Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

"အဖိုးတန် စာတမ်းတစ်စောင်(သို့မဟုတ်) ရခိုင်ပြည်သိမ်းပိုက်ရေး ခြေလှမ်းများ(၆)"

$
0
0
1983 ခုနှစ်က ပြုစုခဲ့သော လဝက ဝန်ထမ်းတစ်ဦး၏ အဖိုးတန်စာတမ်းဖြစ်ပါသည်။ ဘင်္ဂလားဒေ့ရှ်မှာ ဘာတွေကြံစည်နေတယ်၊ မြန်မာပြည်ကို ဘယ်လို စိမ့်ဝင်နေတယ်။ ကမ္ဘာကို ဘယ်လိုဗိုလ်ကျချင်တယ်။ ဘာကြောင့် ဒီလိုပြင်ဆင်ရတယ် စတာတွေ ပါဝင်ပါတယ်။
၂၂။ ရခိုင်မျိုးနွယ်စုဖြစ်ပါသည်ဟူ၍ဘန်းပြလျှက် ပြောင်ပြောင်တင်းတင်း လှုပ်ရှားနေကြသော အခြေအနေ တရပ်မှာ ရိုဟင်ဂျာလှုပ်ရှားမှုဖြစ်ပါသည်။ မြန်မာနိုင်ငံအတွင်းသို့ စောစွာအရင်ရောက်ရှိလာသော မူဆလင် ဘင်္ဂလီများသည် မြန်မာ့သမိုင်းဖြစ်စဉ်ကို အတော်အတန် တီးခေါက်မိကြပြီး မြန်မာတိုင်းရင်းသားတို့၏ ဟန်ပန်ဓလေ့ထုံးစံတို့ကိုလည်း တတ်သိနားလည်ကြသည့်အလျှောက် ကြံကြံဖန်ဖန် အထောက်အထား အကိုးအကား အချက်အလက်တို့ကိုတင်ပြလျှက် ယင်းတို့သည် ရခိုင်မျိုးနွယ်စုဖြစ်ကြောင်း နိုင်ငံတော် ကောင်စီအထိ တင်ပြကြလျှက် မြို့နယ် ကျေးရွာ ရပ်ကွက်များအတွင်းတွင်လည်း စည်းရုံးလှုံ့ဆော်လျှက် ရှိကြသည်။ ယင်းတို့အနေဖြင့် ရခိုင်မျိုးနွယ်စုဖြစ်သည် ရိုဟင်ဂျာလူမျိုးဟု အခိုင်အမာ ပြောဆိုနေစေကာမူ ရခိုင်မျိုးနွယ်စုပါဟု ဆိုသော မည်သည့် ရိုဟင်ဂျာတစ်ဦးတစ်ယောက်မျှ နတ်ကိုးကွယ်သူ ဗုဒ္ဓဘာသာ ကိုးကွယ်သူ ဟူ၍ တဦးတယောက်မျှ မရှိကြပါ။ အားလုံးသောရိုဟင်ဂျာတိုင်းသည် အစ္စလာမ်ဘာသာကိုးကွယ် သော မူဆလင်များဖြစ်ကြသည်။ သို့ဖြစ်၍ ဝင်လာမစဲ တဖွဲဖွဲဝင်နေကြသော မူဆလင်ဘင်္ဂလီများသည် ရိုဟင်ဂျာလှုပ်မှုများကို များစွာအကြိုက်တွေ့ပြီး မည်သူ့အားမေးမေး ဘင်္ဂလီများကလည်း ရခိုင်မျိုးနွယ်စုဖြစ် သော ရိုဟင်ဂျာလူမျိုးဟု ၄င်းတို့အတွက် အလွန်ကောင်းမွန်သော ရခိုင်မျိုးနွယ်စု ရိုဟင်ဂျာဟူသော အကာအကွယ်ဖြင့် အဖြေပေးလျှက်ရှိကြပါသည်။
