Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“စည်သူအောင်မြင့်ဆိုတာ ခွေးရူးပါကွာ(၅)”

$
0
0
အောင်ကျော်- နမူနာဗျာ။ မန္တလေးက အစ္စလာမ်ဘာသာဝင် လက်ဖက်ရည်ဆိုင် ပိုင်ရှင်နှစ်ယောက် ပျဉ်းမနားမှာ မုဒိမ်းမှုနဲ့ အမှုဖွင့်ခံရတယ်လို့ သတင်းထွက်တယ်။ ဒီတော့ အရှင်ဝီရသူတို့က ပျဉ်းမနား မ.ဘ.သကို အဲဒီကိစ္စ စုံစမ်းခိုင်းတယ်။ ရဲစခန်းမှာ ဖွင့်ထားတဲ့ အမှုနံပါတ်ရတော့ အဲဒီကိစ္စ ဖေ့စ်ဘုတ်မှာရေးတင်တယ်။ ဆိုတော့ အခု (၆)လပတ် မြန်မာနိုင်ငံမှာ မုဒိမ်းမှုစုစုပေါင်း ၃၈၀ လောက်ဖြစ်တယ်။ အရှင်ဝီရသူတို့က ဘာကြောင့် အဲဒီ မုဒိမ်းမှုကိုမှ စုံစမ်းတာ၊ ဖေ့စ်ဘုတ်ပေါ်တင်ပြီး ဖြန့်ဖြူးတာလုပ်ရသလဲ။ အဲဒါ ဘုရားသားတော်သံဃာတွေရဲ့ အလုပ်လား။
လာကပေါ်-အင်း၊ ကျူးလွန်တယ်လို့ စွပ်စွဲခံရသူဟာ အစ္စလာမ်ဘာသာဝင်မို့လို့ ဖြစ်မှာပေါ့။
(မြန်မာသံတော်ဆင့်၊ အတွဲ(၃)၊ အမှတ်(၁၈)၁၂-၁၈-၇-၂၀၁၄)
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^


အခု(၆)လအတွင်း မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ မုဒိမ်းမှုပေါင်း(၃၈၀) ထဲမှာမှ အရှင်ဝီရသူက ဒီမုဒိမ်းမှုတစ်ခု တည်းကိုမှ ဘာကြောင့် စုံစမ်းတယ် ဖြန့်ဖြူးတယ် ဆိုတာ သိချင်လား?
ဝီရသူက လူမျိုးတူ မုဒိမ်းတွေကို စိတ်ဝင်စားလို့ပဲ။ တရုတ်က ဗမာကို၊ ဗမာက ကုလားမကို ကျင့်တာ ဒကာမြင်ဖူး ကြားဖူးပါသလား?
ဒါပေမဲ့ ကုလားက ဗမာကို၊ ကုလားက ခရဇ်ယန်ကို၊ ကုလားက ဟိန္ဒူကို ကျင့်တာတွေတော့ ပေါတယ် မဟုတ်လား?
သတင်းမရလို့ဆိုထားပါတော့။ ပေးပို့တာတောင် ဘာလို့ မထည့်ကြတာလဲ?
ဗမာမုဒိမ်း၊ ဘုန်းကြီးမုဒိမ်းတွေကိုတော့ အတိအကျ ထည့်ကြတယ် မဟုတ်လား?
