ဟာဂျီထွန်းထွန်းက ဖြူဖြူမင်းကိုလည်း မသိပါ။ ဖြူဖြူမင်း၏ အမျိုးသားကိုလည်း မသိပါ။ ဟာဂျီထွန်းထွန်းက အိုးဘိုထောင်ထဲမှာ ရောက်နေသောကြောင့် ဖြူဖြူမင်းကို ပျဉ်းမနားသို့ မခေါ်နိုင်ပါ။ အမှုလည်း မဖွင့်ခိုင်းပါ။
ရဲထွဋ်နှင့် နုနုမြတ်တို့ကသာ ဖြူဖြူမင်းကို ခိုင်းခြင်းဖြစ်ပါသည်။ ဘာကြောင့် အဲဒီလို လုပ်ကြံရတယ်ဆိုတာ ရဲထွဋ်နှင့် နုနုမြတ်တို့သာ သိပါမည်။
ဟာဂျီထွန်းထွန်းနှင့် ရဲထွဋ်၊ နုနုမြတ်တို့ ပုဂ္ဂိုလ်ရေးအရ ရင်းနှီးသည်ဆိုတာလည်း မှားပါသည်။
ရဲထွဋ်နှင့်အချုပ်မကျခင် တစ်ခါသာ တွေ့ဖူးပြီး၊ နုနုမြတ်နှင့် တရားရုံးမှာ တစ်ခါပဲ တွေ့ဖူးတာ ဖြစ်ပါတယ်။
ဟာဂျီထွန်းထွန်းက ရဲထွဋ်၊ နုနုမြတ်တို့နှင့် တိုင်ပင်၍ ဖြူဖြူမင်းဟာ ငွေဆယ်သိန်းပေးမည်ဟု ဆိုကာ လိမ်လည်အမှုဆင်ခိုင်းခဲ့ခြင်းဖြစ်သည်ဆိုတာလည်း မှားပါသည်။
ရဲထွဋ်နှင့် နုနုမြတ်တို့ကသာ လုပ်သွားခြင်းဖြစ်ပါသည်။
7 Day Daily ကောက်ချက်ဆွဲရေးထားတဲ့သတင်းမှားများကို မျဉ်းသားပြထားပါသည်။
စုံစမ်းလိုက
ဒေါ်အမာနီ(ဟာဂျီထွန်းထွန်းဇနီး)-09.2020884
ဦးအောင်သူရိန်ထွန်း(ရှေ့နေ)09.73044644
ဦးအောင်သူရိန်ထွန်း(ရှေ့နေ)09.73044644
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
“မန်းပဋိပက္ခဖြစ်ပွားစေခဲ့သော မုဒိမ်းမှုမှာ လိမ်ညာတိုင်ကြားမှုဖြစ်နေဟုဆို”
မန္တလေးပဋိပက္ခစတင် ဖြစ်ပွားစေခဲ့ သော ဘာသာခြားအမျိုးသားနှစ်ဦးက အဓမ္မပြု ကျင့်ကြောင်း အမှုဖွင့်ခဲ့သူ အမျိုးသမီးမှာ လူ တစ်စုက ငွေကျပ် ၁၀ သိန်းပေးမည်ဆို၍ လိမ်ညာ တိုင်ကြားခြင်းဖြစ်နေကြောင်း မြန်မာနိုင်ငံရဲတပ် ဖွဲ့က ဇူလိုင် ၁၉ ရက်ညတွင် သတင်းထုတ်ပြန် သည်။
မန္တလေးမြို့ရှိ နေကဖေးနှင့် ဆန်းကဖေး လက်ဖက်ရည်ဆိုင် ပိုင်ရှင် ညီအစ်ကိုနှစ်ဦးက ပျဉ်းမနား-တောင်ညို ကားလမ်းဘေးတွင် အဓမ္မပြုကျင့်ခဲ့ကြောင်း တိုင်ကြားခဲ့သူ မစိုးစိုးဆိုသူမှာ အမှန်တကယ်တွင် ၎င်း၏ အသက်၊ ဖခင်အမည်နှင့် နေရပ်လိပ်စာတို့ကို လိမ်ညာကာ ပျဉ်းမနား ရဲစခန်းတွင် ဇွန်လ ၂၉ ရက်က အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။
