Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“မငြိမ်းချမ်းစေလိုသူများ၏ သွားပုပ်လေလွင့် ပြောကြားချက်များကို ဂရုစိုက်နေမည်မဟုတ်ဟု ဆရာတော် ဦးဝီရသူ တုံ့ပြန်”

$
0
0
သီရိလင်္ကာနိုင်ငံရှိ ဗုဒ္ဓဘာသာအဖွဲ့တခုဖြစ်သော Buddhist Power Force နှင့် ပူးပေါင်းမှုပြုလုပ်ခဲ့သော ဆရာတော်ဦးဝီရသူအပေါ် ဝေဖန်မှုများရှိနေခဲ့သော်လည်း မငြိမ်းချမ်းစေလိုသူများ၏ သွားပုပ်လေလွင့် ပြောကြားချက်များအပေါ် ဂရုစိုက်နေမည်မဟုတ်ဟု ဆရာတော်ကပြောသည်။ သီရိလင်္ကာနိုင်ငံသို့ ငါးရက်ကြာ သွားရောက်ခဲ့ပြီးနောက် အောက်တိုဘာ ၁ ရက်က မြန်မာနိုင်ငံသို့ ပြန်ရောက်စဉ် ထိုသို့ ဝေဖန်ပြောာကားနေမှု များနှင့်ပတ်သက်၍ News Watch ၏ မေးမြန်းမှုအပေါ် ဆရာတော်က အထက်ပါအတိုင်း တုံ့ပြန်ပြောကြားခဲ့ ခြင်းဖြစ်သည်။ “၉၆၉အပေါ် ကမ္ဘာကြီးကအမြင်စောင်းနေသလို ဗောဓိဗလစေနာ့အဖွဲ့(BBS) (Bodu Bala Sena(ခေါ်) Buddhit Power Force ကို အမြင်စောင်းနေတာပါ။ အမြင်စောင်းရခြင်းရဲ့ အကြောင်းအရင်း ကလည်း မငြိမ်းချမ်းအောင်လုပ်နေသူတွေ အကြောင်းဖော်ထုတ်နေလို့ဖြစ်ပါတယ်။ မငြိမ်းချမ်းစေသူတွေ သွားပုပ်လေလွင့်ပြောတာကို ဂရုစိုက်နေမှာမဟုတ်ဘူး” ဟု ခရီးစဉ်မှပြန်ရောက်စဉ် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ဦးဝီရသူက ပြောကြားသည်။
BBS အဖွဲ့မှာ သီရိလင်္ကာနိုင်ငံတွင် လူမျိုးရေးဘာသာရေးကို အခြေခံသော အကြမ်းဖက်မှုများဖြစ်ပေါ်လာရန် လှုံ့ဆော်နေသည့် အဖွဲ့တခုဖြစ်သည်ဟု ပြည်ပသတင်းမီဒီယာများက စွပ်စွဲထားမှုများရှိနေပြီး မြန်မာဗုဒ္ဓဘာသာ ကာကွယ်စောင့်ရှောက်ရေး ၉၆၉ အဖွဲ့ဖြင့် ပူးပေါင်းမှုကြောင့် မလိုလားအပ်သော ဖြစ်စဉ်များရှိလာနိုင်သည်ဟု ဝေဖန်သူအချို့က ထုတ်ဖော်ပြောကြားမှုများရှိနေသည်။
ဆရာတော်ဦးဝီရသူအနေဖြင့် ယင်းနိုင်ငံတွင် ပြုလုပ်သော သံဃာ့ကောင်စီအစည်းအဝေးတွင်လည်း အမျိုးဘာသာ သာသနာအရေးနှင့် ဗုဒ္ဓဘာသာဝင်များခြိမ်းခြောက်ခံနေရမှု အကြောင်းအရာများကို အဓိကထားဆွေးနွေးဖြစ်ခဲ့သည်ဟု ၄င်း၏ ခရီးစဉ်နှင့်ပတ်သက်၍လည်း ပြောကြားသည်။ ထို့အတူ BBS နှင့် ပူးပေါင်းခြင်းကြောင့် အမျိုးဘာသာ သာသနာလုံခြုံအောင် စောင့်ရှောက်နိုင်မည့် အကျိုးဖြစ်ထွန်းမှုသာ ရရှိစေမည်ဖြစ်သည်ဟု ဆရာတော်ကဆိုသည်။
“ဒီခရီးစဉ်မှာ သူတို့နဲ့ပူးပေါင်းမယ့် အကြောင်းအရာနဲ့ ပတ်သက်လို့ သဘောတူညီမှုများစွာရခဲ့တယ်။ စာကြည့်တိုက်တွေ ထူထောင်ဖို့၊ ပညာရေးဦးစားပေးဖို့၊ ဓမ္မစကူးလ်တွေထူထောင်ဖို့၊ အမျိုးဘာသာ သာသနာကို ဥပဒေဘောင်ထဲက ကာကွယ်ဖို့စတဲ့ သဘောတူညီချက်တွေ ချမှတ်နိုင်ခဲ့တယ်” ဟု ယင်းကဆိုသည်။
ထိုသို့ BBS နှင့် ပူးပေါင်းသည့် ကိစ္စနှင့်ပတ်သက်၍ မီဒီယာအချို့တွင် အဆိုးမြင်နှင့် ရေးသားဖော်ပြမှုများရှိခဲ့ပြီး ဧရာဝတီသတင်းဌာနမှ ဦးဝီရသူနှင့် သီရိလင်္ကာအစွန်းရောက် ဗုဒ္ဓဘာသာအုပ်စု ပူးပေါင်းဟု ရေးသားဖော်ပြမှု ရှိခဲ့ပြီး ယင်းသို့ ရေးသားချက်အပေါ် ပြန်လည်ပြင်ဆင်၍ တောင်းပန်ရန် မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (ရန်ကုန်)က အောက်တိုဘာ ၁ ရက်တွင် ကြေညာချက်တစောင် ထုတ်ပြန်ခဲ့သည်။
အမျိုးသားရေးဝါဒီဆရာတော်တပါးဟု သတ်မှတ်ထားကြသော ဆရာတော်ဦးဝီရသူမှာ လူမျိုးခြားအစွန်းရောက် များ၏ ခြိမ်းခြောက်ရန်လိုမှုခံနေရသူဖြစ်ပြီး ၄င်း၏ ပြည်ပခရီးစဉ်တွင် သက်ဆိုင်ရာနိုင်ငံမှ လုံခြုံရေး အထူးစောင့်ကြပ်လိုက်ပါစေခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၁ ရက်နေ့လယ် ၂ နာရီတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာစဉ် ဦးဝီရသူထောက်ခံသူ ရဟန်း၊ လူပုဂ္ဂိုလ်ရာနှင့်ချီလာရောက်ကြိုဆိုခဲ့ကြပြီး လုံခြုံရေးအတွက် ပြန်ရောက်မည့်အချိန်ကို ကြိုတင်ထုတ်ပြန်ခြင်းမရှိဘဲ လျှို့ဝှက်ထားခဲ့သည်။

မိုးမင်း


Viewing all articles
Browse latest Browse all 2129

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...