ဒကာတို့ မီဒီယာတွေ တစ်ဖက်စောင်းနင်းနိုင်လွန်းလို့ ဝီရသူက ကုလားမုဒိမ်းတွေ ရွေးထည့်တာပါဗျာ။
နောက်ပြီး စာနယ်ဇင်းသမားတွေရဲ့ အမြင်နဲ့ ဝီရသူရဲ့ အမြင်တွေမှာ မတူတဲ့ အချက်တွေ ရှိပါတယ်။
စာနယ်ဇင်းသမားက သတင်းပဲ စိတ်ဝင်းစားတယ်။ သတင်းရရင်ပြီးသွားပြီ။ ဒုက္ခသည် ဘယ်လို ဖြစ်ကျန်နေခဲ့ နေခဲ့ ဘာအကူအညီမှ မပေးနိုင်ကြဘူး။
ဝီရသူက ဒုက္ခသည်(နစ်နာသူ) ကို အကူအညီပေးချင်လို့ စုံစမ်းတာဗျ။
ဝီရသူ ချွေးနည်းစာ သွေးနည်းစာတွေနဲ့ ရှာထားတဲ့ ဓမ္မပူဇာငွေတွေကို အဲဒီလို နစ်နာသူတွေအတွက် အမြဲသုံးစွဲ ပါတယ်ဗျာ။ ရှေ့နေလိုရင် ရှေ့နေငှားပေးတယ်။ ငွေကြေးလိုရင် ငွေကြေးထုတ်ပေးတယ်။ အိမ်ငှားနေကြရလို့ အိမ်ရှင်ကုလားရဲ့ အနိုင်ကျင့်မှုကို ခံခဲ့ရတဲ့ (၇)နှစ်သမီးလေးအမှုမှာ မဘသငွေနှင့် အိမ်ငှားပေးထားတာတောင် ရှိပါတယ်။ လှိုင်မြို့နယ်က (၁၃)နှစ်သမီးလေးဆိုရင် အိမ်ဝယ်ပေးတဲ့အပြင် ဈေးရောင်းဖို့ အရင်းအနှီးတောင် (ရန်ကုန်အဖွဲ့နှင့်ပေါင်းပြီး) ထောင်ပေးလိုက်သေးတယ်။
မုဒိမ်းကျင့်ခံရသူတွေကို ကြည့်လိုက်ရင် ဆင်းရဲသူမတွေက ပိုများပါတယ်။ ဆင်းရဲလို့ အကျင့်ခံကြရတာပါ။ သူတို့ကို ကူညီဖို့ မဘသဖွဲ့ထားတာပါ။ ဘယ်ဘာသာဝင် ဘယ်လူမျိုးမဆို အကျင့်ခံရသူက အကူအညီတောင်း ရင် ကူညီရမယ်လို့ မဘသ မှာ စည်းမျဉ်းရှိပါတယ်။
သတင်းလောက်သာ တန်ဖိုးထားပြီး သတင်းကောင်ကို တန်ဖိုးထားလေ့မရှိတဲ့ သတင်းသမားအမြင်လောက်နဲ့ အဲဒီလို ဝေဖန်တာ မျှတပါ့မလား? စည်သူအောင်မြင့် ဖြေပြပါ။
သတင်းဖြစ်ပေါ်လို့ ဖေ့စ်ဘုတ်ပေါ်တင်တာ တင်တဲ့သူ အပြစ်လား? မီဒီယာသမားဆိုရင် ဒါ နားလည်ရမယ်လေ ဗျာ။ သတင်းမဟုတ်ဘဲနဲ့ လုပ်ကြံရေးရင်တော့ ပြောပေါ့ဗျာ။
အဲဒါ ဘုရားသားတော်သံဃာတွေရဲ့ အလုပ်လားတဲ့။
ဒကာစည်သူအောင်မြင့်က စာနယ်ဇင်းသမားဆိုတော့ သတင်းတွေနဲ့ပဲ လုံးချာလိုက်နေပုံရပါတယ်။ ဘာသာ တရားအကြောင်းလည်း ကောင်းကောင်း သိပုံမရပါဘူး။ ဘာသာရေးလည်း လိုက်စားပုံမရပါဘူး။ ပိဋကတ် စာပေကို လေ့လာရကောင်းမှန်းတောင် သိပုံမရပါဘူး။ ဒါကြောင့်လည်း တော်တန်ရုံ လူကောင်းသူကောင်းတွေ မပြစ်မှားရဲတာတွေကို ပယ်ပယ်နယ်နယ် ပြစ်မှားရဲတာဖြစ်မှာပါ။
