Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“ရွေကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းများအကြောင်း မ.ဘ.သ တစ်အိမ်တက်ဆင်း ရှင်းပြမည်”

$
0
0
လာမည့်ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်များအကြောင်းကို အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (အထက်မြန်မာပြည်)က တစ်အိမ်တက်ဆင်းစနစ်ဖြင့် လိုက်လံ အကြံပြုမည်ဖြစ်ကြောင်း မဘသ ဦးဆောင်ဆရာတော် ဦးဝီရသူက မိန့်ကြားသည်။ 
ကျော်ဝေမင်း

မန္တလေး၊ ဇွန် ၁၈
မန္တလေးတိုင်းအတွင်း ရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများအား အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့က တွေ့ဆုံဆွေးနွေးပြီး ၎င်းတို့ဖြေကြားမှုအား မှတ်တမ်းများတင်ကာ ပြည်သူများသိရှိစေရန်အတွက် Door To Door စနစ်ဖြင့် တစ်အိမ်တက်ဆင်း ရှင်းလင်းသွားမည်ဖြစ်သည်။ 
“သူတို့(ကိုယ်စားလှယ်လောင်း)တွေကို အင်တာဗျူးမယ်။ သက်ဆိုင်ရာ နယ်မြေအလိုက်ပေါ့။ ပြီးရင် သူတို့ပြောတဲ့အတိုင်းပဲ မှတ်တမ်းတွေတင်မယ်။ အသံရော ရုပ်ရော အဲဒါကို ပြည်သူတွေသိအောင် Online ကရော၊ တစ်အိမ်တက်ဆင်းရော လိုက်ပြောပြမယ်။ ပြည်သူတွေအနေနဲ့ကရော ကြိုက်တဲ့ပါတီမဲထည့်ပေါ့။ သူတို့ရှင်းရှင်းလင်းလင်းသိအောင်ပါ”ဟု အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (အထက်မြန်မာပြည်)မှ ဦးဆောင်ဆရာတော် ဦးဣန္ဒာစက္က က မိန့်ကြားသည်။ 
ရွေးကောက်ပွဲကော်မရှင်က သက်ဆိုင်ရာနယ်မြေအလိုက် ဝင်ရောက်ရှင်ပြိုင်ခွင့်ရှိသည့် ကိုယ်စားလှယ်လောင်းစာရင်းအား ထုတ်ပြန်ပြီးသည်နှင့် အဆိုပါအစီအစဉ်အား အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ Online မှတစ်ဆင့် ကိုယ်စားလှယ်လောင်းများနှင့် တွေ့ဆုံဆွေးနွေးထားသည့် Video File များအား လွှင့်တင်ခြင်းတို့ကိုပါ ဆောင်ရွက်ရန်ရှိကြောင်း အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (အထက်မြန်မာပြည်)က သိရသည်။ 
“အဓိကကတော့ သူတို့ရဲ့ ခံယူချက်တွေပေါ့။ ပြောကြမှာပဲလေ၊ သူတို့တွေကလည်း လုပ်ပေးနိုင်တာ မလုပ်ပေးနိုင်တာနောက်ထား ဘုန်းဘုန်းတို့အနေနဲ့ကလည်း သူတို့ပြောတာကိုပဲ ပြည်သူတွေဆီ ပို့ပေးမှာ။ ဒါပဲ။ ဘယ်ပါတီကိုတော့ အနိုင်ရပါစေ၊ ဘယ်ပါတီကိုတော့ အနိုင်မရပါစေနဲ့ဆိုတာမျိုး မရှိဘူး။ ဘုန်းဘုန်းတို့က ပါတီနိုင်ငံရေးလုပ်နေတာမဟုတ်ဘူး။ မိမိနိုင်ငံ၊ မိမိလူမျိုး၊ မိမိဘာသာကို တိုးတက်အောင် မဆုတ်ယုတ်အောင် လုပ်ပေးမယ့်ခေါင်းဆောင်ရဖို့ပဲ မျှော်လင့်တာ”ဟု အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ (အထက်မြန်မာပြည်)မှ ဦးဆောင်ဆရာတော် ဦးဣန္ဒာစက္က က ဆက်မိန့်ကြားသည်။ 
လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် မန်းတိုင်းအတွင်းတွင် ပါတီပေါင်း (၁၂)ခုခန့် ဝင်ရောက်ယှဉ်ပြိုင်ရန်ရှိသည်။
(၁၉.၆.၂၀၁၅) မန္တလေး အလင်း


Viewing all articles
Browse latest Browse all 2129

Trending Articles