၂၃။ မူဆလင်တို့သည် အချိန်နှင့်အမျှ ၄င်းတို့၏ အကျိုးအတွက် တက်ကြွစွာ စည်းရုံးလှုပ်ရှားမှု ပြုလုပ်လျှက် ရှိကြသည့်အပြင် မူဆလင်ထုတရပ်လုံးအတွက် ရှိဟင်ဂျာလူမျိုးဖြစ်၍ ရိုဟင်ဂျာသည် ရခိုင်မျိုးနွယ်စုဖြစ်ကြောင်း ဘန်းပြလျှက် အခွင့်အရေးအမျိုးမျိုး တောင်းဆိုရန်အတွက် ဉာဏ်နီဉာဏ်နက်ဆင်ကာ စိစဉ်လျှက်ရှိကြသည်။ ထိုကဲ့သို့ စီစဉ်ရာတွင် အကိုးအကား ဆင်ခြေဆင်လက်ဖြင့် အခိုင်အမာဖြစ်စေရန် အမျိုးမျိုး သက်သေထူ၍ တင်ပြလျှက် ရှိကြပါသည်။ ထိုသို့ တင်ပြရာတွင် ယခင်ပါတီစုံခေတ် အာဏာရနိုင်ငံရေးအဖွဲ့အစည်းများနှင့် အာဏာရှိပုဂ္ဂိုလ်တို့မှ အတည်ပြုပေးခဲ့ကြသည့် အချက်များ အသိအမှတ်ပြုသည့်အချက်များအားလည်းကောင်း အမျိုးသားရေးကို ရှေ့နောက်တွေးခေါ်မြှော်မြင်ခြင်း မရှိကြသော စာရေးဆရာများ၏ ပြုစုရေးသားချက်များ ယဉ်ကျေးမှုဌာနတို့မှ တိုင်းရင်းသားလူမျိုးများအကြောင်းဆိုင်ရာ မှတ်တမ်းမှတ်ရာများ ပြည်ထောင်စုနေ့တက် ရောက်ရန် ကိုယ်စားလှယ်အဖြစ် ဖိတ်ကြားမှုများ ယဉ်ကျေးမှုဌာနများရှိပြတိုက်များအတွင်းသို့ နည်းပရိယာယ် အမျိုးမျိုးဖြင့် ဝင်ရောက်မွှေနှောက်လေ့လာပြီး ရှေးဟောင်းကျောက်စာများ အသုံးအဆောင်များ ငွေဒင်္ဂါးများ စသည်တို့ကို မူဆလင်ဘင်္ဂလီအသွင်သို့ နှီနွယ်ဆက်စပ်ပြောင်းလဲရန် အပြင်းအထန်အားထုတ်လျှက်ရှိကြသည်။ မြောက်ဦးမြို့ ပြတိုက်တွင်ထားရှိသော ကျောက်စာများတွင် တွေ့နိုင်သော တတက်တွင် ရခိုင်ရှေးဟောင်းစာနှင့် နောက်တတက်တွင် အူရဒူ ဖယ်စီစာများတွေ့ရှိရကြောင်း ငွေဒင်္ဂါးတတက်တွင် ကလီမာစာထိုးထားခြင်းများ စသည်တို့ကို မဆီမဆိုင် အကိုးအကားပြု၍လည်းကောင်း ရိုဟင်ဂျာများ၏ ရိုးရာဝတ်စားဆင်ယင်မှုမှာ ရခိုင် တိုင်းရင်းသားများနှင့် မခြားနားကြောင်း