မှုခင်းရဲတပ်ဖွဲ့(စီအိုင်ဒီ)က အဆိုပါအမှုအား ၂၁ ရက်ကြာ စစ်ဆေးမှုများပြုလုပ်ပြီးနောက်သတင်းထုတ်ပြန်ခြင်းဖြစ်သည်။
‘‘ဒီမိန်းကလေးကို အခြေအ နေအရ ထိန်းသိမ်းထားဆဲအခြေ အနေမှာ စီအိုင်ဒီကနေ သူ့ရဲ့ နောက်ကြောင်း ရာဇ၀င်ကို စုံစမ်း ခဲ့တယ်။ ဖော်ထုတ်ချက်တွေအရ တမင်တကာလုပ်ကြံပြီး လီဆယ် ပြီး တိုင်တာ။ အဲဒါကို ဖော်ထုတ် နိုင်တယ်။ နောက်ကွယ်က ခိုင်း တဲ့သူတချို့ကိုလည်း ဖမ်းထား နိုင်တယ်။ ကျွန်တော်တို့က အခု တရားဝင်သတင်းထုတ်ပြန်တာ’’ ဟု မှုခင်းရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးကပြောသည်။
ထို့အပြင် ပြင်ဦးလွင်မြို့တွင် ဇွန် ၁၈ရက်က မန္တလေးခရိုင်တရားရုံးစာရေးက အဓမ္မ ပြုကျင့်ခဲ့သည်ဟုဆိုသော အမှုမှာလည်း လိမ်ညာအမှု ဖွင့်ထားခြင်းဖြစ်သည်။ အဆိုပါ အမှုနှစ်စခုလုံးမှာ ဆက်စပ်နေပြီး လူတစ်စုက ခိုင်းစေခဲ့ခြင်းဖြစ်သည်။
အသက်(၃၀)အရွယ် မစိုးစိုး ၏ နာမည်အမှန်မှာ မဖြူဖြူမင်း (ခ)ကတုံးမဖြစ်ပြီး မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်တွင် နေ ထိုင်သူဖြစ်သည်။ ၎င်းကိုယ်၎င်းအ သက်(၂၅)နှစ်ဟုဆိုကာ ဘုတ လင်မြို့နယ်ဇာတိဖြစ်ပြီး ဖခင်အ မည်ကိုလည်း လိမ်ညာကာ ရဲတပ်ဖွဲ့တွင် လိမ်လည်တိုင်ခဲ့ခြင်းဖြစ်သည်။
မှုခင်းဆိုင်ရာ ဆေးပညာနှင့် ဓာတုဗေဒဆိုင်ရာ စစ်ဆေးချက် များအရ အဓမ္မပြုကျင့်ခြင်းမခံခဲ့ရ ဘဲ စွပ်စွဲခံရသူ ဆန်းကဖေးပိုင်ရှင် ဆန်းမောင်၊ နေကဖေးပိုင်ရှင် နေ၀င်းတို့နှစ်ဦးကို မကျေနပ်သူလူတစ်စုက ဖြူဖြူမင်းအား ငွေဆယ်သိန်းပေးမည်ဟု မက်လုံးပေး၍ ပုဒ်မ ၃၇၆ ဖြင့်အမှု ဖွင့်ခိုင်းခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။
ဖြူဖြူမင်း၏ အမျိုးသားမှာမူးယစ်ဆေးဝါးမှုဖြင့် ထောင်ကျ နေသောကြောင့် ငွေကြေးလိုအပ် နေသည်။ ထို့ကြောင့် ၎င်းကို ရဲထွဋ်၊ နုနုမြတ်၊ဟာဂျီထွန်းထွန်းဆိုသူတို့က ငွေဆယ်သိန်းပေးမည်ဆိုကာ ပျဉ်းမနားသို့ခေါ်၍ အမှုဖွင့်စေခိုင်းခဲ့ခြင်းဖြစ်သည်။
၂၀၁၃ခုနှစ်က ဖြူဖြူမင်း၏ အမျိုးသားမင်းသူရဇော်ဆိုသူမူး ယစ်ဆေးဝါးမှုဖြင့် ထောင်ကျခဲ့ သည်။ ထိုအမှုမှ လွတ်မြောက် ရေးအတွက် ရဲထွဋ်နှင့် နုနုမြတ်တို့ က ၎င်းအား အကူအညီပေးခဲ့ရာမှ ၎င်းတို့နှစ်ဦးနှင့် ရင်းနှီးခဲ့ကြောင်း ဖြူဖြူမင်းက ရဲတပ်ဖွဲ့သို့ ထွက်ဆိုခဲ့သည်။
