Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“အမိမြေ သွေးချင်းများရဲ့ ကြိုဆိုပွဲ (မန္တလေး)”

$
0
0
2.10.2014 မနက် 7:00 ကျော်မှာ မန္တလေးလေဆိပ်ကို ရောက်ပါတယ်။
မန်း မဘသ အတွင်းရေးမှူးချုပ်ဆရာတော်ကြီး ဘဒ္ဒန္တကုသလ ဒုတိယအတွင်းရေးမှူးချုပ်ဆရာတော် ဘဒ္ဒန္တပညာသာမိ၊ မဘသ(ဗဟို)ဦးဆောင်ဆရာတော်ဘဒ္ဒန္တန္ဒာစက္ကာဘိဝံသနှင့် နောင်တော် ညီတော် သံဃာတော်များ၊ အမျိုးသားရေး ညီအစ်ကိုမောင်နှမများ လာရောက် ကြိုဆိုကြပါတယ်။
ထောင်မှထွက်သည့်နေ့တုန်းက ဘယ်သူမှမသိလိုက်ရလို့ မကြိုဆိုလိုက်ရတဲ့အတွက် အတိုးချပြီး ကြိုဆိုလေသလား အောက်မေ့ရပါတယ်။
အောင်သပြေတွေ တလွင်လွင်သင်းပျံ့လို့ အောင်လံတော်တွေ တလူလူဝဲပျံလို့ ရွှေး မန်းသူ/သားတွေ ကြိုဆိုပုံက တစ်မျိုးပျော်စရာကောင်းလှပါတယ်။
ချစ်စရာလေးတွေဖြစ်အောင်ကွယ် မေတ္တာတေးတွေဆိုကြမယ်-သံပေါက်လေးနှင့် ပရိသတ်ကြီးကို နှုတ်ခွန်းဆက်သလိုက်ပါတယ်။
မန်းမြေကို ချောမောဆိုက်မြိုက်စွာ ပြန်ရောက်လာခဲ့ပါပြီ။
ကန့်ကွက်သူအပေါင်းရော၊ ကြည့်မရသူ အပေါင်းပါ ကျန်းမာချမ်းသာဘေးရန်ကွာ၍ လိုရာဆန္ဒပြည့်ဝပါစေဗျာ…။
ဦးပဉ္စင်း
ဝီရသူ(မစိုးရိမ်)
3.10.2014

PM 11:55












































Viewing all articles
Browse latest Browse all 2129

Trending Articles