Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“အစ္စလာမ်မစ်သူပုန်များ ပင်လယ်ကွေ့နှင့် ဂျော်ဒန်ကို ခြိမ်းခြောက်လာနိုင်ဟု ဟစ်ဘိုလာခေါင်းဆောင်ပြော”

$
0
0


ဘေရွတ်-
အီရတ်နှင့် ဆီးရီးယားနိုင်ငံ နယ်ပယ်အများအပြားကို သိမ်းယူထားသော အစွန်းရောက်အစ္စလာမ်မစ်အဖွဲ့ (IS)သည် တဖြည်းဖြည်း ကြီးထွားလာသော မကောင်းဆိုးရွားဖြစ်သည်ဟု ဟစ်ဘိုလာအဖွဲ့ခေါင်းဆောင်က ယမန်နေ့က ပုံနှိပ်ဖော်ပြခဲ့သည့် တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ပြောကြားခဲ့သည်။
ယင်းအဖွဲ့မှာ ဂျော်ဒန်၊ ဆော်ဒီအာရေးဗီးယား၊ ကူဝိတ်နှင့် အခြား ပင်လယ်ကွေ့နိုင်ငံများကိုလည်း ခြိမ်းခြောက်လာနိုင်သည်ဟု ဟစ်ဘိုလာခေါင်းဆောင် ဆေယက်ဟက်ဆန်နာဆာရယ်လားက ပြောသည်။
သီးခြားမိန့်ခွန်းတစ်ရပ်တွင် အစ္စလာမ်မစ် နိုင်ငံတော်အဖွဲ့သည် မိမိတို့အဖွဲ့ အခြေစိုက်ရာ လက်ဘနွန်အပေါ် ဖြစ်တည်မှုဆိုင်ရာ ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်ပြီး အကယ်၍ လိုအပ်ပါက ယင်းအဖွဲ့က လက်ဘနွန်တွင် တိုက်ခိုက်ရန် အသင့်ရှိသည်ဟု ၎င်းက ဆက်လက်ပြောသည်။
အီရတ် ကျောထောက်နောက်ခံပေးထားသော ဟစ်ဘိုလာအဖွဲ့သည် ဆွန်နီအစ္စလာမ်မစ်များ အဓိကဦးဆောင်နေသော ပုန်ကန်ထကြွမှုများအား နှိမ်နင်းရန် ဆီးရီးယားသမ္မတ အာဆတ်ကို ကူညီတိုက်ပေး နေသည်။
ဆီးရီးယားတိုက်ခိုက်မှုများ လက်ဘနွန်နယ်စပ် အာဆယ်မြို့ထိ ကျရောက်ခဲ့၍ သြဂုတ် ၂ ရက်မှစ၍ ငါးရက်ကြာ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
အစ္စလာမ်မစ်နိုင်ငံတော်အဖွဲ့၏ မာမာထန်ထန် အယူအဆကို လက်ခံမှုရှိသော အခြားအာရပ်နိုင်ငံများတွင်လည်း ယင်းအဖွဲ့အနေဖြင့် နောက်လိုက်နောက်ပါများ အလွယ်တကူ စုဆောင်းနိုင်သည်ဟု ဟစ်ဘိုလာခေါင်းဆောင်က ပြောသည်။
၎င်းတို့၏ ပြင်းထန်သော အယူအဆကို လက်ခံသူများမှာ ဂျော်ဒန်၊ ဆော်ဒီအာရေးဗီးယား၊ ကူဝိတ်နှင့် အခြားပင်လယ်ကွေ့နိုင်ငံများတွင်လည်း ရှိနေသည်ဟု လက်ဘနွန်သတင်းစာ အယ်လ်အက်ခဘာနှင့် တွေ့ဆုံ မေးမြန်းခန်း၌ နာဆာရယ်လားက ပြောကြားသည်။
Ref: Reuters
17.8.2014 ရက်နေ့ထုတ် The 7day Daily ဂျာနယ်မှ ကူးယူဖော်ပြသည်။

Viewing all articles
Browse latest Browse all 2129

Trending Articles


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


ချစ်စရာ့ မြန်မာ့ဓလေ့


ဆံပင်ကို ဘုရားလှူခြင်းကြောင့် မည်သို့အကျိုးရမည်နည်း


တာချီလိတ်မြို့ အားခေရွာထဲ၌ ကျပ်သိန်းပေါင်း ၁၄၅ သိန်းခန့် တန်ဖိုးရှိသည့်...


မကွေးတိုင်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေခွင့်တင်သူ ယခုနှစ်တွင် (၆,၀၀၀)ကျော်...


ဟံသာဝတီ နှင့် ရွှေဘို အားပြိုင်သော စစ်ပွဲများ


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


တာနောယက္ခ


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


တားမြစ်ထားတဲ့ သီချင်းလေးတွေ...


သီတဂူဆရာတော်ကြီး၏ မွေးနေ့ ပို့စ် ဖိတ်ခေါ်


တာချီလိတ်တပ်နယ် မိသားစုများမှ တာချီလိတ်ရွှေတိဂုံစေတီတော် ရင်ပြင်၌...


ဘုရင့်နောင်ကျော်ထင်နော်ရထာ နတ်ရွာစံခြင်း


သာယာဝတီမင်း၏ နောက်ကွယ်မှ ရာဇ၀င်သမိုင်းဆိုးများ


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


အရှက်ကြီးသော မိဖုရားနှင့် ကျီစားသန်သော ဘုရင်


ဆားပုလင်းနှင်းမောင်၏ နိဂုံး