အောင်ကျော်- အဲဒါလည်းအမုန်းတရားကို လှုံ့ဆော်တာမဟုတ်ဘူးလားဗျာ။ အဲတော့ ဆက်ပြောမယ်။ မကွေးကျောင်းတိုက်ဆရာတော်က ရန်ကုန်မှာ အော်ရီဒူးဆန့်ကျင်ရေးပွဲလုပ်တော့ အဲဒီမှာဟောပြောသူက ဓမ္မာစက္က ဦးမောင်မောင်နဲ့ ရှေ့နေကြီး ဦးအေးပိုင်။ သူတို့ကလည်း အစ္စလာမ်ဘာသာ ဆန့်ကျင်ရေး အမုန်းတရားတွေ အကြီးအကျယ်ပြောကြတယ်။
လာကပေါ်-သြော်။
အောင်ကျော်-နောက် ဦးနေမျိုးဝေတို့ ၅၉(စ) ထောက်ခံရေး၊ မျိုးစောင့်ဥပဒေပေါ်ပေါက်ရေး ဟောပြောပွဲတွေကို အမြဲတမ်း တက်ရောက်အားပေးထောက်ခံနေသူကတော့ ပြည့်ခိုင်ဖြိုးပါတီခေါင်းဆောင် တစ်ယောက်ဖြစ်တဲ့ ဦးအောင်သိန်းလင်းပဲဗျ။ အဲဒီလိုပွဲတွေမှာ NDF ပါတီက ပြည်သူ့လွှတ်တော်အမတ် ဒေါ်ခင်ဝိုင်းကြည်လည်း ပါလိုက်သေး။
လာကပေါ်- ဘာတွေလဲဗျ။ ခင်ဗျားဟာ။ မန္တလေးအကြမ်းဖက်မှု၊ အမုန်းတရားဖြန့်ဖြူးသူတွေ၊ အရှင်ဝီရသူ၊ ဦးနေမျိုးဝေ၊ ရှမ်းမြောက်မဘသ၊ မန္တလေးမဘသ၊ ရန်ကုန် မကွေးကျောင်းတိုက် ဆရာတော်၊ မဘသ အဖွဲ့ကြီး အတွက် မျိုးစောင့်ဥပဒေနဲ့ ပတ်သက်ပြီး အမြဲတမ်း ဟောပြောနေတဲ့ ဓမ္မစက္က ဦးမောင်မောင်၊ ရှေ့နေကြီး ဦးအေးပိုင်၊ ပြည်ခိုင်ဖြိုး ဦးအောင်သိန်းလင်း၊ NDF ခေါ်ခင်ဝိုင်းကြည် ဘာတွေလဲဗျ။ ရှုပ်ကုန်ပြီ။
အောင်ကျော်- အမုန်းကွန်ရက်လေဗျာ။ အမုန်းကွန်ရက် ဟားဟားဟားဟား။
စည်သူအောင်မြင့်။
(မြန်မာသံတော်ဆင့် ၃/၁၈၊ ၁၂-၁၈၊ ၇၊၂၀၁၄)
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
ဒကာစည်သူအောင်မြင့်က အော်ရီဒူး အားမပေးဖို့ ဟောပြောတာကို အမုန်းတရားလှုံ့ဆော်တာလို့ ပြောခဲ့တယ်။
မဟတ္တမဂန္ဓီ-အင်္ဂလိပ်ကုန်ပစ္စည်းတွေ သပိတ်မှောက်တာ၊ ပြည်တွင်းဖြစ်ကို အားပေးဖို့ စည်းရုံးတာတွေလည်း အမုန်းတရားလှုံ့ဆော်မှုတွေပဲလား?
အော်ရီဒူးကို အားပေးသင့်တယ်/မသင့်ဖူး ပြည်သူတွေ ရွေးချယ်ပိုင်ခွင့်ရှိပါတယ်။
နိုင်ငံရေးမှာ ရေနံနဲ့ ဂိမ်းကစားတာတွေ၊ လက်နက်နှင့် ဂိမ်းကစားတာတွေ၊ ဒေါ်လာနှင့် ဂိမ်းကစားတာတွေ ရောမရှိဘူးလား?
