Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“ရေတာရှည်မြို့နယ်လုံးဆိုင်ရာ မ.ဘ.သ နှစ်ပတ်လည်အစည်းအဝေးနှင့် ဓမ္မစာပေဟောပြောပွဲ ကျင်းပ”

$
0
0
ရေတာရှည်၊ စက်တင်ဘာ ၂၇
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်လုံးဆိုင်ရာ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (မ.ဘ.သ) နှစ်ပတ်လည်အစည်းအဝေးနှင့် စာပေဟောပြောပွဲ အခမ်းအနားနှစ်ရပ်ကို ရေတာရှည် မ.ဘ.သ အဖွဲ့မှ (၂၇.၉.၂၀၁၄)ရက်နေ့၊ နံနက် (၈း၀၀)နာရီနှင့် မွန်းလွဲ (၁း၀၀)နာရီအချိန်တွင် ရေတာရှည်မြို့၊ မဟာဝိဇယာရာမ (မြို့လယ်)ကျောင်းတိုက်၌ အသီးသီး ကျင်းပသွားခဲ့ကြောင်း သိရသည်။  

ရေတာရှည်မြို့နယ်လုံးဆိုင်ရာ မ.ဘ.သ နှစ်ပတ်လည်အစည်းအဝေးကို နံနက် (၈း၀၀)မှ နံနက် (၁၀း၀၀)ကျင်ပပါသည်။
မ.ဘ.သ ဦးဆောင်ဆရာတော်များ၊ အဖွဲ့ဝင်များနှင့် တပည့် ဒကာ ဒကာမများတက်ရောက်ကြပြီး စုပေါင်း ရဟန်းရှင်လူ ပရိသတ်အင်အား (၂၀၀)ကျော်ခန့် တက်ရောက်ပါသည်။
အခမ်းအနားတွင် ဆွာမြို့၊ စက်ရုံကျောင်းဆရာတော်မှ သြဝါဒများ မိန့်ကြားခြင်း၊
 ရေတာရှည်မြို့နယ် မ.ဘ.သ တွဲဖက်အတွင်းရေးမှူး(၁) ရွှေကျင်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသဇ္ဇနမှ ဒေသဆိုင်ရာ မ.ဘ.သ အဖွဲ့အစည်းများ ဖွဲ့စည်းပေါ်ပေါက်ရန် သြဝါမဒများ ချီးမြှင့်တိုက်တွန်းခြင်း၊
မ.ဘ.သ အတွင်းရေးမှူး ကံမြင့်ကျောင်းတိုက် သစ္စဒီပက ပရဟိတ ဆရာတော် ဘဒ္ဒန္တသုန္ဒရမှ မြို့နယ်အလုပ်အမှုဆောင်ကော်မတီအဖွဲ့အား အတည်ပြု ကြေငြာပေးခြင်း၊
အစည်းဝေးသို့ တက်ရောက်လာကြေသော ရဟန်းရှင်လူများမှ အကြံပြုလွှာများ ပေးအပ်ခြင်း၊
မ.ဘ.သ တွဲဖက်အတွင်းရေးမှူ (၂) ရှမ်းကျောင်းစာသင်တိုက် သာသနဥယျဉ် ပညာဒါနဖောင်ဒေရှင်း ဆရာတော်ဘဒ္ဒန္တဣန္ဒကမှ မ.ဘ.သ အဖွဲ့၏ ရှေ့လုပ်ငန်းစဉ်နှင့် ရယ်ရွယ်ချက်များကို လျှောက်ထားခြင်း၊
တောင်ငူ မ.ဘ.သ အဖွဲ့ အတွင်းရေးမှူး အောင်ဇမ္ဗူကျောင်း အရှင်စန္ဒနမှ အတွေ့အကြုံများ တင်ပြလျှောက်ထားခြင်း၊
ဘိုတဲစုကျောင်းဆရာတော်မှ မ.ဘ.သ (ဗဟို)၏ ညွှန်ကြားလွှာ အမှတ် (၅)အား ဖတ်ကြားခြင်း၊
ရေတာရှည်မြို့နယ် မ.ဘ.သ ဥက္ကဋ္ဌ မဟာဝိဇယာရာမ (မြို့လယ်)ကျောင်းဆရာတော်မှ နိဂုံးချုပ် သြဝါဒများ မိန့်ကြားခြင်း အစီးစဉ်များဖြင့် ဆောင်ရွက်ကြပြီး နံနက် (၁၀း၀၀)နာရီတွင် အခန်းနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆို၍ အောင်မြင်စွာပြီးဆုံးခဲ့ကြောင်း သိရသည်။

၎င်းနောက် မွန်းလွဲ (၁း၀၀)နာရီအချိန်တွင် ဓမ္မစာပေဟောပြောပွဲကို ဆက်လက်ကျင်းပခဲ့ရာ ရဟန်းရှင်လူ ပရိသတ်အင်အား (၆၀၀)ခန့် တက်ရောက်ကြပါသည်။

 ဟောပြောပွဲကို ဒေါက်တာသောပါက(မ.ဘ.သ ဗဟို)၊ ဆရာမောင်သွေးချွန်(သာကီသွေးဂျာနယ် အယ်ဒီတာချုပ်)၊ ဦးအေးပိုင်(မ.ဘ.သ ဗဟို ဥပဒေအကြံပေး) တို့မှ အသီးသီး ဟောပြောသွားခဲ့ကြပြီး ညနေ (၅း၀၀)တွင် အခမ်းအနား ပြီးဆုံးခဲ့ကြောင်း သိရသည်။








Viewing all articles
Browse latest Browse all 2129

Trending Articles