Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“ဦးဝီရသူအား မေးခွန်း(၆)ခု ထပ်မံမေးမြန်းခြင်းကို ဖြေကြားပေးပါရန် မေတ္တာရပ်ခံပါသည်”

$
0
0



“ဒုတိယပိုင်း (၂)”
ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေးသံတမန်ကွန်ယက်သည် အနာဂတ် ဒီမိုကရေစီ နိုင်ငံတော်ထူထောင်ရာတွင် ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာညီညွတ်ရေး၊ တိုင်းရင်းသားပေါင်းစုံညီညွတ်ရေး၊ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံကြားမှ တရုတ်၊ ကုလား ခွဲခြား ဆက်ဆံမှုဖြစ်ပေါ်လာခြင်း၏ အကြောင်းအရင်းအမှန်အမှားများကို ဝေဖန်ပိုင်ခြားပြီး မျိုးဆက်သစ် အမိနိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်ရန်အတွက် စည်းလုံးညီညွတ်ရ် အထူးလိုလား အပ်သည်ဟု ယုံကြည်ပါသည်။ ခွဲခြားဆက်ဆံခြင်းကြောင့် လူသားများ ဖွံ့ဖြိုးတိုးတက်မှုကို ကျဆင်းစေပြီး၊ လူတန်းစားတစ်စု တစ်ဖွဲ့သာ အကျိုးဖြစ်ထွန်းစေသည်ကို မျက်မှောက်ခေတ်တွင် ဉာဏ်ပညာ အသိဖြင့် စဉ်းစားကြည့်လျှင် တွေ့မြင်နိုင်ပါသည်။ ဘာသာရေး အဓိကရုဏ်းများတွင် ပါဝင်သူများသည် ပညာမဲ့ခြင်း၊ အစွန်းရောက်ခြင်း၊ အလုပ်အကိုင်အတည်တကျမရှိခြင်း၊ ငွေကြေးအတွက် ပါဝင်လုပ်ကိုင်ခြင်း၊ လူတန်းစား တစ်စုတစ်ဖွဲ့၏ မှိုင်းတိုက်မှုများကြောင့် ပါဝင်လာရခြင်းများကို အကြမ်းဖျင်းလေ့လာသိရှိနိုင်သကဲ့သို့ နိုင်ငံရေး ပယောဂမကင်းခြင်းကိုလည်း တွေ့ရှိနိုင်ပါသည်။ ဦးဝီရသူ(မစိုးရိမ်) အမျိုးသားရေးဝါဒီ၏ အမျိုးဘာသာ၊ သာသနာ ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းစဉ်တွင် ပါဝင်ပတ်သက်သူများတွင် အစွန်းရောက်များ ရှိနေသည်ဟု စွပ်စွဲမှုများကို ဖြေရှင်းပေးရန် မေးခွန်းများကို မေးမြန်းရာတွင် ဦးဝီရသူ၏ ဖြေကြားချက်ကို လက်ခံသူနှင့် မခံသူအချို့ သဘာဝကျစွာ ရှိနေပါသည်။ မြန်မာ ဗုဒ္ဓဘာသာအများစုရှိသော နိုင်ငံတော်အတွင်း တရားဥပဒေစိုးမိုးမှု အမှန်တကယ်သန့်သန့်ရှင်းရှင်း မှန်မှန်ကန်ကန် ရှိနေပါက ဘာသာရေး အဓိကရုဏ်းများကို တားဆီးနိုင်ပါသည်။ တာဝန်ရှိသူများ၏ ပျက်ကွက်မှုသည် အပြစ်မဲ့သူများကို ဒုက္ခရောက်စေပါသည်။ ဦးဝီရသူအား ဆက်လက်မေးမြန်းလိုသည်မှာ . . . . .
