ရန်ကုန်၊ ဇူလိုင် ၁၉
အမျိုးသားရေး ညီအစ်ကိုမောင်နှမများ(ရန်ကုန်)မှ (၁၉.၇.၂၀၁၄)ရက်နေ့တွင်ကျရောက်သော (၆၇)ကြိမ်မြောက် အာဇာနည်နေ့တွင် ရွှေတိဂုံစေတီတော်မြောက်ဘက်မုခ်၌ ကျဆုံးလေပြီးသော အာနည်ခေါင်းဆောင်ကြီးများအား ဂုဏ်ပြုခြင်းအခမ်းအနားတစ်ရပ် ကျင်ပခဲ့ကြောင်း သိရသည်။ အခမ်းအနားသို့ အမျိုးသားရေး ညီအစ်ကိုမောင်နှမများ (၂၀၀)ကျော်ခန့် တက်ရောက်ပြီး မနက် (၈း၀၀)နာရီမှစတင်ကာ အချိုရေနှင့်အဟာရဒါနလှူဒါန်းခြင်း၊ ၉၆၉ စတေကာများနှင့် အမျိုးသားရေးတရားခွေများကို ဓမ္မလက်ဆောင်ပေးခြင်း၊ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား ပြုလုပ်ခဲ့သော ကုသိုလ်အဘို့ဘာဂကို အမျှအတန်းပေးဝေခြင်း၊ လွမ်းသူ့ပန်းခွေချခြင်းနှင့် ဇာတိမာန်သီချင်း ဂုဏ်ပြုသီဆိုခြင်း အစီအစဉ်များဖြင့် ကျင်းပကာ မွန်းလွဲ (၂း၀၀)နာရီတွင် အခမ်းနားပြီးဆုံးခဲ့ကြောင်း သိရသည်။