Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (ဗဟို) နှစ်ပတ်လည်ညီလာခံကြီး၏ ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်သော ဆုံးဖြတ်ချက်များ”

$
0
0

သာသနာနှစ် - ၂၅၅၈၊ ၁၃၇၆-ခု၊ နယုန်လပြည့်ကျော် (၉)ရက်၊ (၂၀၁၄-ခု၊ ဇွန်လ (၂၁)ရက်) စနေနေ့

၁။ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့သည် သာသနာတော် တည်တံ့ပြန့်ပွားရေးကိုသာ ဦးတည်ဆောင်ရွက်ရန် သန္နိဋ္ဌာန်ချမှတ်သည်။

၂။ အမျိုးဘာသာ သာသနာတော် တည်တံ့ပြန့်ပွားနိုင်ရေးအတွက် အောက်ပါဆောင်ရွက်ချက် လုပ်ငန်းစဉ်များကို ကြိုးပမ်းသွားမည်ဟု သန္နိဋ္ဌာန်ချမှတ်သည်။

ဓမ္မသဘောဖြင့် ဆောင်ရွက်ခြင်း -

(က) ဗုဒ္ဓဘာသာ ယဉ်ကျေးမှုနှင့် စာရိတ္တပညာမြှင့်တင်ရေးသင်တန်းများ ဆောင်ရွက်ပေးခြင်း။

(ခ) ဘာသာရေးအသိဉာဏ်တိုးပွားစေရန် ဆောင်ရွက်ပေးခြင်း။

(ဂ) ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး၊ အမျိုးသားရေးဆိုင်ရာ ဖွံ့ဖြိုးရေးလုပ်ငန်းများကို လမ်းညွှန်ပေးခြင်း၊ ကူညီဆောင်ရွက်ပေးခြင်း။

ဥပဒေသဘောဖြင့် ဆောင်ရွက်ခြင်း -

(က) မြန်မာ့တိုင်းရင်းသားအားလုံးနှင့် သက်ဆိုင်သော အမျိုးစောင့်ဥပဒေပေါ်ပေါက်ရေးကိုသာ အလေးပေး ဆောင်ရွက်ခြင်း။

(ခ) ဘာသာအသီးသီးတို့အတွက် ကိုယ်စားပြုနိုင်သော အမျိုးစောင့်ဥပဒေ ပေါ်ပေါက်ရေးကိုသာ အလေးပေး ဆောင်ရွက်ခြင်း။

(ဂ) အဓိကအားဖြင့် ပဋိပက္ခ ပြေလည်ငြိမ်းအေးမှုကို ရှေးရှုသော အမျိုးစောင့်ဥပဒေ ပေါ်ပေါက်ရေးကိုသာ အလေးပေး ဆောင်ရွက်ခြင်း။

၃။ နိုင်ငံရေးပါတီများ ကိုယ်ကျိုးရှာ နိုင်ငံရေးသမားများ၊ ဘာသာခြား လူမျိုးခြားများ၏ လိုအပ်သလို အသုံးချမှုများကို မ.ဘ.သ အဖွဲ့ဝင်များက သတိထား၍ ရှောင်ရှားဆောင်ရွက်သွားမည်ဟု သန္နိဋ္ဌာန် ချမှတ်သည်။

၎။ ဒေသဆိုင်ရာ မ.ဘ.သ အဖွဲ့အစည်းများက ကြေညာချက်များ ထုတ်ပြန်ရန် လိုအပ်ပါက ဒေသဆိုင်ရာအတွက် ထုတ်ပြန်နိုင်သည်။ အကယ်၍ မ.ဘ.သအဖွဲ့ (ဗဟို)၏ မူဝါဒနှင့် ပတ်သက်နေပါလျှင်  မ.ဘ.သအဖွဲ့ (ဗဟို)၏ အတည်ပြုချက်ကို ရယူရမည်။

ဘဒ္ဒန္တတိလောကာဘိဝံသ

(အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြဝါဒါစရိယ)

ဥက္ကဋ္ဌ

အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (ဗဟို)

Viewing all articles
Browse latest Browse all 2129

Trending Articles