10.6.2014 ရက်နေ့မှာ မဟန၏ မတရားဖမ်းဆီးမှုကို ခံခဲ့ရသော လန်ဒန်ဆရာတော် ဦးဥတ္တရ အပါအဝင် အပြစ်မဲ့သံဃာတော်များအား အမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်းဆိုပွဲကို မနက်ဖြန် 20.6.2014 ရက်နေ့ မနက် 9:00 အချိန် တာမွေမြို့နယ် တရားရုံးရှေ့မှာ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။
အဆိုပါ တောင်းဆိုပွဲကို ရွှေညဝါဆရာတော် ဦးပညာသီဟ၊ မကွေးကျောင်းဆရာတော် ဦးပါမောက္ခနှင့် ဦးဝီရသူတို့က ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး၊ အင်းစိန်ထောင်မှာ မတရား လူဝတ်လဲ ဖမ်းဆီးခံရသော အပြစ်မဲ့ သံဃာတော်များကို တာမွေမြို့နယ် တရားရုံး၌ ရုံးတင်စစ်ဆေးမည်ဖြစ်သောကြောင့် တာမွေမြို့နယ် တရားရုံးရှေ့တွင် စုရပ်လုပ်ရခြင်းဖြစ်ပါတယ်။
အာဏာရှင်ခေတ် မတရားသော ဥပဒေအမိန့်အာဏာညွှန်ကြားလွှာများအားလုံးကို မလိုလားသော ရဟန်းရှင်လူ ပြည်သူများအားလုံး ငြိမ်းချမ်းစွာ ပူးပေါင်းပါဝင် ဆင်နွှဲနိုင်ပါကြောင်း ဖိတ်ခေါ်ထားပါတယ်။
မှတ်ချက်-အဖွဲ့မှ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို လေးစားလိုက်နာကြရမည်ဖြစ်ကြောင်း အထူးသတိပြုရပါမည်။