ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ၊ နမ့်မွန်းရွာ၊ သီရိမင်္ဂလာကျောင်းတိုက်၌သင်ကြားပို့ချသော ဓမ္မစကူးလ်ဆရာဖြစ်သင်တန်းသည် အောင်မြင်စွာပြီးဆုံးခဲ့ပြီး သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားကို (၁၆.၆.၂၀၁၅)နေ့ သီရိမင်္ဂလာကျောင်းတိုက်၌ကျင်းပခဲ့ကြောင်း သိရသည်။
အင်တော်ကြီးဒေသ မ.ဘ.သအဖွဲ့ ဆရာတော်များ၊ မ.ဘ.သ အဖွဲ့ဝင်များ၊ နည်းပြဆရာ/မများ၊ သင်တန်းသား/သူများနှင့် တပည့်ဒကာ/မများ တက်ရောက်ကြပြီး နမ့်မွန်း သီရိမင်္ဂကျောင်းတိုက် ဦးစီးပဓာနဆရာတော်ကြီးနှင့် တိုက်အုပ်ဆရာတော် ဘဒ္ဒန္တသုန္ဒရတို့မှ သြဝါဒများမိန့်ကြားချီးမြှင့်ခဲ့ပါသည်။
၎င်းနောက် သင်တန်းနည်းပြ ဆရာဦးဇော်ဝင်းထွန်းမှ အမှာစကားပြောကြားကာ သင်တန်းသား/သူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ပြီး ညနေ (၅း၀၀) နာရီတွင် အခမ်းအနားပြီးဆုံးခဲ့ကြောင်း သိရသည်။
၎င်းသတန်းကို အင်းတော်ကြီးဒေသ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ ဦးစီးဖွင့်လှစ်ခြင်းဖြစ်ပြီး နည်ပြဆရာ/မ (၄)ဦးနှင့် သင်တန်းသား/သူ (၆၀)ဦးဖြင့် (၁၀.၆.၂၀၁၅)မှ (၁၆.၆.၂၀၁၅)ထိ (၆)ရက်ကြာ သင်ကြားပို့ချခဲ့ကြောင်း သိရသည်။