ဒီကဗျာလေးကို ခင်ဦးမြို့နယ်၊ ဝါရုံကုန်းကျေးရွာ၊ အောင်ဆုပန် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ဆရာတော်ကြီး ဦးပဏ္ဍိတ ရေးစပ်ထားတာ ဖြစ်ပါတယ်။
ရေးစပ်ထားတာ တစ်နှစ်ကျော်ပြီဖြစ်ပေမယ့် အခုမှတိုက်ဆိုင်လို့ ရေးပေးလိုက်တာပါ။ ၆.၆.၂၀၁၅ ရက်နေ့၊ ရွှေဘိုမြို့နယ်၊ ပိတ္တောရွာ တရားပွဲကို ဆရာတော်ကြီးကြွပြီး အားပေးစကားပြောရင်း ဒီကဗျာလေးကို လက်ဆောင်ပေးလိုက်တာပါ။
ဒီကဗျာကတော့ စာရေးသူအတွက် အားဆေးတစ်ခွက်ပဲ ဖြစ်ပါတယ်။
ဘာကြောင့်လဲဆိုရင် ဆရာတော်ဦးပဏ္ဍိတ က စာရေးသူနှင့် တစ်နှစ်တည်း ဘွဲ့အတူယူခဲ့သည့် သူငယ်ချင်းဖြစ်သူ ဦးကဝိန္ဒဘိဝံသရဲ့ ဆရာရင်း ဖြစ်လို့ပါပဲ။
ဦးကဝိန္ဒာဘိဝံသဆိုတာ မစိုးရိမ်တိုက်သစ်၊ ဓမ္မသုဝဏ္ဏမေတ္တာကျောင်း နာယကဆရာတော်ဖြစ်ပါတယ်။
စာရေးသူနှင့် ဆွမ်းတစ်ဝိုင်းတည်း အတူစားရင်း အမြဲငြင်းခုံဘက်လည်း ဖြစ်ပါတယ်။
ဆရာတော်ကြီးဦးပဏ္ဍိတဓာတ်ပုံနှင့် ကိုယ်တိုင်ရေးကဗျာလေးကို တစ်ဆင့်မျှဝေလိုက်ပါတယ်။