မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ ရေတံခွန်တောင်၊ သစ္စဝေဒဂူမိုးကုတ်ရိပ်သာမှာကျင်းပသည့် ယဉ်ကျေးလိမ္မာ ဆရာဖြစ်မွမ်းမံသင်တန်းဆင်းပွဲကို 5.10.2014 မနက် 8:00 နာရီတွင် ကျင်းပခဲ့ပါသည်။
သံဃာတော်များ၊ ဆရာများ၊ ဆရာမများအား ဆုအသီးသီးချီးမြှင့်ကြပါသည်။
ဆရာ/ဆရာမများက ဓမ္မတေးကဗျာများဖြင့် သရုပ်ပြခြင်း၊ ဇာတိမာန်သီချင်းဆို၍ ဖျော်ဖြေခြင်းများ ပြုလုပ်ခဲ့ကြ ပါသည်။
26.9.2014 ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့သည့် ဤသင်တန်းသို့ နိုင်ငံတစ်ဝှမ်းလုံးမှ ရဟန်းသံဃာတော်များ ဆရာ ဆရာမများ တက်ရောက်သင်ယူကြခြင်း ဖြစ်ပါသည်။
စာရေးသူက သာသနာ၊ ပညာ၊ ယဉ်ကျေးမှု၊ ကောင်း-တော်-ယဉ်အောင်ပြု-ဆောင်ပုဒ်ကို လိုက်နာကြဖို့ အကျယ်တဝင့် ရှင်းလင်းဟောကြားခဲ့ပါသည်။
သစ္စဝေဒဂူမိုးကုတ်ရိပ်သာသည် ဘကနှင့် ပရဟိတ တွဲဖက်ဖွင့်လှစ်ထားသော ဝိပဿနာရိပ်သာဖြစ်ပြီး ကျောင်းသူကျောင်းသားများ ငါးရာကျော်ရှိကာ နှစ်စဉ် ယဉ်ကျေးလိမ္မာ ဆရာဖြစ်သင်တန်းဖွင့်သည်မှာ သတ္တမအကြိမ်ရှိခဲ့ပြီဖြစ်သည်။