နေပြည်တော် ဇွန် ၂၅
ကိုးကွယ်ရာဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့် လူဦးရေတိုးပွားနှုန်း ထိန်းညှိရေးဆိုင်ရာ ဥပဒေကြမ်း တို့နှင့် စပ်လျဉ်း၍ ဥပဒေကြမ်းရေးဆွဲရေး ကော်မရှင် တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ပြည်ထောင်စုရှေ့နေ ချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ဥပဒေကြမ်းရေးဆွဲရေး ကော်မရှင်ဥက္ကဋ္ဌ ဦးထွန်းထွန်းဦး၊ ဒုတိယဥက္ကဋ္ဌနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် သတင်းစာပါ ကိုးကွယ်ရာဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေနှင့် စပ်လျဉ်း၍ အများပြည် သူတို့ ပေးပို့ခဲ့သော အကြံပြုချက်များအပေါ် ကော်မရှင်အဖွဲ့ဝင်များက ဆွေးနွေးညှိနှိုင်းသုံးသပ်ခဲ့ကြပြီး သင့်မြတ်သည့် အကြံပြုချက်များကို ဥပဒေကြမ်းတွင် ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းများ ပြုလုပ်ခဲ့ကြသည်။
အဆိုပါ အစည်းအဝေးကို ယခုလ ၂၆ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး လူဦးရေးတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေကြမ်းကို ဆွေးနွေးအတည်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။