Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“နိုင်ဂျီးရီားးရွာသား ၅၀ကျော် ဘိုကိုဟာရမ်အဖွဲ့ ဖမ်းဆီးသွားဖွယ်ရှိ”

$
0
0


မိုင်ဒူဂူရီ-
ဘိုကိုဟာရမ်စစ်သွေးကြွဟု မသင်္ကာသူများ ဝင်ရောက်စီးနင်းခဲ့ပြီးနောက် ကျေးရွာလူ ၅၀ကျော်မှာ ပျောက်ဆုံးနေသည်ဟု ချဒ်ရေကန်အနီးရှိ နိုင်ဂျီးရီးယားကျေးရွာတစ်ရွာတွင် နေထိုင်သူများက ပြောကြားသည်။
ဒိုရွန်ဘာဂါကျေးရွာကို စီးနင်းမှုအတွင်း လူ ၂၆ ဦးသေဆုံးခဲ့သည်ဟု မျက်မြင်သက်သေတစ်ဦးက ဘီဘီစီသတင်းဌာနအား ပြောသည်။
ဝေးလံသောဒေသတွင် ဆက်သွယ်ရေးညံ့ဖျင်းသဖြင့် အဆိုပါကျေးရွာကို စီးနင်းမှုသတင်းမှာ နှစ်ရက်ကြာမြင့်ပြီးမှ သိရှိခဲ့ကြသည်။
ကျေးရွာသို့ လာရောက်တိုက်ခိုက်သူများကို ခုခံရန် ရွာသားအချို့က ကြိုးပမ်းခဲ့သော်လည်း စီးနင်းမှုကို မတားဆီးနိုင်ခဲ့ကြောင်း ကျေးရွာအကြီးအကဲတစ်ဦးက ပြောကြားသည်။
ယင်းကျေးရွာမှ လူပေါင်းမည်မျှကို ပြန်ပေးဆွဲသွားခြံသည်ဆိုခြင်းမှာ ရှင်းရှင်းလင်းလင်းမရှိပေ။
စစ်သွေးကြွများသည် နေအိမ်အချို့ကို မီးရှို့ခဲ့ပြီး လူ ၅၀ ခန့် ဖမ်းဆီးခဲ့ကြောင်း ကျေးရွာအကြီးအကဲက ပြောသည်။
၎င်းတို့အနက် အများစုမှာ အမျိုးသမီးများ ဖြစ်သော်လည်း ငယ်ရွယ်သူယောက်ျားလေး၊ မိန်းကလေးများလည်း ပါဝင်သည်ဟု ၎င်းကပြောသည်။
အဆိုကျေးရွာမှ အသက်ရှင်ကျန်သူများ ပြည်နယ်မြို့တော် မိုင်ဒူဂူရီသို့ ရောက်ရှိလာခဲ့ပြီးမှသာ တိုက်ခိုက်မှု အကြောင်းကြားသိရခြင်းဖြစ်သည်။
ယခု တိုက်ခိုက်မှုနှင့် ပတ်သက်၍ နိုင်ဂျီးရီးယားစစ်ဘက်က မှတ်ချက်ပေးခြင်း မရှိပေ။
_Ref: BBC
17.8.2014 ရက်နေ့ထုတ် The 7day Daily ဂျာနယ်မှ ကူးယူဖော်ပြသည်။

Viewing all articles
Browse latest Browse all 2129

Trending Articles


“ဂုဏ်ယူမိပါတယ်” ကျနော်သိတဲ့ ကိုနေဝင်း (သို့) ဒေါက်တာနေဝင်း။


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


မနောမယအိမ်ခြံမြေရောင်းနည်း


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ဂျူးပင် စိုက်ပျိုးနည်း


သာကူ⁠ပြင် ⁠ပြုလုပ်နည်း