Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“အစ္စလာမ်ဘာသာဝင် (၈၀)ဦးနှင် ခရစ်ယာန်ဘာသာဝင် (၂)ဦး ဗုဒ္ဓဘာသာသို့ တရားဝင်ကူးပြောင်း”

$
0
0
လင်းလင်းအောင်
မုံရွာ၊ ဇွန် ၁၈
ယင်းမာပင်မြို့တွင် အစ္စလာမ်ဘာသာဝင် (၈၀)ဦးနှင့် ခရစ်ယာန်ဘာသာဝင် နှစ်ဦးတို့သည် ဇွန်လ (၁၈)ရက်နေ့က မြို့နယ်သံဃာ့နာယကဆရာတော်ကြီးများရှေ့တွင် ငါးပါးသီလခံယူကာ ဘာသာကူးပြောင်းမှုများ ပြုလုပ်ခဲ့သည်။ ၎င်းတို့သည် ယင်းမာပင်မြို့အတွင်းရှိ ရပ်ကွက်ကြီးလေးခုတွင် နေထိုင်သူများဖြစ်ကြသည်။
“မိမိတို့သဘောဆန္ဒအလျောက် ဗုဒ္ဓဘာသာကို ယုံကြည်သက်ဝင်လို့ တရားဝင်ကူးပြောင်းကြတာပါ လို့လည်း အာမခံချက်တွေပေးပြီး လက်မှတ်ထိုးကြပါတယ်။ နောက်ထပ်လည်း ထပ်ပြောင်းဖို့ ရှိကြတယ်လို့ သိရပါတယ်”ဟု ယင်းမာပင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးညွန့်က ပြောသည်။
အစ္စလာမ်ဘာသာမှ ဗုဒ္ဓဘာသာသို့ကူးပြောင်းရခြင်းနှင့်ပတ်သက်၍ တစ်ရွာတည်းသားအချင်းချင်း ချစ်ကြိုက်မိရာမှ စတင်ခဲ့ခြင်းဖြစ်ပြီး ဗုဒ္ဓဘာသာအား ယုံကြည်သက်ဝင်လာခဲ့ရာမှ ယခုကဲ့သို့ အများအပြား ကူးပြောင်းရခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

ဘာသာကူးပြောင်းမှုအခမ်းအနားကို ဇောတိကာရာမကျောင်းတိုက်အတွင်း မြို့နယ်သံဃာ့မဟာနာယက ဆရာတော်ကြီးများရှေ့မှောက်တွင် နံနက် (၈း၃၀)နာရီအချိန်မှ ညနေ (၇း၃၀)အချိန်အထိ ပြုလုပ်ခဲ့သည်။
(၁၉.၆.၂၀၁၅) မန္တလေး အလင်း 

Viewing all articles
Browse latest Browse all 2129

Trending Articles


ဂျူးပင် စိုက်ပျိုးနည်း


ဦးမျိုးရန်နောင်သိမ်း လွတ်မြောက်


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


လုလုအောင် HD အသစ်


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


သာကူ⁠ပြင် ⁠ပြုလုပ်နည်း