ဘာလဲ အဲလိုဂိမ်းမျိုးကို နိုင်ငံရေးသမားတွေပဲ လုပ်ကောင်းတယ်၊ ဘာသာရေးသမားတွေ အမျိုးသားရေးသမားတွေက မလုပ်ကောင်းဘူးလို့ ဆိုလိုတာလား?
အော်ရီဒူး အချက်အလက်တွေ အန္တရာယ်ရှိရင် အန္တရာယ်ရှိကြောင်း မပြောဟောသင့်ဘူးလား?
OIC အဖွဲ့ဝင် နိုင်ငံတွေထဲမှာ ဘယ်နိုင်ငံက ယုံကြည်စိတ်ချရလဲဗျ။
ယုံကြည်စိတ်ချရမှု မရှိရင် မရှိကြောင်းတော့ ပြောကြဖို့ မလိုဘူးလားဗျာ။
ခရိုနီမပါမပြီးသူတွေ၊ ကြံ့ဖွတ်တို့၊ စစ်အာဏာရှင်တို့၊ စစ်အစိုးရတို့၊ စစ်ခွေးတို့၊ လက်ကိုင်ဒုတ်တို့၊ မပါအပြီး မီဒီယာသမားတွေနှင့် နိုင်ငံရေးသမားတွေကရော ဒကာပြောသလို အမုန်းကွန်ရက်ကြီး ဖြစ်မနေဘူးလား။ ကိုယ့်မျက်ချေး ကိုယ်မမြင်တဲ့ ဒကာစည်သူအောင်မြင့်ဘဝကို သနားမိတယ်ဗျာ……။
အမုန်းကွန်ရက်လို့ ဝေဖန်တာ ပြောစရာမရှိပါဘူးဗျာ။ ဟား………ဟား……..ဟား……ဟား……ကြီး ပါနေတာက စော်ကားရာ မရောက်ဘူးလား?
နိုင်ငံရေးသမားတွေ၊ အရပ်သားတွေကို စော်ကားတာထက် ရဟန်းသံဃာတွေကို စော်ကားတာက ပိုပြီး အပြစ်ကြီးတယ်နော်။
မြစေတီရဲကျောင်းဆရာတော်ကြီးရဲ့ သြဝါဒစကားအရ ပြောရရင် နောက်ဆုံး(၉) ကို သတိထားပါ။
ပင်လယ်ထဲက ကျောက်တောင်တွေက သူ့ဟာသူပဲ နေကြတာပါ။ ဒါကို လှေသင်္ဘောတွေက လာတိုက်တော့ အရှိန်ပြင်းရင်ပြင်းသလို ခံကြရတာပဲ မဟုတ်လား?
တိုက်တဲ့သူပဲ ဒုက္ခရောက်ရတာပါနော်။ အတိုက်ခံရတဲ့သူကတော့ မတုန်လှုပ်ဘူး မဟုတ်လား?
သံဃာကို စော်ကားရဲတဲ့ သူတွေဟာ အတော့်ကို အကုသိုလ်ကြီးလို့ပါ။
စိန်လွင် ကြည့်ဦးမလား?
နေဝင်း ကြည့်ဦးမလား?
စောမောင် ကြည့်ဦးမလား?
ခင်ညွန့် ကြည့်ဦးမလား?
