Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“အမိမြေ သွေးချင်းများရဲ့ ကြိုဆိုပွဲလေးပါ”

$
0
0
1.10.2014 မွန်းလွဲ 2:00 ကျော်မှာ ရန်ကုန်မြို့ကိုပြန်ရောက်ခဲ့ပါတယ်။
သံဃာတော်များ၊ မျိုးချစ်မောင်နှမများ လေဆိပ်အထွက်မှာ တန်းစီစောင့်ဆိုင်းနေကြပါတယ်။
လက်ဝဲ/လက်ယာ နှစ်တန်း တန်းစီပြီး ဗီနိုင်းကိုယ်စီကိုင်သူကကိုင်၊ ပန်းကုံးတွေ၊ ပန်းစည်းတွေ ကိုင်သူကကိုင်နှင့် နွေးထွေးလှိုက်လှဲသော အပြုံးတရားကိုယ်စီနှင့် ကြိုဆိုနေကြတာပါ။
နောင်တော်ကြီး ဦးပါမောက္ခက ဟွန်းတိုလေးဖြင့် ရှေ့မှတိုင်ပေးနေသံကြားရပါတယ်။
နောင်တော်ကြီး ဦးပါမောက္ခက အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူလို့ ရှေ့ကတိုင်ပေးတဲ့အခါ အမျိုးသားရေး မောင်မယ်များက “ကျန်းမာပါစေ” ဟု သံပြိုင် မေတ္တာပို့သံတွေ မြိုင်ဆိုင်အောင် ပို့သကြပါတယ်။
အသင့်ပြင်ထားတဲ့ ကားပေါ်တက်ပြီး ပြန်လာခဲ့ပါတယ်။
ကားစီးရင်း နောင်တော်ကြီး ဦးပါမောက္ခကို ကျေးဇူးစကားဆိုလိုက်ပါတယ်။
ဘယ်သူမချစ်ချစ်၊ ချစ်ချစ် ချစ်နေမယ်လို့ နောင်တော်ကြီး ဦးပါမောက္ခက ပြောတဲ့အခါ “မှန်ပါ အချစ်မပြယ်စေဖို့အတွက် အားကိုးထိုက်အောင် အမြဲကြိုးစားပါ့မယ်ဘုရား” ဟု လျှောက်ထားလိုက်ပါတယ်။
တကူးတက လာကြိုကြသော ရန်ကုန်သူ ရန်ကုန်သား ရဟန်းရှင်လူ ပြည်သူအပေါင်း ညီအစ်ကိုမောင်နှမ သွေးချင်းအပေါင်းရဲ့ မေတ္တာတရားကို လေးစားခြင်းများစွာဖြင့် ဆက်လက်ကြိုးစားရပါဦးမယ်။
ဦးပဉ္စင်း
ဝီရသူ(မစိုးရိမ်)
3.10.2014

PM 10:30





















Viewing all articles
Browse latest Browse all 2129

Trending Articles


TTA Oreo Gapp Installer


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ဆားပုလင်းနှင်းမောင်၏ နိဂုံး


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


လူ့ဘဝ၏ အနှစ်သာရ တန်ဖိုး


“ဂုဏ်ယူမိပါတယ်” ကျနော်သိတဲ့ ကိုနေဝင်း (သို့) ဒေါက်တာနေဝင်း။