ကျင်းပမြဲ မစိုးရိမ် နိရုတ္တိကျောင်းမှာ ကျင်းပတာပါ။ 18.10.2014 ညနေ ငါးနာရီမှာ ကျင်းပတာ ဖြစ်ပါတယ်။
အတွင်းရေးမှူးချုပ်ဆရာတော်ကြီး အပါအဝင် ဆရာတော် သံဃာတော်များ မဘသ အဖွဲ့ဝင်များ ရန်ကုန်မှ စာရေးဆရာ အောင်ကျော်ဆန်း ဗဟို မဘသ မှ ဆရာမကြီးဒေါ်ပေါရွှေ နှင့် ဧည့်သည်တော်များ တက်ရောက် ကြပါတယ်။
အစည်းဝေးမှာ ဂျီဟဒ်သားကောင်ဖြစ်ခဲ့ရရှာတဲ့ အကျဉ်းသား(၁၁)ဦးရဲ့ မိသားစု(၁၁)စုကို ရိက္ခာဆန်နှင့် ငွေကြေးများ ထောက်ပံ့တဲ့အစီစဉ်ပါ ကျင်းပခဲ့တာပါ။ မိသားစုတစ်စုလျှင် ဆန်တစ်အိတ်နှင့် ငွေ(၃၈၀၀၀ိ)စီ ထောက်ပံ့နိုင်ခဲ့ပါတယ်။
အစည်းဝေးမှာတော့ ခင်ဦးမြို့နယ်၊ သရက်ပင်ဝန်းကျေးရွာ၊ သာသနာ့နယ်မြေအတွင်း မူဆလင်ကုလားများ ဘဲကောင်ရေ သောင်းချီမွေးမြူနေတဲ့ကိစ္စ၊ ကွယ်လွန်သွားကြပြီဖြစ်သော ကုလားဖခင်နှင့် ဗမာမိခင်တို့ရဲ့ သမီးငါးတန်းကျောင်းသူလေးကိစ္စ၊ လွှတ်တော်အတွင်း၌ အမျိုးဘာသာ သာသနာအရေး အားကိုးအားထားပြု နိုင်သော အမျိုးသားရေးဝါဒီ အမတ်များ ပေါ်ပေါက်လာနိုင်ရေးကိစ္စ၊ ဗဟို မဘသ အဖွဲ့က စီစဉ်ကျင်းပမည့် 25.10.2014 ရက်နေ့ အမျိုးစောင့် ဥပဒေ အမြန်ဆုံး ပြဋ္ဌာန်းနိုင်ရေး ဆန္ဒထုတ်ဖော်ပွဲကိစ္စ၊ မန်းမဘသအနေဖြင့် အလားတူ ဆန္ဒထုတ်ဖော်ပွဲ ကျင်းပရေးကိစ္စ အတုမရှိဂျာနယ်လ် အောင်မြင်မှုအခြေအနေများနှင့် အမျိုးဘာသာ သာသနာရေးရာများ ဆွေးနွေးခဲ့ကြပါတယ်။