Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“ယဉ်ကျေးမှုသင်တန်း (၁၀)နှစ်ပြည့်ပွဲတော် အကြိုဓမ္မသဘင်”

$
0
0
၆.၆.၂၀၁၅ ည ၈း၃၀ နာရီ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ပိတ္တောကျေးရွာ၊ အောင်ရတနာကျောင်းတိုက်၊ နွေရာသီ အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်း (၁၀)နှစ်ပြည့်ပွဲ အကြိုဓမ္မသဘင်။
ရွှေဘိုနှင့် မန္တလေးမှာ မိုးရွာနေပေမယ့် ပိတ္တောရွာ ဓမ္မသဘင်ကတော့ မိုးလေကင်းစင်လို့ အောင်မြင်ခဲ့ပါပြီ။
တပည့်လေးတွေ ကြိုးစားပန်းစား အားထုတ်ခဲ့တဲ့ ယဉ်ကျေးမှုသင်တန်း (၁၀)နှစ်တောင် ပြည့်ခဲ့ပါပြီ။ ဇွဲကြီးတဲ့တပည့်တွေလို့ ပြောရမှာပေါ့။
၂၀၀၂ တုန်းကလည်း စာရေးသူဟောဖူးပါတယ်။ အခုတော့ ရွာကြီးဟာ အတော်တိုးတက်သွားပါပြီ။ အနီးနားရွာများတင်မကဘဲ ရွှေဘိုမြို့သူ မြို့သားများပါ တရားလာနာကြပါတယ်။
မြို့နယ်သံဃာ့နာယကဆရာတော် တိုင်းသံဃာ့နာယကဆရာတော်နှင့် ရွာဝန်းကျင်းဆရာတော် သံဃာတော်များ ကြွရောက်ပြီး အားပေးစကားပြောကြပါတယ်။ ခင်ဦးမြို့နယ်၊ ဝါးရုံကုန်းဆရာတော်ကြီးက စာရေးသူကိုအားပေးထားတဲ့ ကိုယ်တိုင်ရေးကဗျာလေးကို အလွတ်ရွတ်ပြီး ချီးမြှောက်တော်မူပါတယ်။

ပရဟိတအဖွဲ့တွေလည်းရှိ၊ အခြားအဖွဲ့အစည်းတွေလည်း ပေါများလို့ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးတရားကိုပဲ ဟောကြားခဲ့ပါတယ်။






















Viewing all articles
Browse latest Browse all 2129

Trending Articles