ဒီဥပဒေနှင့် မ.ဟ.န က ဆရာတော်ဦးဥတ္တရတို့ကို မတရားဖမ်းဆီး၊ သင်္ကန်းချွတ် ထောင်ချလိုက်တာပါ။
မတရားတဲ့ဥပဒေကို အပြုတ်ဖြုတ်မလား . . .?
မ.ဟ.န ကြိုးကိုင် သာသနာဖျက် အံ့မောင်ကို အပြုတ်ဖြုတ်မလား . . .?
အံ့မောင် . . . ခင်ဗျား သေခါနီးရိက္ခာယူထားပေတော့ . . .
ဝီရသူ (မစိုးရိမ်)
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေ
(နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် ၂၀/၉၀)
၁၃၅၂ -ခုနှစ်၊ တန်ဆောင်မုန်းလဆန်း၊ ၁၄ - ရက်
(၁၉၉၀ - ပြည့်နှစ်၊ အောက်တိုဘာလ ၃၁ - ရက်)
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့သည် အောက်ပါဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
အခန်း(၃)
တားမြစ်ချက်များ
၈။ ပုဒ်မ ၅-ပါ သံဃာ့ဂိုဏ်းများမှအပ ဂိုဏ်းသစ်များ ခွဲခြားတည်ထောင်ခြင်း မပြုရ။
၉။ သက်ဆိုင်ရာ သံဃနာယကအဖွဲ့တစ်ခုခု၏ ကြီးကြပ်မှုအောက်၌ တည်ရှိသော ဗုဒ္ဓဘာသာအသင်းအဖွဲ့များ ၏ သြဝါဒစရိယ သံဃာ့အဖွဲ့များ၊ နာယကသံဃာ့အဖွဲ့များ၊ ထေရဝါဒပရိယတ္တိစာပြန်ပွဲ၊ သို့မဟုတ် ပရိယတ္တိ စာမေးပွဲများ ကျင်းပပေးမည့် သံဃာ့အဖွဲ့အစည်းများမှအပ သက်ဆိုင်ရာ သံဃနာယကအဖွဲ့တစ်ခုခု၏ ကြီးကြမ်မှုကို မခံယူသော သံဃာ့အဖွဲ့အစည်းကို ဖွဲ့စည်းခြင်းမပြုရ။
၁၀။ မည်သူမဆို သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်ကို ပြိုကွဲပျက်ဆီးစေရန် စည်းရုံးခြင်း၊ လှုံ့ဆော်ခြင်း၊ ဟောပြောခြင်း၊ ရေးသားဖြန့်ချီခြင်း မပြုရ။
၁၁။ ရဟန်း သို့မဟုတ် သာမဏေတစ်ပါးပါးကို သံဃာ့အဖွဲ့အစည်းအခြေခံစည်းမျဉ်း လုပ်ထုံးလုပ်နည်းများနှင့် အညီ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်က အရေးယူဆုံးမသည့်အခါ ထိုသို့ဆုံးမခံရသော ပုဂ္ဂိုလ်သည် ဆုံးမသည့် အတိုင်း လိုက်နာရမည်။
အခန်း(၃)
ပြစ်ဒဏ်များ
၁၂။ မည်သည့်ရဟန်း သို့မဟုတ် သာမဏေမဆို ပုဒ်မ ၈၊ သို့မဟုတ် ပုဒ်မ ၉-ပါ ပြဋ္ဌာန်းချက်ကို ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် အနည်းဆုံး ထောင်ဒဏ် ၆-လမှ အများဆုံး ထောင်ဒဏ် ၃-နှစ်အထိ ကျခံစေရမည်။
၁၃။ မည်သူမဆို ပုဒ်မ ၁၀-ပါ ပြဋ္ဌာန်းချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် အနည်းဆုံး ထောင်ဒဏ် ၆-လမှ အများဆုံး ထောင်ဒဏ် ၃-နှစ်အထိ ကျခံစေရမည်။
၁၄။ မည်သည့်ရဟန်း သို့မဟုတ် သာမဏေမဆို ပုဒ်မ ၁၁-ပါ ပြဋ္ဌာန်းချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထောင်ဒဏ် ၆-လ ကျခံစေရမည်။
အခန်း(၅)
အထွေထွေ
၁၅။ ဤဥပဒေပုဒ်မ ၁၂=အရဖြစ်စေ၊ ပုဒ်မ ၁၃-အရဖြစ်စေ တရားစွဲဆိုရန် လိုအပ်ကြောင်း သံဃာ့အဖွဲက အစည်း တစ်ရပ်ရပ်ကဖြစ်စေ အကြောင်းကြားလာလျှင် ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာနသည် တရားစွဲဆိုခြင်းပြုရမည်။
၁၆။ ဤဥပဒေပုဒ်မ ၁၄-အရ တရားစွဲဆိုရန် လိုအပ်ကြောင်း သံဃာ့အဖွဲ့အစည်း တစ်ရပ်ရပ်က အကြောင်းကြားလျှင် သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ သို့မဟုတ် ညွှန်ကြားရေးမှူးချုပ်က ဤကိစ္စ အလို့ငှာ တာဝန်လွှဲအပ်ခြင်းခံရသူက သက်ဆိုင်ရာ တရားရုံးတွင် ဦးတိုက်လျှောက်ထား တရားစွဲဆိုရမည်။
၁၇။ ဤဥပဒေအရ သဘောရိုးဖြင့် ဆောင်ရွက်သော ကိစ္စတစ်ရပ်ရပ်အတွက် ပြည်သူ့ဝန်ထမ်း တစ်ဦးဦးကို တရားမကြောင်းဖြင့်သော်လည်းကောင်း၊ ပြစ်မှုကြောင်းဖြင့်သော်လည်းကောင်း တရားစွဲဆိုခြင်း အခြားနည်း အရေးယူခြင်း မပြုရ။
၁၈။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို ဆောင်ရွက်နိုင်ရန် ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာနသည် လိုအပ်လျှင် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့နှင့် ညှိနှိုင်း၍ အမိန့်ညွှန်ကြားချက်များကို ထုတ်ပြန်နိုင်သည်။
ပုံ
စောမောင်
ဗိုလ်ချုပ်မှူးကြီး
ဥက္ကဋ္ဌ
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့