မေး (၇)။         ။ မွတ်စလင်နှင့် စီးပွားရေးမလုပ်ဖို့ တရားဟောတဲ့အတွက် မွတ်စလင်နှင့် စီးပွားရေးတွေ အလုပ်အတူတူ လုပ်နေတဲ့ ဗုဒ္ဓဘာသာဝင်တွေကို ဘယ်လိုတားဆီးမလဲ ။ (အခြေခံလူတန်းစားများ မပါဝင်ပါ။ ကျိကျိတက်ချမ်းသာနေတဲ့ ခရိုနီကြီးတွေကို ရည်ညွှန်းပါသည်။)
မေး (၈)။         ။ မွတ်စလင်နိုင်ငံက တင်သွင်းနေတဲ့ ကတ္တရာ၊ ရေနံတွေက မြန်မာဗုဒ္ဓဘာသာတွေကို အကျိုး ဖြစ်စေတယ်ဆိုရင် လက်ခံနိုင်ပါ့မလား။
မေး (၉)။         ။ လက်ရှိ အမျိုးဘာသာ သာသနာဘောင်အတွက် နိုင်ငံတော်ရဲ့ ပံ့ပိုးမှုတိုင်းမှာ မြန်မာမွတ်စလင်တွေရဲ့ အခွန်ငွေတွေ ချွေးနည်းစာတွေ ပါဝင် ကုသိုလ်ယူနေတာကို လက်ခံနိုင်မလား။
မေး (၁၀)။       ။ ဦးဝီရသူ(မစိုးရိမ်)ဆိုတာ ပေါ်ပေါက်လာပြီးမှ မြန်မာ ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာဝင် တွေကြားမှာ ပဋိပက္ခဖြစ်ခဲ့တာမဟုတ်ပါဘူးတဲ့ နဂိုကတည်းကလည်း ဖန်တီးနေကြပါတယ်တဲ့ ဦးဝီရသူက ဘာကြောင့် ဝင်ပြီး အစွန်းရောက်ခဲ့ရတာလဲ။
မေး (၁၁)။       ။ ဗုဒ္ဓဘာသာ FOUNDER ဂေါတမမြတ်စွာဘုရား သက်တော်ထင်ရှားရှိရင် မြန်မာမွတ်စလင် တွေကို ကာကွယ်စောင့်ရှောက်မှာ အသေချာပဲဆိုပြီး ဘုန်းတော်ကြီး ဒလိုင်းလားမားပြောတာ အမှန်ဖြစ်ပါတယ် ဆိုရင် လက်ခံမလား။
မေး (၁၂)။       ။ ရှေ့လုပ်ငန်းစဉ်မှာ ငြိမ်းချမ်းရေးတွေ မအောင်မြင်ခဲ့ရင် အနိဋ္ဌာရုံတွေ အနာဂတ်မှာ ဖြစ်လာရင် ပစ္စုပ္ပန် တာဝန်ရှိသူတွေရဲ့ စာရင်းမှာ ဦးဝီရသူ (မစိုးရိမ်)လည်း ပါဝင်မယ်လို့ ဆိုကြတယ်။
မေး (၁၃)။       ။ လက်ရှိဘာသာရေး အဓိကရုဏ်းကိုဖြေရှင်းဖို့ ခရိုနီဆိုးတွေနဲ့ ကျိကျိတက်ချမ်းသာသူတွေ မပါဝင်ဘဲ အေးအေးဆေးဆေး စီးပွားရေးတွေလုပ်နေနိုင်အောင် ဦးဝီရသူ(မစိုးရိမ်) ဘယ်လိုကာကွယ်ပေးမလဲ လို့ မေးကြတယ်။
မေး (၁၄)။       ။ ဘာသာရေးအဓိကရုဏ်းဖြစ်တိုင်း အခြေခံလူတန်းစားနဲ့ လက်လုပ်လက်စားတွေ ချက်ချင်း ဒုက္ခရောက်သွားရတာကို ဝမ်းနည်းစွာခံစားလို့ ဒီမေးခွန်းတွေကို သေချာစွာ ဖြေပေးရန် အထူး မေတ္တာရပ်ခံ တောင်းဆိုအပ်ပါသည်။
ဒိုင်းမွန်းရွှေကြည် (တာဝန်ခံ)
09-73238176
ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေးသံတမန်ကွန်ယက်
Peace and Lovely Diplomatist Network (P.L.D.N)

Viewing all articles
Browse latest Browse all 2129

Trending Articles