Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“ဦးဝီရသူ (မစိုးရိမ်) ဖြေပေးပါ”

$
0
0


ဦးဇင်းကို မေးပေးပါဆိုပြီး ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေး သံတမန်ကွန်ယက်က တစ်ဆင့် မေးခိုင်းလို့ မေးခွန်းတစ်ချို့ ရေးသားပေးပို့အပ်ပါသည်။ ဦးဇင်းအနေဖြင့် ဖြေသင့်တယ် ဖြေကြားမယ်ဆိုရင် ဖြေပေးပါ။
၁။ မေး(၁) ။     ။ ဦးဇင်း မြန်မာနိုင်ငံရဲ့ သမိုင်းတစ်လျှောက်မှာ မြန်မာဗုဒ္ဓဘာသာတွေနဲ့ ငတ်အတူ သေအတူ လွတ်လပ်ရေးကြိုးပမ်းစဉ်ကလည်း အတူကြိုးစားရုန်းကန်ပြီး အေးအတူပူအမျှ နေထိုင်လာခဲ့ကြတဲ့ မြန်မာပြည်ဖွား အစ္စလာမ်မျိုးဆက်တွေကို ဘာကြောင့် မုန်းတီးအောင် လှုံ့ဆော်နေတာပါလဲ။
၂။ မေး(၂)။      ။ ပစ္စပ္ပန်မှာ မြန်မာနိုင်ငံအတွင်း မြန်မာဗုဒ္ဓဘာသာနဲ့ တိုင်းရင်းသားပေါင်းစုံတို့ရဲ့ ပြည်တွင်းစစ် ရှည်ကြာခဲ့လို့ တိုင်းပြည်ဆင်းရဲတွင်းရောက်ခဲ့ရပါတယ်။ ရှေ့ဆက်လည်း ကုလားအရေးတွေနဲ့ အနာဂတ်မှာ အမုန်းမပွားအောင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးအတွက် ဦးဇင်းအကြံဉာဏ်ကောင်းများ ရှိရင် ရှင်းပြပေးပါ။
၃။ မေး(၃)။      ။ ဦးဇင်းဟာ အမျိုးသားရေးဝါဒီ ဗုဒ္ဓဘာသာဝင်တွေအတွက် ရပ်တည်အကာအကွယ်ပေးတယ် ဆိုပြီး တစ်ခြား လူမျိုးကိုတော့ မဝေဖန်ပဲ အစ္စလာမ်ဘာသာကိုဘဲ တိုက်ခိုက်နေတာတွေ့ရပါတယ်။ အစိုးရရဲ့ တရားဥပဒေက မြန်မာလူမျိုး ဗုဒ္ဓဘာသာကို အစ္စလာမ်နဲ့ပိုပြီး အကာအကွယ်ပေးထားပါလျှက်နဲ့ ဦးဇင်းရဲ့ ဖေဘုတ်(ခ်)အရေးအသားတွေကို ဖတ်မိသူတွေက ဦးဇင်းဟာ တရုတ်တွေရဲ့ အထောက်အပံ့ကို ရယူလက်ခံ နေသူလို့ စွပ်စွဲနေကြသလို ဒီမိုကရေစီမလိုလားသော ဘုန်းကြီးလို့လဲ စွပ်စွဲနေတာကို ဦးဇင်း ဘယ်လို ဖြေမလဲ။
၎။ မေး(၄)။      ။ ဂျာနယ်တစ်ချို့မှာ ၁.၇.၂၀၁၄ မန္တလေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဦးဝီရသူ (မစိုးရိမ်) အပါအဝင် လူပုဂ္ဂိုလ်တစ်ချို့ရဲ့ HATE SPEECH တွေနဲ့ Online ရေးသားမှုကြောင့် ဖြစ်ပေါ်ခဲ့တယ်လို့ ဂျာနယ်စာမျက်နှာမှ ပွင့်ပွင့်လင်းလင်း စွပ်စွဲမှုများ ရှိနေပါတယ်။ အနာဂတ် ဒီမိုကရေစီ နိုင်ငံတော်ကို အစ္စလာမ်တွေကို ဘေးဖယ်ပြီး ထူထောင်လို့ မရနိုင်ဘူးလို့ ရဟန်းရှင် ပြည်သူတွေက ဗြိတိသျှ ကိုလိုနီရဲ့ လွတ်လပ်ရေး သမိုင်းနှင့်ယှဉ်ပြီး ပြောနေရေးနေကြပါတယ်။ ဦးဇင်းရဲ့ သဘောလဲ မျှပေးပါ။
၅။ မေး(၅)။      ။ အစ္စလာမ်တစ်ချို့ကြောင့် ဖြစ်ပွားခဲ့ရတဲ့ မုဒိမ်းမှု ရာဇဝတ်မှု ဒုစရိုက်မှုတွေဟာ အစ္စလာမ်ထု တစ်ရပ်လုံးကို မထိခိုက်ဘဲ ကျူးလွန်သူကိုသာ ဦးဇင်းအနေနဲ့ ဝေဖန်တိုက်ခိုက်ပြီး တရားဥပဒေဘောင်အတွင်း က အပြစ်ပေးတာကို လက်ခံကြိုဆိုမယ့်အစ္စလာမ်ဘာသာဝင်တွေရှိပါတယ်။ မသက်ဆိုင်တဲ့သူတွေကို မထိ မခိုက်ဘဲ ရေးသားဟောကြားမှုမျိုး မလုပ်နိုင်ဘူးလားတဲ့။
၆။ မေး(၆)။      ။ အစိုးရရဲ့ တရားဥပဒေ စိုးမိုးရေးအထက်ကနေပြီး မွတ်စလင်တွေကို ပြင်းထန်စွာ ဝေဖန် ရေးသားဟောကြားမှုတွေလုပ်နေတယ်လို့ စွပ်စွဲနေတာတွေကို ဦးဇင်း ဖြေပေးပါ။
လိုအပ်လျှင် ထပ်မံ မေးမြန်းခွင့်ပြုပေးပါရန် ။ ရိုသေလေးစားစွာဖြင့် တင်ပြအပ်ပါသည်။ သမိုင်းမှတ်တမ်းတင် မည်ဖြစ်ပါ၍ ကိုယ်စားမေးခြင်းသာ ဖြစ်ပါသည်။
ဒိုင်းမွန်းရွှေကြည် (တာဝန်ခံ)
09.73238176
ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေးသံတမန်ကွန်ယက်
Peace and Lovely Diplomatist Network (P.L.D.N)

Viewing all articles
Browse latest Browse all 2129

Trending Articles