Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“ဒဂုံစီးတီးစီမံကိန်း ရပ်ဆိုင်းမည်ဟု နယ်/လုံဝန်ကြီး ဆရာတော်များကို ကတိပေး”

$
0
0
ရန်ကုန်၊ ဇွန် ၂၁
ရွှေတိဂုံစေတီအနီး တပ်ပိုင်မြေပေါ်တွင်တည်ဆောက်မည့် ဒဂုံစီးတီး(၁) စီမံကိန်းများအားလုံးကို ရပ်ဆိုင်းပေးမည်ဟု ရန်ကုန်တိုင်းဒေသကြီး နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူကြီးတင်ဝင်းက ဆရာတော်ဦးပါမောက္ခ၊ ဆရာတော်ဦးဝီရသူနှင့် သံဃာတော်ကိုးပါးကို ကတိပေးပြောကြားခဲ့ကြောင်း ရွှေတိဂုံစေတီတော်ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ထံမှ သိရသည်။
ဇွန်လ ၂၀ ရက်နေ့ ညနေ ၅ နာရီခန့်က အင်းစိန်မြို့နယ်၊ အောင်ဆန်းတောရတပ်ဦးကျောင်းရွှေတိဂုံကာကွယ်စောင့်ရှောက်ရေးအဖွဲ့မှ ဦးဆောင်ဆရာတော်များ၊ ကော်မတီအဖွဲ့ဝင် ၁၀ ဦးခန့်နှင့် နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထွန်းထွန်းနောင်တို့ တွေ့ဆုံဆွေးနွေးစဉ် စီမံကိန်းများရပ်ဆိုင်းပေးမည်ဟု ပြောကြားခဲ့ခြင်းဖြစ်ကြောင်း ယင်းဆွေးနွေးပွဲတွင်ပါဝင်ခဲ့သော ရွှေတိဂုံစေတီတော်ကာကွယ်စောင့်ရှောက်ရေးအဖွဲ့မှ ဦးဆောင်ကော်မတီအဖွဲ့ဝင် ဦမောင်မောင်က ပြောကြားသည်။
“သူတို့က တိုင်းအစိုးရကိုယ်စား လာပြီးဆွေးနွေးတာလို့ ပြောသွားတယ်။ ၁၅ ရက်အတွင်းရပ်ပေးပါ့မယ်တဲ့။ ဆန္ဒပြပွဲတွေ လူထုလှုပ်ရှားမှုတွေကို အရှိန်လျော့ပေးပါလို့ ပြန်ပြီးတောင်းဆိုသွားတယ်”ဟု ၎င်းက ပြောဆိုသည်။
အဆိုပါစီမံကိန်းများ ရပ်ဆိုင်းပေးမည်ဖြစ်သော်လည်း ယင်းမြေနေရာပေါ်တွင် အထပ်မြင့်ဆောက်အအုံစီမံကိန်းမျိုးမဟုတ်ဘဲ အခြားသော စီမံကိန်းများဖြစ်လာမည်ဟု ဗိုလ်မှူးကြီးတင်ဝင်းက ပြောကြားခဲ့သေးကြောင်း ၎င်းက ရှင်းပြသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ စီမံကိန်းမှတာဝန်ရှိသူက စီမံကိန်းရပ်ဆိုင်းမည့်ကိစ္စကိုမသိရှိသေးဘဲ လက်ရှိအချိန်အထိ လုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း ပြောကြားသည်။
“ဒီအချိန်ထိတော့ ရပ်မယ်ဆိုတဲ့ သတင်းတို့ စာတို့ ရောက်မလားဘူး။ ဆောက်လုပ်ရေးကလူတွေလည်း ပုံမှန်ပဲလုပ်ဆောင်နေတုန်းပဲ”ဟု ၎င်းကဆိုသည်။
အဆိုပါတပ်ပိုင်မြေပေါ်မှ စီမံကိန်းများဆောက်လုပ်ခွင့်အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ရေးဆွဲလျက်ရှိပြီး ယခုလကုန်ထုတ်ပြန်နိုင်ရန် လုပ်ဆောင်လျက်ရှိသည်။
ယင်းစီမံကိန်းများအတွက် လုံးဝရပ်ဆိုင်းလိုက်သည့်ပုံစံမျိုးမဖြစ်နိုင်ဘဲ နှစ်ဦးနှစ်ဖက်အဆင်ပြေနိုင်မည့် အစီအစဉ်မျိုး လုပ်ဆောင်မည်ဟု မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ဇွန် ၁၆ ရက်နေ့က ပြောကြားထားသည်။
အမျိုးဘာသာ သာသနာထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ မဘသ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဝံသာနုရက္ခိတအဖွဲ့ဗဟို၊ ထေရဝါဒဓမ္မကွန်ရက်၊ ရန်ကုန်မြို့ပြ အမွေအနစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့တို့က ရွှေတိဂုံစေတီတော်ဝတ္တကမြေနှင့် ဆက်စပ်ဧရိယာများတွင် အများပြည်သူများနှင့်မသက်ဆိုင်သော စီမံကိန်းများကို လုံးဝရပ်တန့်ပေးရန်၊ စီမံကိန်းပယ်ဖျက်မှုမရှိပါက ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော်ကာကွယ်စောင့်ရှောက်ရေးအဖွဲ့က ဇွန်လ ၁၇ ရက်နေ့က ထုတ်ပြန်ထားသည်။
(22.6.2015) The voice နေ့စဉ်သတင်းစာ




Viewing all articles
Browse latest Browse all 2129

Trending Articles