Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“28.9.2014 သီရိလင်္ကာ သံဃာ့ကောင်စီ အစည်းဝေး၌ အရှင်ဝီရသူ ဟောကြားသော မိန့်ခွန်း”

$
0
0
ကမ္ဘာ့နိုင်ငံအသီးသီးမှ ကြွရောက်လာကြသော ဆရာတော် သံဃာတော်များအား ဦးစွာ ပဏာမ ဂါရဝပြုအပ်တယ်။ မင်္ဂလာရှိသော နေ့ထူးနေ့မြတ်ပါဘုရား။
ဗုဒ္ဓသာသနာတော်အတွက် အင်မတန်အရေးကြီးတဲ့ ဒီအစည်းအဝေးကြီးသို့ ဖိတ်ကြားပေးတဲ့အတွက် ဗောဓုဗလဆေန အဖွဲ့ကို အင်မတန် ကျေးဇူးတင်မိပါတယ်။ ကန်ကွက်နေတဲ့ကြားထဲကနေ ဦးပဉ္စင်းကို ဝင်ခွင့်ပြုတဲ့အတွက် သီရိလင်္ကာ သမ္မတကြီးရဲ့ ဗုဒ္ဓသာသနာအပေါ် ထားတဲ့ စိတ်ထားကို အထူးလေးစားဂုဏ်ယူမိပါတယ်။
ဒီကနေ့ ဗုဒ္ဓဘာသာဟာ အန္တရာယ်မျိုးစုံနှင့် ရင်ဆိုင်နေရပါပြီ။
ဗုဒ္ဓဘာသာဝင်အမျိုးသမီးများ အကြမ်းဖက်ခံရခြင်း၊ ဗုဒ္ဓဘာသာဝင်မိန်းကလေးများ အလိုမတူဘဲ ဘာသာကူးပြောင်းခံနေရခြင်း၊ ဗုဒ္ဓဘာသာဝင် အမျိုးသား အမျိုးသမီးများ အနိုင်ကျင့်ခံနေရခြင်း၊ ဗုဒ္ဓဘာသာဝင်တို့ အထွဋ်အမြတ်ထားရာ ရုပ်ပွားတော်များ၊ သံဃာတော်များ ဖျက်ဆီးစော်ကား ခံနေရခြင်း၊ ဂျီဟတ်ဝါဒီများ လက်ချက်ကြောင့် အသက်အိုးအိမ် စည်းစိမ်ဆုံးရှုံး နေရခြင်းများသည် ကမ္ဘာ့မီဒီယာများ လျစ်လျှူရှုထားကြသည့် တကယ့်ဖြစ်ရပ်မှန်များ ဖြစ်ပါတယ်ဘုရား။
ငွေကြေး၊ နည်းပညာ၊ အကြံဉာဏ်၊ လူအင်အား၊ လက်နက်အင်အားတို့ဖြင့် အနိုင်ကျင့်ခံနေရတဲ့အပြင် မီဒီယာနှင့် စနစ်တကျ လုပ်ကြံဖျက်ဆီးတာကိုလည်း အလူးအလဲ ခံနေရပါတယ်ဘုရား။
ဂျီဟဒ်ဝါဒီတို့၏ စနစ်တကျလုပ်ကြံမှုများကြောင့် ကမ္ဘာသူ ကမ္ဘာသားများက ဗုဒ္ဓဘာသာဝင်တွေအပေါ် အထင်အမြင်လွဲမှားနေကြပါတယ်ဘုရား။
လုပ်ကြံတိုက်ခိုက်သူတွေကို လူကောင်းထင်နေပြီး ခုခံကာကွယ်သူတွေကို လူဆိုးထင်နေကြတာဟာ ဂျီဟဒ်ဝါဒီတို့ဘက်မှာ အင်အားကြီးမီဒီယာများရှိကြောင်း ခိုင်မာတဲ့ သက်သေတွေပဲ ဖြစ်ပါတယ်ဘုရား။
ကမ္ဘာ့အတိုင်းအတာနဲ့ကြည့်မယ်ဆိုလျှင် ဗုဒ္ဓဘာသာဝင်များသည် လူနည်းစုဖြစ်ကြပါသည်။ ထိုလူနည်းစုကို ကာကွယ်စောင့်ရှောက်နိုင်ပါမှ ကမ္ဘာကြီး အမှောင်မကျမည် ဖြစ်ပါသည်။
နေမင်း လမင်းကွယ်ပျောက်သော်လည်း လျှပ်စစ်စွမ်းအင်ကြောင့် အမှောင်မကျနိုင်ပါ။ ဗုဒ္ဓတရားတော်များ ကွယ်ပျောက်သွားလျှင် ကမ္ဘာကြီး အမှောင်အတိ ဖြစ်သွားနိုင်ပါတယ်။ ဗုဒ္ဓဘာသာကျရှုံးခြင်းဟာ ကမ္ဘာကြီးကျရှုံးခြင်းပဲ ဖြစ်ပါတယ်။