ဆွမ်းခံစာကျက် တရားမှတ်တာကိုပဲ ဘုန်းကြီးအလုပ်ထင်မနေနဲ့ ပရဟိတမှန်သမျှ ဘုန်းကြီးအလုပ်တွေပဲလို့ မှတ်။ လောကအကျိုးပြု လုပ်ငန်းမှန်သမျှ သတ်မှတ်ထားတဲ့ ဘောင်ထဲကနေ လုပ်ကောင်းတယ်လို့မှတ်။ (ဆေးမကုကောင်းပေမယ့် ခေးဆန်းဖွင့်ကောင်းတယ်လို့မှတ်။)
ရှင်အာနန္ဒာ သူခိုးဖမ်းဖူးတယ်။
ပိလိန္ဒဝစ္ဆမထေရ် ဆင်းရဲသား သားအမိကို မင်းဘေးမှ ကယ်ဖူးတယ်။ ထောင်ထဲမှ ထုတ်ပေးခဲ့ဖူးတယ်။ ကလေးလေးတွေကို ဓားပြဘေးမှ ကယ်တင်ခဲ့ဖူးတယ်။
မြတ်စွာဘုရား သက်သေလိုက်ဖူးတယ်။
ဒါကြောင့် ဝီရသူ မုဒိမ်းမှုစုံစမ်းခိုင်းတာ အာပတ်မသင့်ဘူး။ ဒုက္ခသည်ကို ကူညီဖို့ စုံစမ်းခိုင်းတာ ဘုရားအလိုတော်ကျတယ်။ အဲဒါ မှတ်ထားပါ။
စည်သူအောင်မြင့်လို စာနာမှုကင်းမဲ့တဲ့ သတင်းသမား
အယောနိသော မနသိကာရရှေ့ထားတဲ့ သတင်းသမား
ကိုယ့်အမြင်တစ်ခုတည်းနဲ့ ပတ်ရမ်းနေတဲ့ သတင်းသမား
သူတော်ကောင်းတွေကို ခွေးရူးလိုလိုက်ကိုက်နေတဲ့ သတင်းသမားတွေက လောကကိုရော ကောင်းကျိုးပြု ပါ့မလား?
ပြည်သူကိုရော ကောင်းကျိုးပြုပါ့မလား?
ပြည်သူအတွက် လောကအတွက် အဆိပ်အတောက်တွေများဖြစ်နေမလား?
သေချာတာတစ်ခုက စည်သူအောင်မြင့်ကိုယ်တိုင်က အမုန်းတရားအခြေခံပြီး ရေးသားနေတယ်ဆိုတာပါပဲ။
ဝီရသူနှင့် မဘသ အပေါ် ပြည်သူတွေ အထင်အမြင်လွဲမှားအောင် စည်သူအောင်မြင့်ကိုယ်တိုင် အမုန်းတရားတွေ ဖြန့်ဖြူးနေတယ်ဆိုတာပါပဲ။
စာနယ်ဇင်းကျင့်ဝတ်ကို နားမလည်ရင် ပြောလိုက်မယ်။
ဝေဒနာနဲ့ မရေးပါနဲ့။
ဒေတာနဲ့ပဲ ရေးပါ။
ဝေဒနာနဲ့ရေးက အတင်း။
ဒေတာနဲ့ရေးမှ သတင်း။
ဝေဒနာနဲ့ရေးသူက ခွေးရူး။
ဒေတာနဲ့ရေးသူမှ လူ။
ဒကာစည်သူအောင်မြင့်တစ်ယောက် ဝေဒနာကို ဦးစားမပေးဘဲ ဒေတာကိုသာ ဦးစားပေး ရေးနိုင်ပါစေ။
သူတော်ကောင်း သူမြတ်လောင်းတွေကို ခွေးရူးသဖွယ် တွေ့တိုင်းတယ်-မတရားသတင်းသမားဘဝမှ လွတ်မြောက်နိုင်ပါစေ။
ဦးပဉ္စင်း
ဝီရသူ(မစိုးရိမ်)
17.7.2014 PM 6:16
