Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“မန္တလေးတိုင်းဒေသကြီး မ.ဘ.သ ကြေညာချက်”

$
0
0
“အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့(အထက်မြန်မာပြည်) မန္တလေးတိုင်းဒေသကြီး၏ ထုတ်ပြန် သဘောထားကြေညာချက်”
ကြေညာချက်အမှတ်(၆/၂၀၁၄)
ရက်စွဲ၊ ၁၃၇၆ ခုနှစ်၊ ကဆုန်လပြည့်ကျော်(၄)ရက်၊ (၁၇.၅.၂၀၁၄)
“အမျိုးဘာသာ သာသနာကို စောင့်ရှောက်ကြပါစို့ ခေါင်းစဉ်ဖြင့်” အမျိုး ဘာသာ သာသနာ ထိန်းသိမ်း စောင့်ရှောက်ရေး အမျိုးသားဟောပြောပွဲ ဖိတ်ကြားလွှာဖြင့်(18.5.2014) တနင်္ဂနွေနေ့ နံနက်(၈) နာရီတိတိ အချိန်(၁၉-လမ်း၊ နန်းရှေ့ဘော့လုံးကွင်း) အနှိပ်တော်ရပ်ကွက်၌ ဟောပြောပွဲ ပြုလုပ်မည်ဟု သိရသည်။
ဟောပြောမည့်ပုဂ္ဂိုလ်စာရင်းမှာ ဒေါ်ယဉ်ယဉ်နု(မန္တလေး) ဒေါ်နန်းရွှေကြာတို့ ဟောပြောမည်ဟု ကြေညာထားသည်ကို တွေ့ရ၏။ ဒေါ်ယဉ်ယဉ်နု(မန္တလေး) ကို မေးမြန်းကြည့်သောအခါ တပည့်တော်မ ကျန်းမာရေးမကောင်းသဖြင့် ၄င်းဟောပြောပွဲကို လုံးဝဟောမည်မဟုတ်ကြောင်းနှင့် ဆရာတော်တို့ ခွင့်ပြုမိန့် သြဝါဒမပါဘဲ ဟောပြောမှု မပြုလုပ်ပါဟု လျှောက်ထားသည်။
ထို့အပြင် အထက်ပါ ဟောပြောမည့်အကြောင်းအရာတို့ကို အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို) ထံသို့လည်း သြဝါဒခံယူခြင်း မရှိကြောင်း သိရ၏။
ထို့ကြောင့် ထိုပုဂ္ဂိုလ်တို့ ဟောပြောချက်နှင့် ဟောပြောသည့် အကြောင်းအရာပါ ကိစ္စအရပ်ရပ်သည် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့နှင့်(လုံးဝ) လုံးဝ မသက်ဆိုင်ပါကြောင်းနှင့် ယင်းဟောပြောပွဲနှင့် ပတ်သက်၍ ဖြစ်ပေါ်လာသော ကိစ္စအရပ်အရပ်ကို အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့(မန္တလေး) မှ တာဝန်ယူဖြေရှင်းမည်မဟုတ်ပါကြောင်း အသိပေးကြညာလိုက်သည်။
မှတ်ချတ်။        ။ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(ဗဟို) မှ မေလ-၁ရက်၊ ရက်စွဲပါ သာကီသွေးဂျာနယ် အတွဲ(၁) အမှတ်(၂၁)တွင် ထုတ်ပြန်ထားသော သဘောထား ကြေညာချက်ကို ပူးတွဲ ဖေါ်ပြပေးလိုက်သည်။


အရှင်န္ဒာစက္ကာဘိဝံသ
ဦးဆောင်ဆရာတော်
အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့
အထက်မြန်မာပြည်(မန္တလေးတိုင်းဒေသကြီး)


အရှင်ယသ
တွဲဖက်အတွင်းရေးမှူး
အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့
အထက်မြန်မာပြည်(မန္တလေးတိုင်းဒေသကြီး)





“အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့(ဗဟို) ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်”
“သဘောထားထုတ်ပြန်ကြေညာချက်”
၁။ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့၏ အမျိုးဘာသာ သာသနာဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ အသိပညာပေးဟောပွဲများ၊ မျိုးစောင့်ဥပဒေနှင့်ပတ်သက်သော ရှင်းလင်းဟောပြောပွဲများ၊ ထောက်ခံပွဲများ၊ ယဉ်ကျေးမှုနှင့် စာရိတ္တမြှင့်တင်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲများဆောင်ရွက်လျှက် ရှိသည်ကို တွေ့ရှိရပါသည်။
၂။ မြန်မာနိုင်ငံနှင့် မြန်မာနိုင်ငံသားတို့၏ အမျိုးဘာသာ သာသနာ အကျိုးစီးပွားကို ဆောင်ရွက်လျှက် ရှိကြသော ဦးဆောင်ဆရာတော်များ၏ စေတနာမေတ္တာကိုမှေးမှိန်စေသည့် ပုဂ္ဂိုလ်တစ်ဦးဦးကိုသော်လည်းကောင်း၊ ပါတီတစ်ခု၊ နိုင်ငံရေး၊ ဘာသာရေးအသင်းအဖွဲ့တစ်ခုခုကိုသော်လည်းကောင်း ထိခိုက်နစ်နာအောင် ပြောမှုများ တွေ့ရှိရပါသည်။
၃။ သက်ဆိုင်ရာပုဂ္ဂိုလ်အနေဖြင့် အသိပညာပေးဟောပြောပွဲများ ပြုလုပ်လိုပါက သက်ဆိုင်ရာ မြို့နယ် မ.ဘ.သ များနှင့် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်သည့်အပြင် မ.ဘ.သ(ဗဟို)သို့လည်း ခွင့်ပြုချက် တင်ပြတောင်းခံ ရမည်ဖြစ်ပါသည်။ ထိုသို့ တောင်းခံလျှောက်ထားမှသာ မ.ဘ.သ(ဗဟို)မှ သင့်တော်သော ဟောပြောမည့် ပုဂ္ဂိုလ်များကို စီမံစေလွှတ်ပေးမည်ဖြစ်ပါသည်။
၎။ သို့ဖြစ်ပါ၍ အသိပညာပေးဆိုင်ရာ ဟောပြောပွဲများဟောပြောရာတွင် မလိုလားအပ်သော ဆိုးကျိုးများ မဖြစ်ပေါ်ရေးအတွက် သူတစ်ပါးကိုထိခိုက်နစ်နာမှုများ ရှောင်ရှား၍ ဟောပြောကြပါရန်နှင့် သက်ဆိုင်ရာ မ.ဘ.သ များ၏ ခွင့်ပြုချက်မပါသော ဟောပြောပွဲများ၊ ထောက်ခံပွဲများသည် မ.ဘ.သ ၏ မူဝါဒမဟုတ်ကြောင်း အသိပေးကြေညာအပ်ပါသည်။


ဘဒ္ဒန္တတိလောကာဘိဝံသ
(ဥက္ကဋ္ဌ)
အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့(ဗဟို)
ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်။

Viewing all articles
Browse latest Browse all 2129

Trending Articles