Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“ဝါတွင်းသတင်းစဉ် တရားပွဲ”

$
0
0
4.10.2014 ည 7:30 မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မဟာအောင်မြေ(၂)ရပ်ကွက်၊ မဟာဝိဇယ ကျောင်းတိုက် ဝါတွင်းသတင်းစဉ် ဓမ္မသဘင်မှာ ဟောကြားသည်။
30.9.2014 သီတင်းကျွတ်လဆန်း ရှစ်ရက်နေ့ နေ့လည်ဟောရမည့် တရားပွဲဖြစ်သော်လည်း သီရိလင်္ကာ ခရီးစဉ်နှင့် ကြုံကြိုက်နေ၍ ယခုမှ ဟောရခြင်းဖြစ်သည်။
အီးမေးလ်ဖြင့် တရားတောင်းဖူးသော မွတ်စလင် Kill969Kill အီးမေးလ်ပိုင်ရှင် မစ္စတာကေးလ်အတွက် ဟောကြားသော တရားဖြစ်သည်။
ကိုရ်ဘာနီအီးဒ်နေ့မှာ သတ္တဝါတွေကိုသတ်ပြီး ပူဇော်တာကို ပြန်လည် ဆန်းစစ်ကြဖို့
ကိုယ်ရချင်တာက ကုသိုလ် ကိုယ်ရသွားတာက အကုသိုလ်၊ ကိုယ်ရောက်ချင်တာက ဂျနတ် ကိုယ်ရောက် သွားတာက ဂျဟနန် မဖြစ်စေဖို့ စီးပွားရေးအရ သတ်တာမျိုးမဟုတ်ဘဲ ဘာသာရေးအရ ကုသိုလ်ရေးအရ သတ်ဖြတ်နေကြတာဟာ သဘာဝမကျလို့ ကိုယ်နတ်ပြည်သွားချင်တာနဲ့ နွားတွေကို သတ်တာဟာ စာနာမှုကင်းမဲ့ကြောင်းများ ဟောကြားခဲ့ခြင်းဖြစ်သည်။
အလ္လာကို ယုံကြည်ကြောင်း သက်သေပြလိုလျှင် ကိုယ့်ကိုကိုယ်သတ်ပြီး သက်သေပြကြဖို့၊ အလ္လာကို မျက်နှာလုပ်ချင်တာနဲ့ အပြစ်မဲ့ တိရစ္ဆာန်လေးတွေကို ညှာတာမှုကင်းမဲ့စွာ သတ်ပြနေတာဟာ လူသားမဆန်လို့ ပြန်လည် စဉ်းစားသုံးသပ်ကြဖို့ ဟောကြားခဲ့ပါသည်။
ယညသုတ္တန်တရားတော်
သံယုတ္တနိကာယ်၊ သဂါထာဝဂ္ဂပါဠိတော်၊ သောသလသံယုတ်၊ ယညသုတ္တန်ဖြစ်ပါသည်။
ကျေးဇူးချေကာ မပြုရာတည့်၊ လူသာမဟုတ် အယုတိရစ္ဆာန် မှုဝန်ဆောင်ဘိ ကျေးဇူးရှိသာ ဟတ္တိအဿ ဂေါဏမဟသာ စသည်မှာလည်း ပျိုခါစေစား၊ အိုခါရှား၍၊ စွန့်ထားပယ်ကာ၊ မပြုရာဘူး။ ပြုပါတုံက မိတ္တဒုဗ္ဘီ၊ မညီဓမ္မ၊ လူ့ပါပတည့်၊ ထိုမှတစ်ပါး၊ ထို့အသားကို သတ်စားဖြတ်စား ပြုငြားတတ်မူ ထိုသည့်သူကား လူတွင်မိုက်လှ၊ လူ့ဗာလတည့်၊ ပါပတရာ၊ လွန်ယုတ်မာရှင့်၊ မာတာပိတု၊ ဗန္ဓုဉာတိ၊ စရှိအလား၊ ထိုကျွဲနွားတို့၊ လုပ်စားအတူ၊ လူနှင့်တကွ၊ မကွာရဘူး၊ ကိစ္စဆောင်ရွက်၊ သက်မွေးဘက်ဖြင့်၊ ဆက်ဆက်စင်စစ်၊ မိတ်ရင်းဖြစ်၏။  သတ်ညှစ်အသား၊ သူမိုက်များသို့၊ မစားထိုက်စွာ၊ သားသည်းချာလျှင်၊ ပညာကရု၊ မျှော်ထောက်ရှုလော့။
ပါဏာတိပါတ်၊ သက်သတ်အမှု၊ ကိုယ်လိုပြုနှင့်၊ ပြုဟုသူက၊ တိုက်တွန်းကြ၍၊ ပြုရသော့သူ၊ လိုတူသော့အား၊ ဖြစ်နိုင်ငြားလျက်၊ မတားမြစ်သူ၊ သုံးယောက်လူတွင်၊ သတ်သူနိရယ၊ ငရဲကျ၏။ သူကခေါ်ရာ၊ ပါသူမှာမူ၊ တိရစ္ဆာန၊ ဖြစ်ထမမှား၊ လိုတူအားဖြင့်၊ မတားမြစ်သူ၊ ထိုလူမှာတုံ၊ ပြိတ္တာဘုံဟု၊ အာဂုံဖွင့်လှစ်၊ ထူးအပြစ်ကို၊ စင်စစ်မှန်စွာ၊ ကျမ်း၌လာ၏။
(မဃ။ ၁၉၈။)
သတ္တဝါတွေကို သတ်ဖြတ်ခြင်းဖြင့်
ယစ်ပူဇော်ကျိုး မရှိပေ။
ကုသိုလ်ဆိုတာ ဝေလာဝေးလို့
အကုသိုလ်ပဲ ရကြမလေ။
နတ်ပြည်ဆိုတာ ဝေလာဝေးလို့
အပါယ်ငရဲ ရောက်ကြမလေ။
သတ္တဝါတွေကို မသတ်ဖဲနဲ့
ကုသိုလ်တရား ပြုကြစေ။
နတ်ပြည်ဆိုတာ အသာလေးပေါ့
နိဗ္ဗာန်ထိအောင် ရောက်ကြမလေ။








Viewing all articles
Browse latest Browse all 2129

Trending Articles