ကမ္ဘာ့နိုင်ငံအသီးသီးမှာ သာသနာပြုနေကြတဲ့ ဆရာတော် သံဃာတော်များအနေဖြင့် ဒီကနေ့ ဗုဒ္ဓဘာသာဟာ အန္တရာယ်ကျရောက်နေပြီ ဖြစ်လို့ မျက်စိကြီးကြီး နားကြီးကြီးထားကြစေလိုပါတယ်။ အချက်ပေးခေါင်းလောင်းသံကြားရင် လက်တွေခိုင်မြဲအောင် တွဲထားဖို့ လိုပါတယ်။ တစ်နေရာမှာ အန္တရာယ်ဖြစ်ပြီဆိုရင် ကျန်နိုင်ငံများက ဝိုင်းဝန်းစောင့်ရှောက်ဖို့ လိုပါတယ်။
လူနည်းစု လူနည်းစုလို့ အော်နေတဲ့ ကမ္ဘာကြီးကိုလည်း ပြောလိုက်ချင်ပါတယ်။ ကမ္ဘာ့လူဦးရေနှင့် နှိုင်းစာလျှင် မပြောပလောက်ပြီဖြစ်တဲ့ လူနည်းစု ဗုဒ္ဓဘာသာဝင်များရဲ့ စိုးရိမ်ပူပန်မှုကိုလည်း စာနာကြပါဦး ခင်ဗျား။
သားမယားကို ချစ်မြတ်နိုးသူဟာ သားမယားကို ကာကွယ်စောင့်ရှောက်ကြသလို၊ စည်းစိမ်ဥစ္စာကို တန်ဖိုးထားကြသူတွေဟာ စည်းစိမ်ဥစ္စာကို ကာကွယ်စောင့်ရှောက်ကြသလို ဗုဒ္ဓသာသနာကို တန်ဖိုးထား လေးစားသူတွေဟာလည်း ဗုဒ္ဓသာသနာကို ကာကွယ်စောင့်ရှောက်ရမည့် တာဝန်ရှိကြောင်းနှင့် ကာကွယ်စောင့်ရှောက်ခြင်းကို အပြစ်မမြင်ကြဖို့ အထူးသဖြင့် တိုက်တွန်းလိုပါတယ်။
သီရိလင်္ကာမှ ဗောဓုဗလဆေနအဖွဲ့နှင့် မြန်မာပြည်မှ ၉၆၉ (မ.ဘ.သ)အဖွဲ့တွေဟာ အကြမ်းမဖက် ငြိမ်းချမ်းတဲ့နည်းလမ်းနှင့် ဗုဒ္ဓသာသနာကို ကာကွယ်စောင့်ရှောက်နေခြင်း ဖြစ်ပါကြောင်း လျှောက်ထားအပ်ပါတယ်။
မလိမ္မာတဲ့သူတွေကို လိမ္မာအောင် မယဉ်ကျေးတဲ့သူတွေကို ယဉ်ကျေးလာအောင် ဆုံးမဖို့ ဘုရားသားတော်များဖြစ်တဲ့ ဆရာတော် သံဃာတော်များမှာ တာဝန်ရှိပါတယ်ဘုရား။
ကမ္ဘာ့လူသားတွေအားလုံး လိမ္မာယဉ်ကျေးကြပါမှ ကမ္ဘာကြီးငြိမ်းချမ်းမှာ ဖြစ်ပါတယ်ဘုရား။
ဒါကြောင့် မယဉ်ကျေးသေးသော လူသားများကို ယဉ်ကျေးအောင်၊ မလိမ္မာသေးသော လူသားများကို လိမ္မာအောင် ဆုံးမခြင်းဖြင့် ငြိမ်းချမ်းရေးဗိသုကာကြီးများဘဝကို ပိုင်ဆိုင်ကြပါစေဘုရား။
ကမ္ဘာကြီး ငြိမ်းချမ်းပါစေ။
လူသားတိုင်း လွတ်လပ်စွာကိုးကွယ်ခွင့် ရကြပါစေ။

ဆင်းရဲလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။



























Viewing all articles
Browse latest Browse all 2129

Trending Articles