Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“ဦးဝီရသူ မွေးနေ့ သွေးလှူဒါန်းပွဲ”

$
0
0
ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် အရှင်ဝီရသူ(မစိုးရိမ်)၏ သက်တော်(၄၆) နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်အဖြစ် ပါရမီပျိုးခင်း သွေးလှူအသင်း သတ္တမအကြိမ် စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့ 26.6.2014၊ ကျောက်ဆည်မြို့၊ မင်းကုန်းမဟာစာသင်တိုက်မှာ ကျင်းပနိုင်ခဲ့ပါတယ်။
မွေးနေ့ သွေးလှူဒါန်းပွဲသို့ ကျောက်ဆည်မြို့ပေါ်ရှိ ရပ်ကွက်အသီးသီးနှင့် ကျေးရွာများမှ စေတနာရှင် ပါရမီရှင်များ လာရောက်သွေးလှူဒါန်းကြပြီး၊ တောမတက္ကသိုလ်၊ GTC  နည်းပညာတက္ကသိုလ်မှ ကျောင်းသူ/ သားများ၊ မြင့်မြတ်ပါရမီ၊ စေတနာရှင် စသော ပရဟိတ အဖွဲ့အစည်းများ လာရောက်လှူဒါန်းကြောင်းနှင့် ရန်ကုန် MNN မှ မျိုးချစ်မိသားစုများ၊ မုံရွာ၊ တံတားဦး၊ စဥ့်ကိုင်၊ မြစ်သား မန္တလေး စသော မြို့အသီးသီးမှ ရဟန်း ရှင်လူပြည်သူအများ တက်ရောက် လှူဒါန်းကြကြောင်း သိရပါတယ်။
သွေးလှူရှင်ပေါင်း သုံးရာကျော်မှ သွေးအိတ်(၃၀၁) အိတ် အောင်မြင်ခဲ့ပြီး၊ မျက်ကြည်လွှာ ဆန္ဒပြုသူ (အလှူရှင်) (၃၉)ဦး၊ နှင့် ကျောက်ကပ် ဆန္ဒပြုသူ(အလှူရှင်)(၅)ဦးတို့ ပေါ်ပေါက်ခဲ့ကြောင်း သိရပါတယ်။
ဆရာ/ဆရာမများ၊ သွေးလှူရှင်များ၊ ပရိသတ်များအား စာအုပ်၊ တရားစီဒီ၊ အအေးဘူး၊ အားဆေးနှင့် ဘီစကစ်မုန့်များ ပြန်လည် လှူဒါန်းခဲ့ကြောင်း သိရပါတယ်။
အဆိုပါ သွေးလှူဒါန်းပွဲအတွက် ကျောက်ဆည်မြို့သူ/သား ဒကာ/မများက စုပေါင်းလှူဒါန်းခဲ့ကြပြီး၊ ထေရဝါဒ ဓမ္မကွန်ယက်နှင့် မ.ဘ.သ(ဗဟို)မှ သာသနာ့မိခင်ကြီး ဒေါ်ပေါရွှေကလည်း ငွေကျပ်(၂)သိန်း လှူဒါန်းခဲ့ပါတယ်။
ကျောက်ဆည်မြို့သည် ဦးဝီရသူ၏ ဇာတိမြေဖြစ်ပြီး၊ မင်းကုန်းကျောင်းသည် ဦးဝီရသူ၏ မိခင်စာသင်တိုက် ဖြစ်ကာ၊ မွေးနေ့ပွဲ ရောက်တိုင်း ယခုလိုပင် ဇာတိမြေမှာ သွေးလှူဒါန်းပွဲ ကျင်းပသွားမှာဖြစ်ကြောင်း သိရပါတယ်။

































Viewing all articles
Browse latest Browse all 2129

Trending Articles


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ဆားပုလင်းနှင်းမောင်၏ နိဂုံး


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


မျက်မမြင် အကြားအမြင် ဆရာမကြီးရဲ့ (၂၀၁၈) ခုနှစ် နဲ့ အနာဂတ်အတွက် ကြိုတင်ဟောစာတမ်း


ဂျူးပင် စိုက်ပျိုးနည်း


သာကူ⁠ပြင် ⁠ပြုလုပ်နည်း