Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“တရုတ်တွင်ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများနှင့်ပတ်သက်၍ လူ ၁၃ဦးကို သေဒဏ်ချမှတ်”

$
0
0
တရုတ်နိုင်ငံအနောက်ပိုင်း ရှင်ကျန်းပြည်နယ်တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများနှင့်ပတ်သက်နေသော လူ ၁၃ ဦးကို သေဒဏ်ချမှတ်လိုက်ကြောင်း တရုတ်အစိုးရပိုင် Xhihua သတင်းတွင် ဖော်ပြထားသည်။
တနင်္လာနေ့က ရှင်ကျန်းတရားရုံးက သေဒဏ်ချမှတ်လိုက်သော လူ ၁၃ ဦးသည် အူဂါမွတ်ဆလင်များဖြစ်ပြီး ၄င်းတို့သည် အကြမ်းဖက်တိုက်ခိုက်မှု ခုနစ်ခုကို ကျူးလွန်ခဲ့ခြင်းကြောင့် တရားရုံးက ပြစ်ဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ၁၃ ဦးအပြင် နောက်ထပ် အူဂါလူမျိုးသုံးဦးကိုလည်း ယမန်နှစ်က ဘေဂျင်းမြို့တော် တီအင်မင်းနင်ရင် ပြင်တွင် ကားဖြင့်တိုက်ခိုက်၍ အကြမ်းဖက်မှုကျူးလွန်ခဲ့မှုဖြင့် အူရန်ကျီတရားရုံးက သေဒဏ်ချမှတ်လိုက်သည်။
တနင်္လာနေ့က သေဒဏ်ချမှတ်ခံရသူ ၁၃ ဦးတွင် ပါဝင်သော လူသုံးဦးမှာ ရဲစခန်း၊ ဟိုတယ်၊ အစိုးရအဆောက် အအုံများနှင့် ရှင်ကျန်းပြည်နယ် လူ့ကျန်းဒေသတို့တွင် ၂၀၁၃ ဇွန်လ ၂၃ ရက်နေ့က အကြမ်းဖက် တိုက်ခိုက်မှု ကျူးလွန်ခဲ့ကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။
အဆိုပါတိုက်ခိုက်မှုများကြောင့် ရဲတပ်ဖွဲ့ဝင်များအပါအဝင် လူ ၂၄ ဦးသေဆုံးခဲ့ပြီး ၂၃ ဦးဒဏ်ရာရရှိခဲ့သည်။
တရုတ်နိုင်ငံတစ်ဝန်းတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများနှင့် ပတ်သက်၍ တရုတ်အစိုးရက အူဂါမွတ်ဆလင် များကို ပြစ်တင်ပြောကြားလျက်ရှိသည်။
အူဂါမွတ်ဆလင်ခေါင်းဆောင်များကမူ အကြမ်းဖက်တိုက်ခိုက်မှုများတွင် ပါဝင်ပတ်သက်မှုမရှိကြောင်း ငြင်းဆို ထားသည်။
ယခုနှစ်မေလကလည်း တရုတ်အစိုးရသည် ရှင်ကျန်းပြည်နယ် အားကစားကွင်းတွင် လူ ၅၅ ဦးကို အကြမ်းဖက်မှု၊ တရုတ်နိုင်ငံမှ ခွဲထွက်လိုမှု၊ လူသတ်မှုများဖြင့် ပြစ်ဒဏ်များချမှတ်ခဲ့သည်။

တရုတ်နိုင်ငံအနောက်ပိုင်း ရှင်ကျန်းပြည်နယ်ရှိ အူဂါလူမျိုးများမှာ တူရကီနွယ်ဝင်လူမျိုးများဖြစ်ကြပြီး ယင်းဒေသတွင် အူဂါလူမျိုး ၄၅ ရာခိုင်နှုန်းခန့် ရှိကြကာ ဟန်တရုတ်လူမျိုးများမှာ ၄၀ ရာခိုင်နှုန်းထိရှိသည်။

Viewing all articles
Browse latest Browse all 2129

Trending Articles


တစ်မောင်း တစ်မောင်း တို့ တစ်မောင်းသည်


ဦးမျိုးရန်နောင်သိမ်း လွတ်မြောက်


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


လုလုအောင် HD အသစ်


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


လူ့ဘဝ၏ အနှစ်သာရ တန်ဖိုး