၁၉.၆.၂၀၁၅ ည ၈း၀၀ နာရီ၊ အင်းစိန်မြို့နယ်၊ အောင်ဆန်းတပ်ဦးကျောင်းတိုက်မှာ ကျင်းပတာပါ။
အနယ်နယ်အရပ်ရပ်မှ ရဟန်း ရှင် လူ ပြည်သူအများအပြား တက်ရောက်ကြပါတယ်။
ဒုတိယနှစ်ပတ်လည်ညီလာခံက ၂၀ ရက် ၂၁ ရက် နှစ်ရက်ဆက်တိုက် ကျင်းပမှာပါ။
၁၉ ရက်နေ့ ညမှာတော့ အလွတ်တန်းဆွေးနွေးကြတာပါ။ ရွာမဆရာတော်ကြီးက သြဝါဒပေးပါတယ်။
ခေါင်းစဉ် ငါးခုထဲက ၂ ခုပဲ ဆွေးနွေးနိုင်ပါတယ်။ ရွှေတိဂုံစေတီတော်အရေးနှင့် ဘူရ်ခါခြုံယဉ်ကျေးမှုအကြောင်းတို့ ဆွေးနွေးကြတာပါ။
ရဟန်းပညာရှိ လူပညာရှိတွေ လွတ်လွတ်လပ်လပ် ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြတာ ရွှေတိဂုံအရေးက တစ်နာရီကျော် ကြာပါတယ်။
ရွှေတိဂုံစေတီတော်ကြီး တွေ့ကြုံနေရတဲ့အန္တရာယ် ခံစားနေရတဲ့ ဝေဒနာတွေအပေါ် အားလုံးက စိတ်ထိခိုက်နေကြပြီး လောလောဆယ်မှာ လက်မှတ်ကောက်ခြင်း၊ စတေကာကပ်ခြင်း၊ ခံစားချက်များမျှဝေခြင်း၊ ပန်းဖလက်များဝေငှခြင်း စတဲ့ ကမ်ပိန်းတွေ စတင်လုပ်ကြဖို့ စီစဉ်ထားပါတယ်။
ဆက်လက်ပြီး ရွှေတိဂုံစေတီတော်ကြီး အန္တရာယ်ကင်းသည်အထိ ဆောင်ရွက်မည့်အဆင့်ဆင့်သော အစီအစဉ်များကိုလည်း တင်ပြထားကြပါတယ်။
နောက်တစ်ခုကတော့ မွတ်စလင်တွေရဲ့ ဘူရ်ခါခြုံယဉ်ကျေးမှုအကြောင်း ဆွေးနွေးကြတာပါ။
အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက ဆောင်ပုဒ်စည်းကမ်းနှင့် မညီညွတ်တာကြောင့်ရယ်
မြန်မာ့ယဉ်ကျေးမှုနှင့် မညီညွတ်တာကြောင့်ရယ်
လုံခြုံရေးကို ထိခိုက်နိုင်တာကြောင့်ရယ်
ဒီအချက်သုံးပါးကြောင့် အစိုးရစာသင်ကျောင်းတွေမှာ မွတ်စလင်ကျောင်းသူတွေ ဘူရ်ခါခြုံခွင့် မပေးသင့်ဘူးလို့ တညီတညွတ်တည်း ဆုံးဖြတ်ကြတာပါ။
ပညာရေးဌာနနှင့် ပြည်ထောင်စုဝန်ကြီးတို့ထံ စာတင်ကန့်ကွက်ဖို့ ဝိုင်းဝန်းအတည်ပြုခဲ့ကြတာ ဖြစ်ပါတယ်။