ရခိုင်မျိုးနွယ်စုဖြစ်သော ရိုဟင်ဂျာများ၏ ဝတ်စားဆင်ယင်မှုတို့ကို စာရေးဆရာကြီး ဦးသိန်းဖေမြင့်နှင့် ဖဆလပ ဒုဝန်ကြီးချုပ် ဦးကျော်ငြိမ်းတို့ကိုယ်တိုင် ကျောက်ဆော် မြောက်ဦး မြို့များသို့ သွားရောက်စဉ်က တွေ့မြင်သွားကြောင်း၊ စာပေများတွင် ရေးသားဖော်ပြခဲ့သည်ဟူ၍လည်း ရမိရရာ အဓိပ္ပါယ်မဲ့ကိုးကားဖော်ပြထားသည်။ ရိုဟင်ဂျာသည် ရခိုင်မျိုးနွယ်စုဖြစ်၍ ရခိုင်တိုင်းရင်းသားများနှင့် ယဉ်ကျေးမှု ဓလေ့ထုံးစံများမှအစ တလင်တမယား စနစ်ပါ မကျန်အစစအရာရာတွင် တူညီလှပါသည်ဟု ဖော်ပြကြသော် လည်း ရိုဟင်ဂျာအတွင်း၌ မူဆလင်ဘာသာမှလွဲ၍ အခြားဘာသာကိုးကွယ်မှုလုံးဝမရှိခြင်း၊ အစ်နေ့များ၌ နွားကောင်း၊ နွားသန့်တို့ကို သတ်ဖြတ်နေခြင်း၊ တနေ့ ၅ ကြိမ်ဗလီသွား၍ နမာဇ်(အလ္လာအရှင်မြတ်) ကိုးကွယ်မှု ပြုရခြင်းများကိုကား မည်သည့်အတွက် ရိုဟင်ဂျာနှင့် ရခိုင်တို့ ကြီးစွာ ကွဲပြားခြားနားခြင်းဖြစ်နေရကြောင်း ကိုကား ရှင်းလင်းဖော်ပြခြင်း မပြုကြတော့ဘဲ လိမ္မာ ပါးနပ်စွာ ဖုံးကွယ်ထားကြသည်။ ထို့ထက်ဆိုးဝါးသည်မှာ နိုင်ငံတော်ကောင်စီသို့ ရခိုင်ရိုဟင်ဂျာ မျိုးနွယ်စု စာတမ်းတင်ပြသော မေယုအရှေ့ဘက်ခြမ်းရှိ ရိုဟင်ဂျာ ရခိုင်မျိုးနွယ်စု၏ ကိုယ်စားပြုခေါင်းဆောင်ကြီးဖြစ်သော မြေပုံမြို့ရှိ ယခင်ပါတီစုံခေတ်မှ လက်ကျန်နိုင်ငံရေး သမားဟောင်းဦးသိန်းမောင်ဆိုသူမှ မူဆလင်ရိုဟင်ဂျာတို့သည် တလင်တမယားစနစ်ကျင့်သုံးကြောင်း ခပ်တည် တည်ဖြင့် တင်ပြသွားသော်လည်း ဦးသိန်းမောင်ကိုယ်တိုင် မူဆလင်တို့၏ အကျင့်အတိုင်း မယားများစွာ ထားရှိရုံမျှမက ယင်းမယားများတွင် ရခိုင်အမျိုးသမီးတဦးပင်ပါရှိပေသေးသည်။ နိုင်ငံသား ဥပဒေပြဋ္ဌာန်းချက် များနှင့်ပတ်သက်၍လည်း မူဆလင်တို့သည် နိုင်ငံသားများဖြစ်လာစေရေးအတွက် နည်းပေါင်းစုံဖြင့် ကြံဆ လျှက်ရှိကြသည်။

