်မာဗုဒ္ဓဘာသာတွေ ၉၆၉ မဘသတွေ ရှေ့မှာ မြန်မာနိုင်ပြီဆိုရင် လက်ခံပါမလား၊ ဗုဒ္ဓဘာသာနဲ့ အစ္စလာမ်ဘာသာသွေးခွဲတရားခွေတွေကြောင့် အခုထက်ထိ ကျီးလန့်စာ စားနေရတဲ့ မွတ်စလင်တွေို့ ခင်ဗျား ကိုယ်ချင်းစာကြည့်ပါအုံး။
ဒိုင်းမွန်း။ ဘိုင်ကြီးကိုယ့်ရင်ထဲက ခံစားချက်တွေ ကိုယ်စီဖွင့်ဟခွင့်ရှိပါတယ်။ ဒါပေမဲ့ ၁၉၆၂ ခုနှစ်ကစပြီး အာဏာရှင်တွေ အုပ်ချုပ်လာတဲ့စနစ်တွေကြောင့် အထင်အမြင်လွဲမှားမှုတွေ ယဉ်ကျေးမှု၊ ကျူးကျော်ထိုးဖောက် မှုတွေ၊ အစွန်းရောက်တစ်ချို့ရဲ့ဟောပြောမှုတွေကြောင့် သံသယတွေဝင်ပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ဖို့ ခက်ခဲလာတာဟာ ရခိုင်ပြည်နယ်အရေးကြောင့် ပိုဆိုးခဲ့တာကို သတိပြုသင့်ပါတယ်။
အတိတ်ရဲ့ သင်ခန်းစာ ပစ္စုပ္ပန်မှာယူပြီး အနာဂတ်မျိုးဆက်သစ်တွေ ငြိမ်းချမ်းစွာ အတူယှဉ်တွဲပြီး မြန်မာနိုင်ပြီ ဆိုတဲ့ သီချင်းကို မြန်မာပြည်မှာ မွေးဖွားကြတဲ့ တိုင်းရင်းသားပေါင်းစုံ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ အတူယှဉ်တွဲသီဆိုနိုင်အောင် ခင်ဗျားတို့ ကျွန်တော်တို့ ဝိုင်းပြီး မလုပ်သင့်ဘူးလား။
မြန်မာမွတ်။ ဒီနေ့လက်ရှိ မြန်မာမွတ်စလင်တွေရဲ့ ရင်ထဲကခံစားချက်တွေကို ခင်ဗျားနဲ့ အလွန်ရင်းနှီးတဲ့ ၉၆၉ မဘသ အရှင်ဝီရသူကို အရင်ရှင်းပြ ကျုပ်တို့ မျိုးဆက်သစ်တွေ ဗြိတိသျှကိုလိုနီ အင်္ဂလိပ်ရဲ့နယ်ချဲ့ပြီး ဒုက္ခပေးတဲ့ဒဏ်ကို မသက်ဆိုင်တဲ့ တတိယမျိုးဆက်ထိ ခံစားနေရတယ် ဗုဒ္ဓဘာသာနဲ့ အစ္စလာမ်ဘာသာ မတည့်ရတာအာဏာရှင်၊ အာဏာရူးတွေကြောင့်လို့ပြောနေတာထက် ဗြိတိသျှကိုလိုနီစနစ်က တရားခံအစစ် ဖြစ်တယ်ဗျာ ဒါကြောင့် ဒီအမေရိကန်အင်္ဂလိပ်တွေကြောင့် အယ်လ်ကိုင်ဒါတို့ IS အိုင်အက်စ်ဆိုတာတွေ ပေါ်လာပြီးသူတို့ရဲ့ အကျိုးစီးပွားကို အဓိကဖျက်ဆီးနေပြီလေ။ အခုလည်း အရှေ့အလယ်ပိုင်းဒေသ UAE ကို မြန်မာနဲ့ ဘောလုံးကစားခိုင်းပြီး ဘယ်လိုဉာဏ်နီ ဉာဏ်နက်တွေသုံးပြီး တရုတ်အစိုးရနဲ့ မြန်မာအစိုးရကြားကို ဝင်လာမလဲစောင့်ကြည်ပါ။ အော်ရီးဒူးကို အရှေ့အလယ်ပိုင်းကဆိုပြီး ကန့်ကွက်ခဲ့သူတွေ ဘော်လုံးအဖွဲ့ချုပ်ကို သန်းချီထောက်ပံ့တာကို ကြားကြမယ်ထင်တယ်။