ထိုအမှုတွင် ပူးတွဲတရားခံအဖြစ်ထောင်၁၂နှစ်ချခံခဲ့ရသူ အမျိုးသမီး၏ ဆွေမျိုးတစ်စုနှင့် ရဲထွဋ်တို့ က အမိန့်ချမှတ်လိုက်သည့် မန္တ လေးခရိုင်တရားရုံးအား မကျေ နပ်ကာ ခရိုင်တရားရုံးစာရေးကိုလည်း ဖြူဖြူမင်း၏ ယောက်မဖြစ်သော ဟေမာကျော်ကို အဓမ္မကျင့်မှုဖြင့် ပြင်ဦးလွင် မြို့မရဲစခန်းတွင် လိမ်လည်အမှုဖွင့်တိုင်ကြားခဲ့ပြန်သည်။
ရဲထွဋ်နှင့် နုနုမြတ်တို့သည် မန္တလေးခရိုင် တရားရုံး စာရေး အား အမျိုးသမီးတစ်ဦးကို အဓမ္မ ပြုကျင့်မှုဖြင့် လိမ်လည်ခဲ့သည်ကို ဦးဆောင်ခဲ့သလို ဆန်းမောင်နှင့် နေ၀င်းတို့အား လိမ်လည်တိုင် ကြားခဲ့သည့် အမှုတွင်လည်း ခိုင်း စေခဲ့သူများဖြစ်သည်။
ဟာဂျီထွန်းထွန်းနှင့် ရဲထွဋ်၊ နုနုမြတ်တို့သည် ပုဂ္ဂိုလ် ရေးအရ ရင်းနှီးသည်။ ဟာဂျီထွန်းထွန်းမှာ အမျိုးသမီးတစ်ဦးအား အဓမ္မပြုကျင့်မှုဖြင့် စစ်ကိုင်းမြို့တွင် ၂၀၁၄ခုနှစ် မေလက အမှုဖွင့်ခံထားရသူဖြစ်သည်။ ထိုအမှုတွင် ဆန်းကဖေးမှ ဆန်းမောင်နှင့် နေ၀င်းတို့က နောက်ကွယ်မှ ကြိုးကိုင်သူဟုယူဆကာ ၎င်းတို့ကြား လူမှုရေးပြဿနာရှိသည်။
ထို့ကြောင့် ဟာဂျီထွန်းထွန်းကရဲထွဋ်၊ နုနုမြတ်တို့နှင့်တိုင်ပင်၍ ဖြူဖြူမင်းအား ငွေဆယ်သိန်းပေးမည်ဟုဆိုကာလိမ်လည်အမှုဆင်ခိုင်းခဲ့ခြင်းဖြစ်ကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၎င်းတို့စီစဉ်ထားသကဲ့သို့ ဖြူ ဖြူမင်းက အကွက်ဆင်လိမ်လည် ကာ ပျဉ်းမနားရဲစခန်းတွင် ဇွန်လ ၂၉ရက်တွင်အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် လိမ်လည်တိုင်ကြားသော အဆိုပါ မုဒိမ်းမှု ၂ ခုစလုံးကို ပိတ်သိမ်းပြီး လိမ်ညာတိုင်ကြားမှုကြောင့် ၎င်းတို့ကို အမှုပေါင်း ၁၉ မှုဖြင့် အမှုဖွင့်ထားသည်။
ဇူလိုင် ၁ရက်က ဖြူဖြူမင်း အား ဘာသာခြားအမျိုးသားနှစ်ဦး က အဓမ္မပြုကျင့်ခဲ့သည်ဟု သတင်းများ ထွက်ပေါ်လာသောကြောင့် မန္တလေးမြို့တွင် ပဋိပက္ခများ ဖြစ်ပွားရာမှ လူနှစ်ဦးသေဆုံး၊ ရှစ်ဦးဒဏ်ရာရရှိပြီး ညမထွက်ရအမိန့်ထုတ်ခဲ့ရသည်။ ယခုအခါ ထိုပဋိပက္ခနှင့်ဆက်စပ်သူ ၄၉ ဦးကို ဖမ်းဆီးအရေးယူထားသည်။