Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“အရက်သမားဉာဏ် တထွာလောက်ကတော့ တက်မလာနဲ့စည်သူအောင်မြင့်(အပိုင်း-၁)”

$
0
0
အမုန်းကွန်ယက်ဆိုတဲ့ ခေါင်းစဉ်နဲ့ မြန်မာသံတော်ဆင့်ဂျာနယ်အတွဲ(၃)၊ အမှတ်(၁၈)မှာ အသားထဲက ထွက်တဲ့လောက် (သို့)စည်သူအောင်မြင့်ဆိုသူက အောက်ပါအတိုင်း ရေးသားထားတာတွေ့ရပါတယ်။
“လာကပေါ်-အောင်ကျော် ဆွေးနွေးခန်း(၇၀) အမုန်းကွန်ယက်” ခေါင်းစဉ်နဲ့…..
လာကပေါ်-ကိုအောင်ကျော် အခုဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး နောက်ကွယ်မှာ လက်မည်းကြီး ရှိရမယ်။ စနစ်တကျကြံစည်သူရှိရမယ်ဆိုပြီး ပြောပြောနေကြတယ်။ နောက်တစ်ချို့ကလည်း ဒါဟာ နိုင်ငံရေးနဲ့ဆိုင်တယ်။ နိုင်ငံရေးရည်ရွယ်ချက်နဲ့တမင် ဖန်တီးနေတယ်ဆိုပြီး ပြောကြတယ်ဆိုတော့ အဲ့ဒီအကြောင်း ဆွေးနွေးကြရအောင်။
အောင်ကျော်-အစိုးရနဲ့တိုင်းရင်းသားတွေ ငြိးချမ်းရေးကိစ္စမနီးစပ်သေးလို့ စိတ်လေးနေရတဲ့အထဲ ခင်ဗျားက အဲ့ဒါကို ဆွေးနွေးချင်သေးလား။
လာကပေါ်-သူများတွေသိပ်ပြီး မေးကြမြန်းကြလို့ပါဗျာ။
အောင်ကျော်- ကဲ အဲ့တော့ခင်ဗျားကို ကျွန်တော်မေးမယ်။ အခုလို ဘာသာရေး၊ လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပွားလာရတဲ့ဆီမှာ အမုန်းတရားဖြန့်ဖြူးနေတာတွေဟာ တကယ်ရေခံ၊ မြေခံပြဿနာပဲ ဖြစ်တယ်ဆိုတာ ခင်ဗျားလက်ခံလား။
လာကပေါ်-လက်ခံတယ်။
အောင်ကျော်-ဒါဆိုရင် အခု Facebook လှုမှုကွန်ယက်စာမျက်နှာမှာ မတူကွဲပြား ပါတီခေါင်းဆောင် ဦးနေမျိုးဝေနဲ့ မ.ဘ.သခေါင်းဆောင် အရှင်ဝီရသူတို့ ရေးသားဖော်ပြနေတာတွေဟာ အမုန်းတရားဖြစ်စေအောင် ဖန်တီးနေတာတွေကို ခင်ဗျား လက်ခံလား…..
အစရှိသဖြင့် ရေးသားထားပါတယ်။
စည်သူအောင်မြင့်ကို မေးချင်တာက အမုန်းတရားနဲ့ အမှန်တရားကော ကွဲရဲ့လား? အမုန်းတရားကို ဘာပေတံနဲ့ တိုင်းတာလဲ? အမှန်တရားကိုကော ဘာပေတံနဲ့တိုင်းတာလဲ? မိမိပြောဆိုရေးသားနေတာတွေက အမှန်တရား အပေါ် အခြေမခံတဲ့ အမုန်းတရားတွေဆိုတာကော သတိထားမိရဲ့လား? အော်ရီဒူးကိစ္စနှင့်ပတ်သက်ပြီး (ရှမ်း/မြောက်)မ.ဘ.သ၊ (မန္တလေး)မ.ဘ.သ ကြေငြာချက်ထဲမပါတဲ့ အချက်တွေကို လုပ်ကြံချဲ့ကား ရေးသားထားတာကြောင့်(ရှမ်း/မြောက်)မ.ဘ.သ က မီဒီယာသမားပီသတယ်ဆိုရင် မိမိပြောဆိုရေးသားချက်ကို တာဝန်ယူမှု၊ တာဝန်ခံမှုပြုကာ လာရောက်ရှင်းလင်းရန် ကြေငြာချက်ထုတ်ပြန် အသိပေးခဲ့တာကော သွားရောက် ဖြေရှင်းပြီးပြီလား? သွားရောက်ဖြေရှင်းရဲတဲ့ သတ္တိကော ရှိလား? မ.ဘ.သ၊ မ.ဘ.သ နဲ့ ထပ်ကာ ထပ်ကာရေးသားနေရအောင် မ.ဘ.သ ရဲ့ ရည်ရွယ်ချက်နဲ့ လုပ်ငန်းစဉ်တွေကော မိမိအနေနဲ့ ဘယ်လောက် သိပါသလဲ? လို့ အရူးချီးပန်းသလို ရမ်းသန်းရေးသားပြောဆိုနေတဲ့ စည်သူအောင်မြင့်ကို မေးခွန်းတွေမေးလို ပါတယ်။
ဒါကြောင့် စည်သူအောင်မြင့်ကို ပြောချင်တာက ဒီကိစ္စတွေကို အရက်သောက်ပြီးမှ စဉ်းစားလို့ မရဘူးဆိုတာပါဘဲ။ ဘာကြောင့်လဲဆိုရင် ပိုရူးသွားမှာစိုးလို့ပါ။ ဟား…..ဟား…..အရက်သမားဦးနှောက်နဲ့များ ဆရာကြီးလုပ်ပြီး မ.ဘ.သ အဖွဲ့နဲ့ အမျိုးသားရေးလုပ်ဆောင်နေကြတဲ့ ဆရာတော်တွေ၊ လူပုဂ္ဂိုလ်တွေကိုများ လာဝေဖန်သေးတယ်။ အနူလက်နဲ့ ရွှေခွက်ကော တန်ရဲ့လား?

အညွန့်(လားရှိုး)


Viewing all articles
Browse latest Browse all 2129

Trending Articles