
ကုမုဒြာပျိုးခင်း လမ်းဘေးစာသင်ဝိုင်းဖွင့်ပွဲလေးပါ။
မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း ၈၀×၃၃ လမ်းထောင့်၊ တရုတ်တန်းရပ်၊ ဆုတောင်းပြည့်ဓမ္မာရုံမှာ ကျင်းပတာပါ။
မန်း မ.ဘ.သ အတွင်းရေးမှူးချုပ်ဆရာတော်နှစ်ပါးရော၊ မ.ဘ.သ (ဗဟို) ဦးဆောင်ဆရာတော်နှစ်ပါးရော၊ မ.ဘ.သအဖွဲ့ ရဟန်းပုဂ္ဂိုလ် လူပုဂ္ဂိုလ်များ၊ ကျောင်းသူ ကျောင်းသားများ၊ မိဘပြည်သူများ၊ ဧည့်ပရိသတ်များ တက်ရောက်ကြပါတယ်။
မန္တလေး ဘူတာရုံကြီးမှာ ဈေးရောင်းကြ၊ အလုပ်လုပ်ကြတဲ့ ဆင်းရဲနွမ်းပါးသူများရဲ့ သားသမီးတွေကို စာသင်ပေးတာ ဖြစ်ပါတယ်။ အရင်တုန်းက လမ်းဘေးမှာ စာသင်ပေမယ့် အခုတော့ ဓမ္မာရုံ ရွှေကျောင်းတော်ကြီးမှာ သင်ခွင့်ရပါပြီ။ ဘုန်းကံကြီးတဲ့ ဆင်းရဲသားလေးတွေ ဖြစ်ပါတယ်။
စာရေးသူက ဂျော့ဝါရှင်တန်ကာဗာ ဘွတ်ကာတီဝါရှင်တန်တို့အကြောင်း ပြောပြပြီး ကုမုဒြာပန်းလေးတွေနဲ့ တင်စားပေးခဲ့ပါတယ်။
ကုမုဒြာတွေပွင့်တဲ့ည ပျော်ရွှင်ချမ်းမြေ့ရ။
ကုမုဒြာပန်းများ ပွင့်လန်းအောင် ပျိုးခင်းကျောင်းသို့ ရှေးရှုဆောင်။
ကုမုဒြာပန်းများ လှပရေး ဝိုင်းဝန်းပျိုးထောင် ပြုစုပေး။
(အရှင်ကုမုဒ ဦးစီးပြီး စေတနာ့ဝန်ထမ်း ဆရာ ဆရာမများနှင့် ညစဉ် ၆း၀၀ နာရီမှ ၉း၀၀ နာရီအထိ သင်ကြားပေးတာ ဖြစ်ပါတယ်။