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^


“လာကပေါ်၊ အောင်ကျော် ဆွေးနွေးခန်း” “(၇၀)” “အမုန်းကွန်ရက်”
လာကပေါ်-ကိုအောင်ကျော် အခု ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး နောက်ကွယ်မှာ လက်မည်းကြီးရှိရမယ် စနစ်တကျကြံစည်သူ ရှိရမယ်ဆိုပြီး ပြောပြောနေကြတယ်။ နောက်တချို့ကလည်း ဒါဟာ နိုင်ငံရေးနဲ့ ဆိုင်တယ်။ နိုင်ငံရေးရည်ရွယ်ချက်နဲ့ တမင်ဖန်တီးနေတယ်ဆိုပြီး ပြောကြတယ်ဆိုတော့ အဲဒီအကြောင်း ဆွေးနွေးကြရအောင်။
အောင်ကျော်- အစိုးရနဲ့ တိုင်းရင်းသားတွေ ငြိမ်းချမ်းရေးကိစ္စ မနီးစပ်သေးလို့ စိတ်လေးနေရတဲ့အထဲ ခင်ဗျားက အဲဒါကို ဆွေးနွေးချင်သေးသလား။
လာကပေါ်- သူများတွေသိပ်ပြီး မေးကြ မြန်းကြလို့ပါဗျာ။
အောင်ကျော်- ကဲ အဲတော့ခင်ဗျားကို ကျွန်တော်မေးမယ်။ အခုလို ဘာသာရေး၊ လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပွားလာရတဲ့ဆီမှာ အမုန်းတရား ဖြန့်ဖြူးနေတာတွေဟာ တကယ့်ရေခံ မြေခံ ပြဿနာပဲ ဖြစ်တယ်ဆိုတာ ခင်ဗျား လက်ခံလား။
လာကပေါ်-လက်ခံတယ်။
အောင်ကျော်- ဒါဆိုရင် အခု Facebook လူမှုကွန်ရက် စာမျက်နှာမှာ မတူကွဲပြားပါတီ ခေါင်းဆောင် ဦးနေမျိုးဝေ နဲ့ မန္တလေး မဘသ ခေါင်းဆောင် အရှင်ဝီရသူတို့ ရေးနေသားနေ ဖော်ပြနေတာတွေဟာ အမုန်းတရား ဖြစ်စေအောင် ဖန်တီးနေတာတွေကို ခင်ဗျားလက်ခံလား။
လာကပေါ်- နေမျိုးဝေကတော့ ရှင်းတယ်။ ဆဲလည်းဆဲတယ်။ ဒေါ်စုလိုမျိုးကိုတောင် သတ်လိုက် ဘာညာ ပြောတယ်။ အရှင်ဝီရသူကတော့ ဘာကြောင့် အဲဒီ စာရင်းထဲ ပါသွားရတာလဲ။
အောင်ကျော်- ခင်ဗျား ဝင်ဖတ်ကြည့်ပေါ့။ သူ့စာမျက်နှာကို ဖတ်ကြည့်လိုက်ရင် အစ္စလာမ်ဘာသာဝင်တွေဆို တာ မုဒိမ်းမှု ကျူးလွန်သူတွေ၊ ဗုဒ္ဓဘာသာဗမာတွေကို စော်ကားသူတွေ၊ အကြမ်းဖက် တိုက်ခိုက်သူတွေ၊ မကောင်းတဲ့သူတွေအဖြစ် မုန်းတီးစရာကောင်းအောင်၊ မြင်အောင်ဖော်ပြထားတာ တွေ့ရလိမ့်မယ် မဟုတ်ဘူးလား။
လာကပေါ်- အဲဒါတော့ ဟုတ်ပါတယ်။