နောက်….လာမယ်…သန်းရွှေတို့…….မောင်အေးတို့။
စည်သူအောင်မြင့်တို့…..။
သွေးအံသေမှာနော်။
အဲဒီအချိန်ကျ ဝီရသူကို သတိရလိုက်ပါ။
မနောကံနှင့် လှမ်းတောင်းပန်လိုက်ပါ။
ခွင့်လွှတ်ပေးပါရစေ…………။
ဒကာစည်သူအောင်မြင့် အကုသိုလ်ကို ပယ်ပယ်နယ်နယ် ကျူးလွန်ရဲသည့် စော်ကားရေးဆရာဘဝကို ရှောင်ကြဉ်နိုင်ပါစေ။
ခွေးရူးသဖွယ် တွေ့တိုင်းတွယ်ဘဝမှ အမြန် လွတ်မြောက်ပါစေဗျာ။
ဦးပဉ္စင်း
ဝီရသူ(မစိုးရိမ်)
20.7.2014
PM 10:43
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
“လာကပေါ်၊ အောင်ကျော် ဆွေးနွေးခန်း” “(၇၀)” “အမုန်းကွန်ရက်”
လာကပေါ်-ကိုအောင်ကျော် အခု ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး နောက်ကွယ်မှာ လက်မည်းကြီးရှိရမယ် စနစ်တကျကြံစည်သူ ရှိရမယ်ဆိုပြီး ပြောပြောနေကြတယ်။ နောက်တချို့ကလည်း ဒါဟာ နိုင်ငံရေးနဲ့ ဆိုင်တယ်။ နိုင်ငံရေးရည်ရွယ်ချက်နဲ့ တမင်ဖန်တီးနေတယ်ဆိုပြီး ပြောကြတယ်ဆိုတော့ အဲဒီအကြောင်း ဆွေးနွေးကြရအောင်။
အောင်ကျော်- အစိုးရနဲ့ တိုင်းရင်းသားတွေ ငြိမ်းချမ်းရေးကိစ္စ မနီးစပ်သေးလို့ စိတ်လေးနေရတဲ့အထဲ ခင်ဗျားက အဲဒါကို ဆွေးနွေးချင်သေးသလား။
လာကပေါ်- သူများတွေသိပ်ပြီး မေးကြ မြန်းကြလို့ပါဗျာ။
အောင်ကျော်- ကဲ အဲတော့ခင်ဗျားကို ကျွန်တော်မေးမယ်။ အခုလို ဘာသာရေး၊ လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပွားလာရတဲ့ဆီမှာ အမုန်းတရား ဖြန့်ဖြူးနေတာတွေဟာ တကယ့်ရေခံ မြေခံ ပြဿနာပဲ ဖြစ်တယ်ဆိုတာ ခင်ဗျား လက်ခံလား။
လာကပေါ်-လက်ခံတယ်။
အောင်ကျော်- ဒါဆိုရင် အခု Facebook လူမှုကွန်ရက် စာမျက်နှာမှာ မတူကွဲပြားပါတီ ခေါင်းဆောင် ဦးနေမျိုးဝေ နဲ့ မန္တလေး မဘသ ခေါင်းဆောင် အရှင်ဝီရသူတို့ ရေးနေသားနေ ဖော်ပြနေတာတွေဟာ အမုန်းတရား ဖြစ်စေအောင် ဖန်တီးနေတာတွေကို ခင်ဗျားလက်ခံလား။
လာကပေါ်- နေမျိုးဝေကတော့ ရှင်းတယ်။ ဆဲလည်းဆဲတယ်။ ဒေါ်စုလိုမျိုးကိုတောင် သတ်လိုက် ဘာညာ ပြောတယ်။ အရှင်ဝီရသူကတော့ ဘာကြောင့် အဲဒီ စာရင်းထဲ ပါသွားရတာလဲ။