ဒိုင်းမွန်း။ ခင်ဗျားနဲ့ ကျွန်တော်ရဲ့ ပစ္စုပ္ပန်ခံစားချက်က တူနိုင်ပါတယ်။ ဒါပေမဲ့ အနာဂတ်ကို ပုံဖော်ပေးမယ်ပုံစံက ဦးဝီရသူနဲ့ ကျွန်တော်ဆွေးနွေးထားတဲ့ (၁)မွတ်စလင်(၂)မွတ်(၃)မွတ် ခွဲခြားထားတဲ့ ကြေငြာချက်ကို မဖတ်ရဘူးထင်တယ် ဒီကြေငြာချက်ကို သမ္မတကြီးထံလည်း ပို့ခဲ့ပြီးပြီ၊ အမျိုးသားဒီမိုကရေစီ ဥက္ကဋ္ဌကြီး ဒီမိုကရေစီမိခင်ကြီး ဒေါ်အောင်ဆန်းစုကြည်ထံကိုလည်း ပေးပို့ခဲ့ပြီးပြီ၊ ၈၈ ကျောင်းသား ကိုမြအေးနဲ့ ဦးဝီရသူ(မစိုးရိမ်)ကိုလည်း ကျွန်တော်ကိုယ်တိုင်ကြိုစားပြီး MIGASA ဟိုတယ်မှာ တွေ့ဆုံပေးခဲ့တယ် မွတ်စလင်(၃)မျိုးကြေညာချက်ကို လက်မှတ်ထိုး ထုတ်ပြန်ခဲ့တယ်။ ဒါကြောင့် မြန်မာနိုင်ပြီ ဆိုတဲ့ သီချင်းကို (၁)မွတ်စလင်လို့ သတ်မှတ်ထားတဲ့ မြန်မာနိုင်ငံမှာ မွေးဖွားတဲ့ မြန်မာနိုင်ငံသား မွတ်စလင်တိုင်း အော်ဟစ်သီဆိုခွင့်ရှိတယ် ဒါဟာ ကျွန်တော်ရဲ့ ခံယူချက်ပါ။ မြန်မာနိုင်ပြီဆိုတဲ့ သီချင်းကို မြန်မာပြည်မှာ မွေးဖွားတဲ့ လူမျိုးတိုင်း ဘာသာတိုင်း တိုင်းရင်းသားပေါင်းစုံ လွတ်လပ်စွာ အော်ဟစ်သီဆိုတာ ၉၆၉ မဘသ ဦးဆောင်ဆရာတော်က ဘာကြောင့် ကန့်ကွက်ရမှာလည်း သူကိုယ်တိုင် ဒီလိုဖြစ်ချင်နေတာ ခင်ဗျားတို့ မြန်မာမွတ်စလင်ခေါင်းဆောင်တွေ တွေ့ဆုံပြီး မေးမြန်းဆွေးနွေးခဲ့ဖူးလား။
မြန်မာမွတ်။ ဒါတွေခင်ဗျားတို့ ကျွန်တော်တို့ပြောနေရင် ငြင်းနေရင် အပိုဘဲ အလုပ်မဖြစ်ဘူးဗျာ။ အစိုးရ အသိအမှတ်ပြုထားတဲ့ ဘာသာရေးအဖွဲ့ကြီးငါးဖွဲ့က လုပ်ရမယ်အလုပ်တွေ၊ ဟိုတယ်မှာ ဗလီဆရာတွေ ဘုန်းကြီးတွေနဲ့ တွေ့ဆုံပွဲတွေ မကြာခဏတွေ့ရသလို၊ NGO တွေကလည်း ဖိုရမ် အမျိုးမျိုး ကျင်းပနေတာလည်း တွေ့ရပါတယ်။ FATHER LAND ဆောက်လုပ်ရေးက ဦးကျော်မြင့်နဲ့ ရုပ်ရှင်သရုပ်ဆောင် ဒေါ်ဝါဝါဝင်းရွှေတို့ ပြဿနာဟာ(၂)ပတ်မကြာဘူး ပြေလည်သွားတယ်။ သီတဂူ ဆရာတော်ကြီး ဒေါက်တာ အရှင်ဉာဏိဿရရယ် သံအမတ်ကြီးဦးလှမောင်ရယ် ဝင်လိုက်တာ ရဟန်းရှင်လူသာဓုခေါ်ခဲ့ကြတယ်။ နိုင်ဂရုလည်း ပြင်ဦးလွင်မှာ သံသာအေးတိုက်ကျောင်းဆောက်လုပ် လှူဒါန်းတာကို ၉၆၉ ဦးဝီရသူ(မစိုးရိမ်) က သာဓုခေါ်တယ်လို့ ခင်ဗျားဘဲပြောခဲ့တယ်လေ။ အခုလည်း ဦးဝီရသူ(မစိုးရိမ်)နဲ့ အစိုးရအသိအမှတ်ပြု မွတ်စလင်ခေါင်းဆောင်တွေနဲ့ ဦးဝီရသူ(မစိုးရိမ်)ကို တွေ့ဆုံဆွေးနွေးနိုင်အောင် ခင်ဗျား မလုပ်နိုင်ဘူးလား။ ၉၆၉ မဘသ တွေနဲ့ ပြေလည်သွားတဲ့နေ့ ခင်ဗျားပြောတဲ့ မြန်မာနိုင်ပြီဆိုတဲ့ သီချင်းကို ကျုပ်တို့ မြန်မာပြည်ဖွား အစ္စလာမ်ဘာသာဝင်တွေ ဗုဒ္ဓဘာသာမြန်မာအသင်းနဲ့ အစ္စလာမ်ဘာသာ UAE အသင်းကန်တဲ့ပွဲမှာ UAE အစ္စလာမ်ဘာသာအသင်း နိုင်သွားရင်တောင် မြန်မာနိုင်ပြီလို့ဘဲ အော်ဟိုပေးမယ် ကဲ ကျေနပ်ပြီလား။
ဒိုင်းမွန်းရွှေကြည်။ 6.5.2013 နေ့ကစပြီး ဆွေမျိုးမိသားစု သားသမီးဇနီးမယားတွေရဲ့ ငြိုငြင်မှုစွန့်ပစ်မှု တွေခံခဲ့ရပြီး ချွေးနည်းစာသိန်းပေါင်းများစွာ စွန့်လွှတ်လှူဒါန်းခဲ့ပြီး ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေးသံတမန် ကွန်ယက် ထူထောင်ခဲ့ပါတယ်။ 6.5.2013 နေ့ကစပြီး ၉၆၉ မဘသ ဦးဆောင်ဆရာတော်များစွာနဲ့အတူ ဦးဝီရသူ(မစိုးရိမ်)၊ ဦးပါမောက္ခ(မကွေး)၊ ဦးကေသရ(ကေသာရာမ) အပါအဝင် နိုင်ငံတဝှမ်းက သံဃာတွေနဲ့ မဘသ အဖွဲ့ဝင်တွေဟာ ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာဝင်တို့ကြား သာမန်ရန်ပွဲတွေက တဆင့် ဘာသာရေး ပဋိပက္ခတွေမဖြစ်အောင် ဝိုင်းဝန်း ကူညီထိမ်းသိမ်းပေးခဲ့တဲ့ မှတ်တမ်းတွေရှိပါတယ်။ ဒါကြောင့် အခုကစပြီး ဗုဒ္ဓဘာသာနဲ့ အစ္စလာမ်ဘာသာဝင်အပေါင်းတို့ကို(၂)ဖက် ယဉ်ကျေးမှုဖလှယ်ရေး တံတားထိုးပြီး သံသယကင်းရှင်းပြီး ယုံကြည်စိတ်ချစွာနဲ့ အတူယှဉ်တွဲနေထိုင်ပြီး မြန်မာနိုင်ပြီဆိုတဲ့ သီချင်းကို ငြိမ်းချမ်းစွာနဲ့ အတူယှဉ်တွဲ သီဆိုနိုင်အောင် ကျွန်တော် တတ်နိုင်တဲ့ဘက်က ကြိုးစားပါမယ် ရဟန်းရှင် မိဘပြည်သူများ တိုင်းရင်းသားပေါင်းစုံ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ သာဓုခေါ်နိုင်ကြပါစေ။
အမေ့သား ဗုဒ္ဓဘာသာနှင့် အမေ့သား အစ္စလာမ်ဘာသာများကိုယ်စား
ဒိုင်းမွန်းရွှေကြည်
ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေးသံတမန်ကွန်ယက်