အောင်ကျော်- နမူနာဗျာ။ မန္တလေးက အစ္စလာမ်ဘာသာဝင် လက်ဖက်ရည်ဆိုင် ပိုင်ရှင်နှစ်ယောက် ပျဉ်းမနားမှာ မုဒိမ်းမှုနဲ့ အမှုဖွင့်ခံရတယ်လို့ သတင်းထွက်တယ်။ ဒီတော့ အရှင်ဝီရသူတို့က ပျဉ်းမနား မ.ဘ.သကို အဲဒီကိစ္စ စုံစမ်းခိုင်းတယ်။ ရဲစခန်းမှာ ဖွင့်ထားတဲ့ အမှုနံပါတ်ရတော့ အဲဒီကိစ္စ ဖေ့စ်ဘုတ်မှာရေးတင်တယ်။ ဆိုတော့ အခု (၆)လပတ် မြန်မာနိုင်ငံမှာ မုဒိမ်းမှုစုစုပေါင်း ၃၈၀ လောက်ဖြစ်တယ်။ အရှင်ဝီရသူတို့က ဘာကြောင့် အဲဒီ မုဒိမ်းမှုကိုမှ စုံစမ်းတာ၊ ဖေ့စ်ဘုတ်ပေါ်တင်ပြီး ဖြန့်ဖြူးတာလုပ်ရသလဲ။ အဲဒါ ဘုရားသားတော်သံဃာတွေရဲ့ အလုပ်လား။
လာကပေါ်-အင်း၊ ကျူးလွန်တယ်လို့ စွပ်စွဲခံရသူဟာ အစ္စလာမ်ဘာသာဝင်မို့လို့ ဖြစ်မှာပေါ့။
အောင်ကျော်- အမှန်ပေါ့။ အဲမန္တလေးမှာ အကြမ်းဖက်မှုစပြီး ဖြစ်ပွားနေချိန် ဇူလိုင် ၂ ရက်နေ့ကထုတ်တဲ့ မန္တလေးတိုင်း မဘသ ရဲ့ ကြေညာချက်မှာဆိုရင် ပျဉ်းမနားမှာ အမှုဖွင့်တိုင်ကြားထားတဲ့ ဗုဒ္ဓဘာသာ မြန်မာမိန်းကလေး မစိုးစိုး အဓမ္မပြုကျင့်ခံရမှုကို ပွင့်လင်းမြင်သာမှုရှိအောင် သတင်းထုတ်ပြန်ပေးဖို့၊ အဓမ္မပြုကျင့်တဲ့ အစ္စလာမ်ဘာသာဝင် နှစ်ယောက်ကို အမြန်ဆုံးဖော်ထုတ်ပြီး ထိထိရောက်ရောက် အရေးယူပေးဖို့ဆိုပြီး တောင်းဆိုတယ်လို့ ဖော်ပြထားတယ်။
လာကပေါ်- အင်- အဲဒီ အမှုက ရဲစခန်းတိုင်ထားဆဲ မဟုတ်လား။ ဒါတွေကို တရားရုံးက ဆုံးဖြတ်မှာပဲလေ။ တရားရုံးက အပြစ်ရှိတယ်လို့ ဆုံးဖြတ်ရင် အပြစ်ပေးခံရမယ်ပေါ့၊ ဟုတ်ဘူးလား။ အဲလိုရေးသားဖော်ပြလို့ မသင့်တော်ဘူးလေ။
အောင်ကျော်- အဲဒါအမုန်းတရား ဖြန့်ဖြူးနေတာပဲဆိုတာ လက်ခံပြီလား။
လာကပေါ်- လက်ခံပါပြီ။
အောင်ကျော်- ကျွန်တော်ဆက်ပြောမယ်။ မန္တလေး မဘသအဖွဲ့ဆိုတာ မျိုးစောင့်ဥပဒေပေါ်ပေါက်ရေး ကြိုးပမ်းနေတဲ့ အဖွဲ့ထဲကတစ်ဖွဲ့။ အဲ…. ဦးနေမျိုးဝေကလည်း မျိုးစောင့်ဥပဒေပေါ်ပေါက်ရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲက ပုဒ်မ၅၉(စ)ဆက်ပြီးထားရှိရေး ဟောပြောနေတဲ့သူပဲဗျ။
လာကပေါ်- ပုဒ်မ ၅၉(စ) ဆိုတာ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ခွင့်မရှိအောင် တားမြစ်ထားတဲ့ ဥပဒေ ပုဒ်မ မဟုတ်လားဗျာ။
