သာသနာနှစ် - ၂၅၅၈၊ ၁၃၇၆-ခု၊ နယုန်လပြည့်ကျော် (၉)ရက်၊ (၂၀၁၄-ခု၊ ဇွန်လ (၂၁)ရက်) စနေနေ့
၁။ မ.ဘ.သ အဖွဲ့အစည်းသည် မည်သည့်ပါတီ၊ မည်သည့်နိုင်ငံရေး အသင်းအဖွဲ့နှင့်မျှ ဆက်စပ်ပတ်သက်မှုမရှိကြောင်း ထုတ်ပြန်ကြေညာသည်။
၂။ “မ.ဘ.သ အဖွဲ့ကြီးသည် နိုင်ငံရေးပါတီတစ်ခုကို ထောက်ခံအားပေးရန် ဖွဲ့စည်းထားသော အဖွဲ့အစည်းကြီးဖြစ်သည်”ဟူသော မီဒီယာအချို့၏ စွပ်စွဲပုတ်ခက်ပြောဆိုမှုကို ကန့်ကွက်ရှုတ်ချသည်။
၃။ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယိုဇာတ်ကားများကို ရိုက်ကူးဖန်တီးရာ၌ ဗုဒ္ဓဘာသာဝင်များကို ထိခိုက်နစ်နာအောင် တစ်ဖက်သတ် ရိုက်ကူးတင်ဆက်မှုများကို ရှောင်ကြဉ်ကြရန် အနုပညာရှင်များအား အလေးအနက် တိုက်တွန်းသည်။
၎။ မ.ဘ.သ အဖွဲ့ဝင်တစ်ဦတစ်ယောက်၊ အဖွဲ့အစည်းတစ်ခုက ၎င်း၏စိတ်ဆန္ဒအတိုင်း ဖော်ထုတ်ပြောကြားမှုများသည် မ.ဘ.သအဖွဲ့ (ဗဟို)၏ တရားဝင် သဘောထား ထုတ်ပြန်ချက်မဟုတ်ကြောင်း ပြတ်သားထင်ရှားစွာ ထုတ်ပြန်ကြေညာသည်။
ဘဒ္ဒန္တတိလောကာဘိဝံသ
(အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြဝါဒါစရိယ)
ဥက္ကဋ္ဌ
အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (ဗဟို)