Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“မဟာသန္တိသုခ သာသနာပြုကျောင်းတော်ကြီးနှင့် ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီး အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး (မ.ဘ.သ)အဖွဲ့ဝင်ဆရာတော်များ၏ သဘောထားထုတ်ပြန်ကြေငြာချက်”

$
0
0
စာအမှတ်၊ ၂၀၁၄ ၊ ၄ ၊ မ. ဘ. သ၊ (စ-က)
ရက်စွဲ ၁၃၇၆-ခု၊ နယုန်လပြည့် မဟာသမယအခါတော်နေ့၊ (၁၂၊ ၀၆၊ ၂၀၁၄)
၁။ ၁၃၇၆-ခု၊ နယုန်လဆန်း ၁၃ ရက် (၁၀၊ ၀၆၊ ၁၀၁၄) နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့၊ နတ်ချောင်းရပ်ကွက်ရှိ မဟာသန္တိသုခ သာသနာပြုကျောင်းတော်ကြီးကို အာဏာပိုင်အစိုးရအဖွဲ့မှ အနိုင်အထက် ပြု၍ အင်အားသုံးသိမ်းပိုက်ခြင်း၊ ကျောင်းရှိသံဃာတို့အား အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခြင်းတို့ကို စစ်ကိုင်းတိုင်းဒေသကြီး အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ဝင် ဆရာတော် သံဃာတော်တို့မှ များစွာစိတ်မကောင်းဖြစ်ကြရပါသည်။
၂။ ဗုဒ္ဓသာသနာတော် ထွန်းကားပြန့်ပွားရေးအတွက် ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီဆိုသကဲ့သို့ ဆရာ ဒကာ လက်တွဲ၍ ဆောင်ရွက်ကြမည် ဖြစ်ပေသည်။ သို့အတွက်ကြောင့် အငြင်းပွားဖွယ်ဖြစ်နေသည့် မဟာသန္တိသုခ ကျောင်းတော်ကြီးကိစ္စကို သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းအနေဖြင့် ရဟန်းရှင်လူပြည်သူအားလုံး စိတ်နှလုံးအေးချမ်းဖို့အလို့ငှာ ငြိမ်းငြိမ်းချမ်းချမ်း ဆောင်ရွက်ကြစေလိုကြောင်း မေတ္တာရှေ့ထားပြီး အကြံပြု တိုက်တွန်းလိုက်ပါသည်။
၃။ နယုန်လပြည့်နေ့သည် ငြိမ်းချမ်းရေးကိုဖော်ဆောင်သည့် မဟာသမယအခါတော်နေ့ဖြစ်ပါသည်။ ထို့ကြောင့် အာဏာပိုင်အစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ဆရာတော် ဘဒ္ဒန္တကုမာရ မဟာထေရ်နှင့် ကမ္ဘာ့ဗုဒ္ဓသာသနာပြုဖြစ်တော်မူသော သီတဂူဆရာတော် ဘဒ္ဒန္တဉာဏိဿရ မဟာထေရ်တို့၏ သြဝါဒကိုခံယူ၍ မဟာသန္တိသုခကျောင်းတော်ကြီးကိစ္စကို ဓမ္မဝိနယနှင့်အညီ ဆောင်ရွက်ကြဖို့ရန် မေတ္တာရပ်ခံ အပ်ပါသည်။
ဥက္ကဋ္ဌဆရာတော် - ဘဒ္ဒန္တပညာနန္ဒ (မ.ဘ.သ)မြို့နယ်၊
ရွှေတောင်ဦးမော်ကျောင်းတိုက်၊ စစ်ကိုင်းမြို့။
အကျိုးတော်ဆောင်ဆရာတော် - ဘဒ္ဒန္တဓမ္မပ္ပိယာလင်္ကာရ (မ.ဘ.သ)မြို့နယ်နှင့် တိုင်းဒေသကြီးတာဝန်ခံ
လေးကျွန်းမြေအုဌ်ကျောင်းတိုက်၊ စစ်ကိုင်းမြို့။

Viewing all articles
Browse latest Browse all 2129

Trending Articles