မဟာသန္တိသုခကျောင်းတော်ကြီးကို ချိပ်ပိပ်ထားပြီးနောက် အငြင်းပွားဖွယ်ပိုင်ဆိုင်မှုကို ဓမ္မဝိနယနှင့်အညီ ဖြေရှင်းပေးရမည့်အစား ဆရာတော်ဦးဥတ္တရ(လန်ဒန်) အပါအဝင် သံဃာတော် ၅ ပါးတို့အား လူဝတ်လဲ၍ အင်းစိန်ထောင်ပို့လိုက်ပြီဖြစ်ကြောင်း သိရပါသည်။
ကျောင်းတိုက်ကြီးကို အပိုင်စီးရုံတင်မကတော့ဘဲ ကျူပင်ခုတ် ကျူငုတ်မကျန် အမြစ်လှန်နေပြီဖြစ်ကြောင်း သိသာပါသည်။
ကိုယ့်ကျောင်းကိုယ်နေသည့် ဘုရားသားတော်ရဟန်းသံဃာများကို အင်အားသုံးဝင်စီးသူများက သင်္ကန်းချွတ် ထောင်ချသည့်လုပ်ရပ်ကို ဘုရားမကြိုက်သလို သံဃာတော်များလည်း မကြိုက်ကြဘူးဆိုသည်ကို ပြသော အားဖြင့် ညီနောင်အပေါင်း သတိဝီရိယထားဖို့ လိုပါပြီ။
“သံဃာအား ဘုရားမဆန်သာ” ဟူသော ဆိုရိုစကားရှိပါသည်။
သံဃာအားနှင့် မတရားမှုများကို ဖယ်ရှားကြရပါတော့မည်။
တရားခံ-အံ့မောင်
ဣဒ္ဓိဗလ
မဟန
သမ္မတဦးသိန်းစိန် အစိုးရအနေဖြင့် ပျားရည်တစ်စက်ကြောင့် ပြည်ပျက်ရမည့်ကိန်းကို မလိုလားပါက သံဃာအချင်းချင်းဖြစ်တာဆိုပြီး တာဝန်မဲ့စွာ လျစ်လျူရှုမနေဘဲ တရားသဖြင့် ဖြေရှင်းရမည့် တာဝန်ရှိကြောင်း သတိပေးလိုက်သည်။
ဝီရသူ(မစိုးရိမ်)
13.6.2014 PM 5:55



