Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“ဒုက္ခသည်တဲ့ဗျာ ရိုင်ဖယ်ကြီးနှစ်လက်နဲ့”

$
0
0
“ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၀၀ ကျော်ပါရှိသော လှေပေါ်တွင် သေနတ်နှစ်လက်တွေ့ရှိ”
အောင်သစ်လွင်
ရန်ကုန်- တပ်မတော်ရေက ဖမ်းမိသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား နှစ်ရာကျော်လိုက်ပါလာသော စက်လှေကို ရဲတပ်ဖွဲ့က ဇွန် ၇ ရက်တွင် အသေးစိတ်စစ်ဆေးရာ သေနတ်နှစ်လက်တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။
မေလ ၂၁ ရက်တွင် မောင်တောမြို့ ပင်လယ်ရေပြင်ပိုင်နက်ဖမ်းမိသည့် စက်လှေနှစ်စီးကို စစ်တွေမြို့ ရေချမ်းပြင်ဆိပ်ကမ်း၌ထားပြီး ရှာဖွေရာမှ စက်လှေအတွင်းတွင် မောင်းပြန်ရိုင်ဖယ်နှစ်လက် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။ “၂၀၈ ယောက် သယ်လာတဲ့ စက်လှေထဲမှာ ဒီနေ့ သေချာစစ်ကြည့်တော့ ဟိုး အောက်ထဲမှာတွေ့တာ။ မောင်းပြန်ရိုင်ဖယ်နှစ်လက်။ အဲဒီအတွက်ပါ စစ်မှာပေါ့။”ဟု အဆိုပါရဲအရာရှိက ဆက်လက်ပြောကြားသည်။
အဆိုပါစက်လှေမှာ မြန်မာပင်လယ်ရေပြင်ပိုင်နက်တွင် ဘင်္ဂလီများလိုက်ပါလာသော စက်လှေဖမ်းမိသည့် ပထမဖြစ်စဉ်အတွင်း သိမ်းဆည်းခဲ့သော စက်လှေဖြစ်ပြီး စက်လှေပိုင်ရှင် ထိုင်းအမျိုးသားတစ်ဦးနှင့် လူကုန်ကူးသူ လေးဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေသည်။

(8.6.2015) 7 Day Daily သတင်းစာ

Viewing all articles
Browse latest Browse all 2129

Trending Articles