Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“မ.ဘ.သ (ဗဟို) ညီလာခံ ပထမနေ့ မနက်ပိုင်းအခမ်းအနား”

$
0
0
၂၀.၆.၂၀၁၅ နက်ပိုင်း ၇း၃၀ နာရီမှာ စတင်ပါတယ်။
အင်းစိန်မြို့နယ်၊ အောင်ဆန်းတပ်ဦးကျောင်းတိုက်မှာ ကျင်းပတာပါ။
ဇွဲကပင်ဆရာတော်ကြီးက သဘာပတိအဖြစ် တာဝန်ယူဆောင်ရွက်ပါတယ်။
မ.ဘ.သ (ဗဟို) ဥက္ကဋ္ဌ အင်းစိန်ရွာမဆရာတော်ကြီး သြဝါဒပေးအပြီးမှာ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ရခိုင်ပြည်နယ်၊ မန္တလေးတိုင်း ကိုယ်စားလှယ်ဆရာတော်များက စာတမ်းဖတ်ကြားခြင်း၊ ဗဟိုဦးဆောင်ဆရာတော်များက ပြန်လည်ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ပါတယ်။
ပန်းတနော်မြို့ မြတောင်ဆရာတော်ကြီး ဘဒ္ဒန္တကုမာရ နိဂုံးချုပ် သြဝါဒပေးအပြီး မနက် ၁၀း၂၀ မှာ မနက်ပိုင်းအစီအစဉ် ပြီးဆုံးခဲ့ပါတယ်။
ထူးခြားတဲ့ အစီအစဉ်တစ်ရပ်ကတော့ မကွေးကျောင်းဆရာတော်ဦးပါမောက္ခနှင့် ဝံသာနုရက္ခိတအဖွဲ့ ရန်ပုံငွေအဖြစ် သိန်းလေးရာကျော် စုပေါင်းလှူဒါန်းနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
ဦးပညာဝရ (ဘဝလမ်းခွဲ)၊ ဦးဝိမလာဘိဝံသ (ဟိတဓရ)၊ ဦးသဒ္ဓမ္မ (မြနန်း)၊ သီးသောပါက (ဒေါက်တာ)၊ ဦးဝီရသူ တို့က သိန်း (၅၀)ကျပ်စီ၊
ဦးကဉ္စနောဘာသ (MRTV-4)၊ ဦးဝိဇ္ဇာ(၉၆၉)၊ ဦးဂန္ဓသာရ (၉၆၉)တို့ စုပေါင်း၍ သိန်း(၁၀၀)ကျပ် တို့ လှူဒါန်းကြပါတယ်။
မဇ္ဇျိမဂုဏ်ရည်ဆရာတော်၊ ဓမ္မရံသီဆရာတော်နှင့် သီတဂူ အရှင်ဒေဝိန္ဒ တို့ကလည်း ဆက်လက်လှူဒါန်းကြမှာ ဖြစ်ပါတယ်။
၎င်းငွေများကို ဥပဒေရေးရာသင်တန်းများ၊ တရားရုံးစရိတ်များ၊ နစ်နာ(နွမ်းပါး)သူများကို ထောက်ပံ့ရာသုံးစွဲသွားမှာ ဖြစ်ပါတယ်။
သစ္စာရွှေစည်ဆရာတော် အရှင်ဥတ္တမ ကလည်း မ.ဘ.သ (ဗဟို)အတွက် သိန်း (၁၀၀)ကျပ်၊ အတုမရှိ အမျိုးသားရေးဂျာနယ်အတွက် (၂၅)သိန်းကျပ် လှူဒါန်းခဲ့ကြပါတယ်။

မနက်ပိုင်းအခမ်းအနားမှာတော့ ဓမ္မကထိကဆရာတော်များရဲ့ လှူဒါန်းမှု အစုစုကြောင့် သာဓုခေါ်သံများနှင့် မြိုင်ဆိုင်ခဲ့တာပဲ ဖြစ်ပါတယ်။















Viewing all articles
Browse latest Browse all 2129

Trending Articles