Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“အမျိုးစောင့်ဥပဒေကို စုံစမ်းမေးမြန်းနိုင်ပါသည်။”

$
0
0


11.5.2014 နေ့တွင် ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေးသံတမန်ကွန်ယက်မှ အစ္စလာမ်ဘာသာဝင် ဒိုင်းမွန်းရွှေကြည်မှ မကွေးပရိယတ္တိကျောင်းတိုက် ဆရာတော် ဦးပါမောက္ခနှင့် “၉၆၉” ဦးဆောင်ဆရာတော်ဦးဝီရသူ (မစိုးရိမ်)ထံသို့ သိရှိလိုသည်များကို လျှောက်ထားမေးမြန်းခဲ့ပါသည်။
 ဒိုင်းမွန်း - မင်္ဂလာပါဘုန်းဘုန်း။
ဦးပါမောက္ခ - မင်္ဂလာပါဒကာကြီး။
ဒိုင်းမွန်း - မီဒီယာတွေမှာ ဖတ်နေရပါတယ်။ ဦးဇင်းတို့ ဦးဆောင်စခဲ့တဲ့ အမျိုးစောင့်ဥပဒေနှင့် ပတ်သက်ကြီး ပါတီဆန့်ကျင်ရေး အစ္စလာမ်ဆန့်ကျင်ရေး စသဖြင့် နိုင်ငံရေးနွယ်ပြီး ကြားနေရပါတယ်။ သိခွင့်ရှိရင် သိအောင်ရှင်းပြဖို့ လျှောက်ထားပါတယ်။
ဦးပါမောက္ခ - ဒကာကြီး ဘယ်အဖွဲ့အစည်းကို ကိုယ်စားပြုပြီး လာတာလဲ။
ဒိုင်းမွန်း - တပည့်တော် ဘယ်သူ့ကိုမှ ကိုယ်စားမပြုပါဘူး။ မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်တစ်ယောက် အမိမြန်မာနိုင်ငံတော် အနာဂတ်ဒီမိုကရေစီ လမ်းစဉ်ကို ဖော်ဆောင်ရေးမှာ ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေး ဘာသာပေါင်းစုံ ချစ်ကြည်ရေးကို တတ်နိုင်တဲ့ဖက်က တစ်သီးပုဂ္ဂလလုပ်ဆောင်နေတဲ့ သာမန် နိုင်ငံသားတစ်ယောက်ဖြစ်ပြီး ဘယ်ပါတီ၊ ဘယ်အဖွဲ့အစည်းကိုမှ ကိုယ်စားမပြုပါဘူး။ နိုင်ငံသားတစ်ယောက် အနေနဲ့ သိချင်တာကို မေးမြန်းနိုင်တယ်ဆိုပြီး(မ.ဘ.သ) က ဖိတ်ခေါ်တာ ဂျာနယ်မှာဖတ်ရလို့ မေးတာပါ။
ဦးဝီရသူ-ဒကာကြီးဒိုင်းမွန်းရွှေကြည် ကျုပ်တို့နဲ့အတူ ပြဿနာအချို့ကို ပူးပေါင်းဖြေရှင်းခဲ့တာတွေကြောင့် အကြမ်းမဖက်မှုတွေကို ဖြစ်ဖို့ တာဆူတာတွေ တားဆီးနိုင်ခဲ့တာဟာ ဒီ မ.ဘ.သ က ဆရာတော်တွေကြောင့် ဆိုတာ မငြင်းပါဘူး။ အခုလည်း ဒီလိုမျိုးပြဿနာမျိုးတွေဖြစ်ရင် တရားဥပဒေဘောင်အတွင်းက ဖြေရှင်းဖို့ ဥပဒေပြဌာန်းဖို့ တောင်းဆိုတာပဲ ရှိပါသေးတယ်။ မီဒီယာတွေက သေသေချာချာ စုံစမ်းပြီး ရေးသင့်ပါတယ်။
ဒိုင်းမွန်း-တချို့ဥပဒေပြဌာန်းချက်မှာ ထောင်ဒဏ်တို့ ပိုင်ဆိုင်မှုရုပ်သိမ်းတာတို့က မြန်မာအမျိုးသမီးတွေကို ပိုနစ်နာမယ်လို့ ပြောကြပါတယ်။ ဒီလို ထောင်ဒဏ်တို့ ပိုင်ဆိုင်မှုရုပ်သိမ်းတာတို့ကြောင့် ပြည်ပမှာ အိမ်ထောင်ပြု ကြမယ် တရားဝင် အိမ်ထောင်မပြုကြဘဲ တိတ်တိတ်ပုန်းတို့ လစ်ဘင်းတူဂဲသားတို့ ဖြစ်နိုင်တယ်လို့ ဝေဖန်တာ လည်းသိရပါတယ်။ မြန်မာအမျိုးသမီးတွေ ပိုပြီးနစ်နာဖို့ ဖြစ်လာမယ်လို့လည်း ပြောကြပါတယ်။
ဦးပါမောက္ခ-ဒါကြောင့် ကျုပ်တို့က ဥပဒေနှင့်အညီ ဖြစ်ချင်လို့ လုပ်ဆောင်ထားတာပါ။ ကျုပ်တို့က ရဟန်းသံဃာတွေဖြစ်ပြီး အမျိုးဘာသာ သာသနာမပျောက်ကွယ်ရေးအတွက် လုပ်နေတာ ဒါကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးခွင့် ပေးထားပြီးသားပါ။ ဒကာကြီးက မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင် တစ်ယောက် ခုလို သိချင်တာမေးတာ ကြိုဆိုပါတယ်။ တစ်ခြားက လူ့အခွင့်အရေးတို့ ဘာတို့ အဖွဲ့အစည်းတွေ ကိုလည်း  လာပြီး မေးမြန်းစုံစမ်း အကြံပေးဖို့ တရားဝင်ဖိတ်ခေါ်ပြီးသားပါ။
ဒိုင်းမွန်း-တပည့်တော်ကတော့ ဦးဇင်းတို့ရဲ့ 6.5.2013 ကတည်းက အကြမ်းမဖက် တရားဥပဒေဘောင်အတွင်း က ဖြေရှင်းရေးကို လိုလားတဲ့ ငြိမ်းချမ်းရေးဝါဒီတစ်ယောက်ပါ။
ဦးဝီရသူ-ဒကာကြီး တရားဥပဒေစိုးမိုးရေး တိတိကျကျရှိရင် အကြမ်းဖက်မှုတွေ မရှိလာနိုင်တော့သလို လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ရှိပြီး အတင်း အစ္စလာမ်ဘာသာထဲ မသွတ်သွင်းကြဘူးဆိုရင် အားလုံး ပြေလည်မှာပါ။
ဒိုင်းမွန်း-အားလုံးငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ကြပါစေ။
သာဓု.သာဓု.သာဓု.။

Viewing all articles
Browse latest Browse all 2129

Trending Articles