၂၄။ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း မူဆလင်တို့သည် တိုင်းရင်းသားမျိုးနွယ်စုဖြစ်ကြောင်းကို ဉာဏ်နီဉာဏ်နက်ဆင်ကြရာ၌ ခိုင်လုံသောအထောက်အထားအကိုးအကားတို့ကို လုပ်ကြံဖန်တီးလျှက်ရှိကြ သည်။ ဥပမာဖော်ပြရသော် မူဆလင်များ ရခိုင်ပြည်နယ်အတွင်းသို့ ဝင်ရောက်မှုနှင့် မူဆလင်လူဦးရေ အဆမတန်တိုးပွားနေမှုကို စိုးရိမ်တကြီး တင်ပြခဲ့သူမှာ နိုင်ငံတော်ကောင်စီဝင်ဟောင်း (ယခင် ရတည မြောက်ဦးအမတ်)ဦးလှထွန်းဖြူဖြစ်ပါသည်။ ဦးလှထွန်းဖြူအနေဖြင့် မူဆလင်များသည် ဉာဏ်နီဉာဏ်နက် မည်မျှများပြားကြောင်း ကောင်းစွာသိပါသည်။ မူဆလင်ဘင်္ဂလီမှ ကမန်၊ ကမန်မှ ရိုဟင်ဂျာအသွင်သို့ အဆင့်ဆင့် ကူးပြောင်းကြမည့် မူဆလင်တို့၏ အကြံအစည်ကိုလည်း ဦးလှထွန်းဖြူအနေဖြင့်ကောင်းစွာ သိရှိပါသည်။ ဤသို့သိရှိသဖြင့် နိုင်ငံတော်ကောင်စီအထိ တင်ပြခဲ့သော ဤဦးလှထွန်းဖြူပင် မရမာကြီးနှင့် ကမန်တို့သည် ရခိုင်မျိုးနွယ်စု တိုင်းရင်းသားများဖြစ်ကြပါသည်ဟု ရခိုင်ပြည်နယ် တိုင်းရင်းသား လူမျိုးစုများ (အောင်ဘန်း၊ ကြီးစွေစကားရည်လုပွဲ)ငါအုပ်တွင်ရေးသား၍ ၁၉၈၁ ခု စက်တင်ဘာလတွင် ပုံနှိပ် ထုတ်ဝေ ခဲ့ပြန်ပါသည်။ ၄င်း ဝါအုပ်သည်ရခိုင်ပြည်နယ်တိုင်းရင်းသား လူမျိုးစုများအကြောင်းကို ကိုအောင်ဘန်းနှင့် ကိုကြီး ငွေတို့စကားရည်လုပွဲတွင် ပြောဆိုကြသည့်ဟန်ပန်ဖြင့် ရေးသား ထုတ်ဝေထားပုံမှာ များစွာ ကလေးကလား ဆန်လှပါသည်။ သို့ရာတွင် ယင်းစာအုပ်အား မူဆလင်ကုလားများအနေဖြင့် အထောက်အထား အကိုးအကားမှတ်တမ်းမှတ်ရာ အခိုင်အမာရရှိသွားပြီးဖြစ်ပါသည်။ ယင်းစာအုပ်အတွင်းမှ အကိုးအကားအချို့ကို ဖော်ပြရသော် ၁၉၆၀ ပြည့်နှစ်ပြည်ထောင်စုမြန်မာနိုင်ငံတော် ယဉ်ကျေးမှုဌာနမှထုတ်ဝေသည့် ဦးမင်းနိုင်(ဘီအေ)ရေးသားသော ဒို့တိုင်းရင်းသားပြည်ထောင်စုသား စာအုပ် ပါတီဗဟိုကော်မတီမှ ထုတ်ဝေသော တိုင်းရင်းသားရိုးရာဓလေ့ထုံးစံများ(ရခိုင်)စာအုပ် ဓညဝတီရာဇဝင်သစ်စာအုပ် ၁၉၆၄ ခုနှစ်တွင် မန္တလေးမြို့ ပြည်ထောင်စုနေ့သို့ ဘူးသီးတောင် မောင်တောမြို့နယ်များမှ တက်ရောက်သော ကိုယ်စားလှယ်များ ၁၉၆၅ ခုနှစ်တွင် ကရင် ပြည်နယ်ခွဲ သပင်တွင်ကျင်းပခဲ့သော ပြည်ထောင်စုနေ့သို့ စစ်တွေမှ တက်ရောက်ကြသော ကိုယ်စားလှယ်များ စသည့်အကြောင်းတို့ကို လက်လှမ်းမှီရာသိမ်းကျုံး၍ မရမာကြီးနှင့် ကမန်လူမျိုးတို့သည် တိုင်းရင်းသားလူမျိုးစုများဖြစ်ကြောင်း ဖော်ပြခဲ့သည်။






Viewing all articles
Browse latest Browse all 2129

Trending Articles


တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်၌ ဘိန်းဖြူ ၃၅ဂရမ် ဖမ်းဆည်းရမိ


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


သီတဂူဆရာတော်ကြီး၏ မွေးနေ့ ပို့စ် ဖိတ်ခေါ်


ခြေလျင်နှင့်ခြေမြန်တပ်ရင်းများကွာခြားပုံ


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


အမျိုးကောင်း သမီးတွေ ဖြစ်ကြစေဖို့


မနောမယအိမ်ခြံမြေရောင်းနည်း


လှိုင်သာယာတွင်ဖခင်ဖြစ်သူမှ သမီးအရင်း ၂ဦးအား မုဒိမ်ပြုကျင့်မှုဖြစ်ပွား


သူ့ ကိုမချစ်ဘူး......


တောင်ပြုန်းပွဲကြိုအဖြစ် မန္တလေးတွင် တရက်ထဲသာကျင်းပသည့် အိုးပုတ်ပွဲတော် စည်ကား