အောင်ကျော်- ခင်ဗျား ဝင်ဖတ်ကြည့်ပေါ့။ သူ့စာမျက်နှာကို ဖတ်ကြည့်လိုက်ရင် အစ္စလာမ်ဘာသာဝင်တွေဆို တာ မုဒိမ်းမှု ကျူးလွန်သူတွေ၊ ဗုဒ္ဓဘာသာဗမာတွေကို စော်ကားသူတွေ၊ အကြမ်းဖက် တိုက်ခိုက်သူတွေ၊ မကောင်းတဲ့သူတွေအဖြစ် မုန်းတီးစရာကောင်းအောင်၊ မြင်အောင်ဖော်ပြထားတာ တွေ့ရလိမ့်မယ် မဟုတ်ဘူးလား။
လာကပေါ်- အဲဒါတော့ ဟုတ်ပါတယ်။
အောင်ကျော်- နမူနာဗျာ။ မန္တလေးက အစ္စလာမ်ဘာသာဝင် လက်ဖက်ရည်ဆိုင် ပိုင်ရှင်နှစ်ယောက် ပျဉ်းမနားမှာ မုဒိမ်းမှုနဲ့ အမှုဖွင့်ခံရတယ်လို့ သတင်းထွက်တယ်။ ဒီတော့ အရှင်ဝီရသူတို့က ပျဉ်းမနား မ.ဘ.သကို အဲဒီကိစ္စ စုံစမ်းခိုင်းတယ်။ ရဲစခန်းမှာ ဖွင့်ထားတဲ့ အမှုနံပါတ်ရတော့ အဲဒီကိစ္စ ဖေ့စ်ဘုတ်မှာရေးတင်တယ်။ ဆိုတော့ အခု (၆)လပတ် မြန်မာနိုင်ငံမှာ မုဒိမ်းမှုစုစုပေါင်း ၃၈၀ လောက်ဖြစ်တယ်။ အရှင်ဝီရသူတို့က ဘာကြောင့် အဲဒီ မုဒိမ်းမှုကိုမှ စုံစမ်းတာ၊ ဖေ့စ်ဘုတ်ပေါ်တင်ပြီး ဖြန့်ဖြူးတာလုပ်ရသလဲ။ အဲဒါ ဘုရားသားတော်သံဃာတွေရဲ့ အလုပ်လား။
လာကပေါ်-အင်း၊ ကျူးလွန်တယ်လို့ စွပ်စွဲခံရသူဟာ အစ္စလာမ်ဘာသာဝင်မို့လို့ ဖြစ်မှာပေါ့။
အောင်ကျော်- အမှန်ပေါ့။ အဲမန္တလေးမှာ အကြမ်းဖက်မှုစပြီး ဖြစ်ပွားနေချိန် ဇူလိုင် ၂ ရက်နေ့ကထုတ်တဲ့ မန္တလေးတိုင်း မဘသ ရဲ့ ကြေညာချက်မှာဆိုရင် ပျဉ်းမနားမှာ အမှုဖွင့်တိုင်ကြားထားတဲ့ ဗုဒ္ဓဘာသာ မြန်မာမိန်းကလေး မစိုးစိုး အဓမ္မပြုကျင့်ခံရမှုကို ပွင့်လင်းမြင်သာမှုရှိအောင် သတင်းထုတ်ပြန်ပေးဖို့၊ အဓမ္မပြုကျင့်တဲ့ အစ္စလာမ်ဘာသာဝင် နှစ်ယောက်ကို အမြန်ဆုံးဖော်ထုတ်ပြီး ထိထိရောက်ရောက် အရေးယူပေးဖို့ဆိုပြီး တောင်းဆိုတယ်လို့ ဖော်ပြထားတယ်။
လာကပေါ်- အင်- အဲဒီ အမှုက ရဲစခန်းတိုင်ထားဆဲ မဟုတ်လား။ ဒါတွေကို တရားရုံးက ဆုံးဖြတ်မှာပဲလေ။ တရားရုံးက အပြစ်ရှိတယ်လို့ ဆုံးဖြတ်ရင် အပြစ်ပေးခံရမယ်ပေါ့၊ ဟုတ်ဘူးလား။ အဲလိုရေးသားဖော်ပြလို့ မသင့်တော်ဘူးလေ။
အောင်ကျော်- အဲဒါအမုန်းတရား ဖြန့်ဖြူးနေတာပဲဆိုတာ လက်ခံပြီလား။
လာကပေါ်- လက်ခံပါပြီ။
အောင်ကျော်- ကျွန်တော်ဆက်ပြောမယ်။ မန္တလေး မဘသအဖွဲ့ဆိုတာ မျိုးစောင့်ဥပဒေပေါ်ပေါက်ရေး ကြိုးပမ်းနေတဲ့ အဖွဲ့ထဲကတစ်ဖွဲ့။ အဲ…. ဦးနေမျိုးဝေကလည်း မျိုးစောင့်ဥပဒေပေါ်ပေါက်ရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲက ပုဒ်မ၅၉(စ)ဆက်ပြီးထားရှိရေး ဟောပြောနေတဲ့သူပဲဗျ။