အောင်ကျော်- ဒါပေါ့။ နောက်ရှမ်းမြောက် မဘသ၊ မန္တလေး မဘသနဲ့ ရန်ကုန်က မကွေးကျောင်းတိုက် ဆရာတော်တို့ဆိုရင် အစ္စလာမ်ဘာသာကိုးကွယ်တဲ့ ကာတာအခြေစိုက် အော်ရီဒူးဖုန်းဆင်းကတ်တွေ မသုံးဖို့၊ အဲဒီနံပါတ်နဲ့ ဝင်လာတဲ့ ဖုန်းတွေကိုလည်း မကိုင်ဖို့ လှုံ့ဆော်လှုပ်ရှားမှု ပြုနေတယ်ဆိုတာလည်း ခင်ဗျားသိတယ် မဟုတ်လား။
လာကပေါ်-အင်း. . . သတင်းမီဒီယာတွေမှာ ဖော်ပြလို့ ဖတ်ရ၊ သိရပါတယ်ဗျာ။
အောင်ကျော်- အဲဒါလည်းအမုန်းတရားကို လှုံ့ဆော်တာမဟုတ်ဘူးလားဗျာ။ အဲတော့ ဆက်ပြောမယ်။ မကွေးကျောင်းတိုက်ဆရာတော်က ရန်ကုန်မှာ အော်ရီဒူးဆန့်ကျင်ရေးပွဲလုပ်တော့ အဲဒီမှာဟောပြောသူက ဓမ္မာစက္က ဦးမောင်မောင်နဲ့ ရှေ့နေကြီး ဦးအေးပိုင်။ သူတို့ကလည်း အစ္စလာမ်ဘာသာ ဆန့်ကျင်ရေး အမုန်းတရားတွေ အကြီးအကျယ်ပြောကြတယ်။
လာကပေါ်-သြော်။
အောင်ကျော်-နောက် ဦးနေမျိုးဝေတို့ ၅၉(စ) ထောက်ခံရေး၊ မျိုးစောင့်ဥပဒေပေါ်ပေါက်ရေး ဟောပြောပွဲတွေကို အမြဲတမ်း တက်ရောက်အားပေးထောက်ခံနေသူကတော့ ပြည့်ခိုင်ဖြိုးပါတီခေါင်းဆောင် တစ်ယောက်ဖြစ်တဲ့ ဦးအောင်သိန်းလင်းပဲဗျ။ အဲဒီလိုပွဲတွေမှာ NDF ပါတီက ပြည်သူ့လွှတ်တော်အမတ် ဒေါ်ခင်ဝိုင်းကြည်လည်း ပါလိုက်သေး။
လာကပေါ်- ဘာတွေလဲဗျ။ ခင်ဗျားဟာ။ မန္တလေးအကြမ်းဖက်မှု၊ အမုန်းတရားဖြန့်ဖြူးသူတွေ၊ အရှင်ဝီရသူ၊ ဦးနေမျိုးဝေ၊ ရှမ်းမြောက်မဘသ၊ မန္တလေးမဘသ၊ ရန်ကုန် မကွေးကျောင်းတိုက် ဆရာတော်၊ မဘသ အဖွဲ့ကြီး အတွက် မျိုးစောင့်ဥပဒေနဲ့ ပတ်သက်ပြီး အမြဲတမ်း ဟောပြောနေတဲ့ ဓမ္မစက္က ဦးမောင်မောင်၊ ရှေ့နေကြီး ဦးအေးပိုင်၊ ပြည်ခိုင်ဖြိုး ဦးအောင်သိန်းလင်း၊ NDF ခေါ်ခင်ဝိုင်းကြည် ဘာတွေလဲဗျ။ ရှုပ်ကုန်ပြီ။
အောင်ကျော်- အမုန်းကွန်ရက်လေဗျာ။ အမုန်းကွန်ရက် ဟားဟားဟားဟား။
စည်သူအောင်မြင့်။
အတွဲ-၃၊ အမှတ်(၁၈)၊ ဇူလိုင်၁၂-၁၉၂၀၁၄ ထုတ် မြန်မာသံတော်ဆင့်မှ။
(အမှတ်စဉ်အလိုက် ဖော်ပြပေးသွားပါမည်။)



Viewing all articles
Browse latest Browse all 2129

Trending Articles