Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“စစ်သွေးကြွများ အီရတ်ကျေးရွာသား ၈၀ ဦးကို သတ်ဖြတ်”

$
0
0


အာဘီလ်-
အီရတ်နိုင်ငံမြောက်ပိုင်း ကျေးရွာတစ်ရွာတွင် အစ္စလာမ်မစ်နိုင်ငံတော် (IS)အဖွဲ့ စစ်သွေးကြွများက ကျေးရွာတစ်ရွာ၌ ယာဇီဒီဘာသာဝင် အမျိုးသား အနည်းဆုံး ၈၀ ဦးကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့ပြီး အမျိုးသမီးများနှင့် ကလေးငယ်များကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု သတင်းများက ဖော်ပြသည်။
စင်ဂျာတောင်မှ မိုင် ၃၀ အကွာ ကိုချိုကျေးရွာသို့ IS တိုက်ခိုက်ရေးသမားများ ဝင်ရောက်ပြီး အစ္စလာမ်ဘာသာသို့ ကူးပြောင်းရန် (သို့မဟုတ်)အသေခံရန် ပြောကြားခဲ့သည်ဟု ဆိုသည်။
ရွာသားများ အသတ်ခံရကြောင်း ဝါရှင်တန်မြို့မှ ယာဇီဒီအရေး လှုပ်ရှားသူများက ထုတ်ဖော်ပြောကြားခဲ့ပြီးနောက် ကိုချိုရွာသတ်ဖြတ်မှုများကို ကာ့ဒ်အရာရှိများက အတည်ပြုခဲ့သည်။
“သူတို့ယာဉ်တွေနဲ့ရောက်လာပြီး ဒီနေ့ နေ့လယ်မှာပဲ သတ်ဖြတ်မှုတွေ စတင်ခဲ့တယ်”ဟု ကာ့ဒ်အရာရှိကြီး တစ်ဦးဖြစ်သူ ဟိုရှီရာဇီဘာရီက ရိုက်တာသတင်းဌာနအား ပြောကြားသည်။
သတ်ဖြတ်မှုများမှာ တစ်နာရီခန့်သာ ကြာမြင့်ခဲ့သည်ဟုလည်း အသက်ရှင်ကျန်သူများနှင့် စကားပြောခဲ့သည်ဆိုသော ယာဇီဒီပါလီမန်အမတ် မာဟာမာခါလီက ပြောသည်။
ကိုချိုရွာသားများကို စာသင်ကျောင်းတွင် စုဝေးထားရှိခဲ့ပြီး အစ္စလာမ်ဘာသာသို့ ကူးပြောင်းခိုင်းခဲ့ပြီးနောက် ၎င်းတို့ကို ပစ်သတ်ကာ ကျန်ရွာသားများအား မည်သည့်အရပ်မှန်း မသိသောနေရာသို့ ခေါ်ဆောင်သွားခဲ့သည် ဟု ဘီဘီစီသတင်းတွင် ဖော်ပြသည်။
_Ref: BBC
17.8.2014 ရက်နေ့ထုတ် The 7day Daily ဂျာနယ်မှ ကူးယူဖော်ပြသည်။

Viewing all articles
Browse latest Browse all 2129

Trending Articles