လာကပေါ်- ပုဒ်မ ၅၉(စ) ဆိုတာ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ခွင့်မရှိအောင် တားမြစ်ထားတဲ့ ဥပဒေ ပုဒ်မ မဟုတ်လားဗျာ။
အောင်ကျော်- ဒါပေါ့။ နောက်ရှမ်းမြောက် မဘသ၊ မန္တလေး မဘသနဲ့ ရန်ကုန်က မကွေးကျောင်းတိုက် ဆရာတော်တို့ဆိုရင် အစ္စလာမ်ဘာသာကိုးကွယ်တဲ့ ကာတာအခြေစိုက် အော်ရီဒူးဖုန်းဆင်းကတ်တွေ မသုံးဖို့၊ အဲဒီနံပါတ်နဲ့ ဝင်လာတဲ့ ဖုန်းတွေကိုလည်း မကိုင်ဖို့ လှုံ့ဆော်လှုပ်ရှားမှု ပြုနေတယ်ဆိုတာလည်း ခင်ဗျားသိတယ် မဟုတ်လား။
လာကပေါ်-အင်း. . . သတင်းမီဒီယာတွေမှာ ဖော်ပြလို့ ဖတ်ရ၊ သိရပါတယ်ဗျာ။
အောင်ကျော်- အဲဒါလည်းအမုန်းတရားကို လှုံ့ဆော်တာမဟုတ်ဘူးလားဗျာ။ အဲတော့ ဆက်ပြောမယ်။ မကွေးကျောင်းတိုက်ဆရာတော်က ရန်ကုန်မှာ အော်ရီဒူးဆန့်ကျင်ရေးပွဲလုပ်တော့ အဲဒီမှာဟောပြောသူက ဓမ္မာစက္က ဦးမောင်မောင်နဲ့ ရှေ့နေကြီး ဦးအေးပိုင်။ သူတို့ကလည်း အစ္စလာမ်ဘာသာ ဆန့်ကျင်ရေး အမုန်းတရားတွေ အကြီးအကျယ်ပြောကြတယ်။
လာကပေါ်-သြော်။
အောင်ကျော်-နောက် ဦးနေမျိုးဝေတို့ ၅၉(စ) ထောက်ခံရေး၊ မျိုးစောင့်ဥပဒေပေါ်ပေါက်ရေး ဟောပြောပွဲတွေကို အမြဲတမ်း တက်ရောက်အားပေးထောက်ခံနေသူကတော့ ပြည့်ခိုင်ဖြိုးပါတီခေါင်းဆောင် တစ်ယောက်ဖြစ်တဲ့ ဦးအောင်သိန်းလင်းပဲဗျ။ အဲဒီလိုပွဲတွေမှာ NDF ပါတီက ပြည်သူ့လွှတ်တော်အမတ် ဒေါ်ခင်ဝိုင်းကြည်လည်း ပါလိုက်သေး။
လာကပေါ်- ဘာတွေလဲဗျ။ ခင်ဗျားဟာ။ မန္တလေးအကြမ်းဖက်မှု၊ အမုန်းတရားဖြန့်ဖြူးသူတွေ၊ အရှင်ဝီရသူ၊ ဦးနေမျိုးဝေ၊ ရှမ်းမြောက်မဘသ၊ မန္တလေးမဘသ၊ ရန်ကုန် မကွေးကျောင်းတိုက် ဆရာတော်၊ မဘသ အဖွဲ့ကြီး အတွက် မျိုးစောင့်ဥပဒေနဲ့ ပတ်သက်ပြီး အမြဲတမ်း ဟောပြောနေတဲ့ ဓမ္မစက္က ဦးမောင်မောင်၊ ရှေ့နေကြီး ဦးအေးပိုင်၊ ပြည်ခိုင်ဖြိုး ဦးအောင်သိန်းလင်း၊ NDF ခေါ်ခင်ဝိုင်းကြည် ဘာတွေလဲဗျ။ ရှုပ်ကုန်ပြီ။
အောင်ကျော်- အမုန်းကွန်ရက်လေဗျာ။ အမုန်းကွန်ရက် ဟားဟားဟားဟား။
စည်သူအောင်မြင့်။
အတွဲ-၃၊ အမှတ်(၁၈)၊ ဇူလိုင်၁၂-၁၉၂၀၁၄ ထုတ် မြန်မာသံတော်ဆင့်မှ။
(အမှတ်စဉ်အလိုက် ဖော်ပြပေးသွားပါမည်။)