Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“အမှန်တကယ်ထောင်ချသင့်သည်မှာ သာသနာတော်ညှိုးနွမ်းအောင်လုပ်ဆောင်ခဲ့သည့် ဦးအံ့မောင်နှင့် သာသနာရေးဌာနတို့သာဖြစ်ဟု ဆရာတော်ဦးဝီရသူမိန့်ကြား”

$
0
0
မဟာသန္တိသုခကျောင်းတိုက်ကြီးအား ညအချိန်မတော် ဝင်ရောက်စီးနှင့်ချိတ်ပိတ်ပြီး ပီနန်ဆရာတော်ကြီး၏ တပည့်များဖြစ်သည့် လန်ဒန်ဆရာတော်ဦးဥတ္တရ ပါအဝင် ဆရာတော် ၅ ပါးအား သာသနာတော်ညှိုးနွမ်းစေမှု ဖြင့် လူဝတ်လဲကာ အင်းစိန်ထောင်သို့ ပို့ဆောင်ခဲ့ခြင်းနှင့်ပတ်သက်၍ အမှန်တကယ် ထောင်ချသင့်သည်မှာ သာသနာတော်ညှိုးနွမ်းအောင် လုပ်ဆောင်ခဲ့သည့် ဦးအံ့မောင်နှင့် သာသနာရေးဌာနတို့သာဖြစ်ကြောင်း ဆရာတော်ဦးဝီရသူ(မစိုးရိမ်)က ဇွန်လ ၁၈ ရက်က မိန့်ကြားလိုက်သည်။
ဆရာတော်ဦးဝီရသူအပါအဝင် ရွှေညဝါဆရာတော်၊ မကွေးဆရာတော်ဦးပါမောက္ခတို့ဦးဆောင်၍ ယင်းကိစ္စအပေါ် ဆန္ဒပြရန်စီစဉ်ခဲ့သော်လည်း နတ်စင်တရာဆရာတော်ကြီး၏ ညှိုးနှိုင်းမှုဖြင့် ဆန္ဒပြရန်အစီအစဉ်ကို ခေတ္တရွှေ့ဆိုင်းခဲ့ပြီးနောက် ဆရာတော်က ယင်းသို့ မိန့်ကြားလိုက်ခြင်းဖြစ်သည်။ “အခုဖြစ်တဲ့ကိုယ်တော်တွေက သူတို့ပြန်ခေါ်လို့ရလာတာ။ ပြဿနာဖြစ်ထားလို့ ချိတ်ပိတ်ထားလို့ကျူးကျော် ဝင်ရောက်တယ်ဆိုရင်လည်းထားပါတော့။ အခုဟာက သူတို့ကို ဖယ်ရှားပြီးမှ ချိတ်ပိတ်တာ။ နောက်သာသနာတော်ညှိုးနွမ်းအောင်လုပ်တယ်လို့ပြောရအောင်လည်း ဒီဆရာတော်တွေက သာသနာပြုနေ တာလေ။ ညှိုးနွမ်းအောင်လုပ်တာမဟုတ်ဘူး။ တကယ်တမ်း သာသနာကိုညှိုးနွမ်းအောင်လုပ်တဲ့ ဦးအံ့မောင်တို့ သာသနာရေးဌာနတို့ကိုပဲ ထောင်ချသင့်တာ။ အခုတော့ သာသနာညှိုးနွမ်းအောင်လုပ်တဲ့ ဦးအံ့မောင်က သာသနာပြုဆရာတော်တွေကိုထောင်ချလိုက်တာ။ ပြောင်းပြန်ဖြစ်နေတယ်” ဟု ဆရာတော်ဦးဝီရသူ(မစိုးရိမ်) က ဇွန်လ ၁၈ ရက်က ဆက်သွယ်မေးမြန်းလျှောက်ထားစဉ် News Watch သို့ မိန့်ကြားသည်။
သန္တိသုခမှ ဆရာတော်များအား လူဝတ်လဲကာ တရားစွဲဆိုခဲ့မှုနှင့်ပတ်သက်၍ သံဃာတော်များကိစ္စဖြစ်နေသော ကြောင့် အသိမ်မွေ့ဆုံးနည်းလမ်းများသုံးကာ ဖြေရှင်းဆောင်ရွက်နေကြောင်း၊ ဆန္ဒပြမည့်အစီအစဉ်လည်း တခု အပါအဝင်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းသံဃမဟာနာယကအဖွဲ့တို့နှင့် ညှိုးနှိုင်းဆောင်ရွက်မှု အဆင်ပြေကြောင်း၊ သို့ရာတွင် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့မှ ဆရာတော်အချို့ တင်းမာနေမှုများ ရှိနေကြောင်းလည်း သိရသည်။
“မဟနထဲမှာ အာဏာရှင်စနစ်ဆိုးကို အမွေခံပြီးကျင့်သုံးနေတဲ့ နည်းနည်းပါးပါးကျန်တဲ့ကိုယ်တော်တွေပေါ့။ အဲဒီကိုယ်တော်တွေက တင်းမာနေတာပေါ့။ သံဃာအချင်းချင်းမို့ အသိမ်မွေ့ဆုံးနည်းလမ်းနဲ့ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်နေပါတယ်” ဟု ဆရာတော်က ဆက်လက်မိန့်ကြားသည်။ လန်ဒန်ဆရာတော် ဦးဥတ္တရနှင့် ဆရာတော် ၅ ပါးအား ဇွန်လ ၂၀ ရက်တွင် ပထမဆုံးရုံးထုတ်မည်ဖြစ်ပြီး ဆရာတော်ဦးဥတ္တရ လွတ်မြောက်ရေးဆောင်ရွက်ပေးရန် ဗြိတိသျှသံရုံးမှအရာရှိတဦးအား ယင်းနေ့တွင် စေလွှတ်မည်ဖြစ်ကြောင်း သိရသည်။

နဒီ။




Viewing all articles
Browse latest Browse all 2129

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...