Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“မြန်မာ့အလင်းသတင်းစာ တစ်ခြမ်းသာလင်းပြီး တစ်ခြမ်းကမှောင်နေ”

$
0
0
20.7.2014 ရက်နေ့ရက်စွဲပါ မြန်မာ့အလင်းသတင်းစာ-မန္တလေးကိစ္စ သတင်းထုတ်ပြန်ချက် တစ်ခြမ်းသာမှန်ပြီး တစ်ခြမ်းက မှားနေပါတယ်။
ရုံးအုပ်ကြီး ဦးတင်မောင်ဝင်းကို သူရရဲထွဋ်နှင့် ဒေါ်မာလာ၊ ဟေမာကျော်တို့က မတရားလီဆယ်တိုင်ကြားတယ် ဆိုတဲ့ သတင်းက အမှန်ဖြစ်ပါတယ်။
ရုံးအုပ်ကြီးက ရဲထွဋ်(ခ) သူရရဲထွဋ်နှင့် ဒေါ်မာလာတို့ကို တရားရုံးမထီမဲ့မြင်ပြုမှုနှင့် တရားစွဲတာကို အညှိုးထားပြီး ရုံးအုပ်ကြီးကို လုပ်ကြံတိုင်ကြားခဲ့ခြင်း ဖြစ်ပါတယ်။
ဟာဂျီထွန်းထွန်းက နေဝင်း၊ဆန်းမောင်တို့ကို မုဒိမ်းမှုနှင့် လုပ်ကြံတိုင်ဖို့ ရဲထွဋ်နှင့် ဒေါ်နုနုမြတ်ကို ငွေပေးခိုင်းတယ် ဆိုတဲ့သတင်းက မှားပါတယ်။
ထင်မယ်ဆိုရင်လည်း ထင်နိုင်စရာအကြောင်းတွေရှိပါတယ်။ နေဝင်း၊ ဆန်းမောင်တို့က ဟာဂျီထွန်းထွန်းကို မုဒိမ်းမှုနှင့် လုပ်ကြံတိုင်ထားခဲ့လို့ လက်တုန့်ပြန်တာပဲ ဖြစ်မယ်လို့ ယူဆစရာက တစ်ကြောင်း၊ အဖမ်းခံထားရသူ က အမှုတွဲထား(ဖော်ထား) တာကတစ်ကြောင်း၊ ဒီအကြောင်းတွေကြောင့် ကောက်ချက်ဆွဲပြီး ထင်မြင်ချက်ကို သတင်းလုပ်ရေးလိုက်တာပါ။
ရဲထွဋ်နှင့် နုနုမြတ်တို့က ဟာဂျီထွန်းထွန်းနှင့် ရင်းနှီးမှုရှိတယ်ဆိုတဲ့စကား လုံးဝမှားပါတယ်။ ဟာဂျီထွန်းထွန်းက 17.5.2014 ရက်နေ့ကတည်းက အချုပ်ခံထားရပြီး၊ အခုထိ အိုးဘိုထောင်ထဲမှာ ရှိနေပါတယ်။ ဟာဂျီထွန်းထွန်း က နုနုမြတ်ကို သိတောင် မသိပါဘူး။ အမှုပွဲစား နုနုမြတ်က ရှေ့နေဦးအောင်သူရိန်ထွန်း နဲ့ လိုက်လာလို့ တရားရုံးမှာ တစ်ခါပဲတွေ့ဖူးတာပါ။ ရဲထွဋ်နဲ့ တစ်ခါသာတွေ့ဖူးပြီး ဟာဂျီထွန်းထွန်း အချုပ်ကျနေစဉ်မှာ လုံးဝ အဆက်အသွယ်မရှိတော့ပါဘူး။
အစိုးရသတင်းစာထဲ၌ ဟာဂျီထွန်းထွန်းကို နေဝင်း၊ဆန်းမောင်တို့က အညှိုးထားအတေးထားပြီး ခြံစောင့်မိန်း ကလေးကို စည်းရုံးကာ မုဒိမ်းမှုဖြင့် လီဆယ်တိုင်ကြားခဲ့ကြောင်း လုံးဝ မပါပါ။
ဟာဂျီထွန်းထွန်းဇနီး ဒေါ်အမာနီမှာ မြွေပူရာ ကင်းမှောက် ဘဝမျိုးရောက်ကာ နေ့စဉ် အစစ်ဆေးခံနေရတာ ဒီနေ့နှင့်ဆိုရင် (၆)ကြိမ်ရှိခဲ့ပါပြီ။
လင်လည်း အလုပ်ကြံခံရသေး
လုပ်ကြံသူကိုလည်း ဖော်ထုတ်မပေး
မတရားအမှုတွဲနေသူ ဖိုးတွမ်တီးပွဲစားတွေရဲ့ ဖော်ချက်တစ်ခုတည်းနဲ့ သတင်းစာက အမှားကြီး ထုတ်ပြန်နေတဲ့ အပြင် မဆိုင်သူတွေကိုပါ ဖမ်းဆီးစစ်ဆေးနေပါတော့တယ်။
ပြည်ထဲရေးသတင်းဌာနက ထုတ်ပြန်သော သတင်းစာပါ မှားယွင်းမှုများကို သီးခြားထုတ်ဖော်ပေးလိုက်ပါတယ်။
အများပြည်သူ သတင်းမှန် သိစေလိုတာက တစ်ကြောင်း၊ အပြစ်မဲ့ပြည်သူ ဟာဂျီထွန်းထွန်းတို့ မနစ်နာ စေလိုတာက တစ်ကြောင်းကြောင့်ပဲ ဖြစ်ပါတယ်။
ဦးပဉ္စင်း
ဝီရသူ(မစိုးရိမ်)
21.7.2014
ဒေါ်အမာနီ(ဟာဂျီထွန်းထွန်းဇနီး)-09.2020884

ဦးအောင်သူရိန်ထွန်း(ရှေ့နေ)09.73044644








Viewing all articles
Browse latest Browse all 2129

Trending Articles